မြန်မာ့မြေ လင်းသိုက်ညွန့်

လင်းသိုက်ညွန့် (မြန်မာ့မြေ) သည် နာမည်ကျော် စာ​ရေးဆရာနှင့် ​ဟော​ပြောသူတစ်ဦးဖြစ်သည်။

လင်းသိုက်ညွန့် (မြန်မာ့မြေ)
မြန်မာ့မြေ လင်းသိုက်ညွန့်
၂၀၂၄ ခုနှစ် Job Fair တစ်ခုတွင် ဟောပြောနေစဉ်
မွေးဖွား (၁၉၈၆-၀၈-၂၈) ဩဂုတ် ၂၈၊ ၁၉၈၆ (အသက် ၃၇)
ရန်ကုန်
နိုင်ငံလူမျိုးမြန်မာ့မြေ လင်းသိုက်ညွန့် မြန်မာ
နိုင်ငံသားမြန်မာ
မိခင်ကျောင်း
အလုပ်အကိုင်
  • စာရေးဆရာ
  • ဟောပြောသူ
ဝက်ဘ်ဆိုဒ်mlonlineuni.com

ကိုယ်ရေးဖြစ်စဉ်

၂၈ ရက် ဩဂုတ်လ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အဖဦးစိုးအောင်၊ အမိဒေါ်သီသီသိုက်တို့မှ ဖွားမြင်သည်။ စာပေလောကသို့ နဝမတန်း၊ အသက် (၁၄) နှစ် အရွယ်တွင် စက်တင်ဘာလ ၂၀၀၀ ပြည့်နှစ်ထုတ် ဗြူတီ (Beauty) မဂ္ဂဇင်းတွင် ‘ကျွန်တော်အကြိုက်ဆုံး စာအုပ်တစ်အုပ်’ ဟူသော ဆောင်းပါးဖြင့် စတင် ဝင်ရောက်ခဲ့သည်။

စာပေရေးရာ

စာရေးသူအနေဖြင့် လုံးချင်းဝတ္ထု (၆) အုပ်၊ ဆောင်းပါးပေါင်းချုပ် (၁၂) အုပ် ထုတ်ဝေခဲ့ပြီး HR ဂျာနယ်၊ အလင်းတန်းဂျာနယ်၊ Hello Journal၊ Knowledge Bridge Magazine၊ Teen Magazine၊ ဆယ်ကျော်သက် မဂ္ဂဇင်း၊ Eternal Light Magazine တို့တွင် ဆောင်းပါး၊ ဝတ္ထုများ၊ လစဉ်၊ အပတ်စဉ် ရေးသားလျက်ရှိကာ ဆောင်းပါးပုဒ်ရေ (၁၀၀၀) ကျော်၊ ဝတ္ထုပုဒ်ရေ (၄၀) ကျော် ရေးပြီးဖြစ်သည်။

လင်းသိုက်ညွန့် (မြန်မာ့မြေ) သည် Myanmar’s Land Institute နှင့် ML Online Academy တို့၏ CEO နှင့်တည်ထောင်သူဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် London Business University ၏ ပညာရေးအကြံပေးအဖြစ်လုပ်ကိုင်နေပြီး ABE UK သင်ခန်းစာများလည်း ပို့ချလျက်ရှိသည်။

လင်းသိုက်ညွန့် (မြန်မာ့မြေ) သည်၂၀၁၂ ခုနှစ် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ လင်းသိုက်ညွန့် (မြန်မာ့မြေ)သည် နိုင်ငံအနှံ့ စာပေဟောပြောပွဲများဟောပြောခဲ့ပြီး ရုပ်သံနှင့် ရေဒီယိုတို့မှတဆင့် ဟောပြောမှုအစီအစဉ်များကို ထုတ်လွှင့်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

  • မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်း (၂၀၂၀)
  • တို့မြန်မာတွေအာရှကျားဖြစ်စေဖို့ (၂၀၁၈)
  • လူငယ်မန်နေဂျာလက်စွဲ (၂၀၁၈)
  • အောင်မြင်မှုသို့လမ်းမများ (၂၀၁၅)
  • အိုင်တီကဝေ (၂၀၁၅)

ရည်ညွှန်းကိုးကား

Tags:

မြန်မာ့မြေ လင်းသိုက်ညွန့် ကိုယ်ရေးဖြစ်စဉ်မြန်မာ့မြေ လင်းသိုက်ညွန့် စာပေရေးရာမြန်မာ့မြေ လင်းသိုက်ညွန့် ရေးသားထုတ်ဝေခဲ့သော စာအုပ်များမြန်မာ့မြေ လင်းသိုက်ညွန့် ရည်ညွှန်းကိုးကားမြန်မာ့မြေ လင်းသိုက်ညွန့်

🔥 Trending searches on Wiki မြန်မာဘာသာ:

နရသီဟပတေ့ဆယ်ပါးသီလပထမ ကမ္ဘာစစ်လိမ်လည်မှုရွှေတိဂုံစေတီတော်ကမ္ဘာဂြိုဟ်မကွေးတိုင်းဒေသကြီးပထဝီဝင်ကျွန်းနက်တနင်္သာရီတိုင်းဒေသကြီးနေကြတ်ခြင်း နှင့် လကြတ်ခြင်းလီဆာပေါက်ကျိုင်းအိန္ဒိယနိုင်ငံတကောင်းနတ်အာဖရိကကြယ်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်အိတ်ချ်အိုင်ဗွီ ရောဂါပိုးအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကရမက်မြန်မာနိုင်ငံ၏ သမ္မတရဲယိုပင်ဒိုင်နိုဆောနရသူ (ပုဂံ)အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနန်းမွေစံအလောင်းမင်းတရားမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ခင်ညွန့် (ဗိုလ်ချုပ်ကြီး)စတုမဟာရာဇ်နတ်မင်းကြီးလေးပါးထူးအိမ်သင်နတ်မင်းကြီးလေးပါးဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဒြပ်စင်ဘန်ကောက်မြို့ရာသီဥတုပြောင်းလဲမှုပေါက်ပန်းဖြူဂျပန်နိုင်ငံဧရာဝတီမြစ်မြန်မာ့သမိုင်းသီတဂူဆရာတော်အသောကမင်းစမ်းချောင်းမြို့နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဖော်ကာနီပေါနိုင်ငံမြန်မာ့ အစားအစာဗောဇ္ဈင်ခုနစ်ပါးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းမွန်ဘာသာစကားမုန့်လုံးရေပေါ်ဆိုင်းဝိုင်းမန္တလေးတိုင်းဒေသကြီးလှိုင်မြို့နယ်နယူတန်မျိုးကြီးလိင်တူစုံမက်ခြင်းဒါနခင်မောင်တိုးမြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မသာရိပုတ္တရာထေရ်ခင်ဝင့်ဝါသမ္ဗုဒ္ဓေစက်ဝိုင်းမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များသန်လျင် မင်းကျောင်းဆရာတော်ဝိပဿနာမွန်လူမျိုးစစ်ကိုင်းမြို့ဒီမိုကရေစီအောက်မြန်မာပြည်🡆 More