ပတ္တမြား

ပတ္တမြားသည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏ အရောင်သည် အများအားဖြင့် အနီရောင်ဖြစ်သည်။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဖိုးကြီးလေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသမှ အများဆုံး ထွက်ရှိသည်။ ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။

ပတ္တမြား
ပတ္တမြား
A ruby crystal from Dodoma Region, Tanzania
ယေဘုယျ
ကဏ္ဍOxide mineral variety
ဖော်မျူလာ
(repeating unit)
en:aluminium oxide with ခရိုမီယမ်, Al2O3:Cr
ပုံဆောင်ခဲ စနစ်တြိပုံဆောင်
Crystal classHexagonal scalenohedral (3m)
H-M symbol: (3 2/m)
Space groupR3c
ခွဲခြားသတ်မှတ်ခြင်း
ColourOrangy red through strongly purplish red.
Crystal habitTerminated tabular hexagonal prisms
CleavageNo true cleavage
FractureConchoidal, splintery
TenacityBrittle
Mohs scale hardness9.0
LusterSubadamantine, vitreous, pearly (on partings)
StreakWhite
DiaphaneityTransparent, translucent
Specific gravity3.97–4.05
Optical propertiesUniaxial/−
Refractive indexnω=1.768–1.772
nε=1.760–1.763
Birefringence0.008 to 0.010
PleochroismStrong: purplish-red – orangy-red
Dispersion0.018
ခရမ်းလွန်ရောင်ခြည် fluorescenceRed under longwave
Common impuritiesCr. (sometimes :Ti, Fe)
ကိုးကား
ပတ္တမြား
ပတ္တမြား
ပတ္တမြား
ပတ္တမြား

ဓာတုဗေဒဖွဲ့စည်းမှု

ဓာတုဗေဒအရ ပတ္တမြားနှင့် နီလာသည် အလူမီနီယံအက်တမ် ၃ခုနှင့် အောက်စီဂျင်အက်တမ်၂ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ကိုရမ်ဒမ် (Al2O3) ဒြပ်ပေါင်းသာဖြစ်သည်။ ထိုဒြပ်ပေါင်းအတွင်းသို့ ခရိုမီယံ ဒြပ်စင်အနည်းငယ်ပါဝင်သောကြောင့် အနီရောင်အဖြစ် အရောင်ရှိနေရခြင်း ဖြစ်သည်။ ပုံဆောင်စနစ်မှာ တြိဂုဏ်စနစ်ဖြစ်ပြီး ရောင်လက်အားဖြင့် ဖန်ရောင်လက်ဖြစ်သည်။ မာဆင့်မှာ ၉ ရှိပြီး သဘာဝတွင်းထွက်များအနက် စိန်ပြီးလျှင် အမာဆုံးတွင်းထွက်ဖြစ်သည်။


ပတ္တမြား အရည်အသွေးများ

  1. လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
  2. ငရှဉ့်သွေးရည် ငရှဉ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
  3. ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။
  4. ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။
  5. သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။
  6. ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  7. ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  8. ကျောက်တိမ်းရည် အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  9. အရည်ကျ အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  10. ပန်းရည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  11. ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  12. ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  13. ထုံးခြောက်ရည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
  14. ကတ္တီပါရည် ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။ (နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။)

ပတ္တမြား ဂေါ်ကြိုး(Star Ruby )

ပတ္တမြား၏ ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော ရူတိုင်းအောင်းဝင်များကြောင့်ဖြစ်သည်။

ပတ္တမြားအတု

တန်ဖိုးကြီးလူကြိုက်များသောကြောင့် ပတ္တမြားကို အတုဖန်တီးကာ လိမ်လည်ရောင်းချခြင်းမှာလည်း ပေါ်ပေါက်လာရသည်။ ပတ္တမြားအတုပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ:ပတ္တမြားနှင့်ဆင်တူသော အခြားတွင်းထွက်ကျောက်မျက် (ဥပမာ- ပတ္တမြားနီးပါးလှပသည့် အညံ့ပန်း)ဖြစ်ပြီး၊ ထိုကဲ့သို့သော ကျောက်မျက်များကို ဆင်တူရိုးမှားဟုသတ်မှတ်ပြီး ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ခွဲခြားနိုင်ပေသည်။

ဒုတိယတစ်မျိုးမှာ : လူတို့၏အားထုတ်မှုဖြင့် ပတ္တမြား၏ ဓာတုဒြပ်ပေါင်းဖြစ်သည့် ကိုရိုဒမ်ဒြပ်ပေါင်းအား ကျိုချက်ကာ တစ်စက်ခြင်းပုံလောင်းအအေးခံခြင်းအားဖြင့် ရရှိလာသည့် ချက်ကျောက်အမျိုးအစားဖြစ်ပေသည်။ ၎င်းကို ဈေးကွက်အတွင်းတွင် ချက်ကျောက် ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။ အဆိုပါ ချက်ကျောက်များအား ဆယ်ဆချဲ့မှန်ဘီလူးဖြင့်သော်လည်းကောင်း ဓာတ်ခွဲခန်းသုံး အဏုကြည့်မှန်ဘီလူးဖြင့်သော်လည်းကောင်း ကောင်းစွာစစ်ဆေးကြည့်လျှင် အအေးခံအစက်ချသည့် အလွှာအလိုက် လိုင်းကြောင်း(မျဉ်းကွေး)များအထပ်ထပ်တွေ့ရှိခြင်းဖြင့် ချက်ကျောက်(အတု) ဖြစ်ကြောင်းကို သိရှိနိုင်သည်။

ကျမ်းကိုး

Tags:

ပတ္တမြား ဓာတုဗေဒဖွဲ့စည်းမှုပတ္တမြား ဂေါ်ကြိုး(Star Ruby )ပတ္တမြား အတုပတ္တမြား ကျမ်းကိုးပတ္တမြား

🔥 Trending searches on Wiki မြန်မာဘာသာ:

မန္တလေး နန်းတော်အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကိုင်းမြို့အဏ္ဏဝါဗေဒဥဩတပ်မဟာ၉၉၉ငါးလိပ်ကျောက်မိုးကုတ်မြို့ကယန်းလူမျိုးတောင်ကိုရီးယားနိုင်ငံကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးဘင်္ဂလားဒေ့ရှ်နိုင်ငံတီဘီရောဂါနေ့နံမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များကာကွယ်ရေးဦးစီးချုပ်(ကြည်း)သဗ္ဗညုဘုရား(ပုဂံ)ဦးနှောက်အမြှေးရောင် ရောဂါညစ်ညမ်းခြင်းများစစ်ပွဲဘဲအရှေ့တောင်တိုင်းစစ်ဌာနချုပ်ထားဝယ်မြို့ကောသလမင်း အိပ်မက် (၁၆)ချက်ရတုသိပ္ပံမောင်ဝရဝမ်ဒါနိုင်ငံအင်္ဂလိပ်-မြန်မာ စစ်ပွဲများဖွေးဖွေးသီတင်းကျွတ်ပွဲတော်သိကြားမင်းပြည်ထဲရေး ဝန်ကြီးဌာနဇာတ်ကြီးဆယ်ဘွဲ့မဂ္ဂင် ၈ ပါးမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမဟာဗန္ဓုလအိမ်တယ်လီဂရမ် (ဆော့ဖ်ဝဲ)သရပါတံခါးဘိုးဘိုးအောင်အိမ်စောင့်အစိုးရ (၂၀၂၁)တင်အောင်စန်းဟံသာဝတီမင်္ဂလသုတ်စွယ်တော်ပင်နောင်ချိုမြို့နယ်တပ်မတော်တရုတ်သိဒ္ဓတ္ထမင်းသားကြွက်နို့ဘိန်းဂရိနိုင်ငံမြန်မာ့ပြည်တွင်းပဋိပက္ခများမှော်ပညာအဆိပ်မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများပျားအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမူဆယ်မြို့ရာသီအလိုက်ပွင့်သောပန်းများရေသည်ပြဇာတ်ကိလေသာမြဝတီမြို့ဖားကန့်မြို့နယ်ပိုးကြာဖြူခင်မြန်မာဇာတ်သဘင်ဘုရားကျွန်းနက်အောင်လင်းဒွေးအဖြူဆင်းခြင်းသံလွင်မြစ်မှန်လုံအိမ်ဓာတ်ငွေ့သန်လျင်မြို့🡆 More