တောင်ငူခေတ်

တောင်ငူခေတ်သည် တောင်ငူတွင်ထီးနန်းစိုက်ထူသော (၁၅)ရာစုနှောင်းပိုင်းမှ တောင်ငူခေတ်ပျက်သုန်းသော (၁၆)ရာစုနှောင်းပိုင်းကာလ ဖြစ်သည်။ တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့်သတ်မှတ်လျှင် လေ့လာရန် ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ ဘုရင့်နောင်တို့ကို မွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့်နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်း ဖြစ်ပြန်သည်။ ထို့ပြင် နောက်ခေတ်တစ်ဖြစ်သည့် ညောင်ရမ်းခေတ်တွင်လည်း ပါဝင်ပတ်သက်မှု ရှိနေကြသောကြောင့် ဖြစ်သည်။

Toungoo dynasty
တောင်ငူခေတ်
တောင်ငူခေတ် ၏ တည်နေရာ
လက်ရှိအခြေအနေအင်ပါယာ
မြို့တော်တောင်ငူမြို့ (၁၅၁၀-၁၅၃၉)
ပဲခူးမြို့(၁၅၃၉-၁၅၉၉)
အင်းဝမြို့(၁၅၉၉-၁၆၁၃)
ပဲခူးမြို့(၁၆၁၃-၁၆၃၅)
အင်းဝမြို့(၁၆၃၅-၁၇၅၂)
ကိုးကွယ်မှုတရားဝင်
ထေရဝါဒ
အစိုးရဘုရင်
ဥပဒေပြုလွှတ်တော်လွှတ်တော်
ငွေကြေးမြန်မာကျပ်ငွေ

စာပေ

တောင်ငူခေတ်သည် နိုင်ငံတည်ဆောက်သော ခေတ်ဖြစ်သည်နှင့်အညီ ဇာတိမာန်တက်ကြွဖွယ် စာပေများထွန်းကားကြောင်းတွေ့ရသည်။ တောင်ငူခေတ်သည် စစ်မက်ထူပြောသောကာလဖြစ်ရာ စစ်မက်ရေးရာများကို အားပြုရေးဖွဲ့သော စာပေများထွန်းကားလာသည်။ တောင်ငူခေတ်တွင်အင်းဝခေတ်ကဲ့သို့ ရဟန်းစာဆိုများစွာမရှိဘဲ လူပုဂ္ဂိုလ်စာဆိုတို့သာများလာသည်။ တောင်ငူခေတ်၌ စကားပြေကဏ္ဍတွင်ထင်ရှားသော ကျမ်းမှာ မွန်ဝန်ကြီးဗညားဒလ မွန်ဘာသာမှ မြန်မာပြန်သော ရာဇဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်သည်။ ထိုအရေးတော်ပုံကျမ်းကို ဟံသာဝတီဘုရင်ရာဇဓိရာဇ်နှင့် အင်းဝဘုရင်မင်းခေါင်တို့ အင်အားပြိုင်သော စစ်ပွဲများကို နောက်ခံပြုလျက် ထိုမင်းနှစ်ပါး အပါအဝင် အမတ်တိန်၊ ဗြတ်ဇ၊ ဗျည်းနွဲ့၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ သမိန်ဗရမ်းစသော သူရဲကောင်းများ၏ သွင်ပြင်အမူအရာများကို ပန်းချီကားတစ်ချပ်သဖွယ် သရုပ်ဖော်ရေးဖွဲ့ထားသည်။

စာဆိုရှင်များ

တောင်ငူခေတ်တွင် ထင်ရှားသော စာဆိုရှင်ကြီးများမှာ ပြည် နဝဒေးကြီးနတ်သျှင်နောင်(ရတုဘုရင် နတ်သျှင်နောင်)၊ ရှင်ထွေးနာသိမ် အစရှိသော လူပုဂ္ဂိုလ်စာဆိုရှင်များ၊ အသက်ငယ်သောစာဆိုရှင်များ များပြားလာသည်နှင့်အမျှ မိမိဆန္ဒကိုဖော်ထုတ်သော စာပေများလည်း များပြားလာသည်ကို တွေ့ရသည်။

အကိုးအကား


Tags:

ညောင်ရမ်းခေတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သစ္စာရှစ်ပါးသီလအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ကရင်လူမျိုးမင်္ဂလာတရား ၃၈-ပါးအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ပူဒီနာကြိတ်မှန်ပင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သောတာပန်ရခိုင်ပြည်နယ်ပင်းယခေတ်ဂျူးဘာသာရဝမ်ဒါနိုင်ငံတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များငါးပိဗင်နီဇွဲလားနိုင်ငံမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များတျာချင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်အဖြူဆင်းခြင်းမော်လမြိုင်မြို့ဂြိုဟ်ကျောက်ကပ်ရောင်ရောဂါအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်သုဂတော သုဂတဓာနံသံလွင်မြစ်မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများဧရာဝတီမြစ်ဥဩမောင်ကျောက်ချဉ်ယာဘကာကွယ်ရေးဝန်ကြီးဌာနတနင်္သာရီတိုင်းဒေသကြီးဇီဝဇိုးငှက်ရှင်သီဝလိဂါထာဟင်နရီဗန်ထီးယူဘဲမြောင်းမြမြို့သက်ရှိခြင်းလုံး ကစားခြင်းလင်ခန်းမယားခန်း ပြတ်စဲခြင်းတိုင်းစစ်ဌာနချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘူတန်နိုင်ငံသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကြေးမုံ သတင်းစာအစာအိမ်ဖိလစ်ပိုင်နိုင်ငံဂေါတမဗုဒ္ဓပြည်မြို့ရခိုင်ပြည်တပ်မတော်ချဉ်ပေါင်တွံတေးသိန်းတန်ရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်မေတ္တသုတ်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကျင်ဒွေးမြို့မြန်မာနိုင်ငံ၏ လူဦးရေယူနိုက်တက်ကင်းဒမ်းနိုင်ငံရွှေစာရံ စေတီတော် (မန္တလေး)ခါကာဘိုရာဇီမြန်မာနိုင်ငံ၏ အမည်များဘင်္ဂလားဒေ့ရှ်နိုင်ငံမန္တလေးတိုင်းဒေသကြီးအင်္ဂလိပ်-မြန်မာ စစ်ပွဲများငှက်ရိုဟင်ဂျာလိင်ဆက်ဆံခြင်း၃၁-ဘုံရှမ်းလူမျိုးသဗ္ဗညုဘုရား(ပုဂံ)🡆 More