သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့် သီလအမျိုးအစား ဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်၊ လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်သည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော အာဇီဝဋ္ဌမကသီလဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ ဆယ်ပါးသီလမှာမူ ရှင်သာမဏေ (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်သည်။ ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥပုသ်နေ့နံနက်တိုင်း ကိုးပါးသီလ ဆောက်တည်နိုင်ရန်အတွက် ဆရာတော် သံဃာတော် များက သီလပေးခြင်းကို ထုတ်လွှင့်လျက် ရှိသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် သာမန်လူပုဂ္ဂိုလ်များနှင့် ရှင်သာမဏေများအတွက်ဖြစ်ပြီး၊ ရဟန်းသံဃာများအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါးတွင်လည်း သီလပါရမီသည် တစ်ခုအပါအဝင်ဖြစ်သည်။ သီလ ပါရမီ = သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
သီလစောင့်ခြင်းအကျိုးငါးပါး မှာ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ယေဘုယျအားဖြင့် သီလများကို အောက်ပါအတိုင်းတွေ့ရသည်။
သီလဆောက်တည်ခြင်းကြောင့် ရရှိနိုင်သော အကျိုးများမှာ :
This article uses material from the Wikipedia မြန်မာဘာသာ article သီလ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.