ကျောရိုးရှိသတ္တဝါ

Ossea Batsch, 1788

ကျောရိုးရှိသတ္တဝါ
Temporal range:
Cambrian Stage 3လက်ရှိ,
518–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
ကျောရိုးရှိသတ္တဝါ
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha).
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
Superphylum: Deuterostomia
မျိုးပေါင်းစု: Chordata
Clade: Olfactores
မျိုးပေါင်းစုသေး: Vertebrata
J-B. Lamarck, 1801
မျိုးပေါင်းစုငယ်
Synonyms

ကျောရိုးရှိသတ္တဝါ
(အင်္ဂလိပ်: Alligator, lit. 'အဲလစ်ဂိတ္တာ မိကျောင်း')

ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များငါးများကုန်းနေရေနေသတ္တဝါများတွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -

  1. ဦးနှောက်ခွံ။ ဦးနှောက်ခွံ (သို့) ဦးခေါင်းခွံအရိုးသည် ဦး နှောက်ကို ကာကွယ်ပေးထားသည်။
  2. ကျောရိုးဆစ်။ တွဲဆက်ထားသော အရိုးတိုလေးများဖြစ်သည့် တောင့်တင်းသော ကျောရိုးဆစ်များကို အဆက်များဖြင့် ခွဲခြားထားသည်။ ၎င်းကျောရိုးသည် အထဲ၌ရှိသော ကျောရိုး အာရုံကြောမကြီးအား ကာကွယ်ပေးသည်။ ကျောရိုးဆစ်များ အကြားရှိ အရိုးဆက်များကြောင့် ကျောရိုးအား ကွေးနိုင်ခြင်းဖြစ်သည်။
  3. အရိုးများ။ ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တစ်သျှူးများကို ထောက်ပံ့ကာကွယ်ပေးပြီး ကြွက်သားတွယ်ဆက်မှုအတွက် အမှတ်နေရာများ ပေးသည်။
  4. ပါးဟပ် (သို့) အရိုးကွေး။ ငါးများ၏ pharynx ၌ ပါးဟပ် အရိုးကွေး နှင့် အချို့ ကုန်းနေရေနေ သတ္တဝါများတွင် ပါးဟပ် ကို ထောက်ပံ့သည်။ ကျောရိုးရှိသတ္တဝါအများစုတွင် ပါးဟပ်အရိုးကွေးသည် မေးရိုး ကဲ့သို့ အခြားကိုယ်အင်္ဂါများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။

ထူးခြားချက်များ

ကျောရိုးရှိသတ္တဝါများသည် ပတ်ဝန်းကျင် အားလုံးနီးပါး၌ လွှမ်းမိုးသည်။ ၎င်းတို့သည် အဓိက ဂေဟစနစ် တစ်ခုစီတွင် အကြီးဆုံးသော တိရစ္ဆာန်များအနေဖြင့် ပါဝင်ကြသော်လည်း၊ အကြီးဆုံး သက်ရှိများ မဟုတ်ပေ(သက်ရှိအဖြစ် စဉ်းစားရာတွင် သစ်ပင်များကိုပါ ထည့်သွင်း သုံးသပ်သောကြောင့်ဖြစ်သည်)။ ၎င်းတို့သည် လိုက်လျောညီထွေနိုင်သည့် ခုခံအားစနစ် ရှိသည့် တစ်ခုတည်းသော တိရစ္ဆာန်များဖြစ်သည်။ ဤအချက်နှစ်ချက်သည် ဆက်စပ်နိုင်သည်။

ဇီဝမျိုးခွဲခြင်းနှင့် အမျိုးအစား

  • Subphylum Vertebrata
    • Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
      • Myxini
      • Hyperoartia (မီးအိမ်ငါး)
    • Conodonta
    • † Pteraspidomorphi
      • Thelodonti
      • Anaspida
      • Galeaspida
      • Pituriaspida
      • Osteostraci
    • Gnathostomata (မေးရိုးပါ ကျောရိုးရှိသတ္တဝါများ)
      • Placodermi (Paleozoic ကာလမှ အကြေးခွံအထပ်ပါ သတ္တဝါများ)
      • Chondrichthyes (အရိုးနုငါးများ)
      • Acanthodii (Paleozoic ကာလမှ ကျောရိုးရှိ ငါးမန်းများ)
      • Osteichthyes (အရိုးကြီးငါး)
        • Actinopterygii (ငါးလိပ်ကျောက် မြှီးရှည်)
        • Sarcopterygii (အမြှေးပါးငါး)
        • Coelacanthimorpha (coelacanths)
        • Dipnoi (အဆုတ်ငါး)
    • Tetrapoda (ခြေလေးချောင်း သတ္တဝါများ)
      • Amphibia (ကုန်းနေရေနေသတ္တဝါများ)
      • Amniota (ရေမြွှာဥများ)
        • Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
          • Lepidosauria (အိမ်မြှောင်များ၊ မြွေများနှင့် tuatara)
          • Testudines (လိပ်များ)
          • Archosauria (Archosaurs)
            • Crocodilia (မိကျောင်းမျိုးနွယ်များ)
            • Pterosauria (pterosaurs)၊
            • Dinosauria (ဒိုင်နိုဆောများ)
              • Aves (ငှက်များ)
        • Synapsida (နို့တိုက်သတ္တဝါကဲ့သို့ ခြေလေးချောင်းသတ္တဝါများ)
          • Mammalia (နို့တိုက်သတ္တဝါများ)

ဆက်စပ်စာမျက်နှာများ

ကိုးကား

အခြားဝက်ဘ်ဆိုက်များ

Tags:

ကျောရိုးရှိသတ္တဝါ ထူးခြားချက်များကျောရိုးရှိသတ္တဝါ ဇီဝမျိုးခွဲခြင်းနှင့် အမျိုးအစားကျောရိုးရှိသတ္တဝါ ဆက်စပ်စာမျက်နှာများကျောရိုးရှိသတ္တဝါ ကိုးကားကျောရိုးရှိသတ္တဝါ အခြားဝက်ဘ်ဆိုက်များကျောရိုးရှိသတ္တဝါ

🔥 Trending searches on Wiki မြန်မာဘာသာ:

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအင်္ဂလန်နိုင်ငံဝဆီရာဝိတ ဆီဝါရီခွေးရူးပြန်ရောဂါမော်လဒိုက်နိုင်ငံအာဋာနာဋိယသုတ်ကျောက်ချဉ်ဂဠုန်ဦးစောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝဇီရ၊ ဘိုးမဟာဘူတဒန့်သလွန်ပထဝီဝင်ဂျပန်နိုင်ငံယွန်းယွန်းအချိန်ဂျီသရီးရိုင်ဖယ်ဒိဋ္ဌိငါးပါးသီလဈာန်အစ္စလာမ်ဘာသာကိုရီးယားစစ်ပွဲအီရန်နိုင်ငံဓမ္မစေတီခေါင်းလောင်းကြီးအချစ်ပြည်သူ့ခုခံတော်လှန်စစ်သစ္စာယာဘပရိတ်ကြီး ၁၁ သုတ်ဘာသာတရားကမ္ဘောဒီးယားနိုင်ငံပုလွေမှုတ်ခြင်းလေဖိအားတိုင်း ကိရိယာမုန့်လုံးရေပေါ်ဗိဿနိုးမြို့ဟောင်းတြိဂံဒေသတိုင်းစစ်ဌာနချုပ်အစ္စရေးနိုင်ငံစိန်လင်းသိုက်ညွန့် (မြန်မာ့မြေ)ပွေး(ရောဂါ)နိဝရဏတရားငါးပါးချင်းလူမျိုးသွေးအုပ်စုသီလမြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုးနယ်ခြားစောင့်တပ်ဖွဲ့မယ်လိုဒီပင်းယမြို့မေသန်းနုမဇ္ဈိမ သတင်းဌာနမဟာရဋ္ဌသာရ၊ သျှင်တပ်မတော် (ကြည်း)အားသောမတ်စ် ဂျက်ဖာဆင်ပအိုဝ်းလူမျိုးထိုင်းတော်ဝင်တပ်မတော်ဟင်နရီဗန်ထီးယူဘုရားဂုဏ်တော်မဟာဂီရိနတ်စစ်ဦးစီးတက္ကသိုလ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မြန်မာနိုင်ငံ၏ လူဦးရေမိုးကုတ်မြို့နယ်ကိုယ်ဝန်ဖျက်ချခြင်းအီဂျစ်နိုင်ငံမြေပုံသံဃာဂုဏ်တော်ပုသိမ်မြို့လွတ်လပ်ရေးကျောက်တိုင်မြန်မာနာမည်မြဝတီမြို့ယေရှု ခရစ်တော်🡆 More