ဟန်နီနွေဦး

ဟန်နီနွေဦး ( ၁၉ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်နေသော မြန်မာအမျိုးသမီး သရုပ်ဆောင်ဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက်တွင် ထင်ရှား‌သောတော်လှန်ရေးသမားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ပတ်သက်မှုကြောင့် သူမအား ဖမ်းဆီးရန် စစ်ကောင်စီက ဝရမ်းထုတ်ခဲ့သည်။ သူမသည် သူရဲကောင်းတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် သူမ၏ ပါဝင်လှုပ်ရှားမှုများကြောင့် ပြည်သူ့မိန်းကလေး အဖြစ် သတ်မှတ်ခံရသည်။

ဟန်နီနွေဦး
ဟန်နီနွေဦး
ဟန်နီနွေဦး ၂၀၂၀
မွေးဖွားဟန်နီနွေဦး
(1999-03-19) ၁၉ မတ်၊ ၁၉၉၉ (အသက် ၂၅)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ–ရခိုင်
ပညာရေးနိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)
အလုပ်အကိုင်သရုပ်ဆောင်၊ တော်လှန်ရေးသမား
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၉–၂၀၂၁

အစောပိုင်းဘဝ

ဟန်နီနွေဦးကို ၉ ရက်နေ့ မတ်လ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် မွေးဖွာခဲ့သည်။ ဗမာ – ရခိုင် ကပြားဖြစ်သည်။[ကိုးကားချက်လိုသည်]

အသက်မွေးဝမ်းကြောင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျာမန်ဘာသာ ပညာသင်ကြားနေစဉ် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းမဂ္ဂဇင်းများနှင့် ဂီတဗီဒီယိုများတွင် မော်ဒယ် အဖြစ် ပါဝင်ခဲ့သည်။ သူမသည် တီဗီကြော်ငြာ ၂၀ ကျော်တွင်ပါဝင်ခဲ့သည်။ Oppo ၏ brand ambassador တစ်ယောက် အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်ထုတ် Yangon In Love ဇာတ်ကားတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပရဟိတများ

သူမသည် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Care Teen တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် ဆင်းရဲနွမ်းပါးသောကလေးများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပေးခဲ့သည်။

နိုင်ငံရေး

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်တွင် သူမသည် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် တောခိုရန် ဖြစ်လာခဲ့သည်။ အခြားသော ထင်ရှားကျော်ကြားသူ အများအပြားနှင့် အတူ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီကို ထောက်ခံခဲ့သည်။ ယင်းအတွက်ကြောင့် အများပြည်သူ ငြိမ်းချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်ရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် တပ်မတော်သားများက လမ်းမတော်မြို့နယ်ရှိ သူမ၏ မိသားစုနေအိမ်သို့ ရောက်ရှိလာပြီး စစ်အစိုးရက နေအိမ်အား ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ကျောင်းသားလက်ရုံးတပ်တော် ဟု လူသိများသော တော်လှန်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် အကြီးတန်းစစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည်။ စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားတွင် သူမသည် လက်ဖြောင့်တပ်သားဆုကို ရရှိခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ဟန်နီနွေဦး အစောပိုင်းဘဝဟန်နီနွေဦး အသက်မွေးဝမ်းကြောင်းဟန်နီနွေဦး ပရဟိတများဟန်နီနွေဦး နိုင်ငံရေးဟန်နီနွေဦး ကိုးကားဟန်နီနွေဦး ပြင်ပလင့်ခ်များဟန်နီနွေဦးတပ်မတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

သမ္မာကျမ်းစာသီလကာတွန်း ရုပ်ပြောင်ပေပင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပွေး(ရောဂါ)မြင့်မြတ်သော ရောမအင်ပါယာရှမ်းပြည်နယ်ဝါးကကွန်တိုမျဉ်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းမဟာသမယသုတ်Big Bagသိပ္ပံပညာခရစ်ယာန်ဘာသာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြန်မာနိုင်ငံ၏ အလံများ စာရင်းစကော့တလန်နိုင်ငံလိင်စိတ်ဆွခြင်းဘန်နီဖြိုးကချင်လွတ်မြောက်ရေးတပ်မတော်ကိုရီးယားစစ်ပွဲလစ်ဘရယ်ဝါဒဆက်သွယ်ရေးတပ်ဖွဲ့ကိုယ်ဝန်ဆောင်ခြင်းကဆုန်လပြည့် ဗုဒ္ဓနေ့မြန်မာအက္ခရာဟစ်တလာပန်းပဲတဏှာလိမ်လည်မှုကျိုက်ထိုမြို့စောမောင် (ဗိုလ်ချုပ်မှူးကြီး)အောင်ခြင်း ၈ ပါးမင်းအောင်လှိုင်ခြင်းလုံးမြန်မာနိုင်ငံ၏ စီးပွားရေးဘာသာစကားဘီလူးနေကြတ်ခြင်း နှင့် လကြတ်ခြင်းအနုပညာပညာရေးဝန်ကြီးဌာနအရှေ့တောင်အာရှနိုင်ငံများအသင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံငပလီမြို့ဆင်ဖြူမရှင်သွေးလွန်တုပ်ကွေးရာဟုဝီကီမီဒီယာ ဖောင်ဒေးရှင်းကင်ဆာရောဂါမြိတ်မြို့လိင်ဆက်ဆံခြင်းတြိဂံဒေသတိုင်းစစ်ဌာနချုပ်မြန်မာစာပေလက်ဖက်သီပေါမင်းကယားလူမျိုးပီရူးနိုင်ငံဇီဝဇိုးငှက်ကြွက်တက်ခြင်းကာကွယ်ရေးဝန်ကြီးဌာနဘာဂျာမှုတ်ခြင်းလွှမ်းမိုးမိုးသာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများနန်းဆုရတီစိုးနိုင်ငံရေးတောက်တဲ့ကိန်းဆီးချိုရောဂါဟိန္ဒူဘာသာ🡆 More