ထိုင်းဘာသာစကား

ထိုင်းဘာသာစကား (ထိုင်း: ภาษาไทย)ကို ဆိုင်းယမ် (သို့မဟုတ်) ထိုင်းအလယ်ပိုင်းစကားဟုလည်း ခေါ်လေ့ရှိပြီး ထိုင်းနိုင်ငံ တရားဝင်ရုံးသုံးဘာသာစကား နှင့် ထိုင်းလူမျိုး( ယိုးဒယားရောက်မြန်မာတို့က ရှမ်း ဟုခေါ်သည်)၊ ထိုင်းတရုတ်လူမျိုးများ၏ မိခင်ဘာသာစကားလည်း ဖြစ်သည်။ ထိုင်းဘာသာစကားသည် တိုင်-ကဒိုင်း ဘာသာစကားမိသားစုဝင် တိုင်ဘာသာစကားတစ်ခု ဖြစ်သည်။ ထိုင်းဘာသာစကား၏ ဝေါဟာရ တစ်ဝက်ကျော်ကျော်သည် ပါဠိ၊ သက္ကတ နှင့် ခမာဘာသာစကားတို့မှ မွေးစားထားသည်။ ထိုင်းဘာသာစကားသည် တက်ကျသံရှိသော (tonal)၊ သရုပ်ခွဲဘာသာစကား( analytic) တစ်ခုဖြစ်သည်။ ထိုင်းစကားပြောသည် လာအိုစကားပြော နှင့် အပြန်အလှန် တူညီကြပြီး ဘာသာစကားနှစ်ခုသည် စာရေးသားရာမှ အနည်းငယ်ကွဲလွဲသော်လည်း ဘာသာဗေဒအရ အတူတူပင်ဖြစ်သည်။

ထိုင်း
သျမ်လူမျိုး
ภาษาไทย ဘာၑါထာယ
အသံထွက် [pʰāːsǎː tʰāj]
ဒေသခံထိုင်းနိုင်ငံ
လူမျိုးစုအလယ်ပိုင်းထိုင်း၊ ထိုင်လူမျိုးနှင့် ထိုင်းတရုတ်
ဒေသခံ ပြောဆိုသူများ
၂၀,၀၀၀,၀၀၀ (၂၀၀၀)
သန်း ၄၀ ဒုတိယဘာသာစကားအနေဖြင့် ပြောဆိုသူ နှင့် လနာ၊ အီဆန်၊ တောင်ပိုင်းထိုင်းဘာသာ သို့ မြောက်ပိုင်းခမာ (၂၀၀၁)
တိုင်-ကဒိုင်း
  • တိုင်
    • အနောက်တောင်ပိုင်း (ထိုင်း)
      • ချန်းဆန်
        • ထိုင်း
စာအရေးအသားစနစ်
ထိုင်းအက္ခရာ
ထိုင်းမျက်မမြင်စာ
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
ထိုင်းနိုင်ငံ
တရားဝင် ထိန်းသိမ်းသူထိုင်းနိုင်ငံတော်ဝင်အသင်း
ဘာသာစကားကုဒ်များ
ISO 639-1th
ISO 639-2tha
ISO 639-3tha
Glottologthai1261
Linguasphere47-AAA-b
ထိုင်းဘာသာစကား

ဒေသိယဘာသာစကား နှင့် ဆက်စပ်ဘာသာစကားများ

ထိုင်းဘာသာစကားသည် ထိုင်းနိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်ပြီး လူဦးရေ သန်း(၂၀)ကျော် (၂၀၀၀ ခုနှစ်) သုံးစွဲလျက်ရှိသည်။ စံပြထိုင်းဘာသာစကားသည် ဘန်ကောက် ပညာတတ်အသိုက်အဝန်း၏ စကားပြောဆိုမူပေါ်တွင် အခြေခံသည်။ ထိုင်းအလယ်ပိုင်းစကား အပြင်၊ ထိုင်းနိုင်ငံသည် အခြားဆက်စပ်သော တိုင်ဘာသာစကားတို့၏ မူရင်းဒေသလည်း ဖြစ်သည်။ ဘာသာဗေဒ ပညာရှင်များက ဤ ပေါရာဏ/ကွဲပြားမှုအသုံးတွေကို ဆက်စပ်သည်ဟု ဆိုသော်လည်း မတူကွဲပြား ထူးခြားနေသော ဤဘာသာစကားများ၏ မူလပြောဆိုသူများက ဤသည်မှာ ဘာသာစကား၏ ကြွယ်ဝမှု (သို့မဟုတ်) တူညီသော ထိုင်းဘာသာစကား၏ဒေသိယအသုံး/ ထိုင်းဘာသာစကား၏ ကွဲလွဲမှုသာ ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်ဘာသာစကားများ

ထိုင်းအလယ်ပိုင်းစကား

  • အရှေ့အလယ်ပိုင်းထိုင်းစကား
  • အယုဒ္ဓ ‌‌‌‌‌‌‌‌‌ဒေသိယ စကား


ကိုးကား


Tags:

ထိုင်းနိုင်ငံဘာသာဗေဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုယ်ဝန်ဖျက်ချခြင်းကြွက်တက်ခြင်းဒေဝဒတ်တိရစ္ဆာန်ဓဇဂ္ဂသုတ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဥသျှစ်ပင်တဏှာညောင်ရွှေမြို့ဖေ့စ်ဘွတ်ခ်ကျောက်ဖြူမြို့ငွေကိုင် (ပန်းချီဆရာ)ဓမ္မစကြာသုတ္တန်ဇီဝဇိုးငှက်အနာကြီးရောဂါရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်စစ်တွေမြို့ပြဒါးနွားကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပထဝီဝင်အောင်လစော်ဘွားရေရှင်ရွာ၊ ကလေးမြို့နယ်ရှစ်လေးလုံးအရေးအခင်းကျုံးကန်တော့ပလ္လင်ဘုရားအရေးကြီးပြီသျှင်မဟာ သီလဝံသဗြိတိသျှအင်ပါယာတရားအေ (အက္ခရာ)ကနေဒါနိုင်ငံသင်္ဂဇာဆရာတော်Minecraftဂျပန်နိုင်ငံမော်လမြိုင်မြို့မြန်မာနိုင်ငံ၏ လူဦးရေကျောက်ကပ်ဝိပတ္တိတရားလေးပါးမြန်မာပိတောက်ဖော်ကာထင်းရှူးသင်္ဂါယနာဘရူနိုင်းနိုင်ငံရှမ်းလူမျိုးဆောင်းရာသီမီးသတ်ခြင်းအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့ဗီတိုမင်းတုန်းမင်းမိုးပညာဒင်းပုန်းရွာ၊ ဆင်ပေါင်ဝဲမြို့နယ်အလင်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းပစ္စည်း ၄ ပါးဇော်ဂျီ (စာရေးဆရာ)တောင်ငူမြို့မေသန်းနုအမျိုးသမီးသုံး ကွန်ဒုံးပန်ထွာဘုရင်မပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ ရပ်ကွက်များမကွေးတိုင်းဒေသကြီးဝိနည်းငှက်တစ်ကိုယ်ရည်အာသာဖြေခြင်းမင်းအောင်လှိုင်စစ်ဦးစီးတက္ကသိုလ်ကချင်ပြည်နယ်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များနန်းဆုရတီစိုးအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မြန်မာ့အလင်း သတင်းစာတူရကီနိုင်ငံဂျာမနီနိုင်ငံမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်🡆 More