မင်းသိင်္ခ (၁၉၃၉−၂၀၀၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဗေဒင်ပညာရှင် ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။
မင်းသိင်္ခ | |
---|---|
မွေးဖွား | အောင်ထွန်း ၂၅ ဇွန်၊ ၁၉၃၉ ရန်ကုန်မြို့ |
ကွယ်လွန် | ဩဂုတ် ၁၊ ၂၀၀၈ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ | (အသက် ၆၉)
ထာဝရ နားခိုရာနေရာ | ရေဝေးသုဿန် |
နိုင်ငံလူမျိုး | မြန်မာနိုင်ငံသား |
လူမျိုး | ဗမာ |
မိခင်ကျောင်း | စိန်ပေါလ်ကျောင်း အေဗီကောလိပ်ကျောင်း ကာလကတ္တားတက္ကသိုလ် |
အလုပ်အကိုင် | စာရေးဆရာ၊ ဗေဒင်ဆရာ |
အိမ်ထောင်ဖက်(များ) | ဒေါ်အေးအေးရွှေ (ကွာရှင်း)၊ ဒေါ်ကျင်ဖုံ (ကွာရှင်း) |
သားသမီး | မောင်မောင်သစ် |
မိဘ(များ) | ဦးစံရှိန်၊ ဒေါ်တင်တင် |
ဆွေမျိုးသားချင်း | ဦဝင်းဇော်(ညီ)၊ ဒေါ်သန်းနုအောင်(ညီမ) |
၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်မည်မှာ အောင်ထွန်း ဖြစ်သည်။
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၅၄ ခုနစ်၊ အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်က ထွက်ခဲ့ပါ ဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့် ရေးကာ စာပေနယ်သို့ ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှု မဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာ သတ်မှု ကို အောင်သင်း ကလောင်နှင့် ရေးသည်။ မနုစာရီ လုံးချင်းကို စရေးမှသာ မင်းသိင်္ခ အမည်ကို ခံယူသည်။
မကွယ်လွန်မီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစိစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။
၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ (၁၀၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။
ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် | |
---|---|---|---|---|
၁ | မနုစာရီ | ၁၉၇၆ | ||
ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည် | ၂၀၁၀ | |||
ဂျစ်ပစီ ဟောကိန်း | ၂၀၀၆ | |||
စနေမောင်မောင် | ၁၉၇၉ | |||
စနေမောင်မောင်နှင့် မြေလျှိုးမိုးပျံဂိုဏ်း | ၂၀၀၉ | |||
စနေမောင်မောင်ပါဝင်သော မဟူရာ | ၂၀၀၇ | မောင်မောင်မြင့်အေး | ||
ဆရာသခင်နှင့် နှစ်ပေါင်းများစွာ | ၂၀၀၇ | |||
ဆားပုလင်းနှင်းမောင်နှင့် ခေါင်းမြီးခြုံ လုံပါပေ့ | ၁၉၇၈ | |||
ဆားပုလင်းနှင်းမောင်နှင့် ပျားစွဲသော မုတ်ဆိတ် | ၁၉၈၁ | |||
ဆားပုလင်းနှင်းမောင်နှင့် ပါပလူမျိုး ကိုးဆယ့်ကိုး | ၁၉၈၇ | |||
ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင် | ၁၉၇၇ | |||
ဆားပုလင်းနှင်းမောင်နှင့် ဗိုက်ပူသူတော် | ၁၉၈၂ | |||
ဆားပုလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် | ၁၉၈၄ | |||
ဆားပုလင်းနှင်းမောင်နှင့် ဘုမ္မာဝတီ အရှုပ်တော်ပုံ | ၁၉၉၄ | |||
ဆားပုလင်းနှင်းမောင်နှင့် မတစ်ထောင်တစ်ကောင်ဖွား | ၁၉၇၉ | |||
ဆားပုလင်းနှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော | ၁၉၇၉ | |||
ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းသာပေါ်က မျောက်သုံးကောင် | ၁၉၈၅ | |||
ဆားပုလင်းနှင်းမောင်နှင့် မြိုင်မဟာ မမြလေး | ၁၉၈၆ | |||
ဆားပုလင်းနှင်းမောင်နှင့် မြိုင်ရာဇာ တာတေ | ၁၉၇၈ | |||
ဆားပုလင်းနှင်းမောင်နှင့် မိုးပေါ်မှာ ကြယ်တစ်လုံး | ၂၀၀၇ | |||
ဆားပုလင်းနှင်းမောင်နှင့် မိုက်ခဲ ကျောက်ပွင့် | ၁၉၈၃ | |||
တားရော့ ဟောနည်း | ၂၀၀၁ | |||
တူသော ဝတ္ထုတိုများ | ၁၉၉၅ | |||
ပက်ထရစ် ရွှေဂေါင်း | ၁၉၈၁ | |||
ပတ္တမြားမိုး | ၁၉၉၆ | |||
ပျော်ပါတယ် မောင်ပြည်သိမ်း | ၁၉၈၃ | |||
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား | ၁၉၈၀ | |||
ပြည်ကြီးမဏ္ဍိုင် မြကြီး | ၁၉၈၀ | ဦးခင်မောင်သန်း၊ သန်းစာပေ | ||
ပြည်တောင်ဝင် စနေမောင်မောင် | ၁၉၈၄ | |||
ပြောထုံးဖြစ်အောင် ငနက်ခေါင် | ၁၉၈၈ | ဦးအောင်မြင့်၊အောင်မြင်စာပေ | ||
ပါပလူမျိုး ကိုးဆယ့်ကိုး | ||||
ပုဂံသား မောင်ဘမော် | ၁၉၉၅ | |||
ပုစ္ဆာတစ်ထောင် အဖြေတစ်ခု (ရုပ်ပြ) | ၂၀၁၂ | |||
ပုဏ္ဏားဘကွန်း | ၁၉၇၈ | |||
ပေတလူ | ||||
ဖြစ်ချင်ရာဖြစ် မောင်ဘချစ် | ၁၉၈၂ | |||
ဖိုးသူတော်ကြီးနှင့် ကျွန်ုပ် | ၂၀၀၆ | မောင်မောင်မြင့်အေး | ||
ဖီလိုဆိုဖာ ဦးမြသာ | ၁၉၉၇ | |||
ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် | ||||
ဘဝစာမျက်နှာ အပိုင်းအစများ | ၂၀၀၆ | |||
ဘဝဝင်္ကပါ | ၂၀၀၃ | |||
ဘာဘာ ဘာမှ မသိဘူး | ၁၉၈၆ | |||
မင်း ဘာသိလို့လဲ | ||||
မင်းနန်သူနှင့် ဂမ္ဘီရလောက ဝတ္ထုတိုများ | ၂၀၀၈ | |||
မင်းမေးတိုင်း ငါက ဖြေရမှာလား | ၂၀၀၅ | |||
မတတ်ပါ့ | ၂၀၀၂ | |||
မနောမယ ကိုပီတာ | ၂၀၀၃ | |||
မနောမယ ထမင်းဝိုင်း | ၂၀၀၂ | |||
မနောမယ ပုတီး | ၁၉၉၆ | |||
မနောမယ ဖက်ဖူးရောင် | ၁၉၉၅ | |||
မနောမယ မြသက်လယ် | ၁၉၉၅ | |||
မနောမယလက်ဆောင် ပေါင်းချုပ် | ၁၉၉၆ | |||
မနောမယလက်ဆောင် အမှတ် (၁) | ၁၉၉၅ | |||
မနောမယလက်ဆောင် အမှတ် (၂) | ၁၉၉၆ | |||
မြကျွန်းသာပေါ်က မျောက်သုံးကောင် | ||||
မြင်းကပါအကျဉ်းသား | ||||
မြနန်းနွယ် | ၂၀၀၂ | |||
မြရည်ကံသာ | ||||
မြိုင်ဟေဝန် | ||||
မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ | ၁၉၉၇ | |||
မသွားမီက ရောက်နှင့်သည် | ၁၉၈၃ | |||
မဟာမြိုင် ခရီးသည် | ၁၉၉၃ | လာဘ်မိုးစွေ စာပေ၊ ဦးမောင်မောင်မြင့်အေး | ||
တို့အဘိုး တို့အဘွား အရိုးကုန်းသား | ||||
မအောင်ရင် | ၂၀၀၃ | |||
မာဃဝါဇိတ် | ||||
မာလိန်မှူး ထူးစိန် | ၁၉၈၆ | |||
ဆားပုလင်းနှင်းမောင်နှင့် မိန်းမလှကျွန်းအပါအဝင် ၀ထ္ထုတိုများ | ၂၀၀၆ | |||
မိုးဒေဝါ | ||||
မိုးနဲ့အတူ | ၂၀၀၄ | |||
မိုးနဲ့ မြေ | ၂၀၀၃ | |||
မီးခဲမောင်မောင်နှင့် အနတ္တ ဆရာမြ (ရုပ်ပြ) | ၂၀၁၁ | အိုကေလစဉ်၊အာကာအောင် | ||
မီးအိမ်လက်ဆွဲ ခရီးသည် (ရုပ်ပြ) | ၂၀၁၂ | |||
မုတ်ဆိတ်ဖြူကြီးအကြောင်း ပြောပြခြင်းနှင့် ဝတ္ထုတိုများ | ၁၉၉၄ | |||
မောင့်ညိုချော | ၂၀၀၂ | |||
မောင်မင်းကြီးသား မောင်မြဖေ | ၁၉၈၄ | |||
မဲခေါင်ကျော်စွာ | ၂၀၀၇ | မောင်မောင်မြင့်အေး | ||
ယတြာများ | ၂၀၀၄ | |||
ရာဇဝင်ကလို မင်းသား | ၂၀၀၈ | |||
ရေမျောကမ်းတင် အောင်ဗဒင် | ||||
ဝတ္ထုတိုပေါင်းချုပ် ၁ | ၁၉၈၇ | |||
ဝတ္ထုတိုပေါင်းချုပ် ၂ | ၁၉၈၇ | |||
ဝတ္ထုတိုပေါင်းချုပ် ၃ | ၁၉၈၈ | |||
ဝေဒမောင်မောင် | ၁၉၉၄ | |||
သူတော်စင်မလေး ပုဏ္ဍရိက | ၁၉၈၈ | |||
ဆားပုလင်းနှင်းမောင် ပါဝင်သည့် သေသောသူသည် သုဿာန်သို့ သွားသည် | ၁၉၈၀ | |||
ဆားပုလင်းနှင်းမောင်နှင့် တပွဲစား ဦးနှော အပါအဝင် ဝတ္ထုတိုများ | ၂၀၀၄ | လာဘ်မိုးစွေ စာပေ |
တပွဲစားဦးနှော၊ မင်းဂွတ်သီးသုံးလုံး၊ ဆားပုလင်းနှင်းမောင်နှင့် ဓားနှစ်လက် စသောရုပ်ပြ ဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်။
ဦးစီးထုတ်ဝေခဲ့သော ဂျာနယ် မဂ္ဂဇင်းများမှာ အောက်ပါအတိုင်းဖြစ်သည် −
၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမှုထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့သည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ စနေမောင်မောင်ဆားပုလင်းနှင်းမောင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားမိုးသီးအောင်ထွန်းဘိန်းစား ဘွန်းဟောင်း တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။
၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဋ္ဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့အစွန်ရှိ အယူတော်မင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။
မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်းကို ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်းတလင်း အယူတော်မင်္ဂလာခြံ၌ နေထိုင်သည်။
အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် A.R.P ကပေးအပ်သည့် ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။
မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူက တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”
မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။
၁၉၅၇ ခုတွင် မအေးအေးရွှေနှင့် အိမ်ထောင်ကျသည်။ မအေးအေးရွှေ၏ မိဘများက သဘောမတူသဖြင့် အိမ်ထောင် ခွဲသည်။
၁၉၆၀ ပြည့်တွင် ချောက်နေ မြမြဝင်း (ခ) ကျင်ဖုံ နှင့် အကြောင်းဖက်သည်။ သားဖြစ်သူ မောင်မောင်သစ် ထွန်းကားသည်။ ၁၉၆၁ တွင် မကျင်ဖုံနှင့် မိသားစုပြဿနာများကြောင့် ကွဲသည်။
၁၉၈၀ အလွန်တွင် ချစ်သူဟောင်း မအေးအေးရွှေနှင့် ပြန်ပေါင်းဖြစ်သည်။
၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ဝင်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။
၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသင်္ဂြိုဟ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဦးဝင်းဇော်(သစ်တော)နှင့် ညီမ ဒေါ်သန်းနုအောင်တို့သာ ကျန်ရစ်ခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article မင်းသိင်္ခ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.