ခွေးတောက်ပင်: အပင်မျိုးစိတ်

ခွေးတောက်ပင်(အသံထွက် ဂွေးတောက်ပင်)သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်၍ တနင်္သာရီတောင်ပိုင်းတွင် အများအပြား တွေ့ရသည်။ အသီးသည် အတောင့်ဖြစ်၍ ကြက်သွေးရောင် ရှိသည်။ အရွက်ကို စိမ်းလဲ့လဲ့ အရောင်ရှိသော ဆိုးဆေးမျိုးလုပ်နိုင်၏။ ထိုဆိုးဆေးသည် ဆေးခိုင်သည့် လက္ခဏာ မရှိချေ။ ခွေးတောက်သားသည် ခိုင်မာ၍ လေးလံသည်။ ခွေးတောက်ရွက်သည် ခါးသက်သောအရသာရှိ၍ လူတို့ ဟင်းချိုချက်သောက်ကြသည်။

Dregea volubilis
ခွေးတောက်ပင်: ပုံသဏ္ဌာန်, အသုံးဝင်ပုံ, ကိုးကား
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးစု:
မျိုးစိတ်:
D. volubilis
ဒွိနာမ
Dregea volubilis
(L. f.) Benth. ex Hook. f. 1883

ခွေးတောက်ရွက်၏ ခါးသက်သော အရသာသည် စွဲမြဲလှသဖြင့် ခွေးတောက်မြစ်ရှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏၊ ဟူ၍ပင် စာပေတို့တွင် ဖွဲ့ဆိုထားပေသည်။ သို့သော် ခွေးတောက်သီးကိုမူ ခွေးစားမိလျှင် သေတတ်သည်ဟု ဆိုကြသည်။

ပုံသဏ္ဌာန်

ရှည်လျားသော နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံးသည် အခေါက် ဘော်ငွေရောင်ပေါ်တွင် အညိုရောင်အဖု အစက်ကလေးများ ရှိသော်လည်း ချောမွေ့၏။ ပင်စည် မှ အခက်အလက်များထွက်၍ ထပ်မံ နွယ်တက်သည်။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီးရွက်ရင်းအဝိုက်များ ညီညာသည်။ ရွက်ကြော ၄ စုံမှ ၅ စုံထိ ရှိ၍ ထင်ရှားသည်။ ရွက်ပြားပြောင်ချော၍ ရွက်နားညီ၏။

အပွင့်မှာ ကြားထွက်ပန်းခိုင် ဖြစ်၍ ပန်းခိုင်မှာ ငိုက်ကျနေပြီး ထိပ်တွင် သေးငယ်၍ စိမ်းဝါရောင်ရှိသော အပွင့်များ စုပြုံ၍ ပွင့်သည်။ တစ်နှစ်ပတ်လုံး ပွင့်၏။ အသီးမှာ ကြီး၍ ပြောင်ချောပြီး ကျယ်ပြန့်သော လှံစွပ်ပုံရှိသည်။ အစိမ်းရောင်ရှိသည်။ အလျားလိုက်မြောင်းပါရှိသည်။ အတွင်း၌ ပြောင်ချောသော အစေ့ကလေးများရှိ၏။ အစေ့ထိပ်ဘက်တွင် ချည်မျှင်ကဲ့သို့သော နူးညံ့သော အမွေးကလေးများ ရှိသည်။

အသုံးဝင်ပုံ

မြန်မာဆေးကျမ်းများ အလိုအရ ခွေးတောက်သည် ခါးသက်သက်အရသာ ရှိ၏။ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏ ၊ ကြေပျက်လွယ်၏ ၊ ဓာတ် ၊ လေများကို ခိုင်မာစေ၏ ၊ သွေးကို ပွားစေ၏၊ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ လေကို သက်စေ၍ သလိပ်ကို ကြေစေ၏။ လည်ချောင်းနာ၊ လေရောဂါ ၊ ညောင်းကျနာ ၊ ပန်းနာ ရင်ကျပ် ၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို နိုင်၏။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။

အရွက်

  1. အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာ များ နူလျှင်ပိန်၍ ရင်လျှင် ပြည်ပေါက်၍ ပျောက်၏။
  2. ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏။
  3. အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏။
  4. ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
  5. အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။
  6. ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏။
  7. ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏။

အမြစ်

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

ကိုးကား

Tags:

ခွေးတောက်ပင် ပုံသဏ္ဌာန်ခွေးတောက်ပင် အသုံးဝင်ပုံခွေးတောက်ပင် ကိုးကားခွေးတောက်ပင်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကစားခုန်စားခြင်းခေါင်းကိုက်ခြင်းဂျီသရီးရိုင်ဖယ်ကျိုက်ထီးရိုးဘုရားဂေါတမဗုဒ္ဓ၏ မိသားစုဝင်များမင်္ဂလာပါC++မြန်မာနိုင်ငံရေးသမိုင်းမြေပုံစိုးဝင်း၊ ဗိုလ်ချုပ်ကြီးပဲခူးမြို့ဝ လူမျိုးထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီးမြန်မာအဘိဓာန်ရခိုင်ဘာသာစကားဝီကီပီးဒီးယားမူဆယ်မြို့ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်အိတ်ချ်အိုင်ဗွီ ရောဂါပိုးပညာစိန္တာမဏိဂါထာမြန်မာကျပ်ငွေသဗ္ဗမင်္ဂလာဂါထာတော်ဆယ်ဇင်းရွာ၊ ဖားကန့်မြို့နယ်အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပဋ္ဌာန်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်ပထဝီဝင်အိုစမာ ဘင်လာဒင်စာပေတပ်မတော် (လေ)မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဖူးပွင့်ခိုင်အဆိပ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမုတ်သုန်မိမိကိုယ်ကို သတ်သေခြင်းလွတ်လပ်ရေးကြေညာစာတမ်းမြင်းမိုရ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ချင်းလူမျိုးကျန်းမာရေး ဝန်ကြီးဌာနလိင်စိတ် နိုးထခြင်းမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများကနောင်မင်းသားကျူးဘားဒုံးပျံအရေးအခင်းခရစ္စတီယာနို ရော်နယ်လ်ဒိုသီတင်းကျွတ်ပွဲတော်ခေတ်စမ်းစာပေတပ်မတော်ပီမိုးနင်းဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မှော်ပညာလိင်ဆက်ဆံခြင်းမြန်မာနိုင်ငံ၏ အလံများ စာရင်းဂါထာခြောက်ဆယ်ပျို့ကိုယ်ကျင့်တရားတိုင်းစစ်ဌာနချုပ်နေဝင်း (ဗိုလ်ချုပ်ကြီး)ပြည်သူ့ကာကွယ်ရေးတပ်မတော်မအင်္ဂါ အစေ့ဘိုးဘိုးအောင်ပညာရေးဝန်ကြီးဌာနမြန်မာ-အင်္ဂလိပ် အဘိဓာန်အာရက္ခတပ်တော်သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ကင်ဆာရောဂါထိုင်းနိုင်ငံထန်းလျက်အသည်းရောင် အသားဝါ ရောဂါ စီပိုးတရုတ်ပြည်သူ့သမ္မတနိုင်ငံစောလူးမင်းနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလ (ကမ္ဘာရံဂြိုဟ်)နန္ဒဘုရင်🡆 More