မင်္ဂလာတောင်ညွန့်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၏ အနောက်ဘက်တွင် ဒဂုံမြို့နယ်၊ မြောက်ဘက်တွင် ဗဟန်းမြို့နယ်၊ တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ အနောက်တောင်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် အရှေ့ဘက်တွင် ပုစွန်တောင်ချောင်းနှင့် ဒေါပုံမြို့နယ်တို့ တည်ရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် | |
---|---|
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တည်နေရာ (၂၀၁၉ မြေပုံ) | |
မင်္ဂလာတောင်ညွန့်မြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°47′0″N 96°10′0″E / 16.78333°N 96.16667°E 96°10′0″E / 16.78333°N 96.16667°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ဗိုလ်တထောင် |
စာပို့သင်္ကေတ | ၁၁၂၂၁၊ ၁၁၂၂၂ |
မင်္ဂလာတောင်ညွန့်မြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်တွင် နေထိုင်သူလူဦးရေပေါင်း တစ်သိန်းနီးပါးရှိသဖြင့် ရန်ကုန်မြို့ရှိ လူနေထူထပ်သော မြို့နယ်တစ်ခုဖြစ်သည်။ အစိုးရ မူလတန်းကျောင်း (၂၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်း (၆) ကျောင်းရှိသည်။
ရန်ကုန် ဘူတာကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းတို့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်သည် ဗြိတိသျှများ ရေးဆွဲခဲ့သည့် မြို့တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အချို့အဆောက်အဦးများကို ဗိသုကာအရအထင်ကရရှိသော အဆောက်အဦးများအဖြစ် သတ်မှတ်ထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
ဘီသယ်ဟမ်လူသာလန် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၁၈၁-၁၈၃၊ သိမ်ဖြူလမ်း | |
ကန်တော်ကလေးဗလီ | ဗလီ | ၁၀၆၊ အထက်ပန်းဆိုးတန်းလမ်း | |
မက်သဒစ်အဖွဲ့အစည်းဌာနချုပ် | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၂၀-၂၂၊ အလံပြဘုရားလမ်း | |
စိန့်အန်ထော်နီ ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၂၄၊ အထက်ပန်းဆိုးတန်းလမ်း | |
စလီ ဟာနုမာန်ဘုရားကျောင်း | ဟိန္ဒူဘုရားကျောင်း | ၂၁၊ ကန်ရိပ်သာလမ်းသွယ် | |
ရှရီမာရီယမ္မန်မယ်တော်ကြီးဘုရားကျောင်း | ဟိန္ဒူဘုရားကျောင်း | ဒေါ်သိန်းတင်လမ်းသွယ်နှင့် ၉၄လမ်းထောင့် | |
စလီ နဂါသန် စူလမဏိ ဟိန္ဒူဘုရားကျောင်း | ဟိန္ဒူဘုရားကျောင်း | ၅၇၊ စက်ရုံလမ်းသွယ် | |
သုံးထောင့်ဗလီ | ဗလီ | ၃၅၊ အထက်ပန်းဆိုးတန်းလမ်း | |
ရန်ကုန်ဘူတာကြီး | ဘူတာရုံ | ကွမ်းခြံလမ်းသွယ် |
This article uses material from the Wikipedia မြန်မာဘာသာ article မင်္ဂလာတောင်ညွန့်မြို့နယ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.