ဒြပ်စင်

ဒြပ်စင် (အင်္ဂလိပ်: element)ဆိုသည်မှာ တစ်မျိုးတည်းသောအက်တမ်များ စုဖွဲ့၍ ဖြစ်ပေါ်သော ဒြပ်သားစု ဖြစ်သည်။ ဓာတုဗေဒ နည်းလမ်းအရမူ ဒြပ်စင်တို့သည် နောက်ထပ် မခွဲစိတ်နိုင်တော့သည့် ဒြပ်သားစုများ ဖြစ်ကာ အသေးငယ်ဆုံးသော အပိုင်းက အက်တမ်ဖြစ်သည်။

ဒြပ်စင်
ဒြပ်စင်အလှည့်ကျဇယား

ဒြပ်စင်တွင် အက်တမ်တမျိုးတည်းသာ ပါဝင်ပြီး ဒြပ်စင်တမျိုး၏ အက်တမ်ရှိ ပရိုတွန် အရေအတွက်ကို အက်တမ်အမှတ်စဉ် (Atomic Number) ဟု ခေါ်သည်။ ဥပမာအားဖြင့် အက်တမ်ဗဟိုဆံ၌ ပရိုတွန် ၆ ခုပါဝင်သည့် အက်တမ်များမှာ ကာဗွန်ဒြပ်စင်၏ အက်တမ် ဖြစ်ပြီး ပရိုတွန် ၉၂ ခုပါဝင်သည့် အက်တမ်များမှာ ယူရေနီယမ် ဖြစ်သည်။ သို့ဖြင့် ကာဗွန်၏ အက်တမ်အမှတ်စဉ်မှာ ၆၊ ယူရေနီယမ်၏ အက်တမ်အမှတ်စဉ်မှာ ၉၂ အသီးသီး ဖြစ်သည်။ လက်ရှိဓာတုဗေဒတွင် ဒြပ်စင် အမျိုးအစားပေါင်း ၁၁၈ မျိုးကို တွေ့ရှိထားပြီး ယင်းတို့အနက် ဒြပ်စင်အမျိုး ၉၈ ကို သဘာဝဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ အခြားဒြပ်စင်များကိုမူ ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်သည်။ သိပ္ပံပညာရှင်များ ဓာတ်ခွဲခန်းအတွင်း ၁၉၃၇ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းယူခဲ့သည့် ဒြပ်စင်မှာ တက္ကနက်တီယမ်ဖြစ်ပြီး လူလုပ်ဒြပ်စင်များသည် ရေဒီယိုသတ္တိကြွသတ္တုများဖြစ်ကာ တည်ငြိမ်မှုမရှိပါ။

ဒြပ်စင်များကို ဒြပ်စင်အလှည့်ကျဇယား (periodic table) တွင် စီစဉ်ထည့်သွင်းထားသည်။ ဒြပ်စင်တမျိုး၏ အက်တမ် နျူကလိယအတွင်း နျူထရွန်အရေအတွက် ကွဲပြားပါက ၎င်းတို့အား အိုင်ဆိုတုပ်များဟု ခေါ်သည်။ ဒြပ်စင်တမျိုးစီအတွက် ဓာတုသင်္ကေတ တခုစီ သတ်မှတ်ထားသည်။ ဤသင်္ကေတများမှာ ယင်းတို့၏ အင်္ဂလိပ် သို့မဟုတ် လက်တင် အမည်များ၏ အတိုကောက်ဖြစ်သည်။ (ဥပမာ ကာဗွန်အတွက် 'C'၊ ဆိုဒီယမ်အတွက် လက်တင်အမည် Natrium ၏ အတိုကောက်'Na' ဟု သတ်မှတ်ထားသည်။) ဒြပ်စင်များသည် ဒြပ်ပေါင်းများအဖြစ် ပေါင်းစည်း (ဓာတ်ပြု) နိုင်သည်။ (ဥပမာ ရေဆား၊ အောက်ဆိုဒ်ဒြပ်ပေါင်းများနှင့် အော်ဂင်းနစ်ဒြပ်ပေါင်းများ)။ ယေဘုယျအားဖြင့် ယင်းဒြပ်ပေါင်းများသည် မိမိတို့၏ သီးခြားဖွဲ့စည်းပုံနှင့် ဓာတ်သတ္တိ၊ ရုပ်သတ္တိများ ရှိကြသည်။

အမျိုးအစားခွဲခြားခြင်း

ဒြပ်စင်များအား ၎င်းတို့၏ ရုပ်ဖြစ်တည်မှု အခြေအနေကို မူတည်ကာ ပိုင်းခြားနိုင်သည်။ သာမန် အခန်းအပူချိန်နှင့် သာမန် လေဖိအားအောက်တွင် ဒြပ်စင်အများစုသည် အစိုင်အခဲများ ဖြစ်ကြသည်။ ဒြပ်စင် ၂ မျိုးသာ အရည်ဖြစ်ပြီး အငွေ့အဖြစ် တည်ရှိသည့် ဒြပ်စင်မှာ ၁၁ မျိုးသာရှိသည်။ ဒြပ်စင်များကိုလည်း သတ္တုနှင့် သတ္တုမဟုတ်သည့် ဒြပ်စင်ဟု ခွဲခြားနိုင်သေးသည်။ သတ္တုမဟုတ်သည့်ဒြပ်စင်ထက် သတ္တုဒြပ်စင်က ပိုများသည်။ သို့သော်လည်း အချို့ဒြပ်စင်များသည် သတ္တုဆန်သော သတ္တိ နှင့် သတ္တုမဟုတ်သည့် သတ္တိနှစ်မျိုးစလုံး ပိုင်ဆိုင်တတ်သည်။ ၎င်းတို့ကို သတ္တုယောင် (en:metalloid) ဟု ခေါ်ကြသည်။

ကိုးကား

Tags:

ဒြပ်ဓာတုဗေဒအက်တမ်အင်္ဂလိပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆိုရှယ်လစ်ဝါဒမြန်မာနိုင်ငံရှိ မြို့များကာဇက်စတန်နိုင်ငံအပြင် ၃၇ မင်းပရိတ်ကြီး ၁၁ သုတ်မြစ်ကြီးနားမြို့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တာချီလိတ်မြို့ကျောက်ကပ်ရောင်ရောဂါအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပုလွေမှုတ်ခြင်းဘုရားဂုဏ်တော်စရိုက်အမျိုးသားစာပေဆုရစာအုပ်စာရင်းငွေ (သတ္တု)မြန်မာနိုင်ငံရှိ ပွဲတော်များသိန်းစိန် (နိုင်ငံတော်သမ္မတ)မြန်မာ့စွယ်စုံကျမ်းနက္ခတ် ၂၇ လုံးမြန်မာပိတောက်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)မြန်မာနိုင်ငံ၏ ရွာများမော်စကိုမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သူငယ်နာကပ်ချင်းတွင်းမြစ်နဝရတ် ကိုးပါးဆိုရိုးစကားအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသပရိမိတ္တဇာလသုတ်ဂေါတမဗုဒ္ဓရာသီအလိုက်ပွင့်သောပန်းများမွန်ဘာသာစကားဖေ့စ်ဘွတ်ခ်တနင်္သာရီမြို့တိုင်းစစ်ဌာနချုပ်သဇင်ပန်းသက္ကရာဇ်ပအိုဝ်းလူမျိုးယူနိုက်တက်ကင်းဒမ်းနိုင်ငံရိုဟင်ဂျာမြန်မာစာပေမောရသုတ်စီးပွားရေးဟင်္သာတထွန်းရင်မြန်မာဘာသာစကားရေဘဝဲမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဝ လူမျိုးအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးကီလိုမီတာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်လယ်တွင်းသား စောချစ်စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များပဲခူးမြို့ဗလာဒီမီယာ ပူတင်မေတ္တေယျဘုရားသိဒ္ဓတ္ထမင်းသားရွှေစည်းခုံ စေတီတော် (ပုဂံ)လများ (အချိန်အတိုင်းအတာ)မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအင်ဒိုနီးရှားနိုင်ငံစေတသိက်ဗဟိုစာမျက်နှာခြင်းလုံး ကစားခြင်းသရေခေတ္တရာကိုးကန့်လူမျိုးသန်လျင်မြို့ရမည်းသင်းမြို့စမူဆာနွားဝတ်မှုန်ရွှေရည်ပထမ ကမ္ဘာစစ်🡆 More