မြောက်ဥက္ကလာပမြို့နယ်

မြောက်‌ဥက္ကလာပမြို့နယ် သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်တွင် တည်ရှိသည်။

မြောက်‌ဥက္ကလာပမြို့နယ်
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ
မြောက်‌ဥက္ကလာပမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြောက်‌ဥက္ကလာပမြို့နယ်
မြောက်‌ဥက္ကလာပမြို့နယ်
မြောက်‌ဥက္ကလာပ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′N 96°6′E / 16.817°N 96.100°E / 16.817; 96.100 96°6′E / 16.817°N 96.100°E / 16.817; 96.100
နိုင်ငံမြောက်ဥက္ကလာပမြို့နယ် မြန်မာ
တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ် ရန်ကုန်
မြို့ရန်ကုန်မြို့
ခရိုင်မရမ်းကုန်း
လူဦးရေ (မတ် ၂၀၁၇)
 • စုစုပေါင်း၂၈၄,၀၉၅
စာပို့သင်္ကေတ၁၁၀၃၁

သမိုင်းကြောင်း

မြောက်‌ဥက္ကလာပမြို့နယ်သည် ၁၉၅၉ ခုနှစ်တွင် တည်‌ထောက်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ တွဲဖက်သင်ကြားရေးဆေးရုံဖြစ်သော မြောက်‌ဥက္ကလာပဆေးရုံသည် မြောက်‌ဥက္ကလာပမြို့နယ်နှင့် အနီးတဝိုက်ရှိနေရာများမှ လူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ ဖွဲ့စည်းချိန်တွင် ရပ်ကွက်ပေါင်း ၁၇ ရပ်ကွက်ဖြင့် စတင်ခဲ့သည်။ ၁၉၈၉ တွင် ဝေဘာဂီရပ်ကွက်၊ ၁၉၉၀ တွင် ပေါက်တလောက် မြို့သစ်ရပ်ကွက် ရွှေပေါက်ကံမြို့သစ်ရပ်ကွက်ကိုလည်းကောင်း တိုးချဲ့ ဖွဲ့စည်းပေးသဖြင့် ယခုအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်သည် ရပ်ကွက်ပေါင်း ၁၉ ခုရှိသည်။

တည်နေရာနှင့် အကျယ်အဝန်း

မြောက်‌ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့အရှေ့ပိုင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၆ မိနစ်၊ အရှေ့လာင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂.၇၈ မိုင် ကျယ်ဝန်းပြီး၊ တောင်မှ မြောက်သို့ ၃.၇၁ မိုင် ရှည်လျားပါသည်။ စတုရန်းမိုင်ပေါင်း ၁၀.၃၂မိုင် ကျယ်ဝန်းပါသည်။ မြောက်‌ဥက္ကလာပမြို့နယ်၏ မြောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အနောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့ တည်ရှိသည်။

ပထဝီဝင်အနေအထား

မြေမျက်နှာသွင်ပြင်မှာ မြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ ငမိုးရိပ်ချောင်းသည် မြို့၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းပြီး ငမိုးရိပ်ချောင်းအတွင်းသို့ မယ်လမုချောင်း၊ ဆင်ဖုံချောင်းနှင့် ပေါက်တလောက်ချောင်းတို့ စီးဝင်သည်။ ငမိုးရိပ်ချောင်းသည် ရေအတက်အကျရှိသော ချောင်းတစ်ခုဖြစ်ပြီး ယခုအချိန်ထိ ချောင်းကျိုး၊ မြစ်ကျိုး၊ အင်းနှင့် သဲသောင်များ ဖြစ်ထွန်းလာမှု မရှိသေးသော တစ်ခုဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ်သည် အပူချိန်လျော့နည်းသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံး ၃၅ ဒီဂရီ ဆဲလ်စီးယက်စ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၂၄ ဒီဂရီ ဆဲလ်စီးယက်စ်ဖြစ်သည်။ နှစ်အလိုက် မိုးရွာရက်ပေါင်း ၉၀ ရက်ဝန်းကျင်ရှိပြီး ၂၀၁၆ ခုနှစ်တွင် မိုးရေချိန်လက်မ ၁၀၁ လက်မ ရရှိခဲ့သည်။

လူဦးရေ

မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် ကျား ၁၃၅၀၈၉ နှင့် မ ၁၄၈၀၉၁ ဦးဖြင့် စုစုပေါင်း ၂၈၄၀၉၅ ဦးရှိသည်။ အများအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဗမာလူမျိုးအများစုနေထိုင်သည်။ အိမ်ခြေပေါင်း ၄၃၁၃၀ ရှိပြီး အိမ်ထောင်စုပေါင်း ၅၈၃၄၄ စု ရှိသည်။

အုပ်ချုပ်ရေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အုပ်ချုပ် သည်။ ရပ်ကွက်ပေါင်း (၁၉) ခုရှိပြီး ရွှေပေါက်ကံမြို့သစ် သည် မြောက်ဥက္ကလာပမြို့နယ်ထဲ ပါဝင်သည်။

ပညာရေး

မူလတန်းကျောင်း (၄၅) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄) ကျောင်းနှင့် အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။

အဆင့်မြင်ပညာရေး

စီးပွားရေး

အဓိကထွက်ကုန်မရှိပါ။ မြို့နယ်အတွင်း ကုမ္ပဏီလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ကြသည်။ မြောက်ဥက္ကလာပမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ စက်မှုဇုန်များအဖြစ် မြောက်ဥက္ကလာပစက်မှုဇုန်နှင့် ရွှေပေါက်ကံစက်မှုဇုန်တို့ တည်ရှိသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ၈၄ ခုရှိသည်။ ဈေးများအဖြစ် ၂ ဈေး၊ ရတနာသိင်္ဂီဈေး၊ ခ ဈေး၊ က ဈေး၊ မေဓာဝီ ဈေး၊ ဃ ဈေး၊ မြနန္ဒာ ဈေး၊ ဌ ဈေး၊ ကျောက်ရေတွင်းဈေး၊ ရွှေပေါက်ကံမြို့သစ်ဈေးနှင့် ဝေဘာဂီ ဈေးတို့ တည်ရှိသည်။ အစိုးရနှင့် ပုဂ္ဂလိကဘဏ်ပေါင်း ၁၀ ခုရှိသည်။ စတိုးဆိုင်နှင့် အရောင်းဆိုင်ပေါင်း ၆၇၁ ခုရှိပြီး ၂၈၃ ခုမှာ လက်ဖက်ရည်ဆိုင်ဖြစ်သည်။ GDP မှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်းအဖြစ် ကျပ်သန်းပေါင်း ၆၇၅၃၁၂ ရှိသည်။ အလုပ်လုပ်ကိုင်နိုင်သူလူဦးရေမှာ ၂၃၉၆၄၂ ဦးဖြစ်သည်။

ကျန်းမာရေး

အစိုးရနှင့် ပုဂ္ဂလိကဆေးရုံပေါင်း ၈ ခုရှိပြီး ကုတင်အရေအတွက် ၁၂၂၈ ခုရှိသည်။ ဆေးပေးခန်းပေါင်း ၄ ခုရှိသည်။ ၂၀၁၇ ခုနှစ်တွင် စာရင်းများအရ ရောဂါဖြစ်ပွားသူ ၄၁၃ ယောက်ရှိပြီး တီဘီရောဖြစ်ပွားမှုမှာ ၂၈၀ ရှိသည်။ မွေးသေနှုန်း ၁၃.၃၁ % ရှိသည်။

ထင်ရှားသော အဆောက်အဦးများ

မြောက်‌ဥက္ကလာပမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
မယ်လမုစေတီ စေတီ သုဓမ္မာလမ်း

ကိုးကား

ပြင်ပလင့်ခ်များ




Tags:

မြောက်ဥက္ကလာပမြို့နယ် သမိုင်းကြောင်းမြောက်ဥက္ကလာပမြို့နယ် တည်နေရာနှင့် အကျယ်အဝန်းမြောက်ဥက္ကလာပမြို့နယ် ပထဝီဝင်အနေအထားမြောက်ဥက္ကလာပမြို့နယ် လူဦးရေမြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမြောက်ဥက္ကလာပမြို့နယ် ပညာရေးမြောက်ဥက္ကလာပမြို့နယ် စီးပွားရေးမြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးမြောက်ဥက္ကလာပမြို့နယ် ထင်ရှားသော အဆောက်အဦးများမြောက်ဥက္ကလာပမြို့နယ် ကိုးကားမြောက်ဥက္ကလာပမြို့နယ် ပြင်ပလင့်ခ်များမြောက်ဥက္ကလာပမြို့နယ်မရမ်းကုန်းခရိုင်မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီး

🔥 Trending searches on Wiki မြန်မာဘာသာ:

တတိယ အင်္ဂလိပ် - မြန်မာစစ်စတီဖင် ချောင်ကျန်စစ်သားတပ်မတော် (ရေ)အဏ္ဏဝါဗေဒဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းလူထုဦးလှရွှေတိဂုံစေတီတော်တို့ဗမာ သီချင်းလိမ်လည်မှုပျူမြို့ပြနိုင်ငံများနန်းမတော်မယ်နုရှမ်းပြည် တပ်မတော်လက်ဖက်သုပ်တောင်ငူခေတ်အော်ကာမြန်မာ့ ပထမဆုံးများစကားပုံလောကနီတိRဇာနည်ဗန်းစကားဇော်ဂျီ (စာရေးဆရာ)ညစ်ညမ်းခြင်းများတစ်သောင်းကျပ်တန် ငွေစက္ကူကိန်းဓမ္မရံကြီးဘုရားကွန်ပျူတာပုလွေမှုတ်ခြင်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရေကြာသပတေးဂြိုဟ်နီနီခင်ဇော်မြေပုံအစားအစာပညတ်တော်ဆယ်ပါးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မဟာဂီရိနတ်စောလူးမင်းဂဠုန်ဦးစောအာဋာနာဋိယသုတ်မန္တလေးတိုင်းဒေသကြီးမင်္ဂလာတရား ၃၈-ပါးဗင်နီဇွဲလားနိုင်ငံအာဇာနည်နေ့မြန်မာ ကာတွန်းရုပ်ရှင်ရေမွန်ကရမက်ပိုးကြာဖြူခင်သန်လျင် မင်းကျောင်းဆရာတော်အဆိပ်ဂျူးဘာသာအိပ်မက်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသျှင်မဟာ သီလဝံသဆေးခြောက်ပင်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဂျာနယ်ကျော် မမလေးမြသလွန်ဘုရားဝါဆိုလပြည့်နေ့နေ့နံအင်္ဂါဂြိုဟ်မန္တလေး နန်းတော်ရဲရင့်အောင်စွမ်းအင် ဝန်ကြီးဌာနဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းလွှမ်းမိုးစောမွန်လှကနေဒါနိုင်ငံဂြိုဟ်ရှစ်ပါးသီလမင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)အားပညာရေးဝန်ကြီးဌာနမြ🡆 More