ဗီယက်နမ်စစ်ပွဲ

ဗီယက်နမ်စစ်ပွဲ ဆိုသည်မှာ စစ်အေးတိုက်ပွဲ ကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ လောနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲ ဖြစ်ပြီး ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဆိုင်းဂုံမြို့ ကျဆုံးသည့် ၁၉၇၅ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ပြီးဆုံးခဲ့သည်။ ဗီယက်နမ် စစ်ပွဲသည် ပထမ အင်ဒိုချိုင်းနားစစ် အပြီးတွင် ဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်မဟာမိတ်များက ထောက်ပံ့ကူညီသော မြောက်ဗီယက်နမ် နှင့် အမေရိကန် ပြည်ထောင်စုနှင့် အခြား ကွန်မြူနစ် ဆန့်ကျင်သူ မဟာမိတ်များက ထောက်ပံ့ကူညီသော တောင်ဗီယက်နမ်တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ ကွန်မြူနစ်တို့ ဦးဆောင်ပြီး လက်နက်ငယ်များ တပ်ဆင်ထားသည့် တောင်ဗီယက်နမ်ရှိ ဗီယက်ကောင်း သို့မဟုတ် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့က ဒေသအတွင်းရှိ ကွန်မြူနစ် ဆန့်ကျင်သည့် တပ်များကို ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ဗီယက်နမ် အမျိုးသား တပ်မတော် (မြောက်ဗီယက်နမ် တပ်မတော်) ကမူ အလုံးအရင်းနှင့် ပုံမှန် စစ်ပွဲကို ဆင်နွဲကြသည်။ အမေရိကန်နှင့် တောင်ဗီယက်နမ် တပ်ဖွဲ့များက လေကြောင်းတိုက်ပွဲ နှင့် ပစ်ခတ်မှု အားသာချက်တို့ အပေါ်တွင် အခွင့်ကောင်းယူ၍ မြေပြင်တပ်များ၊ အမြှောက်တပ်များနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပူးပေါင်း၍ ရှာဖွေ ဖျက်ဆီးသည့် စစ်ဆင်ရေးကို ဆင်နွဲကြသည်။

ဗီယက်နမ်စစ်ပွဲ
(Chiến tranh Việt Nam)
အင်ဒိုချိုင်းနား စစ်ပွဲများနှင့် စစ်အေးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း
ဗီယက်နမ်စစ်ပွဲ
ဗီယက်နမ်စစ်ပွဲ
ဗီယက်နမ်စစ်ပွဲ
ဗီယက်နမ်စစ်ပွဲ
ဗီယက်နမ်စစ်ပွဲ
နာရီလက်တံအတိုင်း အပေါ်ဘယ်ဘက်မှ:
U.S. combat operations in Ia Drang, ARVN Rangers defending Saigon during the 1968 Tet Offensive, two Douglas A-4C Skyhawks en route for airstrikes against North Vietnam after the Gulf of Tonkin incident, ARVN recapture Quảng Trị during the 1972 Easter Offensive, civilians fleeing the 1972 Battle of Quảng Trị, burial of 300 victims of the 1968 Huế Massacre.
ရက်စွဲ၁ နိုဝင်ဘာ ၁၉၅၅ – ၃၀ ဧပြီ ၁၉၇၅ (၁၉၇၅-၀၄-၃၀)
(၁၉ နှစ်၊ ၅ လ၊ လေးပတ်နှင့် ၁ ရက်ကြာမြင့်)
နေရာတောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို
ရလဒ်

မြောက်ဗီယက်နမ် အနိုင်ရ

  • အင်ဒိုချိုင်းနားမှ အမေရိကန် ဦးဆောင်သော တပ်များ ဆုတ်ခွာ
  • တောင်ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် ကွန်မြူနစ်အစိုးရ အာဏာရရှိ
  • တောင်ဗီယက်နမ်အား မြောက်ဗီယက်နမ် သိမ်းပိုက်
နယ်နမိတ်
ပြောင်းလဲမှုများ
တောင်နှင့် မြောက်ဗီယက်နမ် ပြန်လည်ပေါင်းစည်းကာ ဆိုရှယ်လစ်သမ္မတ ဗီယက်နမ်နိုင်ငံပေါ်ထွက်
စစ်ရင်ဆိုင်သည့် နိုင်ငံများ

ကွန်မြူနစ်ဆန့်ကျင် တပ်ဖွဲ့များ:
ဗီယက်နမ်စစ်ပွဲ တောင်ဗီယက်နမ်
အမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စု
ဗီယက်နမ်စစ်ပွဲ တောင်ကိုရီးယား
ဗီယက်နမ်စစ်ပွဲ ထိုင်း
ဗီယက်နမ်စစ်ပွဲ ဩစတြေးလျ
ဗီယက်နမ်စစ်ပွဲ နယူးဇီလန်
ဗီယက်နမ်စစ်ပွဲ ခမာ
ဗီယက်နမ်စစ်ပွဲ လာအို
ဗီယက်နမ်စစ်ပွဲ ဖိလစ်ပိုင်

အထောက်အပံများ:
ဗီယက်နမ်စစ်ပွဲ ထိုင်ဝမ်
ကနေဒါနိုင်ငံ Canada
ဗီယက်နမ်စစ်ပွဲ အနောက်ဂျာမနီနိုင်ငံ
ဗီယက်နမ်စစ်ပွဲ ယူနိုက်တက်ကင်းဒမ်း
အီရန်နိုင်ငံ Iran
စပိန်နိုင်ငံ Spain
ဗီယက်နမ်စစ်ပွဲ မလေးရှား

ကွန်မြူနစ်တပ်များ:
ဗီယက်နမ်စစ်ပွဲ မြောက်ဗီယက်နမ်
ဗီယက်နမ်စစ်ပွဲ တရုတ်
Provisional Revolutionary Government of the Republic of South Vietnam ဗီယက်ကောင်း
ကမ္ဘောဒီးယားနိုင်ငံ Khmer Rouge
လာအိုနိုင်ငံ Pathet Lao

အထောက်အပံ့များ:
ဗီယက်နမ်စစ်ပွဲ ဆိုဗီယက်ယူနီယံ
ဗီယက်နမ်စစ်ပွဲ မြောက်ကိုရီးယား
ဗီယက်နမ်စစ်ပွဲ ကျူးဘား
ဗီယက်နမ်စစ်ပွဲ ချက်ကိုဆလိုဗားကီးယား
ဘူဂေးရီးယားနိုင်ငံ Bulgaria
ဗီယက်နမ်စစ်ပွဲ အရှေ့ဂျာမနီ
ရိုမေးနီးယားနိုင်ငံ Romania
တပ်မှူးများနှင့် ခေါင်းဆောင်များ
တောင်ဗီယက်နမ် Ngô Đình Diệm
တောင်ဗီယက်နမ် Nguyễn Văn Thiệu
တောင်ဗီယက်နမ် Nguyễn Cao Kỳ
တောင်ဗီယက်နမ် Cao Văn Viên
တောင်ဗီယက်နမ် Ngô Quang Trưởng
အမေရိကန်ပြည်ထောင်စု ဂျွန် အက်ဖ် ကနေဒီ
အမေရိကန်ပြည်ထောင်စု လန်ဒန် ဘီ ဂျွန်ဆင်
အမေရိကန်ပြည်ထောင်စု ရစ်ချက် နစ်ကဆင်
အမေရိကန်ပြည်ထောင်စု ရောဘတ် မက်နမ်မရာ
အမေရိကန်ပြည်ထောင်စု ဝီလျံ ဝက်စ်မိုးလန်း
အမေရိကန်ပြည်ထောင်စု Creighton Abrams
အမေရိကန်ပြည်ထောင်စု ဖရက်ဒရစ် စီ ဝေယမ်း
ကိုရီးယားသမ္မတနိုင်ငံ ပတ်ချုန်ဟီး
ထိုင်းနိုင်ငံ သမ်နွမ် ကစ်တစ်ကချောင်း
ဩစတြေးလျနိုင်ငံ ရောဘတ် မန်ဇိုင်း
ဩစတြေးလျနိုင်ငံ ဟာရိုး ဟော့
ဩစတြေးလျနိုင်ငံ ဂျွန် မက်အွမ်း
ဩစတြေးလျနိုင်ငံ ဂျွန် ဂေါ်တန်
ဩစတြေးလျနိုင်ငံ ဝီလျံ မက်မဟွန်း
ဖိလစ်ပိုင်နိုင်ငံ ဖရက်ဒီနမ် မာကိုးစ်
နယူးဇီလန်နိုင်ငံ ကိတ် ဟောရိုကီး
နယူးဇီလန်နိုင်ငံ ဂျက် မာရှယ်
နယူးဇီလန်နိုင်ငံ နော်မန် ကက်
နှင့် အခြားများ
မြောက်ဗီယက်နမ် ဟိုချီမင်း
မြောက်ဗီယက်နမ် Lê Duẩn
မြောက်ဗီယက်နမ် ငုရင်ဂီယက်
မြောက်ဗီယက်နမ် Văn Tiến Dũng
မြောက်ဗီယက်နမ် Lê Trọng Tấn
မြောက်ဗီယက်နမ် Phạm Văn Đồng
Provisional Revolutionary Government of the Republic of South Vietnam Hoàng Văn Thái
Provisional Revolutionary Government of the Republic of South Vietnam Trần Văn Trà
Provisional Revolutionary Government of the Republic of South Vietnam Nguyễn Văn Linh
Provisional Revolutionary Government of the Republic of South Vietnam Nguyễn Hữu Thọ
နှင့် အခြားများ
စစ်အင်အား

≈၁,၈၃၀,၀၀၀ (၁၉၆၈)
ဗီယက်နမ်စစ်ပွဲ South Vietnam: ၈၅၀,၀၀၀ (၁၉၆၈)
၁,၅၀၀,၀၀၀ (၁၉၇၄–၇၅)
ဗီယက်နမ်စစ်ပွဲ United States: ၅၃၆,၁၀၀ (၁၉၆၈)
Free World Military Forces:

  • ဗီယက်နမ်စစ်ပွဲ South Korea: ၅၀,၀၀၃
  • ဗီယက်နမ်စစ်ပွဲ Thailand: ၁၁,၅၈၆
  • ဗီယက်နမ်စစ်ပွဲ Australia: ၇,၆၇၂
  • ဗီယက်နမ်စစ်ပွဲ Philippines: ၂,၀၆၁
  • ဗီယက်နမ်စစ်ပွဲ New Zealand: ၅၅၂
  • စပိန်နိုင်ငံ Spain 30

≈၄၆၁,၀၀၀
ဗီယက်နမ်စစ်ပွဲ North Vietnam: ၂၈၇,၄၆၅ (ဇန်နဝါရီ ၁၉၆၈)
ဗီယက်နမ်စစ်ပွဲ China: ၁၇၉,၀၀၀ (၁၉၆၅–၆၉)

ဗီယက်နမ်စစ်ပွဲ Soviet Union: ၃,၀၀၀

ဗီယက်နမ်စစ်ပွဲ North Korea: ၃၀၀–၆၀၀
အသေအပျောက်

ဗီယက်နမ်စစ်ပွဲ South Vietnam
အရပ်သား ၁၉၅,၀၀၀–၄၃၀,၀၀၀ သေဆုံး
၂၂၀,၃၅၇–၃၁၃,၀၀၀ စစ်သည် သေဆုံး
၁,၁၇၀,၀၀၀ ဒဏ်ရာရ
ဗီယက်နမ်စစ်ပွဲ United States
၅၈,၃၀၇ သေဆုံး၊ ၃၀၃,၆၄၄ ဒဏ်ရာရ
ဗီယက်နမ်စစ်ပွဲ South Korea
၅,၀၉၉ သေဆုံး၊ ၁၀,၉၆၂ ဒဏ်ရာရ၊ ၄ ဦး ပျောက်ဆုံး
ဗီယက်နမ်စစ်ပွဲ Australia
၅၀၀ သေဆုံး၊ ၁,၁၂၉ ဒဏ်ရာရ

ဗီယက်နမ်စစ်ပွဲ New Zealand
၃၇ သေဆုံး၊ ၁၈၇ ဒဏ်ရာရ

ဗီယက်နမ်စစ်ပွဲ Thailand
၃၅၁ သေဆုံး၊ ၁,၃၅၈ ဒဏ်ရာရ
ဗီယက်နမ်စစ်ပွဲ Philippines
၉ ဦးသေဆုံး၊ ၆၄ ဒဏ်ရာရ

စုစုပေါင်း သေဆုံး: ၄၇၉,၆၆၀–၈၀၇,၃၀၃
စုစုပေါင်း ဒဏ်ရာရ: ≈၁,၄၉၀,၀၀၀+

ဗီယက်နမ်စစ်ပွဲဗီယက်နမ်စစ်ပွဲ မြောက်ဗီယက်နမ်နှင့် ဗီယက်ကောင်း
၆၅,၀၀၀ အရပ်သား သေဆုံး
၄၄၄,၀၀၀–၁,၁၀၀,၀၀၀ စစ်သည် သေဆုံးနှင့် ပျောက်ဆုံး
၆၀၀,၀၀၀+ ဒဏ်ရာရ
ဗီယက်နမ်စစ်ပွဲ China
≈၁,၁၀၀ သေဆုံးနှင့် ၄,၂၀၀ ဒဏ်ရာရ
ဗီယက်နမ်စစ်ပွဲ Soviet Union
၁၆ ဦးသေဆုံး
ဗီယက်နမ်စစ်ပွဲ North Korea
၁၄ ဦးသေဆုံး

စုစုပေါင်း သေဆုံး: ၄၅၅,၄၇၆–၁,၁၇၀,၄၇၆
စုစုပေါင်း ဒဏ်ရာရ: ≈၆၀၈,၂၀၀

ဗီယက်နမ် အရပ်သား သေဆုံး: ၆၂၇,၀၀၀–၂,၀၀၀,၀၀၀
ကမ္ဘောဒီးယား ပြည်တွင်းစစ် သေဆုံး: ၂၀၀,၀၀၀–၃၀၀,၀၀၀*
လာအို ပြည်တွင်းစစ် သေဆုံး: ၂၀,၀၀၀–၂၀၀,၀၀၀*
စုစုပေါင်း အရပ်သား သေဆုံး: ၈၄၇,၀၀၀–၂,၅၀၀,၀၀၀
စုစုပေါင်း သေဆုံး: ၁,၄၈၄,၀၀၀–၃,၈၈၆,၀၂၆ လေယာဉ် ပျက်စီးမှု

* ခန့်မှန်းခြေ
ဗီယက်နမ်စစ်ပွဲ
အမေရိကန် စစ်တပ်မှ ရဟတ်ယာဉ် စစ်သားများကို ချထားခဲ့ပြီး ပျံတက်နေစဉ်

အမေရိကန် အစိုးရက ထိုစစ်ပွဲတွင် ပါဝင်ပတ်သက်မှုအား ကွန်မြူနစ်တို့ တောင်ဗီယက်နမ်အား သိမ်းပိုက်ခြင်းမှ တစ်ဆင့် ကွန်မြူနစ် ဝါဒ ပျံ့နှံ့ခြင်းကို တားဆီးနိုင်ရန်ဟု ထင်မြင်ယူဆသည်။ မြောက်ဗီယက်နမ် အစိုးရ နှင့် ဗီယက်ကောင်း တို့ကမူ အစပထမတွင် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော ပြင်သစ်နှင့် နောက်တွင် အမေရိကန်၏ ရုပ်သေး အစိုးရဖြစ်သော တောင်ဗီယက်နမ် နှင့် တိုက်ခိုက်သော ကိုလိုနီ စစ်ပွဲအဖြစ် ယူဆကြသည်။ အမေရိကန် စစ်ရေးအကြံပေးများသည် ထိုစဉ်က ပြင်သစ် အင်ဒိုချိုင်းနားဟု ခေါ်သော ထိုနေရာသို့ ၁၉၅၀ တွင် စတင် ရောက်ရှိခဲ့သည်။ အမေရိကန်တို့၏ ပါဝင်ပတ်သက်မှုသည် ၁၉၆၀ နှစ်များ အစောပိုင်းတွင် အရှိန်မြင့်လာပြီး ၁၉၆၁ တွင် စစ်အင်အားကို ၃ ဆ တိုးမြှင့်ခဲ့ကာ ၁၉၆၂ တွင် နောက်ထပ် ၃ ဆ ထပ်မံ တိုးမြှင့်ခဲ့ပြန်သည်။ အမေရိကန် ချေမှုန်းရေး တပ်ဖွဲ့များလည်း ၁၉၆၅ တွင် စတင် တပ်စွဲခဲ့သည်။ စစ်ဆင်ရေးသည် နိုင်ငံတကာ နယ်နိမိတ်များ အထိတိုင်အောင် ပျံ့နှံ့ခဲ့ပြီး လောနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့လည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန်တို့၏ စစ်ပွဲတွင် ပါဝင်ပတ်သက်မှုသည် "တက် တိုက်ခိုက်မှု" (Tet Offensive) ဟု ခေါ်သော အချိန်ဖြစ်သည့် ၁၉၆၈ ခုနှစ်တွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် အမေရိကန် မြေပြင်တပ်များသည် ဗီယက်နမ်မိုင်ဇေးရှင်း (Vietnamization) ပေါ်လစီ အရ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့သည်။ ၁၉၇၃ ဇန်နဝါရီလတွင် ပဲရစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပါဝင်တိုက်ခိုက်သူ အားလုံးမှ လက်မှတ်ရေးထိုးခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သေးသည်။

အမေရိကန်တို့၏ ပါဝင်ပတ်သက်မှုသည် ၁၉၇၃ ခု ဩဂုတ်လ ၁၅ ရက်တွင် ပြီးဆုံးခဲ့ပြီး အမေရိကန် ကွန်ဂရက်မှ အတည်ပြုလိုက်သော ကေ့စ်-ချပ် ပြင်ဆင်မှု ဥပဒေ ကြောင့် ဖြစ်သည်။ ဗီယက်နမ် အမျိုးသား တပ်မတော်မှ ဆိုင်းဂုံအား ၁၉၇၅ ဧပြီလတွင် သိမ်းပိုက်ပြီးနောက် စစ်ပွဲပြီးဆုံးခဲ့ကာ နောက်တစ်နှစ်တွင် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ်တို့ ပြန်လည် ပေါင်းစည်းခဲ့သည်။ စစ်ပွဲကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ဗီယက်နမ် စစ်သားနှင့် ပြည်သူ အားလုံးပေါင်း သေဆုံးမှုမှာ ၁ သန်း အောက်မှ ၃ သန်း အထိ အမျိုးမျိုး ခန့်မှန်းလေ့ ရှိကြသည်။ ကမ္ဘောဒီးယား လူမျိုး ၂ သိန်းမှ ၃သိန်း အထိ နှင့် လာအိုလူမျိုး ၂သောင်းမှ ၂သန်းကြား သေဆုံးခဲ့ရသည်။ အမေရိကန် စစ်သားပေါင်း ၅၈,၂၂၀ လည်း စစ်ပွဲအတွင်း သေဆုံးခဲ့ရသည်။

စစ်ပွဲအမည်များ

ဤစစ်ပွဲကိုအမည်ပေါင်းများစွာဖြင့် ရည်ညွှန်းခဲ့ကြသည်။ ဗီယက်နမ်စစ်ပွဲဆိုသည်မှာ လူသိများသောနာမည်ဖြစ်သည်။ ဒုတိယအင်ဒိုချိုင်းနားစစ်ပွဲ သို့မဟုတ် ဗီယက်နမ်ပဋိပက္ခဟူ၍လည်း ခေါ်ဆိုကြသည်။ အင်ဒိုချိုင်းနားဒေသတွင်စစ်ပွဲပေါင်းများစွာဖြစ်ပွားခဲ့သဖြင့် ဤစစ်ပွဲကိုအခြားသောစစ်ပွဲများနှင့်ကွဲပြားစေရန်အတွက် အဓိကပါဝင်သောနိုင်ငံများကိုမူတည်၍ အမည်ခေါ်ဆိုခဲ့ကြသည်။ ဗီယက်နမ်ဘာသာစကားဖြင့် ဤစစ်ပွဲကို Kháng chiến chống Mỹ (အမေရိကန်ကိုတွန်းလှန်သောစစ်ပွဲ) ဟုခေါ်သည့်အပြင် Chiến tranh Việt Nam (ဗီယက်နမ်စစ်ပွဲ) ဟူ၍လည်းခေါ်ဆိုကြသည်။

နောက်ခံအကြောင်းအရာများ

စစ်ပွဲတွင်အဓိကပါဝင်တိုက်ခိုက်ခဲ့ကြသောအင်အားစုများမှာ တစ်ဖက်တွင် Army of Republic of Vietnam (ARVN) ဗီယက်နမ်တပ်မတော် နှင့် အမေရိကန်တပ်ဖွဲ့၊ တစ်ခြားတစ်ဖက်တွင် People’s Army of Vietnam (PAVN) ဗီယက်နမ်ပြည်သူ့ တပ်မတော် (မြောက်ဗီယက်နမ်) နှင့် ‌တောင်ပိုင်းကွန်မြူနစ်တပ်ဖွဲ့စုဖြစ်သော တောင်ဗီယက်နမ်မျိုးချစ်တပ်မတော် (ဗီယက်ကောင်း)တို့ဖြစ်ကြသည်။

ဒန်နီယယ် အဲစ်ဘာ့ (အမေရိကန်ဝေဖန်ရေးဆရာ)၏ အဆိုအရ အမေရိကန်နိုင်ငံအနေဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် လွတ်လပ်ရေးကြေညာထားသော ဗီယက်နမ်နိုင်ငံကို ပြန်လည်ကိုလိုနီပြုရန်ကြိုးစားနေသည့် ပြင်သစ်နိုင်ငံကို ကူညီတိုက်ခိုက်ပေးရန် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အင်ဒိုချိုင်နားကျွန်းဆွယ်သည် ၁၉ရာစုနှစ်က ပြင်သစ်ပိုင်ကိုလိုနီနယ်မြေတစ်ခုဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်း ပိုက်သည့်အခါတွင် ဗီယက်မင်းတို့က အမေရိကန်၊ ဆိုဗီယက်ယူနီယမ်နှင့် တရုတ်တို့၏အကူအညီဖြင့် ဂျပန်တို့ကိုပြန်လည်တွန်း လှန်ခဲ့သည်။ ဂျပန်တို့လက်နက်ချသောအခါတွင် ဂျပန်တို့ထံမှ လက်နက်ခဲယမ်းများကို ဗီယက်မင်းတို့သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် ဟိုချီမင်း(Ho Chi Minh) ဦးဆောင်သော ကွန်မြူနစ်ဗီယက်မင်း (Viet Minh)တို့သည် ပြင်သစ်အုပ်ချုပ်ရေးကိုစတင် တော်လှန်ခဲ့ကြသည်။ ဤကဲ့သို့ စစ်မက်ဖြစ်ပွားလာခြင်းသည် ပထမအင်ဒိုချိုင်းနားစစ်ပွဲ(၁၉၄၆ခုနှစ်တွင်စတင်) အဖြစ် တစ်စထက်တစ်စ ကျယ်ပြန့်လာခဲ့သည်။ ၁၉၅၀ခုနှစ်အလွန်နှစ်များတွင်မူ စစ်အေးတိုက်ပွဲသဏ္ဌာန် ကူးပြောင်းလာခဲ့သည်။ ၁၉၅၀ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နှင့် ဆိုဗီယက်ယူနီယံတို့က ဟနွိုင်းတွင်အခြေပြုသည့် ဗီယက်မင်းတို့၏ ဗီယက်နမ်ပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ(Democratic Republic of Vietnam) ကို တရားဝင်အသိအမှတ်ပြုခဲ့သည်။ တစ်ပြိုင်နက်လိုပင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်တို့က ပြင်သစ်တို့ကျောထောက် နောက်ခံပေးထားသော အင်ပါယာဟောင်း ဘောင်ဒိုင်းဦးဆောင်သည့် ဆိုင်ဂုံမြို့တွင်အခြေပြုသော ဗီယက်နမ်ပြည်ထောင်စု(State of Vietnam)ကို တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၅၀ခုနှစ်တွင်ဖြစ်ပွားခဲ့သော ကိုရီယားစစ်ပွဲက ဝါရှင်တန်ရှိမူဝါဒချမှတ်ရေးသမားများကို အင်ဒိုချိုင်းနား စစ်ပွဲသည် ဆိုဗီယက်တို့၏ကွန်မြူနစ် ပြန့်ပွားရေးဆောင်ရွက်ချက်တစ်ခုအဖြစ် ရှုမြင်စေခဲ့သည်။

တရုတ်ပြည်သူ့နိုင်ငံမှ စစ်မက်ရေးရာ အကြံပေးများသည် ၁၉၅၀ခုနှစ် ဂျူလိုင်လမှစတင်၍ ဗီယက်မင်းများကို အကူအညီများပေးလာခဲ့သည်။ တရုတ်တို့ထံမှ မြို့စောင့်တပ်ဖွဲ့အနေဖြင့် ကူညီထားခဲ့သော လက်နက်၊ ကျွမ်းကျင်စစ်သည်များနှင့် အလုပ်သမားများသည် အမြဲတမ်းစစ်တပ်အဖြစ် ပြောင်းလဲလာခဲ့သည်။ ၁၉၅၀ခုနှစ် စက်တင်ဘာလတွင် အမေရိကန်တို့မှ ပြင်သစ်တို့အကူအညီတောင်းခံသောကြောင့် နည်းဗျူဟာများချမှတ်ရန်နှင့် ဗီယက်နမ်များကို လေ့ကျင့်ပေးရန်အတွက် စစ်မက်ဆိုင်ရာ အကူအညီနှင့် အကြံပေးအဖွဲ့(Military Assistance and Advisory Group, MAAG) ကိုဖွဲ့စည်းခဲ့သည်။ ၁၉၅၄ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်တို့သည် စစ်ပွဲကုန်ကျစရိတ်၏ ရှစ်ဆယ်ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို ပြင်သစ်တို့ကိုအကူအညီပေးသည့်အနေဖြင့် ကျခံပေးခဲ့သည်။

ဒိန်ဘင်ဖူးစစ်ပွဲအတွင်းတွင် အမေရိကန်လေယာဉ်တင်သင်္ဘောများသည် ထောက်ပို့နှင့်တိုက်ခိုက်ရေးလေယာဉ်များကို တင်ဆောင်၍ တွန်ကန်ပင်လယ်ကွေ့သို့ ခုတ်မောင်းလာခဲ့သည်။ ပြင်သစ်နှင့် အမေရိကန်တို့၏ဆွေးနွေးမှုများအတွင်း နူကလီးယာလက်နက်များဖြင့် တိုက်ခိုက်မှုသုံးကြိမ်ခန့်ပြုလုပ်မည်ဟု စဉ်းစားခဲ့ကြသည်ဟု သိရှိခဲ့ရပြီး ဆွေးနွေးခဲ့ကြသည့် သူများကိုမူတိကျသေချာစွာ မသိရှိခဲ့ရပေ။ ထိုအချိန်က အမေရိကန် ဒုတိယသမ္မတ ရစ်ချက်နစ်ဆန်၏ အဆိုအရ ပြင်သစ်တို့ကို ကူညီသည့်အနေဖြင့် ပူးပေါင်းတပ်ဖွဲ့၏ ခေါင်းဆောင်များက နူလက်နက်သုံးခုကိုအသုံးပြုရန် အကြံပြုခဲ့ကြသည်ဟု သိရှိရသည်။ ဗီယက်နမ်တို့က “သိမ်းငှက်”ဟုခေါ်ဆိုကြသော နစ်ဆန်က အမေရိကန်တို့အနေဖြင့် အမေရိကန်စစ်တပ်ကို စေလွှတ်သင့်ကြောင်း ယူဆခဲ့သည်။ အမေရိကန်သမ္မတ ဒွိုက် ဒီ အိုက်ဆင်ဟောင်ဝါက ဗြိတိန်တို့နှင့် ညွန့်ပေါင်းဖွဲ့ရန် အကြောင်းကြားခဲ့သော်လည်း ဗြိတိန်တို့က ငြင်းဆိုခဲ့ကြသည်။ အိုင်ဇင်ဟောင်ဝါက အာရှတိုက်အတွင်း အမေရိကန်တို့ဝင်ရောက်မည့်အရေးကို စိုးရိမ်ခဲ့ကြသော အမေရိကန်စစ်တပ်ကြားနေအရာရှိကြီးများကို ဆန့်ကျင်၍ ဆုံးဖြတ်ချက်ချခဲ့သည်။ တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အမေရိကန်တို့အနေဖြင့် ပြင်သစ်တို့၏အောင်မြင်နိုင်ခြေအပေါ်တွင်သံသယရှိခဲ့ကြသည်။

၁၉၅၄ ခုနှစ် မေလ ၇ရက်နေ့တွင် ဒိန်ဘင်ဖူးမှ ပြင်သစ်တပ်ဖွဲ့တို့ လက်နက်ချခဲ့ကြပြီ ဤရှုံးနိမ့်မှုသည် အင်ဒိုချိုင်းနားမှ ပြင်သစ်တို့၏ပါဝင်ပတ်သတ်မှုတို့ အဆုံးသတ်ဖြစ်သည်။ ဂျနီဗာဆွေးနွေးပွဲအတွင်းတွင် ပြင်သစ်တို့သည် ဗီယက်ကောင်းတို့နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ကြပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ကို လွတ်လပ်ရေးပေးခဲ့သည်။

အကူးအပြောင်းကာလ

၁၉၅၄ခုနှစ် ဂျနီဗာငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဗီယက်နမ်နိုင်ငံကို လက်တီကျု ၁၇ မျဉ်းကိုအတည်ပြု၍ ယာယီပိုင်းခြားခဲ့ကြသည်။ ဟိုချီမင်းအနေဖြင့် တောင်ပိုင်းကိုဆက်လက်တိုက်ခိုက်လိုသော်လည်း သူ့အနေဖြင့်တောင်ပိုင်းကို ရွေးကောက်ပွဲဖြင့် အနိုင်ရနိုင်သည်ဟု သူ၏တရုတ်မဟာမိတ်များက နားချခဲ့ကြသည်။ ဂျနီဗာစည်းမျဉ်းများအရ ပြည်သူများအနေဖြင့် ရက်ပေါင်း ၃၀၀ ကာလအတွင်းတွင် နှစ်သက်ရာနယ်ပယ်ကို ပြောင်းရွေ့အခြေချခွင့်ပေးခဲ့သည်။ နိုင်ငံတော်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန်အတွက် ၁၉၅၆ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံးရွေးကောက်ပွဲကျင်းပရန် လျာထားခဲ့သည်။ ကတ်သလစ်ဘာသာကိုးကွယ်ကြသော မြောက်ပိုင်းသားတစ်သန်းခန့် ကွန်မြူနစ်တို့ရန်ကိုစိုးရိမ်ရသောကြောင့် တောင်ပိုင်းကိုပြောင်းရွေ့ခဲ့ကြသည်။ ဤကဲ့သို့စိုးရိမ်မှုပေါ်ပေါက်ခဲ့ရခြင်းသည် စီအိုင်အေမှ အက်ဒဝက် လန်းဒေး၏ ဗီယက်မင်းတို့ကို ကတ်သလစ်ဆန့်ကျင်သူများအနေဖြင့်သော်လည်းကောင်း၊ အမေရိကန်အစိုးရက ဟနွိုင်းကို နူကလီးယားဗုံးဖြင့် တိုက်ခိုက်လိမ့်မည်ဟု ကောလဟာလဖြန့်ခဲ့သောကြောင့်ဖြစ်သည်။ ဤကဲ့သို့လူများတစ်စုတစ်ဝေးတည်း နေရပ်စွန့်ခွာမှုကို အမေရိကန်မှ သင်္ဘော ၁၇ စင်း အပါအဝင် အမေရိကန်ဒေါ်လာ ၉၄ သန်းခန့်အကုန်အကျခံထားသော ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ကတ်သလစ်ဒုက္ခသည်အများစုပါဝင်သောမြောက်ပိုင်းသားတို့သည် ငွင်းဒရိန်၏အုပ်ချုပ်မှုအောက်တွင် ကွန်မြူနစ်ဆန့်ကျင်ရေးလူထုတစ်ရပ် ဖြစ်လာခဲ့သည်။ ဒရိန်မှ သူ၏အစိုးရအတွင်း အဓိက ရာထူးများကို မြောက်ပိုင်းသားများနှင့် ပင်မကတ်သလစ်များကိုသာ ခန့်အပ်ခဲ့သည်။

ကတ်သလစ်များ၏ တောင်ပိုင်းအတွင်းရွေ့ပြောင်းမှုများအပြင် အသွင်ကူးပြောင်းရေးတပ်သား ၁၃၀,၀၀၀ခန့်သည် မြောက်ပိုင်းကို ၂နှစ်အတွင်း တောင်ပိုင်းကိုပြောင်းရွေ့လာစေရန် လူစုဆောင်းရေးအနေဖြင့် သွားရောက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်မှုများကြောင့် ဗီယက်မင်းတို့ထံတွင် အနာဂတ်တွင်တော်လှန်ရေးဆောင်ရွက်ရန်အတွက် အထူးလေ့ကျင့်ထားသောကေဒါ စစ်သားများ ၅,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိခဲ့သည်။ နောက်ဆုံးကျန်ရှိနေသော ပြင်သစ်စစ်သားများသည် ၁၉၅၆ ခုနှစ် ဧပြီလတွင် ဗီယက်နမ်မှ ထွက်ခွာခဲ့ကြပြီး တရုတ်တပ်မတော်သည်လည်း မြောက်ဗီယက်နမ်မှ တစ်ချိန်တည်းလိုပင် ဆုတ်ခွာခဲ့ကြသည်။ ဗီယက်နမ်လူမျိုး ၅၂,၀၀၀ ခန့် တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြောင်းရွေ့ခဲ့သည်။

၁၉၅၄ ခုနှစ်မှ ၁၉၅၆ ခုနှစ်များအတွင်းတွင် မြောက်ပိုင်းဗီယက်နမ်အစိုးရသည် လယ်ယာအငှားချထားမှုလျှော့ချခြင်းနှင့် အိမ်ရာပြန်လည်နေရာချထားရေး အပါအဝင် လယ်ယာဥပဒေဆိုင်ရာပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး ရလဒ်အနေဖြင့် နိုင်ငံရေးဖိနှိပ်မှုများ ထင်ရှားလာခဲ့သည်။ အိမ်ရာနေရာပြန်လည်ချထားရေးတွင် ဗီယက်နမ်မြောက်ပိုင်းတွင် နေထိုင်သူနယ်ခံ ၁၆၀ တွင် တစ်ယောက်ကျ အဆုံးစီရင်ရန်နှင့် တစ်နိုင်ငံလုံးအနေဖြင့် လူပေါင်းတစ်သိန်းနီးပါးခန့် အဆုံးစီရင်ရန် အကြံပေးမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ဤစည်းရုံးရေးသည် အနီရောင်မြစ်ဝကျွန်းပေါ်ဒေသတွင် အဓိကအခြေပြုသောကြောင့် ဆင်းရဲသော ကျောင်းသားအယောက် ၅၀,၀၀၀ ခန့်မှ အဆုံးစီရင်ခြင်းကို လက်ခံခဲ့ကြသည်ဟုဆိုသည်။ သို့သော် ဟန်ဂေရီနှင့်ဗီယက်နမ်လူမျိုးများ မော်ကွန်းတိုက်ရှိ လျှို့ဝှက်အစီရင်ခံစာအရ အဆုံးစီရင်ခြင်းသည် သတင်းပို့ထားသော အရေအအတွက်ထက် များစွာလျော့နည်း၍ ၁၃,၅၀၀ ကျော်ခန့်သာရှိသည်ဟု သိရသည်။ ဤအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ခြင်းသည် အလွန်အကျွံဖြစ်ခဲ့သည်ဟု ဟနွိုင်းရှိခေါင်းဆောင်များက ၁၉၅၆ခုနှစ်တွင် ဝန်ခံပြီး မူလပိုင်ရှင်များထံသို့ အိမ်ရာမြေများ ပြန်လည်ပေးအပ်ခဲ့သည်။

ဤအချိန်တွင် တောင်ပိုင်းမှ ဘောင်ဒိုင်းကိုအင်ပါယာအနေနှင့် ငိုဒင်းဒရန်(၁၉၅၄ခုနှစ် ဂျူလိုင်လတွင် ခန့်အပ်ခံရ)ကို ဝန်ကြီးချုပ်အဖြစ်ထား၍ ဗီယက်နမ်ပြည်ထောင်စုကို ဖွဲ့စည်းခဲ့သည်။ အမေရိကန်အစိုးရနှင့် ငိုဒင်းဒရန်အစိုးရနှစ်ရပ်စလုံး ၁၉၅၄ ဂျနီဗာဆွေးနွေးပွဲမှ အကြောင်းအရများကို လက်မှတ်ထိုးခြင်းမရှိခဲ့ချေ။ ပြန်လည်ပူးပေါင်းရေးနှင့်စပ်လျဉ်း၍ ကွန်မြူနစ်ဆန့်ကျင်သော ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ပြန်လည်ပူးပေါင်းရန်မေးခွန်းများကို ဖြေကြားရန်ငြင်းဆိုခဲ့ကြသော်လည် ပြင်သစ်မှလက်ခံသော ပြည်တွင်းရှိကော်မရှင်များ၏ကြီးကြပ်မှုအောက်တွင် ကျင်းပသော ရွေးကောက်ပွဲမှတစ်ဆင့် ဗီယက်နမ်ကို ပြန်လည်ပူးပေါင်းစေနိုင်သည်ဟု အဆိုတင်သွင်းခဲ့သူသ ဖန်ဘန်ဒေါင်ကို ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် လက်ခံခဲ့ကြသည်။ အမေရိကန်နိုင်ငံမှ တောင်ဗီယက်နမ်နှင့် ဂရိတ်ဗြိတိန်တို့၏  အကူအညီဖြင့် “အမေရိကန်လမ်းစဉ်”ဟုခေါ်တွင်သောနည်းလမ်းဖြင့် ပြန်လည်အဆိုပြုခဲ့သည်။ အဆိုအရ ရွေးကောက်ပွဲကို ကုလသမဂ္ဂ (United Nations) မှကြီးကြပ်၍ ကျင်းပပေးရန်ဖြစ်ပြီး ဆိုဗီယက်ယူနီယမ်ကိုယ်စားလှယ်များမှ ပယ်ချခဲ့ကြသည်။ အမေရိကန်မှ “ ဗီယက်နမ်ပြည်ထောင်စုမှ ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းချက်ကို လေးစားသောအားဖြင့် အမေရီကန်၏လမ်းစဉ်အရ လူတိုင်းသည်မိမိတို့ကိုယ်ပိုင်အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ယူဆ၍ ဤအရာကိုဟန့်တားမည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ပူပေါင်းမည်မဟုတ်ဟု ပြောကြားလိုသည်" ဟု ပြန်လည်ဖြေဆိုခဲ့သည်။ အမေရိကန်သမ္မတ ဒွိုက် ဒီ အိုင်ဇင်ဟောင်ဝါက “စစ်မက်ဖြစ်ပွားနေသည့်ကာလအတွင်း ရွေးကောက်ပွဲကျင်းပမှုကို သဘောမတူသည့် အင်ဒိုချိုင်းနားဒေသအကြောင်းကိုသိရှိသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နှင့်မှ စကားပြောဆိုခြင်း၊ စာအဆက်အသွယ်ပြုလုပ်ခြင်း မရှိခဲ့ကြောင်း၊ ဗီယက်နမ်လူမျိုး ၈၀ ရာခိုင်နှုန်းခန့်က ဗီယက်နမ်ပြည်ထောင်စုခေါင်းဆောင် ဘောင်ဒိုင်းထက် ကွန်မြူနစ်ဖြစ်သော ဟိုချီမင်းကို မဲပေးခဲ့ကြကြောင်း၊ ဘောင်ဒိုင်း၏ခေါင်းဆောင်မှုပိုင်းညံ့ဖျင်းမှုသည် ဗီယက်နမ်ပြည်သူများအတွင်း စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ပြီး သူ့အနေဖြင့်ကန့်ကွက်စရာအကြောင်းမရှိ” ဟု ၁၉၅၄ ခုနှစ်တွင် စာတစ်စောင်ရေးသားခဲ့သည်။  

သို့သော် ၁၉၅၄ နှင့် ၁၉၅၆ ခုနှစ်များအတွင်း ထုတ်ဝေခဲ့သော ပန်တဂွန်သတင်းစာများအရ “၁၉၅၆ခုနှစ် လူဦးရေအရ လွတ်လပ်စွာမဲပေးပိုင်ခွင့်အရ ၈၀ရာခိုင်နှုန်းဝန်းကျင်ခန့်သည် ဒရန်ထက် ဟို ကိုမဲပေးနိုင်ချေရှိခဲ့သော်လည်း တောင်ဗီယက်နမ်တွင် ငိုဒင်းဒရန်သည် အံ့ဖွယ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်” ဟုရေးသားခဲ့သည်။ ၁၉၅၇ခုနှစ်တွင် အိန္ဒိယ၊ ပိုလန် နှင့် ကနေဒါတို့မှ နိုင်ငံတကာစောင့်ကြည့်ရေးကော်မရှင်စောင့်ကြည့်လေ့လာသူတို့က လွတ်လပ်ပြီး ဘက်မလိုက်သော ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ကြောင်းနှင့် တောင်ပိုင်းရော မြောက်ပိုင်းပါ စစ်ရပ်ဆိုင်းရေးသဘောတူညီချက်ကို မလေးစားခဲ့ကြကြောင်း စောင့်ကြည့်ရေးကော်မရှင်သို့ သတင်းပို့ခဲ့ကြသည်။

၁၉၅၅ခုနှစ် ဧပြီလမှ ဇွန်လအတွင်းတွင် ဒရန်သည်ဗီယက်နမ်တောင်ပိုင်းမှ နိုင်ငံရေးအတိုက်အခံများကို စစ်ကြောင်းနှစ်ကြောင်း ချီတက်၍နှိမ်နှင်းခဲ့သည်။ ဤကန်ပိန်းသည် ကွန်မြူနစ်ပါတီလျှို့ဝှက်ရဲများနှင့် ပူပေါင်း၍ လက်နက်မှောင်ခိုလုပ်နေသော ဘင်ဇူလျန်၏မှောင်ခိုအဖွဲ့ကို နှိမ်နင်းရန်လည်းအပါအဝင်ဖြစ်သည်။ မှောင်ခိုအဖွဲ့သည်မယုံကြည်နိုင်စရာ တုံ့ပြန်တိုက်ခိုက်မှုများအတွက် ဒရန်သည် ကွန်မြူနစ်ပါတီကို ပြစ်တင်ဝေဖန်ခဲ့သည်။

၁၉၅၅ခုနှစ် အောက်တိုဘာ ၂၃ရက်တွင် ငိုဒင်းဒရိန် မှ ၎င်းနှင့် ညီအစ်ကို တော်စပ်သူ ငိုဒင်းနူ ဦးစီးကျင်းပသော မသမာသည့် ဆန္ဒခံယူပွဲဖြင့်ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဗီယက်နမ်သမ္မတနိုင်ငံတော် (Republic of Vietnam, ROV) အဖြစ်ကြေညာ၍ မိမိဘာသာ ဗီယက်နမ် သမ္မတနိုင်ငံ၏ သမ္မတ အဖြစ် ကြေညာခဲ့သည်။ ခါတိုင်းလိုပင် ဗီယက်နမ်မြောက်ပိုင်းတွင်မူကား ဟိုချီမင်းနှင့် အခြားကွန်မြူနစ် ခေါင်းဆောင်များက စုစုပေါင်းမဲ ၉၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

ဒရန်ခေတ် ၁၉၅၄-၆၃

ရိုမန်ကတ်သလစ်ဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်သော ဒရန့်သည် ကွန်မြူနစ်စနစ်ကို အပြင်းအထန်ကန့်ကွက်သူ၊ လူမှုဆက်ဆံရေးကောင်းမွန်သူ တစ်ဦးဖြစ်သည်။ သမိုင်းပညာရှင် လူဒေါင်ဟွန်း က “ဒရန်သည် အာဏာရှင်စနစ်နှင့် နီပိုတစ်စန် စနစ်နှင့် ပတ်သတ်၍ ကျဉ်းမြောင်းပြီး ပြင်းထန်သောအယူဝါဒရှိသူတစ်ဦးဖြစ်သည်” ဟု ရေးသားခဲ့သည်။ ဗီယက်နမ်လူမျိုး အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဒရန်၏ မယ်တော်မာရီထံသို့ နိုင်ငံကိုအပ်နှံ့မှုနှင့်ပတ်သတ်၍ အချက်ပေးသံကို ကြားလိုက်ကြရသည်။ ၁၉၅၅ခုနှစ် နွေရာသီအစောပိုင်းတွင် “ကွန်မြူနစ်စနစ် ပြစ်တင်ဝေဖန်ရေး” ကန်ပိန်းတစ်ခုကိုဒရန်မှ စတင်ခဲ့ပြီး ယင်းကာလတွင် ကွန်မြူနစ်အဖြစ်သံသယရှိသူအမြောက်အမြားနှင့် အစိုးရဆန့်ကျင်သူအမြောက်အမြားတို့ကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ခြင်း နှင့် သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ၁၉၅၆ခုနှစ် ဩဂုတ်လတွင်ကွန်မြူနစ်စနစ်ပြန့်ပွားစေသူ များအတွက် သေဒဏ်ပေးနိုင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့သည်။ ၁၉၅၅ ခုနှစ်နှင့် ၁၉၅၇ ခုနှစ်များတွင် ကွန်မြူနစ်အဖြစ် သံသယဝင်ခံရသူ ဒရန်ကိုဆန့်ကျင်သူ ၁၂,၀၀၀ ခန့် သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၁၉၅၈ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၄၀,၀၀၀ ခန့် ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။ ၁၉၅၇ခုနှစ် မေလတွင် ဒရန်သည် အမေရိကန်နိုင်ငံသို့ ဆယ်ရက်ကြာနိုင်ငံရေးခရီးစဉ် သွားရောက်ခဲ့သည်။ သမ္မတ အိုင်ဇင်ဟောင်ဝါမှ သူ၏အကူအညီများကိုဆက်လက်ပေးအပ်သွားမည်ဟု ကတိပြုခဲ့ပြီး နယူးယောက်မြို့တွင် ဂုဏ်ပြုစားပွဲ တစ်ခုကျင်းပခဲ့သည်။ အများအမြင်တွင် ဒရန်သည်ချီးမြှောက်ခြင်းခဲ့ရသော်လည်း အမေရိကန်နိုင်ငံအတွင်းရေးမှူး ဂျွန် ဖော်စတာ ဒွန်းက ဒရန်ရွေးကောက်ခြင်းခံရသည်မှာ သူနှင့်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်မရှိ၍ဖြစ်သည်ဟု သီးသန့်ပြောကြားခဲ့သည်။

တောင်ပိုင်းတွင် ပုန်ကန်မှု ၁၉၅၄-၆၀

၁၉၅၄ နှင့် ၁၉၅၇ ခုနှစ်များအတွင်း နိုင်ငံအစွန်အဖျားဒေသများမှစတင်၍ ဒရန်အစိုးရကို ဆန့်ကျင်သော စည်းစနစ်တကျမဟုတ်ဘဲ အရေအတွက်များပြားသော အတိုက်အခံပေါင်းများစွာ ပေါ်ပေါက်လာခဲ့သော်လည်း ဒရန်အစိုးရသည် တိုက်ဖျက်နိုင်ခဲ့သည်။ ၁၉၅၇ နှစ်စောပိုင်းများတွင် တောင်ဗီယက်နမ်သည် ဆယ်စုနှစ်တစ်ခုမျှ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ရသည်။ ၁၉၅၇ ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံရေးပဋိပက္ခများပေါ်ပေါက်လာခဲ့သော်လည်း အစိုးရအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မလာခဲ့ပေ။ သို့သော် ၁၉၅၉ ခုနှစ်အစောပိုင်းတွင် ဒရန်မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမှုအတွက် သေဒဏ်နှင့် ပြည်သူပိုင်သိမ်းနိုင်သော ဥပဒေပုဒ်မ ၁၀/၂၅ ကို ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်က ဗီယက်နမ်နိုင်ငံတွင်းတွင် ကွန်မြူနစ်နှင့် အခြားသောဗီယက်နမ်အစိုးရဂျနီဗာစည်းမျဉ်းအရ ကျင်းပသောရွေးကောက်ပွဲ ကတိကဝတ်များကို ထိန်းသိမ်းစေလိုသော ပြည်နယ်အချို့လည်းရှိခဲ့သည်

၁၉၅၀ ခုနှစ် ဒီဇင်ဘာလတွင် တောင်ဗီယက်နမ်အစိုးရကိုဆန့်ကျင်သူအားလုံး(ကွန်မြူနစ်မဟုတ်သူများပါ အပါအဝ်င) စုစည်းစေလိုသောရည်ရွယ် ချက်ဖြင့် “နိုင်ငံ့လုပ်သားတပ်မတော်”အမည်ဖြင့် ဗီယက်ကောင်း(မြောက်ဗီယက်နမ်၊ ကွန်မြူနစ်)တို့က တရားဝင်ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့အစည်းကို ကမ္ဘောဒီးယားနိုင်ငံ မီမော့(Memot)မြို့တွင် ဖွဲ့စည်းခဲ့ပြီး COSVN (Central Office for South Vietnam၊ တောင်ဗီယက်နမ်ရုံးချုပ်)မှ တိုက်ရိုက်ကွတ်ကဲသည်။ ပင်တဂွန်သတင်းစာက “အမေရိကန် အကြံပေးများနှင့်  အမေရိကန်၏လွှမ်းမိုးမှုများ၊ အိမ်ရာပြန်လည်နေရာချထားရေးနှင့် ဗီယက်နမ်ပြည်ထောင်စု၏လွတ်လပ်ရေး၊ ဗီယက်နမ်ညွှန့်ပေါင်းအစိုးရနှင့် တည်ငြိမ်ဝပ်ပြားရေးတို့ ဆုတ်ယုတ်ခဲ့ရသည်မှာ ဗီယက်ကောင်းတို့၏ လက်ချက်ကြောင်းဖြစ်သည်” ဟုရေးသားဖော်ပြခဲ့သည်။ ကွန်မြူနစ်အဖွဲ့အစည်း၏ အရာရှိများနာမည်ကို အမြဲတစေလျှို့ဝှက်ထားခဲ့ကြသည်။

နိုင်ငံလုပ်သားတပ်မတော်ကို အဓိထောက်ပံ့ပေးသူတို့မှာ ကျေးလက်ဒေသများမှ ဒရန်၏အိမ်ရာပြန်လည်နေရာချထားရေးအစီအစဉ်ကို ဒေါသထွက်နေကြသော တောသူတောင်သားများ ဖြစ်ကြသည်။ ကျေးလက်နေတောသူတောင်သားများမှာ အိမ်ရာ ပြန်လည်နေရာချထားရေးအစီအစဉ် အတွင်း လယ်ယာမြေများစွာ ဆုံးရှုံးခဲ့ရသူများဖြစ်ကြသည်။ သူတို့ဒေသများတွင် ဗီယက်မင်း(တောင်ဗီယက်နမ်)တို့က ပုဂ္ဂလိဂ အဆောက်အအုံများကိုသိမ်းပိုက်ခြင်း၊ ချေးငွေချထားမှုလျော့ချခြင်းနှင့် ကြွေးမြီးတိုးမြှင့်ကောက်ခံခြင်း၊ ပြည်သူပိုင်နေရာများကို ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခံစားရသူအများစုမှ ဒေသခံတောင်သူများပင်ဖြစ်ကြသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင့် ဒရန်အစိုးရသည် ကျေးရွာများတွင် မြေပိုင်ရှင်အရင်းရှင်များ ပြန်လည်ပို့ဆောင်ပေးလိုက်သလိုဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ မိမိကိုယ်တိုင်စိုက်ပျိုးစားသောက်လာခဲ့သော လယ်ယာမြေများကို မြေပိုင်ရှင်များထံသို့ပြန်လည်အပ်နှံခဲ့ရပြီး နှစ်စဉ်ပြန်လည်ငှားရမ်းလုပ်ကိုင်ခဲ့ရသည်။ ငှားရမ်းခကိုတောင်ဗီယက်နမ်၏တပ်မတော်မှ အင်အားသုံးကောက်ခံခဲ့ကြသည်။ ကျေးလက်ဒေသအများစုပါဝင်သော ဗီယက်နမ်နိုင်ငံ၏ ပြည်နယ်အများစုမှာ ယခင်ပြင်သစ်ကိုလိုနီခေတ်ကပြင်သစ်တို့ကို ဆန့်ကျင်ခဲ့ကြစဉ်က ပုံစံအတိုင်း “နိုင်ငံ့လုပ်သားတပ်မတော်အတွက် ၇၅ ရာခိုင်နှုန်း၊ ကြားနေပြည်သူ ၂၀ ရာခိုင်နှုန်းနှင့် အစိုးရကိုထောက်ခံသူ ၅ရာခိုင်နှုန်း” ဟူ၍ ခွဲခြားနိုင်ခဲ့သည်။

မြောက်ဗီယက်နမ်၏ပါဝင်ပတ်သတ်မှု

အမေရိကန်နိုင်ငံ၏မူဝါဒရေးရာဌာန၏ ယူဆချက်အရ ၁၉၅၈ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်အတွင်း ပြည်တွင်းစစ်ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းသည် ဟနွိုင်းမှလှုံဆော်မှုမပါဝင်ဘဲ တောင်ပိုင်းသားတို့ကိုယ်တိုင် မိမိတို့ဆန္ဒအလျောက် ပုန်ကန်ခဲ့ကြခြင်းဖြစ်ပြီး စိုင်ဂုန်အစိုးအရကိုပုန်ကန်မှုသည် ဟနွိုင်း၏ဝါဒဖြန့်ချိမှုတို့၏ အကျိုးဆက်မဟုတ်ဘဲ တောင်ပိုင်းခေါင်းဆောင်များ၏ဦးဆောင်မှုဖြင့် တောင်ပိုင်းတွင်သာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့သည်။

အလားတူစွာပင် သမိုင်းပညာရှင် အာသာ ရှဲစင်ငါ ဂျူနီယာ (Arthur Schlesinger Jr.)က ၁၉၆၀ စက်တင်ဘာလမတိုင်မီအချိန်အထိ ဗီယက်နမ်မြောက်ပိုင်း ကွန်မြူနစ်ပါတီမှ အမေရိကန်နယ်ချဲ့မှုမှလွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်မှုဟု တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိဟု ဆိုသည်။

ဂျိန်းအော်ဆန် နှင့် ရမ်ဒီ ရောဘတ်တို့မှ မြောက်ဗီယက်နမ်၏ တော်လှန်မှုကို ၁၉၅၆ ဒီဇင်ဘာလတွင် အတိအလင်းစတင်ခဲ့ကြသည်ဟု အခိုင်အမာဆိုခဲ့သည်။

၁၉၅၆ မတ်လ တွင် တောင်ပိုင်းကွန်မြူနစ်ခေါင်းဆောင် လီဒျူးက ဟနွိုင်းမှပေါ်လစ်ဗျူရိုခေါင်းဆောင်များထံသို့ “တောင်ပိုင်းသို့ချီတက်မည့်လမ်းကြောင်း”ဟုအမည်ပေးထားသည့်အစီအစဉ်ကို ချပြခဲ့ပြီး တရုတ်နှင့် ဆိုဗီယက် နှစ်နိုင်ငံစလုံးက ထိုအစီအစဉ်ကို ပယ်ချခဲ့ကြသည်။  သို့သော်မြောက်ဗီယက်နမ်ခေါင်းဆောင်များက ထိုကဲ့သို့ပြင်းထန်စွာတိုက်ခိုက်မည့်လမ်းစဉ်ကို ၁၉၅၆ ဒီဇင်ဘာလတွင် အတည်ပြုထောက်ခံခဲ့ကြသည်။

ဆုံးဖြတ်ချက်ကို လောင်ဒုံဗဟိုကော်မတီ၏ ၁၁ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးချမှတ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၈ခုနှစ်ကာလများက ကွန်မြူနစ်တပ်ဖွဲ့များအားလုံးသည် ဗဟိုမှချမှတ်သည့်အမိန့်အောက်တွင် တစ်သွေးတည်းတစ်သားတည်း ဖြစ်နေသည့် ကာလအပိုင်းအခြားဖြစ်သည်။ မြောက်ဗီယက်နမ်ကွန်မြူနစ်ပါတီမှ ၁၉၅၉ ဇန်နဝါရီလတွင် တောင်ပိုင်းသို့ချီတက်မည့် “ပြည်သူ့တပ်မတော်” ကို အတည်ပြုဖော်ဆောင်ခဲ့ပြီး မေလတွင် ဟိုချီမင်းသို့ လာအိုမှခြောက်လကြာသွားရမည့် လမ်းကြောင်းကို ထိန်းသိမ်းရန်နှင့် အဆင့်မြှင့်တင်နိုင်ရန်အတွက် တပ်ဖွဲ့ ၅၅၉ ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်၏ ဒုက္ခသည် ၅၀၀ ခန့်သည် စစ်ဆင်ရေးစတင်ဆောင်ရွက်နေသည့် ပထမနှစ်တွင်ပင် တောင်ပိုင်းသို့ ထိုလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။ ၁၉၅၉ မတ်လတွင် ထိုလမ်းကြောင်းမှတဆင့် ပထမဆုံး လက်နက်တင်သွင်းနိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အတွင်းတွင် ကွန်မြူနစ်စစ်သား လေးသိန်းခန့် တောင်ပိုင်းသို့ထိုးဖောက်ချီတက်လာခဲ့သည်။

ကနေဒီကြောင့် ပို၍တင်းမာလာခြင်း ၁၉၆၁-၆၃

၁၉၆၀ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ဆီနိတ်တာ ဂျွန် အက်ဖ် ကနေဒီသည် လက်ရှိဒုတိယသမ္မတ ရစ်ချက်နီဇွန်ကို အနိုင်ရရှိခဲ့သည်။ အိုင်ဇင်ဟောင်ဝါက ကနေဒီကို လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့နှင့်ပတ်သတ်၍ သတိပေးခဲ့သော်လည်း ကနေဒီ၏အမြင်တွင် ဥရောပနှင့် လက်တင်အမေရိကတို့က အာရှတိုက်ထက် များစွာအင်အားပိုမိုကြီးမားသည်ဟု ထင်မြင်နေခဲ့သည်။ ၁၉၆၁ ဇွန်လတွင် သူသည် ဆိုဗီယက်ယူနီယံ၏ ဝန်ကြီးချုပ် နီကီတာ ကာချပ်ဗ်နှင့် ဗီယင်နာတွင်တွေ့ဆုံခဲ့စဉ်က ယူအက်စ် - ဆိုဗီယက် တို့ကြားကိစ္စရပ်များကို ဆွေးနွေးရာတွင် အကြီးအကျယ်အငြင်းပွားခဲ့သည်။ ထို့နောက် ၁၆လကြာကာလအတွင်းမှာပင် ကျူးဘာဒုံးပျံအရေးအခင်း (အောက်တိုဘာ ၁၆ - ၂၈၊ ၁၉၆၂ ခုနှစ်) ပေါ်ပေါက်လာခဲ့ပြီး တစ်ကမ္ဘာလုံးက ရင်တမမဖြင့်စောင့်ကြည့်ခဲ့ရသည်။ ဤအရေးကိစ္စသည် စစ်အေးတိုက်ပွဲကာလအတွင်း နျူကလီးယားစစ်ပွဲဖြစ်ပွားမည့်သဏ္ဌာန် တစ်စထက်တစ်စကျယ်ပြန့်လာခဲ့ပြီး အမေရိကန်နိုင်ငံအတွင်းတွင် လေကြောင်းသတိပေးချက်ကို အမြင့်ဆုံးအခြေအနေအထိထုတ်ပြန်ခဲ့ရသည်။

ကနေဒီ၏နိုင်ငံခြားရေးမူဝါဒအရာရှိကြီးများသည် ယခင်သမ္မတများဖြစ်သည့် ထရူးမန်း နှင့် အိုင်ဇင်ဟောင်ဝါ တို့၏ နိုင်ငံခြားရေးမူဝါဒအရာရှိကြီးများအတိုင်း စစ်အေးတိုက်ပွဲကာလအတွင်း တူညီသည့်မူဝါဒကို စွဲကိုင်ခဲ့ကြသည်။ ၁၉၆၁ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံတွင်းတွင် အမေရိကန်စစ်သား ၅၀,၀၀၀ အခြေချနေခဲ့ကြပြီး ကနေဒီအနေဖြင့် ဧပြီလတွင် ဝက်ပင်လယ်အော် (Bay of Pigs) သိမ်းပိုက်မှုတွင် ကျရှုံးခြင်း၊ မေလတွင် လာအိုအနောက်ပိုင်းအစိုးရနှင့် လာအိုကွန်မြူနစ် အစိုးရတို့ကြား ညှိုနှိုင်းမှုအဆင်ပြေသွားခြင်း၊ ဩဂုတ်လတွင် ဘာလင်တံတိုင်းတည်ဆောက်ခြင်း၊ အောက်တိုဘာလတွင် ကျူးဘားဒုံးပျံအရေးအခင်း အစရှိသည့် အကြပ်အတည်း လေးခုကိုရင်ဆိုင်ခဲ့ရသည်။ ဤအကြပ်အတည်းများသည် ကနေဒီကို အမေရိကန်နိုင်ငံ၏ ထိန်းချုပ်မှုနောက်တစ်ကြိမ် ကျဆုံးခြင်း သို့မဟုတ် ကွန်မြူနစ် အယူဝါဒကိုတားဆီးရန် ကြိုးစားမှုတို့ရပ်တန့်လိုက်ခြင်းသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများကြား ထင်ပေါ်ကျော်ကြားမှုနှင့် မိမိတို့၏ဂုဏ်သိက္ခာကို ပြင်းထန်စွာထိခိုက်စေလိမ့်မည်ဟု ထင်မြင်ယူဆခဲ့သည်။ ထို့အတွက်ကြောင့် ကနေဒီအနေဖြင့် သဲပြင်ပေါ်တွင် အရုပ်ဆွဲသည့်အတိုင်း ဗီယက်နမ်နိုင်ငံတွင် ကွန်မြူနစ်တို့အောင်မြင်မှု မရှိနိုင်အောင်ကြိုးစားလာခဲ့သည်။ နယူးယော့ခ်တိုင်းသတင်းစာ (The New York Time) မှ ဂျိန်း ရက်စတွန် ကို ဗီယင်နာတွင် ဆိုဗီယက်ဝန်ကြီးချုပ် ကာချပ်ဗ်နှင့် တွေ့ဆုံပွဲအပြီး “အခုကျွန်တော်တို့နိုင်ငံကြားမှာ အာဏာပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာဖို့ရှိနေပြီး ဗီယက်နမ်ကတော့ စစ်မြေပြင်ဖြစ်လာဖို့ရှိတယ်” ဟုပြောကြားခဲ့သည်။

ကနေဒီ၏တောင်ဗီယက်နမ်နိုင်ငံအပေါ်ထားရှိသည့် မူဝါဒမှာ ဒရန်နှင့် သူ၏တပ်ဖွဲ့များ ပုန်ကန်သူများကို သူတို့ကိုယ်တိုင်နှိမ်နင်းနိုင်လိမ့်မည်ဟူသော ယူဆချက်အပေါ်တွင် များစွာအခြေခံထားသည်။ ထိုအချိန်က  တောင်ဗီယက်နမ်စစ်တပ်၏ စွမ်းဆောင်ရည်မှာ ညံ့ဖျင်းနေခဲ့သော်လည်း ကနေဒီက အစောပိုင်းကာလများတွင် အမေရိကန်တပ်ဖွဲ့ကို စေလွှတ်ရန် ငြင်းဆန်နေခဲ့သည်။ ခေါင်းဆောင်မှုပိုင်းညံ့ဖျင်းခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အရာရှိကြီးများ၏ နိုင်ငံရေးရာထူးများအပေါ်တွင် အာဏာမက်နေခြင်းတို့က တောင်ဗီယက်နမ်ကို အင်အားယုတ်လျော့စေခြင်း အတွက် အဓိကအကြောင်းပြချက်များဖြစ်သည်။ ပုန်ကန်သူတို့သည် ကြိမ်ဖန်များစွာ ပြောက်ကျားတိုက်ခိုက်နေရာမှ နောက်ပိုင်းတွင်တော်လှန်ရေးတစ်ခုအသွင်သို့ ကူးပြောင်းလာခဲ့သည်။ ဗီယက်ကောင်းတို့အတွက် ဟနွိုင်းမှအကူအညီများအပြင် တောင်ဗီယက်နမ်အစိုးရ၏ အစီအမံညံ့ဖျင်းမှုသည်လည်း ဤအရေးအခင်းအတွင်းတွင် ကြီးမားသော အားသာချက်များဖြစ်စေခဲ့သည်။

ကနေဒီ့အတွက်နောက်ထပ်ထိုးနှက်ချက်တစ်ခုသည် ဆိုဗီယက်၏ အာကာသလေ့လာရေးနှင့် ဒုံးပျံပရိုဂရမ်သည် အမေရိကန်၏ ဆောင်ရွက်ချက်များထက်သာလွန်နေသလောဟု သံသယဝင်စိုးရိမ်နေရခြင်းဖြစ်သည်။ ကနေဒီသည် ဆိုဗီယက်တို့နှင့်ယှဉ်ပြင်၍ တာဝေးပစ်ဒုံးကျည် တီထွင်ရေးတွင် ဖိအားဝင်နေရသော်လည်း တတိယကမ္ဘာ (အာရှတိုက်ရှိ ဖွံဖြိုးဆဲနိုင်ငံများကို ရည်ညွှန်း) ၏ ကွန်မြူနစ်တော်လှန်ရေးများကိုဖြေရှင်းရန်အတွက် အထူးတပ်ဖွဲ့များကို စေလွှတ်နှိမ်နှင်းခြင်းနှင့် တီထွင်ထားပြီး စမ်းသပ်လိုသော စမ်းသပ်ဆဲလက်နက်များကိုအသုံးပြုခြင်းများကိုလည်း စိတ်ဝင်စားနေခဲ့သည်။ ထိုလက်နက်များကို မူလက ဆိုဗီယက်တို့ ဥရောပကိုကျူးကျော်လာပါက တန်ပြန်ရန်အတွက် နောက်တန်းတစ်နေရာတွင် စမ်းသပ်ရန်စီစဉ်ထားသော်လည်း စစ်ရေးသုသေတီတို့ရွေးချယ်ထားသော“ဂရင်းဘဲရက်စ်” အထူးတပ်ဖွဲ့ကို ကိုစေလွှတ်တိုက်ခိုက်စေခြင်းသည် ဗီယက်နမ်တွင် ရုတ်ခြည်းပေါ်ပေါက်လာသော စစ်ပွဲအတွက် အကျိုးကျေးဇူးများစွာ ရှိလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

ကနေဒီသည် သူ၏အကြံပေးများဖြစ်သော မက်စ်ဝဲလ် တိုင်လာ နှင့် ဝေါ့တ် ရော့စရိုး တို့မှ ဗီယက်နမ်တောင်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ်ရန်အကြံပြုချက်ကို ပယ်ချခဲ့သော်လည်း စစ်ဘက်ဆိုင်ရာအကူအညီများကိုမူ တိုးမြှင့်ကူညီပေးခဲ့သည်။ ၁၉၅၂ ဧပြီလတွင် ဂျွန် ကဲနက် ဂဲဘရက် က ကနေဒီကို “အမေရိကန်အနေဖြင့် ပြင်သစ်တို့၏ ကိုလိုနီနယ်မြေဟောင်းတွင် ပြင်သစ်တို့ကြုံတွေ့ခဲ့ရသည့်အတိုင်းသွေးမြေကျရလိမ့်မည်”ဟု သတိပေးပြောကြားခဲ့သည်။ ၁၉၆၃ နိုဝင်ဘာလတွင် တောင်ဗီယက်နမ်တောင်ပိုင်း၌ အိုင်ဇင်ဟောင်ဝါစေလွှတ်ခဲ့သော် စစ်ရေးအကြံပေး ၉၀၀ အပြင် အမေရိကန်စစ်ဘက်အင်အား ၁၆,၀၀၀ ခန့် ရှိနေခဲ့ပြီဖြစ်သည်။

ကိုးကား

Tags:

ဗီယက်နမ်စစ်ပွဲ စစ်ပွဲအမည်များဗီယက်နမ်စစ်ပွဲ နောက်ခံအကြောင်းအရာများဗီယက်နမ်စစ်ပွဲ အကူးအပြောင်းကာလဗီယက်နမ်စစ်ပွဲ ဒရန်ခေတ် ၁၉၅၄-၆၃ဗီယက်နမ်စစ်ပွဲ တောင်ပိုင်းတွင် ပုန်ကန်မှု ၁၉၅၄-၆၀ဗီယက်နမ်စစ်ပွဲ ကနေဒီကြောင့် ပို၍တင်းမာလာခြင်း ၁၉၆၁-၆၃ဗီယက်နမ်စစ်ပွဲ ကိုးကားဗီယက်နမ်စစ်ပွဲကမ္ဘောဒီးယားနိုင်ငံကွန်မြူနစ်ဝါဒစစ်အေးတိုက်ပွဲဗီယက်နမ်နိုင်ငံလောနိုင်ငံဟိုချီမင်းစီးတီးအမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

ညောင်ရွှေမြို့ပုဗ္ဗဏှသုတ်တာချီလိတ်မြို့ဝိပတ္တိတရားလေးပါးစစ်တက္ကသိုလ် (ပြင်ဦးလွင်)လိပ်ပြာပုညခင်ဆင်တုံးမနွယ်ပင်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များကုသိုလ်ကမ္မပထ တရား ဆယ်ပါးစာရင်းကိုင်ပညာအလောင်းမင်းတရားသမုဒ္ဒရာရေပြဒါးလီဆူလူမျိုးရှစ်လေးလုံးအရေးအခင်းကမ္ဘောဇသာဒီရွှေနန်းတော်မင်းအောင်လမ်းမတော်ဖိုးတုတ်ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အရေပြားလေးဘက်နာရောဂါမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ပဲခူးရိုးမတောင်ကမ္ဘာ့အလုပ်သမားနေ့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများတရုတ်ပြည်သူ့သမ္မတနိုင်ငံဦးသိန်းစိန် အစိုးရပုပ္ပါးတောင်ရှောင်းကျန့်၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းအယုဒ္ဓယသိန်းစိန် (နိုင်ငံတော်သမ္မတ)နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ခေတ်စမ်းစာပေအိန်ဂျယ်လ်ရေတံခွန်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့လိင်တွင်းနက်အင်းဝမြို့အစ္စလာမ်ဘာသာဝီကီပီးဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနတေလာ ဆွစ်ဖ်ထားဝယ်မြို့ခန္ဓာငါးပါးရေဝတီ၃၈ ဖြာ မင်္ဂလာလီယွန်နယ် မက်ဆီဒီမိုကရက်တစ် မြန်မာ့အသံသီပေါမင်းစိန်ဟစ်တလာစအိုဖြင့် လိင်ဆက်ဆံခြင်းဒေသနာကြားခြင်းသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်မဟာသမယသုတ်မြိတ်မြို့မြန်မာပြည် စာတိုက် သင်္ကေတများဂျာနယ်ကျော် မမလေးဘုရား (ဗုဒ္ဓဘာသာ)ကမ္ဘောဒီးယားနိုင်ငံပင်လုံစာချုပ်အောင်သူ (ဘောလုံးသမား)ပြင်ဦးလွင်မြို့အောင်လအန်ဆန်းလိင်စိတ် နိုးထခြင်းခန္ဓသုတ်ဂေါ်ရင်ဂျီကျွန်းခရိုမိုဆုမ်းစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမဟာယာနချဉ်ပေါင်စကားကြီး ဆယ်မျိုးမြန်မာဘာသာစကားကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အရက်🡆 More