ဝေါ်လတာ ချစ်ထွန်း

ဝေါ်လတာချစ်ထွန်း (၁၈၉၈ – ၁၉၄၇) သည် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦး ဖြစ်ပြီး မြန်မာ့ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဖြစ်သည့်အပြင်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပအောင် ကာယဗလလိုက်စား လေ့ကျင့်သည့်ဖက်၌ မြန်မာနိုင်ငံတွင် ရှေးဦးစွာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မှာ ဝေါ်လတာချစ်ထွန်းပင် ဖြစ်သည်။ ကာယဗလ လေ့ကျင့်သော ပုဂ္ဂိုလ်များမှာ ရှေးကမြန်မာနိုင်ငံတွင် နည်းပါးလှသည်။ ဝေါ်လတာချစ်ထွန်းမှာ ဤသို့လေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယအနေအထား လှပသောကြောင့် အထူးထင်ရှားခဲ့သည်။

ဝေါ်လတာ ချစ်ထွန်း
ဝေါ်လတာ ချစ်ထွန်း
မွေးဖွား၁၈၉၈
မော်လမြိုင်ဗြိတိသျှဘားမား
ကွယ်လွန်၁၉ နိုဝင်ဘာ ၁၉၄၇
သေဆုံးရခြင်း အကြောင်းရင်းMilitary Escort Accident
ပညာရေးDoctor of Medicine (M.D.)
မိခင်ကျောင်းCalcutta University
အလုပ်အကိုင်ဆရာဝန် နှင့် ကာယဗလ လေ့ကျင့်သူ
ကျော်ကြားမှုအရင်းခံမြန်မာ့ပထမဆုံး ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ
သားသမီးWalter Chit Tun, II

ကိုယ်ရေးဖြစ်စဉ်

ဝေါ်လတာချစ်ထွန်းကို ၁၈၉၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ အဖဆရာဝန်ကြီး ဦးချစ်ထွန်းနှင့် အမိဒေါ်သိန်းငွေတို့မှ ဖွားမြင်စည်။ မွန်အမျိုးသားဖြစ်၍ ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကာ အမည်ကိုလည်း ဝေါ်လတာချစ်ထွန်းဟု ဖခင်အမည်ကို လိုက်၍ ခေါ်တွင်ခဲ့သည်။ ငယ်စဉ်က ရန်ကုန် စိန့်ပေါကျောင်းနှင့် ရန်ကုန်တက္ကသိုလ်၊ ကာလကတ္တားများတွင် ပညာသင်ကြားပြီးနောက် ဆေးပညာကို ကာလကတ္တားတွင် သင်ယူတတ်မြောက်ခဲ့သည်။ စိတ်နှင့်ဆိုင်သော ရောဂါများကို အထူးကုသနိုင်၍ ရန်ကုန်မြို့ တံတားကလေး စိတ္တဇဆေးရုံ၌ ဆရာဝန်အဖြစ်နှင့် အမှုထမ်းခဲ့သည်။

ဝေါ်လတာချစ်ထွန်းသည် ၈ နှစ်အရွယ်ကျောင်းနေစဉ်ကပင် ကိုယ်ကာယလှပရေးအတွက် လိုက်စားလေ့ကျင့်ခဲ့၍ အလေးမခြင်းကိုလည်း နှစ်သက်ဝါသနာပါသည်။ ရင်ပတ်ကြီးထွားစေသော လက်ဆွဲစပရင်များဖြင့် စတင်လေ့ကျင့်ခဲ့၍ ၁၆နှစ် အရွယ်သို့ ရောက်သောအခါ အလေးမခြင်းကို စတင်လေ့ကျင့်သည်။

ဝေါ်လတာချစ်ထွန်းမှာ ကျောင်းသားဘဝ တစ်လျှောက်လုံး အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်၌ နေထိုင်ရသဖြင့် မြန်မာနိုင်ငံမှာ ထက်ပင် ဘင်္ဂလားနယ်၌ ထင်ရှား၍ လူသိများသည်။ အသက် ၂ဝ နှင့် ၃ဝ ကြားတွင် အလွန်အင်အားသန်စွမ်း၍ ကျန်းမာရေးနှင့် အလေးမပြိုင်ပွဲ၊ ကိုယ်ကာယအလှပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကိုယ်ကာယလှပသဖြင့် မြန်မာရုပ်ရှင်များ ခေတ်စားစ အခါက 'ပန်းပဲမောင်တင့်တယ်'ဇာတ်ကားတွင် မောင်တင့်တယ် အဖြစ် ပါဝင်ရိုက်ကူးခဲ့ရသည်။ မြန်မာလူမျိုးထဲမှ ကာယဗလ တောင့်တင်းသန်မာရေးကို စတင်မျက်စိဖွင့်ပေးခဲ့သူ ကျေးဇူးရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

ဘဝနိဂုံး

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်တော်ဆိုင်ကယ် စီးသွားစဉ် မတော်တဆ မော်တော်ကား တိုက်မိ၍ ထိုဒဏ်ရာဖြင့် ကွယ်လွန်သည်။


ကိုးကား

Tags:

မြန်မာ့ ပထမဆုံးများ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဇီးကွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဂျက်ကီချန်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမြင်းခြံမြို့ဗောဓိညောင်ပင်ပဋိစ္စသမုပ္ပါဒဒီပနီဖားကန့်မြို့ဗမာလူမျိုးမင်းသုဝဏ်စကားကြီး ဆယ်မျိုးသမင်မကွေးမြို့အောင်ဆန်းရေနံချောင်းမြို့မြင်းကပါဧရာဝတီတံတား (ပခုက္ကူ)ကချင်ပြည်နယ်သီဟိုဠ်သရက်ပင်နေပြည်တော် ပြည်ထောင်စုနယ်မြေဒီမိုကရေစီညောင်ရေသွန်းပွဲရေကျောက်ရောဂါကာကွယ်ဆေးငရဲကြီးရှစ်ထပ်ကိုယ် နှုတ် စိတ် ယဉ်ကျေးခြင်းမကွေးတိုင်းဒေသကြီးအိချောပိုနတ်ပြည် ၆ ထပ်မော်လမြိုင် တက္ကသိုလ်စကားပုံမြန်မာအဘိဓာန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဂေါတမဗုဒ္ဓလောက်ကိုင်မြို့မင်းအောင်လှိုင်မန္တလေး ဘိုးတော်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကျိုင်းတုံမြို့မြန်မာပြည် စာတိုက် သင်္ကေတများဂျွန်ဒီးတောင်ဥက္ကလာပမြို့နယ်ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံဃာဂုဏ်တော်တာချီလိတ်မြို့နေဝင်း (ဗိုလ်ချုပ်ကြီး)နိဗ္ဗာန်ဧရာဝတီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရာမာယဏမိတ်လိုက်ခြင်းကုန်းဘောင်ခေတ် နာမည်တွက်နည်းဂျာမနီနိုင်ငံရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စိန်ပန်းပင်နက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းပဗ္ဗဇ္ဇမင်္ဂလာရဲယိုပင်အရှေ့တောင်အာရှနိုင်ငံများအသင်းအော်ကာဖင်လန်နိုင်ငံပိုင်တံခွန်လေဖြတ်ခြင်းလား (တိရစ္ဆာန်)မြန်မာသရုပ်ဆောင်များစာရင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေကဇာတင်ခြင်းချစ်ဦးညိုတနင်္သာရီတိုင်းဒေသကြီးအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်မြန်မာနိုင်ငံ သစ်ပင်များလီယွန်နယ် မက်ဆီပြည့်တန်ဆာဥရောပ🡆 More