ကျောရိုးမဲ့သတ္တဝါ

ကျောရိုးမဲ့သတ္တဝါ (Invertebrates) ဆိုသည်မှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွင် ကျောရိုးဆစ်တွဲ (Vertebral Column) မပါရှိသော (သို့) အရိုးပျော့ချောင်း (Notochord) မှ ကျောရိုးဆစ်တွဲ အဖြစ်သို့ ဖွံဖြိုးပြောင်းလဲလာခြင်းမရှိသည့် တိရစ္ဆာန်များအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ကျောရိုးဆစ်တွဲ (Vertebral Column) ဆိုသည်မှာ လူအများစု သုံးနှုန်းလေ့ရှိသည် ကျောရိုးမကြီး (သို့) ငါးများ၏ ကျောရိုးဆူးတောင် အား ဆိုလိုခြင်းဖြစ်သည်။ ၎င်းကျောရိုးမဲ့ သတ္တဝါ အစုအဖွဲ့တွင် မျိုးပေါင်းစုအခွဲဖြစ်သော ကျောရိုးရှိ သတ္တဝါ (Vertebrata) မှလွဲ၍ ကျန်တိရစ္ဆာန် အားလုံးပါဝင်သည်။ လူအများစုနှင့် အကျွမ်းတဝင်ရှိသော ကျောရိုးမဲ့ သတ္တဝါများမှာ အာ့သရိုပေါ့ဒ် အုပ်စုဝင်များ (အင်းဆက်များ ၊ ပင့်ကူများ၊ ခရက်စတေးရှန်းများ နှင့် မီရီယာပေါ့ဒ်များ)၊ ခရုမျိုးအုပ်စုဝင်များ ( ချီတွန်များ၊ ခရုများ၊ ကမာများ၊ ပြည်ကြီးငါးများ နှင့် ရေဘဝဲများ) အန္နဲလစ်ဒ် အုပ်စုဝင်များ (တီကောင်များနှင့် ကျွတ်များ) နှင့် နိုက်ဒဲရီးယား အုပ်စုဝင်များ (ဟိုင်ဒြာများ၊ ရေခူများ၊ ပင်လယ် အနီမိုနီ နှင့် သန္တာကောင်များ) စသည်တို့ပါဝင်သည်။

ကျောရိုးမဲ့သတ္တဝါ
Temporal range: Cryogenian to Present, 665–0 Ma
Pha.
Proterozoic
Archean
Had'n
Diversity of various invertebrates from different phyla
Examples of invertebrates from different phyla; clockwise from top-left: Chrysaora fuscescens (a cnidarian), Drosophila melanogaster (a arthropod), Caribbean reef squid (a mollusk), and Hirudo medicinalis (a annelid).
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
(unranked): Filozoa
လောက: Animalia
အုပ်စုများ ပါဝင်သည်
  • ကျောရိုးရှိသတ္တဝါ မျိုးပေါင်းစုခွဲထဲတွင်မပါဝင်သော အောက်ပါကဲ့သို့ ကျန်တိရစ္ဆာန်များအားလုံး :

တိရစ္ဆာန် မျိုးစိတ် အများစုသည် ကျောရိုးမဲ့သတ္တဝါ မျိုးစိတ်များဖြစ်သည် (ဖော်ပြခဲ့ဖူးသည့် ခန့်မှန်း အရေအတွက် ကိန်းဂဏန်းမှာ မျိုးစိတ် စုစုပေါင်း အရေအတွက်၏ ၉၇ ရာခိုင်နှုန်းအထိ ရှိသည်ဟု သိရသည်)။ ကျောရိုးမဲ့သတ္တဝါ တက်ဆာ(Taxa) တစ်ခုတွင် ပါဝင်သော မျိုးစိတ် အရေအတွက်နှင့် မျိုးကွဲအရေအတွက် နှစ်ခုလုံးသည် ကျောရိုးရှိသတ္တဝါ မျိုးပေါင်းစုခွဲ တစ်ခု၌ ပါဝင်သည့် အရေအတွက်ထက်ပင် ပိုများသည်ဟု ဆိုသည်။ ကျောရိုးမဲ့သတ္တဝါများ၏ ကိုယ်ခန္ဓာအရွယ်အစားသည် ၅၀ မိုက္ကရို (မြူ) မီတာ (၀.၀၀၂ လက်မ) အရွယ် ရိုတစ်ဖါစ် ဆိုသော အဏုဇီဝ မှသည် ၁၀ မီတာခန့် (၃၀~၃၃ လက်မ)အရွယ် ဧရာမ ပြည်ကြီးငါး အထိ အရွယ်အစားအမျိုးစုံကွဲပြားသည်။

ကျောရိုးမဲ့သတ္တဝါဟူ၍ပင် သတ်မှတ်ခေါ်ဆိုနေကြသော တူနီကတ္တာ (Tunicata) နှင့် ဆက်ဖလိုကော်ဒတ္တာ (Cephalochordata) ကဲ့သို့ အချို့သောတိရစ္ဆာန်များမှာ အခြားသော ကျောရိုးမဲ့သတ္တဝါများထက် ကျောရိုးရှိ သတ္တဝါများနှင့် အမျိုးအနွယ်ပို၍နီးစပ်ကြသည်။ ထိုအချက်သည် ကျောရိုးမဲ့သတ္တဝါများအား Paraphyletic အဖွဲ့များ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၎င်းစကားလုံး အသုံးအနှုန်းသည် Taxonomy တွင် အနည်းငယ်အဓိပ္ပာယ်ပိုသည်။

ဗျုပ္ပတ်

ကျောရိုးမဲ့သတ္တဝါဟူသောစကားလုံးသည် လက်တင်ဘာသာစကား invertebra မှဆင်းသက်လာခြင်းဖြစ်ပြီး၊ အဓိပ္ပါယ်မှာ ယျေဘူယျအားဖြင့် အဆစ်တစ်ခုမရှိခြင်း ဖြစ်ပြီး ကျောရိုးဆစ်တွဲ (သို့) ကျောရိုးဆစ်မရှိခြင်း ဟု အဓိပ္ပါယ်ရသည်။

ရှင်သန်နေဆဲ မျိုးစိတ် အရေအတွက်

ကျောရိုးမဲ့သတ္တဝါများထဲ၌ မျိုးစိတ် အရေအတွက် အများဆုံးမှာ အင်းဆက်များဖြစ်ကြသည်။ ၂၀၁၄ ခုနှစ်တွင် ခန့်မှန်းခဲ့သည့် IUCN ၏ ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ၏ အနီရောင်စာရင်းတွင် ဖော်ပြထားသော ကျောရိုးမဲ့သတ္တဝါ အဓိကအုပ်စုများအတွက် မျိုးစိတ် အရေအတွက်စာရင်းအား အောက်ပါဇယားတွင် စာရင်းပြုစုထားပါသည်။

ကျောရိုးမဲ့ အုပ်စု လက်တင်နာမည် ပုံ ဖော်ပြထားပြီး မျိုးစိတ်

ခန့်မှန်း အရေအတွက်

အင်းဆက်များ Insecta ကျောရိုးမဲ့သတ္တဝါ  ၁,၀၀၀,၀၀၀
ပင့်ကူကင်းမြီးကောက်ကင်းခြေများ Arachnida ကျောရိုးမဲ့သတ္တဝါ  ၁၀၂,၂၄၈
ကျိချွဲသတ္တဝါ Mollusca ကျောရိုးမဲ့သတ္တဝါ  ၈၅,၀၀၀
အခွံမာ ရေသတ္တဝါများ Crustacea ကျောရိုးမဲ့သတ္တဝါ  ၄၇,၀၀၀
သန္တာကောင် Anthozoa ကျောရိုးမဲ့သတ္တဝါ  ၂,၁၇၅
ကတ္တီပါ ပိုးများ Onychophora ကျောရိုးမဲ့သတ္တဝါ  ၁၆၅
မြင်းခွာကဏန်း Xiphosura ကျောရိုးမဲ့သတ္တဝါ 
အခြား

ရေခူ၊ echinoderms၊

ရေမြှုပ်များ၊ အခြားပိုးများ

- - ၆၈,၆၅၈
စုစုပေါင်း ~ ၁,၃၀၀,၀၀၀

IUCN ၏ ခန့်မှန်းချက်တွင် ဖော်ပြထားမှုမှာ ကျောရိုးရှိသတ္တဝါ မျိုးစိတ်အရေအတွက်သည် ၆၆,၁၇၈ ခုဖြစ်သည်။ ထိုအရေအတွက်၏ အဓိပ္ပါယ်မှာ ကမ္ဘာပေါ်တွင် လေ့လာတွေ့ရှိဖော်ပြထားပြီး တိရစ္ဆာန်မျိုးစိတ်အားလုံး၏ ၉၅% ကျော်သည် ကျောရိုးမဲ့သတ္တဝါများဖြစ်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

ကိုးကား


Tags:

ကင်းခြေများကနန်း (ရေသတ္တဝါ)ကမာကျောရိုးရှိသတ္တဝါကျွတ် (တိရစ္ဆာန်)ခရုမျိုးခြေဆစ်များ သတ္တဝါတိရစ္ဆာန်တီမျိုးပင့်ကူပင်လယ် အနီမိုနီပင်လယ်ရေခူပြည်ကြီးငါးရေဘဝဲဟိုင်ဒြာကောင်အင်းဆက်

🔥 Trending searches on Wiki မြန်မာဘာသာ:

စိတ်ပညာသာရိပုတ္တရာထေရ်မောင်ချောနွယ်Minecraftဖိုးချစ် (ဇာတ်မင်းသား)ဗားမဲ့ဆရာတော်သရပါတံခါးကလောမြို့နယ်ကွန်ပျူတာရေးမြို့တယ်လီဂရမ် (ဆော့ဖ်ဝဲ)မင်းတုန်းမင်းအိုလံပစ် အားကစားပွဲတော်ကချင်လွတ်မြောက်ရေးတပ်မတော်မြိတ်မြို့ဆင်ဖြူရှင်မင်းအရှေ့တောင်အာရှနိုင်ငံများအသင်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များတစ်လုတ်စားဖူး သူ့ကျေးဇူးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဦးသန့်ပြည်လမ်းစကားပုံသမိုင်းသင်္ဂဟဘွဲ့ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ် (၁၇-၁၂-၂၀၀၉ ပြဌာန်းချက်)ချင်းခွေးဗောဇ္ဈင်္ဂသုတ်ကသိုဏ်းနပိုလီယန်လောကနီတိစကားပြေဗီယက်နမ်စစ်ပွဲကိုရီးယားဘာသာစကားတရုတ်စံကားဗန်းစကားရခိုင်ပြည်တပ်မတော်ဝ လူမျိုးရှေးဦးသူနာပြုယူနိုက်တက်ကင်းဒမ်းနိုင်ငံဘီလူးဧချင်းမိန်းမ မျိုးပွားအင်္ဂါဦးနုပုသိမ်ထီးမြန်မာ ကာတွန်းရုပ်ရှင်မင်းကျင့်တရားပရိတ်ကြီး ၁၁ သုတ်မန်ကျည်းတောင်ကြီးမြို့သစ္စာတောင်ငူခေတ်လင်းသိုက်ညွန့် (မြန်မာ့မြေ)လျောင်းတော်မူ ဗုဒ္ဓသိဒ္ဓတ္ထမင်းသားရဲဘော်သုံးကျိပ်မြန်မာမိဖုရားများ စာရင်းမြို့ရွှေစည်းခုံ စေတီတော် (ပုဂံ)ရာမာယဏနဂါးမောက်သီးမဂ္ဂသစ္စာရန်ကုန်-မန္တလေး အမြန်လမ်းပိုက်သာဂိုရ သီအိုရမ်အရက်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းနာရီရှမ်းဘာသာစကားဝိဘတ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအလယ်ခေတ်အမာ၊ ဒေါ် (လူထု)မြန်မာကျပ်ငွေသမုဒယသစ္စာမြန်မာသဒ္ဒါမြင်းကပါ🡆 More