မေတ္တေယျဘုရား

အရိမေတ္တေယျဘုရားဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဘာသာ၌ နောင်ပွင့်လတ္တံ့သော ဗုဒ္ဓဘုရားတစ်ဆူဖြစ်လေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်သည်။ ဤ ဘဒ္ဒကမ္ဘာ တွင် ပဉ္စမမြောက် ဗုဒ္ဓမြတ်စွာဘုရား အဖြစ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာဘုရား သည် ပွင့်တော်မူ လတ္တံ့ ဖြစ်သည်။ အရိမေတ္တယျမြတ်စွာဘုရားသည် ဤ ဘဒ္ဒကမ္ဘာအတွင်း ငါးကြိမ်မြောက် ပွင့်တော်မူ လတ္တံ့သော ဘုရားရှင် ဖြစ်သည်။

အရိမေတ္တေယျမြတ်စွာဘုရားကို အရိမေတ္တေယျ (အရိယ မေတ္တယျ) ဟု ခေါ်ကြသည်။

ဘုရားဆုကိုတောင်းခြင်း

လွန်လေပြီးသောအတိတ်က ကပ်ကမ္ဘာတစ်ခုတွင် သိရိမနတ ဘုရား ပွင့်တော်မူခဲ့သည်။ ထိုမြတ်စွာဘုရားလက်ထက်တော်တွင် မေတ္တေယျဘုရားသည် သင်္ခ မည်သော စကြာဝတေးမင်း ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ထိုစကြဝတေးမင်းသည် သာမဏေတစ်ပါးနှင့် တွေဆုံခဲ့သည်။ ထိုသာမဏေသည် မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူသည်ကိုလျှောက်သောအခါ သင်္ခသည် သာမဏေအား မင်းအရာကို အပ်ပြီး ဘုရားရှိရာအရပ်သို့ သွားလေသည်။

ထိုသို့သွားသောအခါ ပင်ပန်းကြီးစွာဖြစ်၍ ထိုမြတ်စွာဘုရားထံသို့ မရောက်မည်ကို စိုးရိမ်လေ၏။ ထိုစဉ် သိရိမနတ ဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူသောအခါ ထိုစကြဝတေးမင်း၏အဖြစ်ကိုမြင်၍ မြတ်စွာဘုရားသည် လှည်းသမားလူအိုအသွင် ဖန်ဆင်း၍ခေါ်‌ဝောာ်မူခဲ့လေသည်။

ကျောင်းသို့ရောက်သော် မြတ်စွာဘုရားသည် တရားကို‌ ဟောတော်မူလေ၏။ ထိုအခါ သင်္ခစကြဝတေးမင်းသည် မိမိ၏ ဦးခေါင်းကို လက်သည်းဖြင့်ဖြတ်၍ ဘုရားဆုကို တောင်း၍ အလှူပြုပြီးစုတေ‌‌လေသည်။

ဗုဒ္ဓဝင်

ကေတုမတီပြည်မှ သင်္ခစကြာမင်း၏ ပုရောဟိတ် သုဗြဟ္မာပုဏ္ဏားနှင့် ဗြဟ္မဝတီပုဏ္ဏေးမတို့၏ သားတော်ဖြစ်လတ္တံ့။

အရွယ်ရောက်သော် စန္ဒမုခီ အမည်ရှိသော မင်းသမီးနှင့် လက်ထက်ထိမ်းမြား လတ္တံ့။ သားတော်ဗြဟ္မဝဒ္ဓနတစ်ပါး ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ ပြာသာဒ်ယာဉ်ဖြင့်တောထွက်တော်မူလတ္တံ့။

၇ ရက်ကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကံ့ကော်ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကိုရ၍ ဘုရားဖြစ်တော်မူ လတ္တံ့။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက ၂ ပါးကား အသောက မထေရ်နှင့် ဗြဟ္မဒေဝမထေရ်ဖြစ်လတ္တံ့။ အဂ္ဂသာဝိကာ ၂ ပါးကားပဒုမာထေရီနှင့် သုမနထေရီဖြစ်လတ္တံ့။ အလုပ်အကျွေးကား သီဟမထေရ် ဖြစ်လတ္တံ့။

ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်ကား 100 တောင် မြင့်လတ္တံ့။ သက်တော် တစ်သိန်း နေရလတ္တံ့။ ထိုမြတ်စွာဘုရား၏ သာသနာသည် အနှစ်ကိုးသိန်း တိုင်တိုင် တည်လတ္တံ့။

ကိုးကား


မှတ်စု

Tags:

မေတ္တေယျဘုရား ဘုရားဆုကိုတောင်းခြင်းမေတ္တေယျဘုရား ဗုဒ္ဓဝင်မေတ္တေယျဘုရား ကိုးကားမေတ္တေယျဘုရား မှတ်စုမေတ္တေယျဘုရားကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဂေါတမဗုဒ္ဓဗုဒ္ဓဘာသာဘဒ္ဒကမ္ဘာ

🔥 Trending searches on Wiki မြန်မာဘာသာ:

သဘာဝပတ်ဝန်းကျင်ကွမ်းရွက်ပင်စက်တော်ရာလား (တိရစ္ဆာန်)ထက်ထက်မိုးဦးမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲယိုပင်ရုရှားနိုင်ငံတိုကျိုမြို့ဆားပုလင်းနှင်းမောင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မြဝါကျသာသနာ သက္ကရာဇ်အမေနေ့ရာပြည့်လွှမ်းပိုင်ကိုရီးယားနိုင်ငံအယုဒ္ဓယမြန်မာ-အင်္ဂလိပ် အဘိဓာန်ဂဠုန်ဓာတုဗေဒအစ္စရေးနိုင်ငံလက်ဖက်နှင်းဆီစကားအမျိုးသမီးများ၏ အခွင့်အရေးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိလေသာလိင်တူစုံမက်ခြင်းမြန်မာကျပ်ငွေအတ္တာဟိ အတ္တနော နာထောမျိုးကြီးအောင်သူ (ဘောလုံးသမား)စောမောင် (ဗိုလ်ချုပ်မှူးကြီး)ကဏန်းပုသိမ်မြို့ရခိုင်ပြည်တပ်မတော်ရှမ်းပြည်နယ်နက္ခတ် ၂၇ လုံးတရားနန်းလုံးကြိုင်စောမွန်လှကျောရိုးမဲ့သတ္တဝါဟစ်တလာသင်္ဃန်းကျွန်းမြို့နယ်သာလွန်မင်းဖေ့စ်ဘွတ်ခ်နို့ဆွစ်ဇာလန်နိုင်ငံလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ပြစ်မှုဆိုင်ရာဥပဒေကျိုက်ထိုမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွန်မြူနစ်ဝါဒခြင်းလုံး ကစားခြင်းလူထုဦးလှမြန်မာနိုင်ငံမြန်မာနိုင်ငံ၏ အလံများ စာရင်းဝဲဂါထာခြောက်ဆယ်ပျို့ပထဝီဝင်ခွေးအကြိတ်မှန်ပင်သောမတ် အက်ဒီဆင်ဂျန် အောသွားပိုးစားရောဂါတိန့်လိကျွင်းကျောက်ခေတ်ကျောက်ချဉ်ဗောဇ္ဈင်္ဂသုတ်အလောင်းစည်သူမင်္ဂလာတရား ၃၈-ပါးအင်္ဂါဂြိုဟ်စစ်ပွဲ🡆 More