ဆရာ

ဆရာ သို့မဟုတ် သင်ပြပေးသူ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒဏ္ခိဏာဒိသာ(တောင်အရပ်) မည်၏ဟု သင်္ဂဇာဆရာတော်က ရေးသားခဲ့သည်။

ဝေါဟာရရင်းမြစ်

"ဆာယာ" ဟူသော ပါဠိသက် ဝေါဟာရမှ လာခြင်းဖြစ်သည်။ ဆာယာသည် "အရိပ်"ဖြစ်သည်။ တပည့်များ နားခိုစေရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ခေါ်သည်ဟု တစ်မျိုးယူဆကြသည်။

ဆရာသည် "ဆ" နှင့် "ရာ" ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ "ဆ"သည် နှိုင်းဆခြင်း၊ ချိန်ဆခြင်းဖြစ်၍ "ရာ"မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဖြစ်သည်။ ထို့ကြောင့် တပည့်တို့အား ချင့်ချိန်နှိုင်းဆ အကဲဖြတ်ပေးတတ်သူဟု အဓိပ္ပာယ်ရသည်ဟုလည်း ဆိုကြ၏ ။

ပါဠိဘာသာဖြင့် အာစရိ ဟုသုံးနှုန်းကြပြီး မြန်မာဘာသာစကားရှိ ဆရာ ဆိုသောပုဒ်သည် သက္ကတဘာသာ၏ "အာစာရယ" မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဖော်ပြကြသည်။ ပုဂံခေတ်တွင် "ဆာရျ (ဆာရယာ) ဟု ရေးသားကြကာ နောက်ပိုင်း၌ ဆရာ ဟုအသွင်ပြောင်းလာခဲ့သည်။

ကဗျာဆောင်ပုဒ်များ

ဆရာ့ဂုဏ်

"ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့"
(မဃဒေဝလင်္ကာ)

ဆရာ့ဝတ် ငါးပါး

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ"
(သင်္ဂဇာဆရာတော်)

အာစရိယမျိုးငါးပါး

  • (၁) ပဗ္ဗဇ္ဖာစရိယ = ဥပဇ္ဈယ်ဆရာ။
  • (၂) သပသမ္ပဒါစရိယ = ကံဆောင်ပေးသောဆရာ။
  • (၃) နဿယာစရိယ = နိဿရည်းပေးသောဆရာ။
  • (၄) ဥဒ္ဒေသာစရိယ = စာသင်ပေးသောဆရာ။
  • (၅) ဩဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ။

ကိုးကား

ပြင်ပလင့်ခ်များ

ဆရာ  Wiki Commons ရှိ သင်ကြားခြင်း နှင့်ပတ်သက်သော မီဒီယာများ

Tags:

ဆရာ ဝေါဟာရရင်းမြစ်ဆရာ ကဗျာဆောင်ပုဒ်များဆရာ ကိုးကားဆရာ ပြင်ပလင့်ခ်များဆရာတပည့်ပညာသင်္ဂဇာဆရာတော်

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးပါးသီလအဆိပ်ပညာရေးလီဆာချင်းပြည်နယ်တာရာမင်းဝေမုံရွာမြို့မင်းရဲကျော်စွာအီဂျစ်နိုင်ငံဘုရားဂုဏ်တော်အာဠာဝကဘီလူးပအိုဝ်းလူမျိုးစစ်တက္ကသိုလ် (ပြင်ဦးလွင်)မြန်မာ့သမိုင်းလက်ဖက်သုပ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကိလေသာဗီဒီယိုကျုံးနတ်မင်းကြီးလေးပါးရှင်ဥတ္တမကျော်တောလားအီလွန် မက်စ်ပုပ္ပါးတောင်တိုက်ကြီးမြို့အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပုဂံမဟာဂီရိနတ်တိန့်လိကျွင်းအိန္ဒိယနိုင်ငံအင်္ဂုလိမာလသုတ်သမထအာဇာနည် ခေါင်းဆောင်ကြီးများမိမိကိုယ်ကို သတ်သေခြင်းခင်ပွန်းကြီးဆယ်ပါးနေပြည်တော် ပြည်ထောင်စုနယ်မြေတက္ကသိုလ်ဘုန်းနိုင်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများစိုးဝင်း၊ ဗိုလ်ချုပ်ကြီးအောင်ဆန်းစုကြည်ပုလွေမှုတ်ခြင်းလူ့အခွင့်အရေးတပင်ရွှေထီးခန္ဓသုတ်ငါးရာ့ငါးဆယ် နိပါတ်တော်လူဆိုးကုန်းဘောင်မင်းဆက်မုန့်လက်ဆောင်းလင်းသိုက်ညွန့် (မြန်မာ့မြေ)သီပေါမင်းအရက်အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရက္ခိုင့်တပ်တော်ခွေးတောက်ပင်ကြက်ဟင်းခါးပင်ဓုတင်ကြူကြူလှရှမ်းဘာသာစကားဓာရဏပရိတ်မုန့်လုံးရေပေါ်ဂျူး (စာရေးဆရာမ)မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မမှော်ပညာရတနသုတ်ကုန်းဘောင်ခေတ်အီရန်နိုင်ငံကျိုက်ထီးရိုးဘုရားသစ္စာဆေးလိပ်ပန်ဆယ်လိုအလောင်းမင်းတရားဆေးကော့ကရိတ်မြို့ရာသီဥတုမေထုနပါရာဇိကဇော်ဂျီ (စာရေးဆရာ)ဝက်သားတုတ်ထိုး🡆 More