ကျောက်ဆည် ရွှေသိမ်တော်ဘုရား

ရွှေသိမ်တော်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကြီးရွာ၌ တည်ရှိသည်။ မန္တလေး−ကျောက်ဆည် မော်တော်ကားလမ်းနှင့် ရန်ကုန်−မန္တလေး မီးရထားလမ်းတို့၏ အရှေ့ဘက်၊ မင်းရဲမြောင်း၏ အရှေ့ဘက်၊ သင်တောင်းကြီးရွာ၏ အနောက်ဘက်၊ ရွှေတောင် ထီးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် တည်ရှိသည်။

ကျောက်ဆည် ရွှေသိမ်တော်ဘုရား
မဟာရွှေသိမ်တော်ဘုရား

အရွယ်အစား

အနော်ရထာမင်း တည်ခဲ့စဉ်က ဉာဏ်တော် ၉ တောင်မျှသာ ရှိသည်ဟု ဆိုသည်။ သက္ကရာဇ် ၁၃၀၉-ခုနှစ်တွင် ရွာသူရွာသားများ၏ ကောင်းမှုဖြင့် ဉာဏ်တော် ၉ တောင်ကို ငုံကာ ဉာဏ်တော် ၁၃ တောင် မြင့်ကာ ဒုတိယအကြိမ်တည်ထား၊ ကိုးကွယ်ကြသည်။ သက္ကရာဇ် ၁၃၅၆-ခုနှစ်တွင် အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင်ကို ငုံကာ ဉာဏ်တော် ၃၄ တောင် အမြင့်သို့ မြှင့်ကာ ပူဇော်ခဲ့ကြသည်။ ဖိနပ်တော် ကုလားကျောင်းခံ ၄ ပေမြင့်သည်။

ဘုရားသမိုင်း

ရွှေသိမ်တော်ဘုရားအား ပုဂံခေတ်အနော်ရထာမင်းက တည်ထားပြီး သိမ်သမုတ်တော် မူခဲ့သော ပုဂ္ဂိုလ်မှာ မင်းကြီးကိုးကွယ်ခဲ့သော အရှင်ဓမ္မဒဿီ ခေါ် ရှင်အရဟံ ပင်ဖြစ်သည်။ အနော်ရထာမင်း ဆက်ကပ်ခဲ့သော ဘွဲ့တော်မှာ ရွှေသိမ်တော် ဖြစ်ပြီး၊ ယခု ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟု မဟာဘွဲ့ကို ထပ်မံကပ်လှူခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသော်လည်း သက္ကရာဇ် ၁၂၈၀ ပြည့်မတိုင်မီ ရွာသူရွာသားများ မေ့လျော့ပေါ့ဆမှုကြောင့် ချုံနွယ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုနှစ်တွင် သင်တောင်းကြီးရွာတွင် ကပ်ရောဂါများ ကျရောက်သည်။ ရွာသူရွာသားများ ထွက်ပြေးကြရာ လူကြီးများ မိမိအစုနှင့် မိမိ ရောက်ရာအရပ်မှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြရန် ပြောကြရာမှ တစ်စုနှင့်တစ်စု ဆက်သွယ်ကာ ဘုရားဘေးမှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြသည်။ ထိုအချိန်မှ စကာ ရွှေသိမ်တော် မြတ်စွာဘုရားမှာ သန့်ရှင်းသပ္ပါယ်စွာ သီတင်းသုံးရသည်။ ရွာမှာလည်း ရောဂါသန့်ရှင်းသွားကြသည်မှာ ယနေ့တိုင်ပဲ ဖြစ်သည်။

ဗုဒ္ဓပူဇနိယ ပွဲတော်များ

ချုံနွယ်များ ရှင်းပြီးနောက် သူကြီးဦးသင်းလက်ထက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရန် ဆွမ်းတော်ကြီး ဝတ်အသင်းမှ ရွာနီးချုပ်စပ်များနှင့် စဉ့်ကိုင်မြို့၊ ကျောက်ဆည်မြို့တို့အထိ လှည့်လည် အလှူခံကာ ပွဲတော်ကျင်းပခဲ့သည်။ ၁၂၈၄-ခုမှ စပယ်သက် ရုပ်သေးနှင့် စတင်ကျင်းပခဲ့သည်ဟု ဆိုသည်။ ယခုအခါ ဗုဒ္ဓပူဇနိယပွဲ တစ်နှစ်လေးချိန် ပူဇော်သည်။

  1. ဝါဆိုလပြည့်ကျော် (၁)ရက် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊
  2. ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် မဟာသံဃိကဆွမ်းလောင်းပွဲ၊
  3. တန်ဆောင်မုန်းလဆန်း(၁၀)(၁၁)ရက်တွင် ရွှေသိမ်တော်ဘုရားပွဲနှင့် စတုဒိသာ ကျွေးခြင်း၊
  4. တပို့တွဲလတွင် ထမနဲထိုးပွဲနှင့် ဆွမ်းတော်ကပ်ခြင်း တို့ဖြစ်သည်။

ကိုးကား


Tags:

ကျောက်ဆည် ရွှေသိမ်တော်ဘုရား အရွယ်အစားကျောက်ဆည် ရွှေသိမ်တော်ဘုရား ဘုရားသမိုင်းကျောက်ဆည် ရွှေသိမ်တော်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်များကျောက်ဆည် ရွှေသိမ်တော်ဘုရား ကိုးကားကျောက်ဆည် ရွှေသိမ်တော်ဘုရားကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံသင်တောင်းကြီးရွာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ရန်အောင် (ရုပ်ရှင်သရုပ်ဆောင်)ကာလာမသုတ်နျူကလီးယားစွမ်းအားဂုဏ်တော်ကွန်ချာမြင်းခွာပင်စံပယ်ပန်းမိမိကိုယ်ကို သတ်သေခြင်းမုန့်ဟင်းခါးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းကမ္ဘာ့အလုပ်သမားနေ့ငါးမျိုးစိတ်များ စာရင်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များသိန်းစိန် (နိုင်ငံတော်သမ္မတ)ပတ္တမြားမြန်မာ-အင်္ဂလိပ် အဘိဓာန်သွေးမွန်လူမျိုးသောကြာဂြိုဟ်ပါတော်မူခြင်းကမ္ဘာ့အထိမ်းအမှတ်နေ့နာဇီဂျာမနီဗလာဒီမီယာ ပူတင်မြန်မာနိုင်ငံ၏ စီးပွားရေးကမ္ဘာမြေနေ့အချစ်တာချီလိတ်မြို့ဂူဂယ် ခရုမ်းဝ လူမျိုးအိချောပိုမြန်မာနိုင်ငံရန်ကုန်တိုင်းစစ်ဌာနချုပ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဂေါတမဗုဒ္ဓနှလုံးသွေးကြောကျဉ်းရောဂါအစားအစာဘုရင့်နောင်ဗမာနိုင်ငံတော်နေဝင်း (ဗိုလ်ချုပ်ကြီး)မင်းသုဝဏ်ပညာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝိပတ္တိတရားလေးပါးယွန်းယွန်းဖျာပုံမြို့၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအင်းလေးကန်မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များကင်ဂိုအွန်မှော်ပညာမြောက်ဥက္ကလာပမြို့နယ်ကရ​ဝိက်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ပဋိစ္စသမုပ္ပါဒ်ကားမြန်မာနိုင်ငံရှိ မြို့နယ်များကောသလမင်း အိပ်မက် (၁၆)ချက်ထိုင်းနိုင်ငံ၏ ပြည်နယ်များတောက်တဲ့ကိုလိုနီခေတ်ဝိညာဉ်ပြစ်မှုဆိုင်ရာဥပဒေမေတ္တေယျဘုရားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမြန်မာစာစတင်ဖြစ်ပေါ်လာပုံဥဩ၂၄ ပစ္စည်းပန်ထွာဘုရင်မဗိဿနိုးမြို့ဟောင်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မိုးကုတ်မြို့လူသားရာပြည့်မဟာသမယသုတ်မုတ္တမမြို့မြန်မာနိုင်ငံ၏ သမ္မတသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ🡆 More