ယာဘ

ယာဘ (အင်္ဂလိပ်: Ya ba; ထိုင်း: ยาบ้า) သည် မက်သမ်ဖတမင်း ကို အခြေခံထားသော မူးယစ်ဆေး အမျိုးအစား ဖြစ်ပြီး အန္တရာယ် ရှိသော ဆေးပြားဖြစ်သည်။ မူလထုတ်လုပ်သော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ၎င်း ဆေးပြားသည် အလွန်သေးငယ်သော အရွယ်အစား ဖြစ်ပြီး ထိုင်းလူမျိုးတို့က 'အရူးဆေး' (madness drug သို့ crazy drug) ဟု ခေါ်ကြသည်။ စိတ်ကြွ ရူးသွပ်ဆေးပြားများသည် စပျစ်သီးနံ့၊ လိမ္မော်သီးနံ့ နှင့် ချောကလက်နံ့ တို့ကဲ့သို့ ရနံ့တစ်မျိုးမျိုး ပါဝင်သည်။ မက်သမ်ဖတမင်း (methamphetamine) နှင့် ကဖိန်း (Caffeine)တို့ ပေါင်းစပ်ထားသော ဆေးပြားဖြစ်ပြီး သုံးစွဲသူအများစုမှာ လူငယ်များ ဖြစ်သည်။ ဂျာမန်သိပ္ပံပညာရှင်မှ ဒုတိယကမ္ဘာစစ်အတွင်း စစ်သားများ ခံနိုင်ရည်တိုးစေရန် အသုံးပြုရန်အတွက် စတင်ထုတ်လုပ်ခဲ့သည်။

ဖိုင်:ยาบ้า ซองน้ำเงิน.jpg
Ya ba

မြန်မာပြည်တွင် ice(ရေခဲ)ဟုလည်း ခေါ်သည်။ တခြားနိုင်ငံများတွင် Ice, Speed, Meth, Crystal, Crank စသည်ဖြင့်ခေါ်ဝေါ်ကြသည်။ အဖြူရောင် အနံ့မရှိပါ။ ရေ၊ အရက်ထဲမှာ ပျော်ဝင်သည်။ ပါးစပ်မှ သောက်သည်။ နှာခေါင်းမှ ရှူသည်။ ဆေးထိုးအပ်နှင့်လည်း ထိုးသည်။ ဆေးလိပ်လိုလည်း သောက်သည်။ ဆေးစွမ်းခံစားရတာကို Highဟု ခေါ်ကြသည်။

နာမည်များ

နာမည်ခွဲများစွာ ရှိသည်။ ယာဘ, ရာမ, မြင်း​ဆေး,အစေ့(တကောင်း၊ မြန်မာ),ပဲစေ့, ​ဝေယံ,​ ရေ​ဝေး, အသီး, အလုံး, ​ဘောလုံး, wy, item, crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်သည်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank ဟု ခေါ်သည်။ ‌ဆေးပြား‌ပေါ်တွင် wy တံဆိပ်ရိုက်နှိပ်ထားခြင်းသည် ယခင်က ဝလူငယ်များအဖွဲ့ (Wa Youth) မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်းအမှတ်အသားဖြစ်သည်။

  • စိတ်ကြွရူးသွပ်​ဆေးပြား
  • အရူးဆေးပြား
  • မြင်းဆေး
  • ဟစ်တလာ မူးယစ်ဆေး

အသုံးပြုပုံ

အချိုရည် နှင့်ဖျော်၍​သောက်ခြင်း,အ​ငွေ့ကိုရှုခြင်း ☆များ​သောအားဖြင့် ထို​ဆေးလုံးကို ပါးလွှာ​သော ခဲပြား(ဆေးလိပ်ဘူးတွင်းပါခဲစက္ကူပြား၊ငါးကင်ရာတွင်သုံးသည်၊ အိုးဖာတိပ်၊ ဒန်တိပ်၊ ပီကယ် နှင့် ​ချောကလက်တို့ကို အုပ်ထား​သော ​ငွေပြား) ​ပေါ်တင်၍ ​အောက်မှမီး​သေး​သေးငယ်ငယ်ဖြင့် အပူ​ပေးလိုက်​သောအခါ ထွက်လာ​သော အ​ငွေ့ကို ပိုက် ဖြင့် စုပ်ယူ​သုံးစွဲကြသည်။ အချို့က ​ဘူးကို ​ရေထည့်အ​ပေါက်​ဖောက် ပိုက်တပ်ကာ ​(ရေစစ်သ​ဘောခံ၍) ​သောက်သုံး​လေ့ရှိသည်။ ☆အချို့က ထို​ဆေးပြားကို ကျွဲရိုင်း(red bull) (သို့) ကိုကာကိုလာ (Coca-Cola) နှင့် ​ရော​ဖျော်၍ ​သောက်သုံးကြသည်။

အန္တရာယ်နှင့်အကျိုးသက်ရောက်မှုများ

စိတ်ကြွရူးသွပ်ဆေးပြားကြောင့် ခန္တာကိုယ်အပူချိန် တိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အော့အန်ခြင်း၊ သေဆုံးခြင်း တို့ ဖြစ်ပွားနိုင်သည်။ စိတ်ကြွရူးသွပ်ဆေးပြားကို အနည်းငယ်မျှသုံးစွဲမိရုံမျှဖြင့် ကိုယ်ခန္တာ တက်ကြွမှုကို ဖြစ်စေခြင်း၊ စိတ်ဓာတ်တက်ကျခြင်း၊ အစာစားချင်စိတ် ကျဆင်းခြင်း၊ အသက်ရှု မြန်ခြင်း နှင့် သေဆုံးခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။

Tags:

ကေဖိန်းထိုင်းနိုင်ငံထိုင်းဘာသာစကားဒုတိယကမ္ဘာစစ်မက်သမ်ဖတမင်းအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မန်ချက်စတာ ယူနိုက်တက်လေဖြတ်ခြင်းဇာတ်ကြီးဆယ်ဘွဲ့သမ္မာကျမ်းစာသင်္ကြန်ထမင်းစကားပုံမောင်တွံတေးသိန်းတန်ChatGPTပဒေသရာဇ်စနစ်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အနော်ရထာရွှေဘိုမြို့သထုံမြို့တယ်လီနော မြန်မာပီမိုးနင်းကုန်းဘောင်မင်းဆက်ယဉ်ကျေးမှုပထဝီဝင်မေတ္တေယျဘုရားအင်တာနက်တိုင်းစစ်ဌာနချုပ်လီဆူလူမျိုးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်သတိပဋ္ဌာန်ရေမွန်ရာဟုမြန်မာအကရွှေစည်းခုံ စေတီတော် (ပုဂံ)မြန်မာစာရေးဆရာများ စာရင်းအုန်းပင်လ (ကမ္ဘာရံဂြိုဟ်)ဘောလုံးကစားခြင်းပိဋကတ် သုံးပုံလွှမ်းမိုးပုဂံမြို့ဟောင်းဗမာလူမျိုးကိုယ်ဝန်ဆောင်ခြင်းပုဂံရှင်ပြုခြင်းဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်၂၀၂၁မြန်မာမုန့်များဧရိယာကံပထမ ကမ္ဘာစစ်ရာဇကုမာရ်မောရှမ်းလူမျိုးမရိုးပင်ကုန်းဘောင်ခေတ်လက်တင်အမေရိက၁၉၄၂မြန်မာနိုင်ငံ၏ ရပ်ကွက်များပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့တပ်မတော် (ကြည်း)အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အင်းဝမြို့မြန်မာနိုင်ငံရှိ မြို့များနေပြည်တော်မြို့၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းပြင်ဦးလွင်မြို့လီဆာတေလာ ဆွစ်ဖ်နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့်ရွေးပင်ဗောဇ္ဈင်္ဂသုတ်စိတ်ပညာအောင်ခြင်း ၈ ပါးမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများချဉ်ပေါင်သန်လျင် မင်းကျောင်းဆရာတော်စစ်အေးတိုက်ပွဲသံလွင်မြစ်မြန်မာဝီကီပီးဒီးယားမြောက်ဥက္ကလာပမြို့နယ်🡆 More