ချဉ်ပေါင်

ချဉ်ပေါင် သည် (Malvaceae) မျိုးရင်းတွင် ပါဝင်သည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုး နိုင်သည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ ဖြစ်သည်။ ချဉ်ပေါင်ပင်ကို အမျိုးအစားလိုက်၍ ရုက္ခဗေဒအရ အမည် အမျိုးမျိုးဖြင့် ခေါ်၏။ ချဉ်ပေါင်ကြီး၊ လျှော်ချဉ်ပေါင်၊ ဓာတ်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ချဉ်ပေါင်ခါး၊ ချဥ်ပေါင်၀က်မာ တို့သည် ဟိုင်ဗစ္စကပ် (Hibiscus)မျိုးစုတွင် ပါသည်။ ယင်းမျိုးစုကို အင်္ဂလိပ်လို ဒက်ကန်လျှော်(Deccan hemp)ဟု ခေါ်သည်။ ချဉ်ပေါင်ရိုင်းကို (Hibiscus lunariifolius)ဟူ၍လည်းကောင်း၊ ချဥ်ပေါင်ကြမ်းကို (Hibiscus acetosella) ဟူ၍လည်းကောင်း၊ တောချဉ်ပေါင်ကို (Hibiscus hispidissimus)ဟူ၍လည်းကောင်း၊ ချဥ်ပေါင်၀က်မာကို (Hibiscus surattensis) ဟု ခေါ်၏။ ချဉ်ပေါင်ခါး ကို (Hibiscus cannabinus)၊ ချဥ်ပေါင်နီပင် ကို(Hibiscus sabdariffa)ဟုခေါ်၍ အင်္ဂလိပ်လို (roselle) ဟုခေါ်သည်။

ချဉ်ပေါင်ပင် (Roselle)
ချဉ်ပေါင်
နယူးယောက်ပြည်နယ်BronxWave Hillတွင် ၂၀၁၄-ခုနှစ်မှ အရွက်၊ ပန်း၊ အဖူးနှင့် အနီရောင် ပွင့်ပပ်များ တွေ့ရသော ချဉ်ပေါင်ပင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malvales
မျိုးရင်း: Malvaceae
မျိုးရင်းသေး: Malvoideae
မျိုးဇာတ်: Hibisceae
မျိုးစု: Hibiscus
မျိုးစိတ်:
H. sabdariffa
ဒွိနာမ
Hibiscus sabdariffa
Synonyms
ချဉ်ပေါင်
ချဉ်ပေါင်ပင်၏ အရွက်နှင့် အဖူးများကို မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးကြသည်။

ချဉ်ပေါင်ကို အိမ်သုံးအတွက် ခြံတွင်း၌ စိုက်သည့်အခါ မျိုးစေ့ကို အခင်းတွင် ဤကဲ့သို့ သာမန်စိုက်၍ စားသုံးတတ်သည်။ သို့သော် ကျနသောနည်းမှာ ချဉ်ပေါင်မျိုးစေ့များကို ပျိုးခင်းတွင် စိုက်ပျိုးရသည်။ အပင်ကလေးများသည် ၄ လက်မ သို့မဟုတ် ၅ လက်မ မြင့်လာသောအခါ ယင်းတို့ကို မြေဩဇာ ကောင်းမွန်သည့်မြေတွင် တစ်ပင်နှင့်တစ်ပင် ၃ ပေစီ ခွာ၍ စိုက်ပျိုးသင့်၏။ လျှော်အတွက် စိုက်သည့်လျှော်ချဉ်ပေါင်ကိုမူ ခပ်ထူထူ စိုက်မှသာလျှင် အကိုင်းနည်းနည်းဖြာထွက်နိုင်၍ အပင်ရှည်ရှည်ရမည်။

ချဉ်ပေါင်ပင်သည် တစ်လကြာသောအခါ၊ ၂ ပေမျှ မြင့် လာသည်။ ထိုအခါ အပေါ်ပိုင်းရှိ အရွက်များကို ချက်ပြုတ် စားရန် ဆွတ်ခူးနိုင်သည်။ ဧပြီလလောက်တွင် စိုက်သော ချဉ်ပေါင်ပင်သည် အောက်တိုဘာလတွင် အပွင့်ပွင့်သည်။ မျိုးစေ့အတွက် ထားလိုသော အပင်များကိုသာ စက်တင်ဘာလ လွန်သည်အထိ ထားသင့်သည်။ ဆောင်းဥတုတွင်ပေါက်သော ချဉ်ပေါင်ပင်များသည် နေထိများ၍ ၁၂ လက်မအထိ မမြင့်မီ အပွင့်ပွင့် သောကြောင့် သုန်ဖျင်းကြသည်။

ပန်းချဉ်ပေါင်ဟူ၍ မြန်မာများခေါ်နေသည့်အပင်မှာ ချဉ်ပေါင်မျိုးမဟုတ်ပေ။ စားသုံးရသည့်အပင်လည်း မဟုတ်ပေ။ ပန်းချဉ်ပေါင်သည် မလေဗေစီအီး မျိုးရင်းတွင်ပါသော်လည်း ချဉ်ပေါင်နှင့် မျိုးစုချင်းမတူပေ။ အောသီယာရိုဇိယာ(Althaea rosea; ယခုအခါတွင် Alcea rosea)မျိုးဖြစ်၍ အင်္ဂလိပ်လို ဟော်လီဟော့(hollyhock)ဟု ခေါ်သည်။

ချဉ်ပေါင်ပင်ကို ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ဗမာချဉ်ပေါင် သုံးမျိုးခွဲထားသည်။ ပေါက်ရောက်ပုံချင်း အကုန်တူသည်။ ကွဲပြားမှုက အရွက်ပုံစံ၊ အရသာဖြစ်သည်။

စားလို့ရတယ် ဆေးဖက်ဝင်တယ်

ချဉ်ပေါင်နီရွက် နွားသားဖက် ကျိုချက်သောက်သုံးကြ စမ်းရေပမာနို့ထွက်လာ လင်ပါကူသောက်ရ၊

ဘိလပ်ချဉ်ပေါင်ပင်

ဘိလပ်ချဉ်ပေါင်သည် အရွက်က လက်ဝါးပုံစံဖြစ်သည်။ နည်းနည်းဖန်သော အရသာရှိသည်။

ချဉ်ပေါင်လက်ခြား

ချဉ်ပေါင်လက်ခြားသည် အရွက်က ချွန်ချွန်လေး သုံးခွပါသည်။ အချဉ် အရသာ ကောင်းပြီး မဖန်ပါ။ အရွက်ကိုတော့ ငရုတ်သီး စိမ်း၊ ပုဇွန်ခြောက်တို့နှင့် ကြော်စားလျင် အရမ်းကောင်း၏။ ချဉ်ရည်ချက်သည့် အခါမှာ ချဉ်ပေါင်လက်ခြားကို အသုံးပြုပါသည်။ ချဉ်ပေါင်လက်ခြား မရှိတော့မှ ဘိလပ်ချဉ်ပေါင်၊ ဗမာချဉ်ပေါင်ရွက်တို့ကို သုံးသည်။ “ချဉ်ပေါင်လက်ခြား ကြက်သားနဲ့မလဲနိုင်”ဟု ဆိုရိုးစကား ရှိခဲ့သည်။ ထိုချဉ်ပေါင်ကို ရွှေဘိုချဉ်ပေါင်ဟုလည်း ခေါ်ပါသေးသည်။

ကိုးကား

အခြားကြည့်ရန်

Tags:

ချဉ်ပေါင် ဘိလပ်ပင်ချဉ်ပေါင် လက်ခြားချဉ်ပေါင် ကိုးကားချဉ်ပေါင် အခြားကြည့်ရန်ချဉ်ပေါင်en:Hibiscusen:Hibiscus acetosellaen:Hibiscus hispidissimusen:Hibiscus surattensisen:Kenafen:Roselle (plant)species:Hibiscus lunariifoliusspecies:Malvaceaeအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

သဗ္ဗေ သတ္တာ ကမ္မသကာရန်ကုန်တိုင်းစစ်ဌာနချုပ်ဆော်ဒီအာရေဗျနိုင်ငံမင်းသိင်္ခသီရိလင်္ကာနိုင်ငံဗုဒ္ဓဘာသာတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)စစ်ကိုင်းတိုင်းဒေသကြီးမြဘုရားမြန်မာနိုင်ငံငါးခူအင်းလေးကန်ဆောင်ခရမ် အားလပ်ရက်ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်လက်ဖက်ထိုင်းနိုင်ငံ၏ ပြည်နယ်များတရားဂုဏ်တော်ကုသိုလ်ကမ္မပထ တရား ဆယ်ပါးကလောမြို့မကွေးမြို့မထိုးသွင်းသော လိင်ဆက်ဆံခြင်းတောင်ငူမြို့ဗောဇ္ဈင်ခုနစ်ပါးနာဂစ်မုန်တိုင်းသွေးဆိပ်ကြီးခနောင်တိုမြို့နယ်မှ နာမည်ကြီး လူလိမ်နှင်းယုလှိုင်သရက်ကုန်းရွာ၊ နောင်ချိုမြို့နယ်အကျဉ်းဦးစီးဌာနဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်ဂျပန်နိုင်ငံအချစ်ထားဝယ်မြို့နေခြည်ဦးငရဲလိင်ဆက်ဆံခြင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)စစ်ဦးစီးတက္ကသိုလ်အိုမန်နိုင်ငံဒုက္ခနတ်ပင့်ဂါထာမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ယူဇနာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသမုဒ္ဒရာမြန်မာ့တပ်မတော် သမိုင်းကြောင်းအောင်ခြင်း ၈ ပါးမြန်မာအဘိဓာန်ဗဟိုစာမျက်နှာစုဖုရားလတ်ငါးရာငါးဆယ်ဇာတ်တော်များစာရင်းငါးမန်းသမ္မာကျမ်းစာဆာမူရိုင်းရခိုင်ဘာသာစကားသင်္ဃန်းညီနောင်ရွာ၊ မြဝတီမြို့နယ်တောင်တွင်းကြီးမြို့သိန်းစိန် (နိုင်ငံတော်သမ္မတ)ခြင်းလုံး ကစားခြင်းအပျိုမြှေးမနူဟာဘုရားအနာဂါမ်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းအောင်လဒူဘိုင်းမြို့အင်္ဂလန်နိုင်ငံအီဂျစ်နိုင်ငံအာဇာနည်နေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလွှမ်းပိုင်လားရှိုးမြို့မှော်ပညာအမျိုးသမီးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရှင်စောပု🡆 More