သွားပိုးစားရောဂါ

သွားပိုးစားရောဂါ(Dental Caries)ဆိုသည်မှာ သွားတွင်ဖြစ်သော အနာရောဂါတစ်ခုဖြစ်သည်။ သွားကို ပိုးများစားခြင်းဟု အလွယ်တကူထင်ရသော်လည်း တကယ်တွင် သွားများကို ပိုးကောင်များမှ စားခြင်းမဟုတ်ပါ။ လူ့ပါးစပ်အတွင်းတွင် ဘက်တီးရီးယီးပိုးမွှားများ မျိုးစိတ်ပေါင်းများစွာရှိနေပါသည်။ ထိုဘက်တီးရီးယားများသည် ပါးစပ်အတွင်းတွင် နေထိုင်ကြပြီး အစာကြွင်းအစာကျန်များကို စားသုံးခြင့်ဖြင့် အသက်ရှင်နေထိုင်ကြသည်။ ထိုဘက်တီးရီးယားများသည် အစားကျန်များကို စားသုံးပြီး အချဉ်ဖောက်ကာ အက်ဆစ်ထုတ်လုပ်ပြီး သွား၏မျက်နှာပြင်များကို တိုက်စားလိုက်ခြင်းဖြစ်သည်။

သွားပိုးစားရောဂါ
သွားပိုးစားနေသောသွားတစ်ချောင်း၏ မျက်နှာပြင်

သွားပိုးစားပုံအဆင့်ဆင့်

သွားပိုးစားပုံမှာ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အစာကျန်များကို အစားစားပြီးမိနစ်အနည်းငယ်အတွင်းတွင် အချဉ်ဖောက်လိုက်ပါသည်။ ထိုအခါ အက်ဆစ်များထွက်လာသည်။ ထိုအက်ဆစ်များက သာလျှင်သွားကို တိုက်စားပြီး သွားပိုးစားရောဂါဖြစ်လာရခြင်း ဖြစ်သည်။

သွားပိုးစားရောဂါ 
သွားပိုးစားပုံအဆင့်ဆင့်

ကြွေလွှာတွင်သွားပိုးစားခြင်း(Enamel Caries)

ကြွေလွှာသည် သွား၏အပေါ်ဆုံးအလွှာဖြစ်ပြီး အမာဆုံးအလွှာလည်းဖြစ်သည်။ ထိုအလွှာကို ကြွေအစများ(Enamel prison) ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့်ထိုအလွှာတွင် သွားပိုးစားနေပါက နာကျင်ကိုက်ခဲခြင်း မရှိပါ။ ထိုကြောင့်သတိမထားမိပဲဖြစ်နေတတ်သည်။ ထိုအချိန်တွင် သွားပိုးစားနေသောနေရာတွင် အမည်းရောင်အစက်ကလေး အဖြစ်သာတွေမြင်ရမှာ ဖြစ်ပါတယ်။ ထိုအချိန်တွင် သွားကို ကုသမှုမလုပ်ပဲ ဒီအတိုင်းထားခဲ့မယ်ဆိုလျှင်တော့ သွားပိုးစားရောဂါဟာ တဖြည်းဖြည်းနှင့် ဆင်စွယ်နှစ်လွှာ(Dentine) ကိုရောက်လာမှာဖြစ်ပါတယ်။

ဆင်စွယ်နှစ်လွှာ(Dentine)တွင်သွားပိုးစားခြင်း

သွားပိုးစားရောဂါကို မကုသပဲထားသောအခါ သွားပိုးစားခြင်းဟာအတွင်းကို လှိုက်စားသောပုံစံဖြင့် ဆင်စွယ်နှစ်လွှာကို ရောက်ရှိလာပါတယ်။ ဆင်စွယ်နှစ်လွှာတွင်မွသွားလွှာ(Dental pulp)နှင့်ဆက်သွယ်ထားသောအပေါက်ကလေးများ (Dentinal tubules)များရှိသဖြင့် ကျဉ်သောခံစားမှု(Hypersensitivity)ကို စတင်ခံစားရမှာဖြစ်သည်။ အပူအအေးသောက်သောအချိန်တွင် ပို၍ခံစားရမှာဖြစ်ပါတယ်။ ထိုအချိန်တွင် သွားပိုးပေါက်ကလေးဟာ အဖြည်းဖြည်းကြီးလာပြီး အပေါက်ကလေးမှာ ပို၍ကြီးလာပြီဖြစ်သည်။ အခုအချိန်တွင် ကုသမှုပြုလုပ်ပါက ပြန်လည်ဖာထေးနိင်သော်လည်း မကုသပဲထားမည်ဆိုလျှင် မွသွားလွှာ(Pulp)ကို ရောက်သွားတော့မှာဖြစ်ပါတယ်။

မွသွားလွှာ(Pulp)တွင်သွားပိုးစားခြင်း

သွားပိုးစားရောဂါဟာ မွသွားလွှာကို ရောက်ပြီဆိုတာနှင့် နာကျင်မှုကို စတင်ခံစားရပြီ ဖြစ်သည်။ မွသွားလွှာအပေါ်ပိုင်းကို ရောက်နေပြီးဆို မွသွားလွှာေယာင်ယမ်း(Pulpitis)လာမှာဖြစ်ပါတယ်။ ထိုအချိန်တွင်ကုသမှုခံယူပါက ပြန်လည်ကောင်းမွန်နိင်သေးသော်လည်း မွသွားလွှာအတွင်းတိုင်အောင် ရောက်သွားပြီဆိုလျှင်တော့ ပုံမှန်အတိုင်း ဖာထေးကုသခြင်းမရနိင်တော့ပါ။ ဘက်တီးရီးယားများဟာ မွသွားလွှာမှတဆင့်သွား၏ အမြစ်တိုင်အောင်ရောက်ရှိသွားပြီး သွားအမြစ်ထိပ်(Apical Lesion) မှာအနာသွားဖြစ်နေပြီဆိုပါက သွားကို အကြောသတ်ကုသခြင်း(Root Canal Therapy) ဖြင့် မွသွားလွှာအတွင်းမှ အာရုံကြောများ သွေးကြောများကို ဖယ်ထုတ်ပြီး အမြစ်အတု ပြန်ထည့်ခြင်းဖြင့် ကုသရမှာဖြင့်ပါတယ်။ ထိုအခါသွားသည် အသက်မရှိတော့သော (non-vital)သွားတစ်ချောင်းအဖြင့်ရောက်သွားပြီ ဖြစ်သည်။

ကုသပုံအဆင့်ဆင့်

ကုသပုံမှာ သွားပိုးစားရောဂါ၏ အဆင့်အပေါ်မူတည်ပါသည်။

ကြွေလွှာ

သွားပိုးစားရောဂါ သည်ကြွေလွှာတွင် သာရှိနေသေးမည်ဆိုပါက သွားပိုးအပေါက်အား ပြန်လည်ဖာတေးလို့ရနိင်ပါသေ။ ဖာထေးသော သွားဖာပစည်းများမှာလည်း ကွဲပြားလျက်ရှိသည်။ အရှေ့သွားများအတွက်ဆိုလျှင် သွားအရောင်နှင့်တူသော သွားဖာဆေးများ ရှိသလို လေဆာရောင်ခြည်ဖြင့်ဖာထေးရသော သွားဖာဆေးများလည်း ရှိသည်။ အံသွားများ နောက်သွားများအတွက်မူ စားသောအား(Occlusal Load) ကိုခံနိင်ရန်အတွက် ခံနိင်အားကောင်းသော သွားဖာဆေးများဖြင့်ဖာထေးပေးပါသည်။ ထိုဆေးများထဲတွင်လည်း သွားအရောင်နှင့်တူသော ဆေးများရှိသလို သွားအရောင်မဟုတ်သော ဆေးများလည်းရှိသည်။

ဆင်စွယ်နှစ်လွှာ

ဆင်စွယ်နှစ်လွှာ ကိုရောက်နေပြီဆိုပါက သွားကို ဆေးတစ်မျိုးအရင်ထည့်ကာ အပေါ်မှ သွားဖာပေးခြင်းဖြင့်ကုသနိင်မှာ ဖြစ်ပါတယ်။

မွသွားလွှာ

သွားပိုးစားရောဂါဟာ မွသွားလွှာတိုင်အောင် ရောက်ရှိသွားပြီဆိုပါက သွားအမြစ်ဖြတ် ကုသခြင်းဖြင့်ကုသရမှာဖြစ်ပါတ၊်။ သွားပိုးစားရောဂါဟာ သွားအမြစ်ထိပ်တိုင်အောင် ပျံနှံ့နေခြင်း သွားမျက်နှာပြင်များမှာ မကျန်သလောက်ရှိနေခြင်း များဖြစ်နေပါက သွားအားနှုတ်ပစ်ရတဲ့အဆင့်သို့တိုင်အောင် ရောက်သွားမှာဖြစ်ပါတယ်။ သွားနှုတ်ခြင်းသည်လည်း ကုကခြင်းတစ်ခုဖြစ်သည်။

ကာကွယ်ရန်

သွားပိုးစားခြင်းကို ကာကွယ်ရန်မှာ သွားမှန်မှန်တိုက်ပေးခြင်းပင်ဖြစ်သည်။ အစာစားပြီးတိုင်းသွားမတိုက်လျှင်တိုင် မနက်စာစားပြီး တစ်ခါ ညအိပ်ယာဝင်ခါနီးတစ်ခါ သွားတိုက်ပေးခြင်းဖြင့် သွားပိုးစားခြင်းကို ကြိုတင်ကာကွယ်နိင်ပါသည်။ ကလေးများကိုလည်း သွားစပေါက်ကတည်းက ပင် မိဘက သွားတိုက်ပေးခြင်းဖြင့် ကလေးများ သွားပိုးစားခြင်းကို ကာကွယ်ပေးနိင်မှာ ဖြစ်ပါတယ်။ ချို၍စေးကပ်သော အစာများအစား အရည်ရွမ်းပြီး အမျှင်ပါသော အစာများကို စားခြင်းအားဖြင့်လည်း ကာကွယ်နိင်ပါသည်။

ကိုးကား

Tags:

သွားပိုးစားရောဂါ သွားပိုးစားပုံအဆင့်ဆင့်သွားပိုးစားရောဂါ ကုသပုံအဆင့်ဆင့်သွားပိုးစားရောဂါ ကာကွယ်ရန်သွားပိုးစားရောဂါ ကိုးကားသွားပိုးစားရောဂါ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘလုံ၊ ဦး (ပန်းချီဆရာ)အရှေ့တောင်အာရှနိုင်ငံများအသင်းမရမ်းကုန်းမြို့နယ်အင်းတော်ကြီးကန်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဂေါတမဗုဒ္ဓကျောက်တံခါးမြို့နယ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်မောင်ကြေးမုံ (ဂီတစာဆို)စတီဖင် ချောင်လောင်းကစားခြင်းကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရခိုင်လူမျိုးကြာဖျားနာခြင်းမိန်းမ မျိုးပွားအင်္ဂါခန္ဓသုတ်လင်းသိုက်ညွန့် (မြန်မာ့မြေ)နှစ်ဆန်းတစ်ရက်နေ့အဖြူဆင်းခြင်းနေရောင်ခြည်စွမ်းအင်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်တက္ကသိုလ်ဘုန်းနိုင်လေဖိအားတိုင်း ကိရိယာဘုရားဂုဏ်တော်ဗဟိုစာမျက်နှာပတ္တမြားကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အီပိုးမြို့ကျောက်ပန်းတောင်းမြို့နယ်ငှက်ဖျားရောဂါဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမင်္ဂလာတရား ၃၈-ပါးစကားကြီး ဆယ်မျိုးနန်းမတော်မယ်နုမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းရွှေစည်းခုံ စေတီတော် (ပုဂံ)အာဇာနည်နေ့နည်းပညာသံခေတ်ယောက်ျား အင်္ဂါတံမဂ္ဂင် ၈ ပါးအနောက်တောင်တိုင်းစစ်ဌာနချုပ်ဦးနုပျော်ဘွယ်မြို့ပွေး(ရောဂါ)မိုင်းခရပ်ဖ်နန်းဆုရတီစိုးတောင်ကြီးမြို့ဂျက်ကီချန်းဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာမြန်မာ သက္ကရာဇ်ကရမက်ဆေးခြောက်ပင်မြန်မာနိုင်ငံပါရမီအနောက်မြောက်တိုင်းစစ်ဌာနချုပ်မာလာရှမ်းကောအားကစားစဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)ယူနိုက်တက်ကင်းဒမ်းနိုင်ငံပြည်သူ့ကာကွယ်ရေးတပ်မတော်ကမ္ဘာဂြိုဟ်ဗြိတိသျှအင်ပါယာသားချော့တေးကံ့ကော်ပင်ဗလာဒီမီယာ ပူတင်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပစ်တိုင်းထောင်အိတ်ချ်အိုင်ဗွီ ရောဂါပိုးဧရာဝတီတိုင်းဒေသကြီးဘောလုံးကစားခြင်းဗီယက်နမ်စစ်ပွဲကရင် အမျိုးသား အစည်းအရုံးလိမ်လည်မှုသီရိလင်္ကာနိုင်ငံဘီလူး🡆 More