မြန်မာ့အလင်း သတင်းစာ

မြန်မာ့အလင်း သတင်းစာ သည် မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသည့် မြန်မာနိုင်ငံ အစိုးရပိုင် နေ့စဉ်သတင်းစာ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖြန့်ချိလျက်ရှိသည့် သတင်းစာများအနက် သက်တမ်းအရှည်ဆုံးဖြစ်သည်။

မြန်မာ့အလင်း
မြန်မာ့အလင်း သတင်းစာ
မြန်မာ့အလင်း သတင်းစာ
၃၁ မတ် ၂၀၁၆ ထုတ် မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံး
အမျိုးအစားနေ့စဉ်ထုတ် သတင်းစာ
ထုတ်ဝေသူပြန်ကြားရေး ဝန်ကြီးဌာန
တည်ထောင်ခြင်း၁၉၁၄
ဘာသာစကားမြန်မာ
ဌာနချုပ်များရန်ကုန်မြို့
စောင်ရေ၂၂၀,၀၀၀
ဝက်ဘ်ဆိုဒ်moi.gov.mm/npe/mal/
နိုင်ငံမြန်မာ့အလင်း သတင်းစာ မြန်မာ

သမိုင်း

ကိုလိုနီခေတ်အတွင်း ၁၉၁၄ ခုနှစ်၌ ရန်ကုန်မြို့တွင် ဦးရွှေကြူးက ထုတ်ဝေသည်။ ပထမကမ္ဘာစစ်အတွင်း စစ်သတင်းကို ဓာတ်ပုံဘလောက်များဖြင့် ဖော်ပြရာ လူကြိုက်များသည်။ စောင်ရေ ၁၂၀ နှင့် စပြီး ရက်ခြား ထုတ်သည်။

အယ်ဒီတာများမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးပီမိုးနင်း၊ ဦးရွှေကြူးတို့ ဖြစ်ပြီး ရှိပ်စပီးယာ ပုံနှိပ်တိုက်၌ ရိုက်သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီတွင် ယင်း၏ ကိုလိုနီဝါဒ ဆန့်ကျင်ရေး ရပ်တည်ချက်ကြောင့် ကျော်ကြားသည်။ ၁၉၁၅ ခု မတ်လ ၁၅ ရက်တွင် မတ်လ ၁၅ ရက်နေ့ကို သတိပြု သတင်းဖြင့် ပုံနှိပ်ခွင့် အပိတ်ခံရသည်။

၁၉၁၈ ခုတွင် ဂျပန်မှပြန်လာသော ဦးကိုကိုကြီးက ဆက်ထုတ်သည်။ မြန်မာ့အလင်းအမည်ကို အပိတ်ခံရဆဲ ဖြစ်သဖြင့် မှတ်ပုံတင်အမည်တွင် မြန်မာ့အလင်းသစ် (New Light of Burma) ကို သုံးသည်။ သို့သော် မြန်မာအမည်မှာ မြန်မာ့အလင်း ဖြစ်ဆဲပင်။ ထူးခြားချက်မှာ တံဆိပ်အဖြစ် မြန်မာမြေပုံကို ဟာရိတခေါ် ဗြဟ္မရုပ်က လက်ညှိုးထိုးပုံ ပါသည်။ ခေတ်ပြိုင် သူရိယ မဂ္ဂဇင်းထက် သာအောင် "ရှင်နေမင်းထက် လွန်မင်းကဲထ ဟာရိတဟု ဗြဟ္မာ့အရောင် ထွန်းလင်းပြောင်" ဟူသော စကားနှင့်အညီ သူရိယထက်သာသော ဟာရိတဗြဟ္မာဟု သုံးခြင်းဖြစ်သည်။ နောင် စာလုံးပေါ်တွင် ကိုးရို့ကားယားဖြစ်နေသော မြန်မာပြည်မြေပုံကို ဖြုတ်ရာ ခေါင်းစဉ်ကို လက်ညှိုးထိုးသော ဗြဟ္မာရုပ် ဖြစ်လာသည်။

အယ်ဒီတာများမှာ ဆရာသင်နှင့် ဦးစိန်း ဖြစ်သည်။ ခေတ်ပြိုင်ဖြစ်သော ပညာ့အလင်း သတင်းစာတိုက်က လုပ်ကြံရာ ဆရာသင် ဓားထိုးမှုနှင့် သေပြီး ဦးစိန်း အယ်ဒီတာချုပ် ဖြစ်လာသည်။ ရက်ခြား သတင်းစာ ဖြစ်ဆဲပင်။

ဦးမောင်မောင်ကြီးက ဦးကိုကိုကြီးထံမှ ဝယ်သည်။ နေ့စဉ်သတင်းစာ ဖြစ်လာသည်။ စောင်ရေတက်လာ၍ ပန်းဆိုးတန်းတိုက်မှ ဆူးလေဘုရားလမ်းသို့ ရွေ့သည်။ နိုင်ငံခြားကြေးနန်းသတင်း စ၍ ဝယ်သုံးသည်။ သတင်းထောက်များ ငွေပေး၍ စခန့်သလို နိုင်ငံခြားသတင်းထောက်များလဲ ထားသည်။ စာမျက်နှာ ၆၀ အထိ ဖြစ်ခဲ့သည်။

၁၉၃၃ ခုတွင် ဦးမောင်မောင်ကြီး လွန်သည့်နောက် ဇနီး ဒေါ်ဒေါ်စု ဆက်လုပ်သည်။ ၁၉၃၈ ရောက်သော် ကုမ္ပဏီလီမိတက်အဖြစ် ဖွဲ့လိုက်သည်။

၁၉၆၉ ခုနှစ်တွင် မြန်မာ့အလင်းနှင့်အတူ ဗိုလ်တထောင်၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာနှင့် ကြေးမုံစသည့် သတင်းစာတိုက်များကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ထုတ်ဝေသည့် သတင်းစာအားလုံးသည် နိုင်ငံပိုင်ဖြစ်လာသည်။ မြန်မာ့အလင်း သတင်းစာသည် အစိုးရအာဘော်များကို ထင်ဟပ်ဖော်ပြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တိုက်စာရင်းကိုင်ပညာသင်္ဂဇာဆရာတော်ကမ္ဘာမကျေဘိုးလှိုင်၊ ဦး(ယောမင်းကြီး)လင်းသိုက်ညွန့် (မြန်မာ့မြေ)အိတ်ချ်အိုင်ဗွီ ရောဂါပိုးဂျပန်နိုင်ငံဒါနဆလုံလူမျိုးအဲလ်ဘတ် အိုင်းစတိုင်းဟင်္သာတထွန်းရင်မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များနန်းမတော်မယ်နုမြန်မာနိုင်ငံ၏ ပထဝီဝင်ဦးဝင်းမြင့်အစိုးရ၂၄ ပစ္စည်းလီဆူလူမျိုးပြိတ္တာမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ)အနောက်မြောက်တိုင်းစစ်ဌာနချုပ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရူပဗေဒအမျိုးသမီးသုံး ကွန်ဒုံးအော်ကာတဏှာအသည်းရောင် အသားဝါ ရောဂါ ဘီပိုးလေဖြတ်ခြင်းဒေါနတောင်တန်းငွေကိုင် (ပန်းချီဆရာ)အစာအိမ်ပညာရေးအိမ်ရခိုင်ဘာသာစကားတရုတ်ပြည်သူ့သမ္မတနိုင်ငံမဂ္ဂင် ၈ ပါးကြေးခေတ်ကျောက်မျက် ရတနာတယ်လီဖုန်း ကုတ်နံပါတ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံကျော်ဟိန်းနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဒေသနာကြားခြင်းခွေးရူးပြန်ရောဂါကာကွယ်ဆေးဧရာဝတီတံတား (ပခုက္ကူ)အားအာရက္ခတပ်တော်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အင်္ဂလန်နိုင်ငံပါဠိဆန်ဖရန်စစ္စကိုမြို့မိုင်တဲလ် မြန်မာအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဒေါင်းကယန်းလူမျိုးကလေးမြို့နာဂစ်မုန်တိုင်းမဟာဘုတ်ယွန်းယွန်းမုန့်ဟင်းခါးပြင်သစ်နိုင်ငံကြောင် (တိရစ္ဆာန်)ပအိုဝ်းလူမျိုးရက္ခိုင့်တပ်တော်မြန်မာ သက္ကရာဇ်ဗျည်းပါတော်မူခြင်းငှက်ခင်ဝင့်ဝါနိဝရဏတရားငါးပါးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဘရူနိုင်းနိုင်ငံအင်းဝမင်းဆက်လွတ်လပ်ရေးကြေညာစာတမ်း🡆 More