ပုသိမ်ထီး

ပုသိမ်ထီီးလုပ်ငန်းသည် မြန်မာ့ယဉ်‌ကျေးမှု လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီးကို အောက်မြန်မာပြည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်လုပ်ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။

ပုသိမ်ထီး
ပုသိမ်ထီးများ

သမိုင်းကြောင်း

လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူသည် သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ ပညာရှင်ဖြစ်သည်။ ထိုအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသော ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိသည်။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။

၁၈၈၅ ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကို စုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝ ခန့်ကွာဝေးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးရွှေစာသည် စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။ နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။

ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော ၎င်းပုသိမ်ထီးပင် ဖြစ်သည်။ နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျှို့ဝှက်ချက်များကို သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။ လက်ရှိအချိန်တွင် ဦးစော၏သားဖြစ်သူ ကိုမင်းနိုင်မှ အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။

တပ်ဆင်ထုတ်လုပ်ခြင်း

ပုသိမ်ထီးတစ်လက်လုပ်မည်ဆိုသော် ထီးရိုး၊ထီးခရိုင်၊ထီးရွက်တို့ရှိရသည်။ ပုသိမ်ထီးတပ်ဆင်ထုတ်လုပ်ရာတွင် အဆင့်ပေါင်း(၅၆) ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာလေ့ရှိသည်။ ထုတ်လုပ်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းနှစ်ခုမှာ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့်အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်။ ဝါးများကို ရွေးချယ်ရာမှာတွင်လည်း မိုးရာသီ၌ ခုတ်ထားသောဝါးများကို အသုံးပြုခြင်းဖြင့် အကောင်းဆုံးအခြေအနေကို ရရှိနိုင်သည်။ အသုံးပြုမည့် သစ်များကိုလည်း သဘာဝအတိုင်း နှစ်လခန့် ရေစိမ်ထားကာ အရောင်ချွတ်ရသည်။ ထိုနှစ်ဆင့်စလုံးသည် သစ်၊ဝါးများမှာရှိသော ပိုးမွှားများကို ဖယ်ရှားနိုင်ရန်အတွက် ဖြစ်သည်။

ထီးလုပ်ရာတွင် အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသောထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။

တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း ကွဲပြားသည်။ မန္တလေးဘက်သို့ပို့မည့် ပုသိမ်ထီးများကို အရောင် ၂ ရောင် သို့မဟုတ် ၃ ရောင်၊ ပန်းပုံလေးများ၊ လိပ်ပြာပုံများ စသည်ဖြင့် ဒီဇိုင်းရေးဆွဲသည်။ တော်ဝင်နန်းတွင်းတွင်သုံးသည့် အရောင်ဒီဇိုင်းပုံစံဖြစ်သည်။ ပုဂံဘက်သို့ပို့မည့် ထီးများအတွက် ရှေးဆန်သည့် အရောင်မှိုင်းမှိုင်းများကို ရေးခြယ်သည်။ ထိုဒီဇိုင်းမှာ ရေပန်းအစားဆုံးဒီဇိုင်းလည်း ဖြစ်သည်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တို့မှာ ပုဂံဘုရား နံရံဆေးရေးပန်းချီများတွင် တွေ့ရလေ့ရှိသော အရောင်အတွဲအစပ်များ ဖြစ်သည်။

အဝတ်ပိတ်စ သုံးသောထီးများကို ဘုန်းတော်ကြီးသုံးထီးအဖြစ် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိကအသုံးပြုကြသည်။ မြန်မာပြည်သို့လာရောက် လည်ပတ်ကြသောနိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

ကိုးကား

Tags:

ပုသိမ်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

မန်ချက်စတာ ယူနိုက်တက်ရွှေစည်းခုံ စေတီတော် (ပုဂံ)ငန်းမြွေဝေလနိုင်ငံကမ္ဘာဂြိုဟ်ဆေးတက္ကသိုလ် (၁) ရန်ကုန်သွား(လူ)ခုနစ်နေ့ဘုရားရှိခိုးအဖြူဆင်းခြင်းသံဃာဂုဏ်တော်ကွန်မြူနစ်ဝါဒမဟာဘုတ်အိန္ဒိယနိုင်ငံဘကြီးတော်(စစ်ကိုင်းမင်း)သီပေါမင်းနေပြည်တော်မြို့အင်းလေးကန်စကားဝှက်လူ့ဘုံ (၃၁-ဘုံ)လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံအာယု၊ စာရေးဆရာလွတ်လပ်ရေးကျောက်တိုင်ကျောက်ပန်းတောင်းမြို့နယ်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဝ လူမျိုးရဲယိုပင်မြန်မာ့ရှေ့ဆောင်ဘဏ်ဓဇဂ္ဂသုတ်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စစ်ဦးစီးတက္ကသိုလ်ကျားဆလုံလူမျိုးရဟန်းခံခြင်းတောင်တွင်းကြီးမြို့မိမိကိုယ်ကို သတ်သေခြင်းဓားမြိတ်မြို့ဖေ့စ်ဘွတ်ခ်ကရင်နီပြည်နယ်များနန်းဆုရတီစိုးသိမ်းငှက်မိုင်တဲလ် မြန်မာဂျန် အောစမူဆာဗြိတိသျှအင်ပါယာရန်ကုန်ပညာရေးတက္ကသိုလ်ဥသျှစ်ပင်ရဲရင့်အောင်ငါး (တိရစ္ဆာန်)ပုပ္ပါးတောင်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်နှင်းဆီစကားသင်္ကြန်မိုးလူထုဦးလှအင်ကြင်းပင်မကွေးတိုင်းဒေသကြီးဖော်ကာချင်းလူမျိုးရဟန္တာတက္ကသိုလ်ဘုန်းနိုင်လိမ်လည်မှုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မျက်မှန်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အစာအိမ်အနော်ရထာထန်းလျက်ပွေး(ရောဂါ)ဟန်နီနွေဦးဘုရားမြန်မာနိုင်ငံ၏ အလံတော်တိုက်ညောင်ရွှေမြို့မွန်ပြည်နယ်မြန်မာနိုင်ငံရှိ ခရိုင်များဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းနရသူ (ပုဂံ)စုဖုရားလတ်🡆 More