အီစတာပွဲတော်နေ့

သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းကို အထိမ်းအမှတ် ပြုသော အားဖြင့် ခရစ်ယာန် အယူဝါဒ ထွန်းကားသော တိုင်းပြည်များ တွင် အီစတာပွဲတော်နေ့ကို ကျင်းပကြသည်။ အီစတာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တခမ်းတနား ကျင်းပကြသည်။ အီစတာပွဲတော် ကို အမြဲတမ်း တနင်္ဂနွေနေ့တွင် ကျင်းပ ကြသည်။ သို့ရာတွင် မည်သည့်နေ့ရက်တွင် ကျသော တနင်္ဂနွေနေ့ဟူ၍ကား အတည် တကျ သတ်မှတ်ထား ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် မတ်လ ၂၁ ရက်နေ့ လွန်လေပြီးသော ပထမဆုံး လပြည့်နေ့၏ နောက် ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပရသော ထုံးစံအစဉ် အလာ ရှိသောကြောင့် ဖြစ်သည်။ ထိုကြောင့် အီစတာပွဲတော် အစောဆုံး ကျရောက်နိုင်သောနေ့မှာ မတ်လ ၂၂ ရက်နေ့ဖြစ်၍ နောက်အကျဆုံးနေ့မှာ ဧပြီလ ၂၅ ရက်နေ့ ဖြစ်လေသည်။ အီစတာပွဲတော်နေ့မှာ ရက်စွဲအတည်တကျ မဖြစ်ရကား အီစတာပွဲတော် မတိုင်မီနှစ် ပွဲတော်အပြီးတွင် ကျင်းပရသော အခြား အယူဝါဒဆိုင်ရာ ပွဲတော်များမှာလည်း ရက်စွဲအတည် တကျ မဖြစ်ချေ။ အီစတာပွဲတော်သည် ခရစ်ယာန်ပွဲတော်များ တွင် ရှေးအကျဆုံး ပွဲတော်ဖြစ်၍ အကြောင်းသုံးမျိုး အရင်းခံ ၏သည်။ ယင်းတို့မှာ (၁) ခရစ်တော် ရှင်ပြန် ထမြောက်သော နေ့၊ (၂) ခရစ်ယာန် ဝါကျွတ်သောနေ့၊ (၃) နွေကူးရာသီကို ကြိုဆို သောနေ့များ ဖြစ်လေသည်။ အီစတာပွဲတော်ကို နွေကူး ရာသီတွင် ကျင်းပလေ့ရှိကြသည်။ အီစတာပွဲတော်နေ့ ဟူ၍ မပေါ်ပေါက်မီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူများသည် နွေကူးရာသီရောက်ရှိလာသည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သော အားဖြင့် နွေဦးပေါက်တွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့ကြဘူး လေသည်။ ရာသီမှာလည်း အလွန် သာယာလှသည်။ ဤသို့ ပြုလုပ်ခြင်းမှာ နွေကူးရာသီကို လူ့လောကသို့ ပြန်လည်ပို့ ဆောင် ပေးတော်မူသော ဘုရားသခင်အား ဂုဏ်ပြုခြင်းဖြစ်၏။ ထိုခေတ်က လူများသည် နွေကူးရာသီ ကုန်ဆုံးသွား သောအခါ လွန်စွာ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကြပြီးလျှင် ကြည်နူးသာယာ လှသော နွေကူးရာသီကလေးသည် ကား ပြန်၍လာတော့မည် မဟုတ်ပြီ။ စိမ်းလန်းစိုပြည်သော မြက်ခင်းကလေးများကိုလည်း မမြင်ကြရတော့ပြီဟု များစွာ ယူကျုံးမရဖြစ်၍ နွေကူးရာသီကို တောင့်တကြသည်။ တစ်ခါတစ်ရံတွင်လည်း ဆောင်းရာသီ ဘီလူးကြီးသည် လှပသောနွေဦးမယ်ကို အတင်းအဓမ္မလုယူသွား လေပြီဟု ပူဆွေးခြင်းဖြစ်ကြလေသည်။ သို့ဖြစ်၍ နွေဦးမယ်ကို ပြန်ပေးပါမည့်အကြောင်း ဆောင်းဘီလူးကြီးအား တန်ဆိုး လက်ဆောင် အမျိုးမျိုး ပေးကြ၏။ နွေဦးမယ်ကို ပြန်လည်ရရှိ ကြသောအခါတွင်လည်း ဘီလူးကြီးအား ကျေးဇူးတင်သောအား ဖြင့် လက်ဆောင်ပဏ္ဏာများ ပေးကြလေသည်။ ထိုအလေ့အထ ကို တုယူ၍ သေခြင်းမှ ပြန်၍အသက်ရှင်သည့် နေ့ကိုအထိမ်း အမှတ်ပြုသော အီစတာပွဲတော်နေ့တွင်လည်း တစ်ယောက်မှ တစ်ယောက်သို့ လက်ဆောင်များ ပေးကမ်းသော အလေ့ကို ပြုလုပ်ကြသည်ဟု ယူဆရပေသည်။ ရှေးအခါက လူများ ကျင်းပခဲ့ကြသော နွေဦးပွဲတော်မှာ တစ်ကြိမ်လျှင် ရက်ပေါင်းများစွာ ကြာလေသည်။ ယခုခေတ်တွင် ပြုလုပ်ကြသော အီစတာပွဲတော်မှာကား ပထမတွင် တစ်ခါကျင်းပလျှင် ခုနစ်ရက်မျှ ကြာလေ သည်။ အီစတာပွဲ တော်အချိန်တွင် ခရစ်ယာန် အယူဝါဒီတိုင်း ပျော်ရွှင်မြူးတူးကြ လေသည်။ ရှေးအခါကပင် ပွဲတော်ရက်အတွင်း အလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားခဲ့ကြ လေသည်။ အီစတာနေ့သည် ခရစ်ယာန်အယူ ဝါဒီများအဖို့ အလွန်တရာ ထူးမြတ်သောနေ့ ဖြစ်သည့်အားလျော်စွာ ထိုနေ့တွင် ငွေဝယ်ကျွန်များကို ဘေးမဲ့လွတ်ခြင်း၊ မိမိတို့၏ ဟောင်းနွမ်းသော အဝတ်အစားများကို စွန့်ပစ်၍ သစ်လွင်သော အဝတ်တန်ဆာများကို ဆင်မြန်းခြင်း၊ အိမ်အသုံးအဆောင်ဟူသမျှကို အသစ်လဲလှယ်ခြင်းစသည်တို့ကို ပြုလေ့ရှိကြသည်။ အီစတာပွဲတော်တွင် ကြက်ဥများကို လက်ဆောင်ပေးသော အလေ့မှာလည်း ရှေးအခါကပင် ရှိခဲ့သည်။ ရှေးအခါက ကြက်မ များသည် ဥအနည်းငယ်မျှသာ ဥကြလေရာ ကြက်ဥသည် လူံးညြိုခည်းငသနတြိုညျျျဩ်ငတစ်စြြတ အသက်၏မူလအစဖြစ်သဖြင့် ထိုသဘောကိုဆောင်၍ ကြက်ဥ များကို လက်ဆောင်ရသောသူများမှာ လွန်စွာဝမ်းမြောက်ကြပေ သည်။ ယခုခေတ်တွင်ကား ကြက်ဥများကို အဖိုးတန် လက်ဆောင်ဖြစ်စေရန် တောက်ပသောအရောင်များဆိုး၍ လက်ဆောင်ပေးကြသည်။

ကိုးကား

Tags:

ယေရှုခရစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သွေးအုပ်စုကမ္ဘာမကျေလိမ်လည်မှုမဟော်သဓာအောင်လအောင်ခြင်း ၈ ပါးအကြည်တော်သွားပိုးစားရောဂါဂျန် အောအလင်္ကာဖိလစ်ပိုင်နိုင်ငံစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဇော်ဂျီတောင်ကိုရီးယားနိုင်ငံအိမ်စောင့်အစိုးရ (၂၀၂၁)စေတီပုထိုးများရန်ကုန်တိုင်းဒေသကြီးစံကားဝါချင်းမိုင်မြို့သုက်ပန်းခြင်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ပဋ္ဌာန်းကွန်မြူနစ်ဝါဒမြန်မာနိုင်ငံရေးသမိုင်းစောဘဦးကြီးမှန်လုံအိမ်ဓာတ်ငွေ့ဒီမိုကရေစီမွန်ပြည်နယ်ဖားဆေးဝါးသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဝပြည်နယ်ကံ့ကော်ပင်ပြည်ထဲရေး ဝန်ကြီးဌာနစွမ်းအင်ဖားကန့်မြို့ခေတ်စမ်းစာပေစိုးလွင်လွင်ဥပဒေထွန်းမြတ်နိုင်ဂေါတမဗုဒ္ဓ၏ မိသားစုဝင်များဆိုရှယ်လစ်ဝါဒအဆိပ်စွယ်တော်ပင်ဖားကန့်မြို့နယ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းအင်္ဂါဂြိုဟ်စမူဆာမြန်မာနိုင်ငံ၏ လူဦးရေမြန်မာပိတောက်မြန်မာနိုင်ငံ၏ သမ္မတရာသီဥတုပြောင်းလဲမှုကြွက်နို့မျက်စိနာခြင်းကရမက်ကာတိုင်းစစ်ဌာနချုပ်လွှမ်းပိုင်အင်္ဂလိပ်-မြန်မာ စစ်ပွဲများသိကြားမင်းအဏ္ဏဝါဗေဒရှစ်လေးလုံးအရေးအခင်းသမ္ဗုဒ္ဓေဘရာဇီးနိုင်ငံမန္တလေး နန်းတော်မွန်လူမျိုးအပျိုမြှေးဘုရားဂုဏ်တော်စိတ်မြန်မာအက္ခရာဒေဝဒတ်မြောင်းမြမြို့ငါးမျိုးစိတ်များ စာရင်းပညတ်တော်ဆယ်ပါးတင်အောင်စန်းအပူချိန်နေ့နံ🡆 More