မြန်မာတိုင်းရင်းသားမျိုးနွယ်များ

မြန်မာနိုင်ငံ တွင် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီး ရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။

  1. ကချင်
  2. ကယား
  3. ကရင်
  4. ချင်း
  5. မွန်
  6. ဗမာ
  7. ရခိုင်
  8. ရှမ်း
မြန်မာတိုင်းရင်းသားမျိုးနွယ်များ
မြန်မာနိုင်ငံ၏ လူမျိုးနှင့် ဘာသာဗေဒပြ မြေပုံ

၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

"အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။

ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်ဗမာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယဗမာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်-ဗမာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်-ဗမာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုများ အချိုး (အကြမ်းဖျင်းခန့်မှန်း)
ဗမာ
  
68.00%
ရှမ်း
  
9.00%
ကရင်
  
7.00%
တရုတ်
  
2.50%
မွန်
  
2.00%
ကယား
  
1.83%
ရခိုင်
  
1.7%
ကချင်
  
1.50%
အိန္ဒိယ
  
1.25%
နာဂလားဟူ
လီဆူနှင့် ပလောင်လူမျိုးများ အပါအဝင်
အခြားအုပ်စုများ
  
4.50%

တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများ

အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။

    မွန်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁ ခု ပါဝင်သည်။
    ၉၅။မွန်လူမျိုး

ဘာသာစကားမိသားစုအလိုက် လူမျိုးစုများ စာရင်း

တရုတ်-တိဗက်နွယ်

  • တရုတ်
    • ကိုးကန့်
  • တိဗက်-ဗမာနွယ်
    • ဗမာနွယ်
    • Anu
    • အရှို
    • Atsi
    • Beik
    • ဘွဲ
    • ချင်း
    • Ngawn
    • Dalaung
    • ဓနု
    • ထားဝယ်
    • Dim
    • Duleng
    • ကဏန်း
    • Gheko
    • Gunte (Lyente)
    • Haulngo
    • ဖွန်း
    • အင်းသား
    • ကချင် (ဂျိန်းဖော)
    • ကဒူး
    • ကရင်
    • Kaw (Akha-E-Kaw, Akha)
    • Kayinpyu (Geba Karen)
    • Khams Tibetan
    • Kwelshin
    • လားဟူ

တိုင်း-ခဒိုင်း

  • တိုင်း
    • ရှမ်း
    • ခွန်း
    • ခန္တီးရှမ်း
    • ထိုင်း

အင်ဒို-ဥရောပနွယ်

  • အင်ဒို-အာရိယန်
    • ဒိုင်းနက်
    • ကမိန်
    • မာရမာကြီး
  • Lai (Haka Chin)
  • Laizo
  • လရှီး
  • လီဆူ
  • Lyente
  • မိုင်းသာ
  • Marma
  • Maru (Lawgore)
  • Meitei/Pangal (also spelled Meithei or Kathe)
  • Miram (Mara)
  • Monnepwa
  • Mro (Wakim)
  • နာဂ
  • ပအိုဝ်း
  • Pyin
  • ရခိုင်
  • Rawang
  • စကော
  • Shu (Pwo)
  • Taron
  • တောင်ရိုး
  • သက်
  • Tiddim (Hai-Dim)
  • Torr (also spelled Tawr)
  • ယော
  • ဇို
  • ဇိုဖေ
  • ဇိုတောင်း

Hmong–Mien

  • Yao

ဩစထြိုအေးရှားတစ်

  • မွန်-ခမာ
    • မွန်
    • ဓနော
    • Khmu (Khamu)
    • Tai-Loi
    • ပလောင်
    • ပလေး

ဩစထြိုနီးရှန်း

  • မလေးယို-ပေါ်လီနီးရှန်း
    • မလေး
    • Moken (also spelled Salon or Salone)

အသိအမှတ်မပြုထားသော မျိုးနွယ်စုများ

မြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။

ကိုးကား


Tags:

မြန်မာတိုင်းရင်းသားမျိုးနွယ်များ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများမြန်မာတိုင်းရင်းသားမျိုးနွယ်များ ဘာသာစကားမိသားစုအလိုက် လူမျိုးစုများ စာရင်းမြန်မာတိုင်းရင်းသားမျိုးနွယ်များ အသိအမှတ်မပြုထားသော မျိုးနွယ်စုများမြန်မာတိုင်းရင်းသားမျိုးနွယ်များ ကိုးကားမြန်မာတိုင်းရင်းသားမျိုးနွယ်များမြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ပါရာဇိကသရဲမြန်မာနိုင်ငံရှိ ပွဲတော်များတယ်လီဖုန်း ကုတ်နံပါတ်ခွေးရူးပြန်ရောဂါကာကွယ်ဆေးရာဇာဓိရာဇ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)အောင်ချိမ့်မိုးရွှေဘိုမြို့ခင်ခင်ထူးတာမွေမြို့နယ်မြေပုံတပ်မတော်ဒုက္ခကောသလမင်း အိပ်မက် (၁၆)ချက်အင်းတော်ကြီးကန်ပညတ်တော်ဆယ်ပါးလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မျိုးကြီးမုန့်ဟင်းခါးပုလွေမှုတ်ခြင်းခရမ်းပင်ရန်ကုန်တိုင်းဒေသကြီးကနောင်မင်းသားခရေပင်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုတာချီလိတ်မြို့မြန်မာအဘိဓာန်ကော့သောင်းမြို့ဗမာလူမျိုးတရုတ်စံကားနတ်ပြည် ၆ ထပ်ခန္ဓာဗေဒခြင်ဗီယက်နမ်နိုင်ငံအစ္စလာမ်ဘာသာကြယ်လိပ်လူ၏ အရိုးဖွဲ့စည်းပုံစိုးဝင်း၊ ဗိုလ်ချုပ်ကြီးအိန္ဒိယနိုင်ငံတစ်လင်တစ်မယားစနစ်မိုးဟေကိုတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းစမ်းချောင်းမြို့နယ်မိကျောင်းအင်္ဂလိပ်-မြန်မာ စစ်ပွဲများလေဖိအားတိုင်း ကိရိယာမလေးရှားနိုင်ငံသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ရေမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရွှေမော်ဓောဘုရား(ပဲခူး)ခန္ဓသုတ်ပွေး(ရောဂါ)ညောင်ရေသွန်းပွဲပျို့ဗျည်းရူပဗေဒသစ္စာလေးပါးတရုတ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဘီလူးကကရင်လူမျိုးသာလွန်မင်းပုဗ္ဗဏှသုတ်ဂီတထားဝယ်မြို့ဟန်လင်းမြို့ဟောင်းစေတသိက်ကျန်းမာရေးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့အမေရိကန်ပြည်ထောင်စုအေ (အက္ခရာ)မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ🡆 More