မြန်မာ ကာတွန်းရုပ်ရှင်

မြန်မာ့ရုပ်ရှင်လောက၌ ကာတွန်းဇာတ်လမ်း ရုပ်ရှင်ကားများ ပေါ်ပေါက်ခဲ့ဖူးသည်။ မြန်မာ့ကာတွန်းရုပ်ရှင်၏ လမ်းကြောင်းကို သုံးသပ်ကြည့်လျှင် ကြော်ငြာဖြင့် စတင်တာထွက် ခဲ့ကြောင်း တွေ့ရှိရပေသည်။

အကြောင်းမှာ ဦးရွှေရိုးအမည်ခံ ကာတွန်းဆရာကြီး ဦးဘကလေးက " အိမ်းအမ်းတောင် ဗလရှင်ဆေးပြား" ကြော်ငြာကို ကာတွန်းရုပ်ရှင်ဖြစ် ရိုက်ကူးပြသခဲ့သောကြောင့် ဖြစ်သည်။သို့ရာတွင် ပထမဆုံး ကာတွန်းဇာတ်လမ်း ရုပ်ရှင်ကားမှာ ၁၉၂၉ခုနှစ်တွင် ကာတွန်းဆရာကြီး ဦးဟိန်စွန်းနှင့် စာရေးဆရာ ဇဝန (စူပါမင်း)တို့ ရေးဆွဲသော "ဦးကလိန်" တေးသရုပ်ဖော်ကာတွန်းကားဖြစ်သည်။ ဗန္ဓုလရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ပြီး ဇာတ်လမ်းသဘော မသက်ဝင်ပဲ ရည်းစားမျှော်သီချင်းအား လိုက်ဆိုတေး "ယခုခေတ် ကာရာအိုကေ ကဲ့သို့" အဖြစ်ရေးဆွဲရိုက်ကူးထားသည့် ကာတွန်းကား တိုလေးမျှသာဖြစ်ပေ၏။

မြန်မာ့ ပထမဆုံးကာတွန်းရုပ်ရှင်ဇာတ်လမ်းဟု ခေါ်ဆိုနိုင်သည့် "ခင်ခင်တွန့်" ခေါ် "မိုက်ခဲဟေ့" အမည်ရှိ ဇာတ်ကားကို ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ၁၉၃၄ခုနှစ် နောက်ပိုင်းတွင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုဇာတ်ကားပါ ကာတွန်းပုံများကို ဆရာကြီး ဦးလှက ရေးဆွဲသည်။ ကာတွန်းဇာတ်ကားမှ မင်းသား၏ အမည်မှာ မိုက်ခဲဖြစ်ပြီး မင်းသမီး၏ အမည်မှာ ခင်ခင်တွန့်ဖြစ်သည်။ ထိုနှစ် အောက်တိုဘာလ အတွင်း ရုံတင်ပြသသည့် "ဣတ္ထိယ" အသံထွက် ဇာတ်ကားနှင့် "နောက်ပိုးရူး" ဇာတ်လမ်းနှစ်ခု ပေါင်းပြသည့် စတားရုံ၌ ပူးတွဲပြသခဲ့သည့် ကာတွန်းကားဖြစ်သည်။

၁၉၃၄ခုနှစ်အတွင်းမှာပင် ပဲရော့ရုပ်ရှင်မှ "ကြက်တောင်ကွ" ကာတွန်းဇာတ်လမ်းကား တစ်ကား ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ထိုကားအတွက် ကာတွန်းရုပ်ရေးဆွဲသူတို့မှာ ယခင် ဦးကလိန်ကာတွန်းကား ရေးဆွဲသူ ဦးဟိန်စွန်းနှင့် နာမည်ကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းတို့ဖြစ်သည်။ ယခုခေတ် စူပါမင်းဇာတ်ကားမျိုးဖြစ်၍ ရုပ်ရှင်ဝါသနာအိုးများ အကြိုက်တွေ့သည့် ကားတစ်ကားဖြစ်သည်။ ထိုကားကို ၁၉၃၄ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့တွင် ပလာဇာရုံ(နောင်-ရာဇ်ရုံ၊ ရဲရင့်ရုံ၊ ဆာကုရ)တွင် "သတင်းထောက်"ဇာတ်ကားနှင့်အတူ ပြသခဲ့သည်။

နောက်ကာတွန်းကား တစ်ကားမှာ ပဲရော့ရုပ်ရှင်မှရိုက်ကူးသည့် "အသူရာ" အမည်ရှိကားဖြစ်သည်။ ကာတွန်းဦးဟိန်စွန်းနှင့် ဦးဘဂျမ်းတို့ကပင် ရေးဆွဲ၍ ၁၉၃၅ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ပြသသည့် ကားဖြစ်သည်။ "ကြက်တောင်ကွ" နှင့် "အသူရာ" ဇာတ်ကား ၂ကားလုံးမှာ ဖလင်ပေ ၂၀၀ဝခန့်ရှိ၍ ၁၅မိနစ်ကျော် မိနစ်၂ဝခန့်သာ ပြသသည့် ကာတွန်းရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။

အကိုးအကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မဲဆောက်မြို့စစ်ကိုင်းတိုင်းဒေသကြီးရေသည်ပြဇာတ်မဟာဗောဓိတထောင်တြိဂံသင်္ကြန်စာအဖြူဆင်းခြင်းပြစ်မှုဆိုင်ရာဥပဒေလက်ဖက်စတော်ဘယ်ရီသွေးဘောလုံးကစားခြင်းအာဋာနာဋိယသုတ်စက္ကူမြောက်ဥက္ကလာပမြို့နယ်မောရှမ်းလူမျိုးမြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်ကင်ဆာရောဂါဂေဟစနစ်ဉာဏ်ရည်တုတယ်လီဂရမ် (ဆော့ဖ်ဝဲ)အလင်္ကာတောင်ငူခေတ်ခန္ဓသုတ်ရှင်ပြုခြင်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကားလိုး ကော်လိုဒီတပ်မတော်နေ့နေ့ပြော နောက်ကြည့်၊ ညဉ့်ပြော အောက်ကြည့်နယူတန်စိုင်းစိုင်းခမ်းလှိုင်နှင်းဆီထွန်းမြတ်နိုင်၂၇ မတ်အရှေ့မြောက်အိန္ဒိယဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာဗေဒင်စောင်းကောက်တွံတေးသိန်းတန်အလောင်းမင်းတရားဖိလစ်ပိုင်နိုင်ငံရခိုင်လူမျိုးဆင်ဖြူရှင်မင်းဇာတ်ကြီးဆယ်ဘွဲ့သွေးတိုးရောဂါအင်ဒိုနီးရှားနိုင်ငံသုံးပန်လှနတ်ဒုဋ္ဌဂါမဏိလွှမ်းပိုင်ဘန်ကောက်မြို့ငွေဆောင်ကမ်းခြေဒိုင်အာခီရှစ်ပါးသီလသူလိုလူ (ဝတ္ထု)ပျူမြို့ပြနိုင်ငံများထားဂျီဩမေတြီဆိုင်းဝိုင်းရုက္ခဗေဒမြန်မာစာရေးဆရာများ စာရင်းမိုးကုတ်တရားအင်းဝခေတ်ပန်းဆယ်မျိုးအောင်သူ (ဘောလုံးသမား)စွယ်စုံကျမ်းအစားအစာမောရသုတ်ကမ္ဘောဒီးယားနိုင်ငံလေးဖြူမန်ချက်စတာ ယူနိုက်တက်တရုတ်သမ္မတနိုင်ငံမရမ်းကုန်းမြို့နယ်မဟာဓမ္မရာဇာဓိပတိတန်စတင်အေ (အက္ခရာ)မောင်🡆 More