ပေါက်ပန်းဖြူ: အပင်မျိုးစိတ်များ

ပင်လတ်မျိုးဖြစ်၍ အကိုင်းအခက်များပြားသည်။ အရွက်မှာ ရွက်ပေါင်း ဖြစ်ပြီး ရွက်ရင်းနှင့်ရွက်ထိပ်ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ် ပွင့်မှ လေးပွင့်အထိ ရှိသည်။ အပွင့် မှာ အဖြူရောင် ဖြစ်သည်။ အသီးမှာ အတောင့်ရှည်ဖြစ်ပြီး အစေ့များစွာ ပါရှိသည်။ အစေ့တွင် အတောင်ပံပါ ရှိသည်။

Sesbania grandiflora
ပေါက်ပန်းဖြူ: ပုံသဏ္ဌာန်, တွေ့နိုင်သောနေရာများ, အသုံးဝင်ပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Faboideae
မျိုးဇာတ်: Sesbanieae
မျိုးစု: Sesbania
မျိုးစိတ်:
S. grandiflora
ဒွိနာမ
Sesbania grandiflora
(L.) Poiret
Synonyms
  • Aeschynomene coccinea L.f.
  • Aeschynomene grandiflora (L.) L.
  • Agati coccinea (L.f.) Desv.
  • Agati grandiflora (L.) Desv.
  • Agati grandiflora var. albiflora Wight & Arn.
  • Agati grandiflora var. coccinea (L.f.) Wight & Arn.
  • Coronilla coccinea (L.f.) Willd.
  • Coronilla grandiflora (L.) Willd.
  • Coronilla grandiflora Boiss.
  • Dolichos arborescens G. Don
  • Dolichos arboreus Forssk.
  • Emerus grandiflorus (L.) Kuntze
  • Resupinaria grandiflora (L.) Raf.
  • Robinia grandiflora L.
  • Sesban coccinea (L.f.) Poir.
  • Sesban grandiflora (L.) Poir. [Spelling variant]
  • Sesban grandiflorus (L.) Poir.
  • Sesbania coccinea (L.f.) Pers.

ပုံသဏ္ဌာန်

ပေါက်ပန်းဖြူ: ပုံသဏ္ဌာန်, တွေ့နိုင်သောနေရာများ, အသုံးဝင်ပုံ 
မြန်မာ့စားစရာ တို့စရာများထဲမှ ပေါက်ပန်းဖြူ
ပေါက်ပန်းဖြူ: ပုံသဏ္ဌာန်, တွေ့နိုင်သောနေရာများ, အသုံးဝင်ပုံ 
Flowers of S. grandiflora

အပင်

သစ်ပျော့ပင်မျိုး ဖြစ်၍ ပေ၂၀ မှ ၃၀ အထိ မြင့်သည်။ အကိုင်း အခက်များစွာ ဖြာသည်။

အရွက်

ရွက်လွှဲ ထွက်သည်။ ငှက်မွှေး ရွက်ပေါင်း ဖြစ်သည် ။၆ လက်မမှ ၁ ပေ အထိ ရှည်၍ ရွက်မြွှာ များ ၂၀-၄၀ စုံ အထိ ပါရှိသည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး ရွက်ရင်း ရွက်ထိပ် ဝိုင်းသည်။ ရွက်ပြား ပြောင်ချော၍ အနား ညီသည်။

အပွင့်

အဖြူရောင် ရှိသည်။ ကြားထွက် ပန်းခိုင် ဖြစ်သည်။ တစ်ခိုင် တွင် အပွင့် ၂ ပွင့်မှ ၄ ပွင့် အထိ ပါရှိသည်။ ဝါခေါင် ၊ တော်သလင်း လတွင် ပွင့်သည်။ (ပေါက်ပန်းနီ မျိုးလည်း ရှိ၍ နှစ်မျိုးလုံး ဆေးဖက် ဝင်သည်။)

အသီး

အသီး တောင့်ရှည် ဖြစ်သည်။ တွဲလျားကျနေသည့် သီးတောင့် တစ်ခုတွင် အစေ့များစွာ ပါရှိ၏ ။ နတ်တော်လမှ တပို့တွဲလအတွင်းအသီး ရင့်သည်။

တွေ့နိုင်သောနေရာများ

မြန်မာ နိုင်ငံ ဒေသအများ အပြား ၌ ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ဟင်းလျာ အဖြစ်လည်း စိုက်ပျိုး ကြသည်။

အသုံးဝင်ပုံ

အာနိသင်

မြန်မာ့ ဆေးကျမ်း များအလိုအရ ပေါက်ပန်းဖြူ ပင်သည် အေး၏ ။ လေကိုပွား စေ၏ ၊ ခါးသက်သက် ရှိ၏ ၊ သည်းခြေ ရောဂါ ၊ သလိပ်ရောဂါ ၊ နှာရည်ယိုခြင်း ရောဂါတို့ကို ၃ ရက်ခြား ဖျား ၊ ကြက်မျက်သင့် ခြင်း တို့ကို ပျောက်စေ၏။ အရွက်သည် စပ်၏ ၊ ချို၏ ၊ ခါးသက်သက် ရှိ၏ ၊ သွေးကို ကြည်လင် စေ၏ ။

အပွင့်

  • ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။
  • ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။
  • အပွင့် သို့မဟုတ် အရွက် ကို အရည်ညှစ်ယူ၍ ခေါင်း မကိုက်သော တဖက်ရှိ နှာခေါင်း မှ ရှူပါက ခေါင်း တခြမ်း ကိုက်ရောဂါ ပျောက်၏ ။
  • ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်၍ စားပါက ကြက်မျက်စိ သင့် ရောဂါ ပျောက်၏ ။

အရွက်

  • အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။
  • တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။
  • ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။
  • ပေါက်ပန်းဖြူ ရွက်နှင့် ငရုတ်ကောင်း ကို နွားကျင်ငယ် ရည်နှင့် ကြိတ်ရှူသော် ဝက်ရူးနာ ပျောက်၏ ။

ကိုးကား

Tags:

ပေါက်ပန်းဖြူ ပုံသဏ္ဌာန်ပေါက်ပန်းဖြူ တွေ့နိုင်သောနေရာများပေါက်ပန်းဖြူ အသုံးဝင်ပုံပေါက်ပန်းဖြူ ကိုးကားပေါက်ပန်းဖြူ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဒီမိုကရေစီမင်းကွန်းတိပိဋကဆရာတော်ပုဂံငလျင်လှုပ်ခြင်းကနောင်မင်းသားရတုသမိန်ဗရမ်းညောင်ရမ်းခေတ်ဖိလစ်ပိုင်နိုင်ငံအပျိုမြှေးရခိုင်လူမျိုးမြန်မာစာစတင်ဖြစ်ပေါ်လာပုံထန်းလျက်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဟိန္ဒူဘာသာအင်းတော်ကြီးသမိုင်းသမ္ဘူလရွှေအိမ်သည်အဲလက်စ်ဆာ အင်တာနက်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနစောမောင် (ဗိုလ်ချုပ်မှူးကြီး)နတ်မင်းကြီးလေးပါးသဇင်ပန်းကယားပြည်နယ်တပင်ရွှေထီးထိုင်းဘတ်ငွေဇာမဏီအရေပြားလေးဘက်နာရောဂါဂျူး (စာရေးဆရာမ)ကျောက်ခေတ်သစ်စနေဂြိုဟ်ပဲခူးမြို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနဂြိုဟ်တွင်းနက်သရေခေတ္တရာဂဠုန်ဆရာစံရှမ်းလူမျိုးသက္ကရာဇ်ရွှေဘိုမြို့မြန်မာ့အလင်း သတင်းစာလေးစီးရှင် ကျော်စွာမိုးကုတ်မြို့ပထမ ကမ္ဘာစစ်ဟန်နီနွေဦးနာဂစ်မုန်တိုင်းဟစ်တလာရဟန်းခံခြင်းတကောင်းစာရာမေတိတောင်မဟာဗန္ဓုလစစ်ကိုင်းမြို့သခင်ကိုယ်တော်မှိုင်းခြင်းလုံး ကစားခြင်းဂျူးဘာသာမြန်မာ့ထီးအင်းလေးကန်ရှစ်လေးလုံးအရေးအခင်းငါးရာ့ငါးဆယ် နိပါတ်တော်ဒုတိယ ကမ္ဘာစစ်ဘီယာအင်္ဂလိပ်ဘာသာစကားဟံသာဝတီအ.ထ.က(၁၆)မန္တလေးထိုင်းနိုင်ငံ၏ ခရိုင်များရခိုင်သမက်တက်ကရင် အမျိုးသား အစည်းအရုံးပရိတ်ကြီး ၁၁ သုတ်လက်ကလီဂျူလာဘုရင်အသည်းကျိုက်ထိုမြို့ပအိုဝ်းလူမျိုးအလောင်းစည်သူမယ်ခွေ🡆 More