သင်္ခါရ

(၁) ပြုလုပ်-ပြုပြင်-စီရင်-စီမံ-တတ်သော သင်္ခါရ၊

  • (က) ကာမာဝစရ, ရူပါဝစရ-ကုသိုလ်စေတနာ ၁၃-ခုဟု ဆိုအပ်သော ပုညာဘိသင်္ခါရ။
  • (ခ) အကုသိုလ် စေတနာ ၁၂-ခုဟု ဆိုအပ်သော) အပုညာဘိသင်္ခါရ။
  • (ဂ) အရူပါဝစရကုသိုလ်စေတနာ ၄-ခုဟု ဆိုအပ်သော အာနေဉ္ဇာဘိသင်္ခါရ။
  • (ဃ) တေဘူမကကုသိုလ်, အကုသိုလ်စေတနာ ဟုဆိုအပ်သော ... အဘိသင်္ခရဏကသင်္ခါရ။
  • (င) (ကာယိက, စေတသိကဝီရိယ ဟုဆိုအပ်သော) ပယောဂါဘိသင်္ခါရ။
  • (စ) ကာမဝစရ ကုသိုလ်, အကုသိုလ် စေတနာ ဟုဆိုအပ်သော ကာယသင်္ခါရ။
  • (ဆ) ကာမာဝစရကုသိုလ်, အကုသိုလ်စေတနာ, ဝိတက်, ဝိစာရဟုဆိုအပ်သော) ဝစီသင်္ခါရ။
  • (ဇ) (လောကီကုသိုလ်, အကုသိုလ်စေတနာ ဟုဆိုအပ်သော) စိတ္တသင်္ခါရ။
  • (ဈ) ပတ္ထနာနှင့် တကွဖြစ်သော သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ
  • (ည) နီဝရဏ တရား။
  • (ဋ) စိတ်၏ ထက်မျက်သည်၏အဖြစ် ဟုဆိုအပ်သောတန်ဆာအထူး။
  • (ဌ) စေတနာ, ပတ္ထနာ, ပဏိဓိတို့နှင့် ယှဉ်သော ဖဿ အစရှိသော တရား။
  • (ဍ) ဗလဝဝီရိယ။
  • (ဎ) ပုဗ္ဗပယောဂ။
  • (ဏ) အလုံးစုံသောဝီရိယ။
  • (တ) ပုဗ္ဗစေတနာ, ရှေ့ဇောစေတနာ ၆-ခု, စေတနာနှင့်ယှဉ်သော အားထုတ်မှု။
  • (ထ) သင်္ခါရက္ခန္ဓာ။

(၂) အကျိုးတရားကို-ပြုလုပ်-ပြုပြင်-စီရင်-စီမံ-တတ်သောအကြောင်း။

(၃) ပြုလုပ်-ပြုပြင်-စီရင်-စီမံ-အပ်သောသင်္ခါရ၊

  • (က) သင်္ခတသင်္ခါရ, တေဘူမကသင်္ခါရ, စတုဘူမကသင်္ခါရ၊ ခန္ဓာ ၅-ပါး။
  • (ခ)အဘိသင်္ခတ သင်္ခါရ (ကံကြောင့် ဖြစ်သော တေဘူမက ရုပ်, နာမ်တရား)။
  • (ဂ) (အဿာသ, ပဿာသ-ထွက်သက်, ဝင်သက်ဟုဆိုအပ်သော)ကာယသင်္ခါရ။
  • (ဃ) (သညာ, ဝေဒနာ ဟုဆိုအပ်သော) စိတ္တသင်္ခါရ။
  • (င) ဝိပါက်နာမက္ခန္ဓာ။
  • (စ) ဘဝ။
  • (ဆ) (သပိတ်, သင်္ကန်းစသော) ဗာဟိရသင်္ခါရ။
  • (ဇ) ဥပေက္ခာဝေဒနာ။
  • (ဈ) ဈာန်အင်္ဂါ ထိုမှတစ်ပါးသော သင်္ခါရ။

(၄) ပြုလုပ်-ပြုပြင်-စီရင်-စီမံ-ကြောင်းဖြစ်သော ပုဗ္ဗပယောဂ (ဝီရိယ)။

(၅) ပြုလုပ်-ပြုပြင်-အားထုတ်-ခြင်း (စိတ်၏လုံ့လ ပယောဂ)။

(၆) ထုံခြင်း။

စေတနာကို သင်္ခါရဟု ခေါ်

ဖဿစသော တကွဖြစ်ဖက် တရားတို့ကို၎င်း တမလွန် အကျိုးကို၎င်း ပြုပြင် စီရင်တတ်သောကြောင့် စေတနာကို သင်္ခါရဟုလည်း ခေါ်ဆိုရသည်၊

ယင်းသင်္ခါရခေါ်သော စေတနာသည် ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ ဟု ၃-မျိုး ရှိသည်၊

  • ထိုတွင် အကောင်း အဆိုး ၂-မျိုးသော ကိုယ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀-သည် “ကာယသင်္ခါရ” မည်၏၊
  • အကောင်းအဆိုး ၂-မျိုးသော နှုတ်မှုကို ဖြစ်စေတတ်သော ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀-သည် “ဝစီသင်္ခါရ” မည်၏၊
  • အကောင်းအဆိုး ၂-မျိုးသော စိတ်မှုကို ဖြစ်စေတတ်သော လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ပါးသည် “စိတ္တသင်္ခါရ = မနောသင်္ခါရ ” မည်၏

သဉ္စေတနာ, ကံ, သင်္ခါရ

သဉ္စေတနာ, ကံ, သင်္ခါရတို့သည် အမည်သာထူးခြား ကွဲပြား၍ တရားကိုယ်အရကောက်အားဖြင့် စေတနာ စေတသိက်ပင် ဖြစ်ကြသည်၊ သို့ဖြစ်၍ ကာယသဉ္စေတနာ, ကာယကံ, ကာယသင်္ခါရတို့အရ ကာယဒွါရ၌ ဖြစ်သော အကုသိုလ် စေတနာ ၁၂-ပါး, ကာမကုသိုလ် စေတနာ ၈-ပါးအားဖြင့် စေတနာ ၂၀-ကောက်ယူရသည်၊

ဝစီသဉ္စေတနာ, ဝစီကံ, ဝစီသင်္ခါရတို့အရ ဝစီဒွါရ၌ ဖြစ်သော အကုသိုလ်စေတနာ ၁၂-ပါး ကာမကုသိုလ် စေတနာ ၈-ပါးအားဖြင့် စေတနာ ၂၀-ကောက်ယူရသည်၊

မနောသဉ္စေတနာ, မနောကံ, စိတ္တသင်္ခါရတို့ အရ မနောဒွါရ၌ဖြစ်သော အကုသိုလ်စေတနာ ၁၂-ပါး, ကာမကုသိုလ် စေတနာ ၈-ပါး, ရူပကုသိုလ်စေတနာ ၅-ပါး, အရူပကုသိုလ် စေတနာ ၄-ပါးအားဖြင့် စေတနာ ၂၉-ပါး ကောက်ယူရသည်။

အားလုံးပေါင်းလျှင် စေတနာ ၆၉-ပါးရှိသည်။

စေတနာပေါင်း ၂၇၆-ပါး

ကုသိုလ်, အကုသိုလ်ပြုလုပ်ရာ၌

  • သူတစ်ပါး မစေခိုင်း မတိုက်တွန်း မနှိုးဆော်ရပဲ မိမိဆန္ဒ အတိုင်းပြုလုပ်ခြင်း,
  • သူတစ်ပါး၏ စေခိုင်းတိုက်တွန်း နိုးဆော်မှုကြောင့် ပြုလုပ်ခြင်း,
  • ကံ ကံ၏အကျိုးကို သိမြင်၍ ပြုလုပ်ခြင်း,
  • ကံ ကံ၏ အကျိုးကို မသိမြင်ပဲ ပြုလုပ်ခြင်းဟု

၄-မျိုးရှိသောကြောင့် ပြဆိုခဲ့သော စေတနာ ၆၉-ပါးကို ဤ ၄-မျိုးဖြင့် မြှောက်ပွါးလျှင် စေတနာပေါင်း ၂၇၆-ပါးရှိသည် ။

  • တနည်းအားဖြင့် မိမိဆန္ဒအတိုင်း ပြုလုပ်ခြင်းလျှင် အရင်းခံရှိသော ကာမကုသိုလ် အကုသိုလ်စေတနာ ၂၀,
  • သူတစ်ပါးစေခိုင်း တိုက်တွန်း၍ ပြုလုပ်ခြင်းလျှင် အရင်းခံရှိသော ကာမကုသိုလ်, အကုသိုလ်စေတနာ ၂၀,
  • ကံ, ကံ၏အကျိုးကို သိမြင်၍ ပြုလုပ် ခြင်းလျှင် အရင်းခံရှိသော ကာမကုသိုလ် အကုသိုလ်စေတနာ ၂၀,
  • ကံ, ကံ၏ အကျိုးကို မသိမမြင်ပဲ ပြုလုပ်ခြင်းလျှင် အရင်းခံရှိသော ကာမကုသိုလ်, အကုသိုလ်စေတနာ ၂၀-အားဖြင့် ကာယဒွါရ၌ စေတနာ ၈၀-ရှိသည်၊

ထိုအတူ ဝစီဒွါရ၌လည်း စေတနာ ၈၀-ရှိသည်

  • မိမိဆန္ဒအတိုင်း ပြုလုပ်ခြင်း
  • သူတစ်ပါးစေခိုင်း တိုက်တွန်း၍ ပြုလုပ်ခြင်း,
  • ကံ, ကံ၏ အကျိုးကို သိမြင်၍ ပြုလုပ်ခြင်း,
  • ကံကံ၏ အကျိုးကို မသိမြင်ပဲ ပြုလုပ်ခြင်း ၄-မျိုးတွင် တစ်မျိုးမျိုး၌ အကုသိုလ်စေတနာ ၁၂-ပါး,
  • ကာမကုသိုလ် စေတနာ ၈-ပါး,
  • ရူပကုသိုလ် စေတနာ ၅-ပါး,
  • အရူပကုသိုလ် စေတနာ ၄-ပါးအားဖြင့် စေတနာ ၂၉-ပါးစီ ရှိသောကြောင့် မနောဒွါရ၌ စေတနာ ၁၁၆-ပါး ရှိသည်။ ဒွါရ ၃-ပါးပေါင်းလျှင် စေတနာ ၂၇၆-ပါးရှိသည် ။

(အဘိ၊ဋ္ဌ၊၁၊၂၀၅–၆-၌ မိမိသဘောအတိုင်း ပြုလုပ်ခြင်း, သူတစ်ပါး ပြုလုပ်သည် ကိုမြင်၍ အတူ လိုက်ပြုလုပ်ခြင်း, မိမိလက်ဖြင့် ကိုယ်တိုင်ပြုလုပ်ခြင်း, သူတစ်ပါးကိုစေခိုင်း၍ ပြုလုပ်ခြင်း, ကံ, ကံ၏အကျိုးကို ယုံကြည်၍ ပြုလုပ်ခြင်း, ကံ ကံ၏ အကျိုးကို မယုံကြည် မသိမမြင်ပဲ ပြုလုပ်ခြင်းဟု ၆-မျိုးလာသည်၊ ပြဆိုခဲ့ပြီးသော စေတနာ ၆၉-ပါးကို ဤ ၆-မျိုးဖြင့် မြှောက်ပွါးလျှင် စေတနာပေါင်း ၄၁၄-ပါး ရှိသည်ဟု ယူသင့်သည်။)

အဘိသင်္ခါရတရားများ

မိမိဆိုင်ရာအကျိုးတရားကို အထူးသဖြင့် ပြုပြင် စီရင်တတ်သောကြောင့် စေတနာကို အဘိသင်္ခါရဟုလည်း ခေါ်ဆိုရသည်၊ ယင်း အဘိသင်္ခါရခေါ်သော စေတနာသည် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါရဟု ၃-မျိုးရှိသည်၊

ထိုတွင် ကာမကုသိုလ် ရူပကုသိုလ် စေတနာ ၁၃-ပါးသည် “ပုညာဘိသင်္ခါရ”မည်၏၊ အကုသိုလ်စေတနာ ၁၂-ပါးသည် “အပုညာဘိသင်္ခါရ”မည်၏၊ အရူပကုသိုလ် စေတနာ ၄-ပါးသည် “အာနေဉ္စာဘိသင်္ခါရ”မည်၏ ။

  • ပုညာဘိသင်္ခါရသည် ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရ ၃-ပါးနှင့် သက်ဆိုင်သည်၊
  • အပုညာဘိသင်္ခါရသည်လည်း ကာယသင်္ခါရ ဝစီသင်္ခါရ, စိတ္တသင်္ခါရ ၃-ပါးနှင့် သက်ဆိုင်သည်၊
  • အာနေဉ္စာဘိသင်္ခါရသည် စိတ္တသင်္ခါရ ၁-ပါး နှင့်သာ သက်ဆိုင်သည် ။

အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရများ

ပြဆိုခဲ့ပြီးသော သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ပေါ်ကြသည်၊ အဝိဇ္ဇာမရှိ, အဝိဇ္ဇာမဖြစ်က မဖြစ်ပေါ်နိုင်၊ မှန်၏–အဝိဇ္ဇာ မကင်းသေးသော ပုဂ္ဂိုလ်တို့သည်သာ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်၊ အဝိဇ္ဇာကင်းပြီးသော ရဟန္တာပုဂ္ဂိုလ်များသည် ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါရတို့ကို မပြုလုပ် အားမထုတ် ကြပေ။

ချဲ့ဦးအံ့-ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကို မသိမှု အဝိဇ္ဇာကြောင့် သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟုမသိမြင် ချမ်းသာဟု မှတ်ထင်ကာ ဝဋ်ဆင်းရဲကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်သင်္ခါရတို့ကို ပြုလုပ်အားထုတ်ကြသည်၊

နိရောဓသစ္စာ, မဂ္ဂသစ္စာတို့ကို မသိမှု အဝိဇ္ဇာကြောင့် သံသရာဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာမဟုတ်သော ဗြဟ္မာ့ပြည်စသောဂတိ အထူးကို ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟု မှတ်ထင်၍၎င်း, နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်းမဟုတ်သော ကြက်, ဝက်, ဆိတ်, နွားစသော သတ္တဝါတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်မှုစသည်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဟု မှတ်ထင်၍၎င်း, ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းရာကို တောင့်တကာ ကုသိုလ်, အကုသိုလ်သင်္ခါရတို့ကို ပြုလုပ် အားထုတ်ကြသည်။

ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ်ခြင်း

တနည်းအားဖြင့် ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း, သေခြင်းစသော ဘေးများစွာတို့ဖြင့် ရောပြွမ်းနေသော လူ့ဘဝ, လူ ခန္ဓာ, နတ်ဘဝ, နတ်ခန္ဓာဟု ဆိုအပ်သော သံသရာဝဋ်ဆင်းရဲကို ဆင်းရဲဟုမသိမြင်, ချမ်းသာဟု မှတ်ထင်ကာလူ့ဘဝ, လူ့ခန္ဓာ, နတ်ဘဝ, နတ်ခန္ဓာကို ရရှိရန် ကာမကုသိုလ်ဟုခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ်အားထုတ် ကြသည်၊ နတ်သမီး အလိုရှိသောသူသည် နတ် တောင်ဟု ခေါ်သော တောင်ကမ်းပါးသို့ ခုန်ချသကဲ့သို့ဖြစ်သည်။ ကမ္ဘာများစွာ အသက်ရှည်ကြာသော ရူပဗြဟ္မာ့ဘဝ, ရူပဗြဟ္မခန္ဓာသည် ချမ်းသာခြင်းသုခဟု ခေါ်ဝေါ် သမုတ် အပ်သော်လည်း ဖောက်ပြန်ပျက်စီးရခြင်း သဘော “ဝိပရိဏာမဒုက္ခ” သာယာဖွယ် ကင်းခြင်းသဘော “အပ္ပသာဒ”တို့နှင့် မကင်းပေ၊ ယင်းသဘောကို မသိမြင်၍ ရူပဗြဟ္မာ့ဘဝ, ရူပဗြဟ္မာ့ခန္ဓာကို ရရှိရန် ရူပကုသိုလ်ဟုခေါ်သော ပုညာဘိသင်္ခါရကို ပြုလုပ် အားထုတ်ကြသည်၊ ပိုးပရံသည် မီးလျှံကို တိုးသကဲ့သို့လည်းကောင်း, ပျားရည်ကို စုံမက်နှစ်သောသူသည် ပျားရည်လူးနေသော သံလျက်သွားကို လျက်သကဲ့သို့၎င်း ဖြစ်သည်။

အပုညာဘိသင်္ခါရကို ပြုလုပ် အားထုတ်ခြင်း

သူ့အသက်သတ်မှု, သူ့ဥစ္စာခိုးယူမှု စသည်၌ အပြစ်များစွာရှိသော်လည်း အပြစ်ကို မသိမြင်သောသူသည် အသက်မွေးမှု၏ ချမ်းသာကြောင်းဟု မှတ်ထင်သောကြောင့်လည်းကောင်း, လောဘ, ဒေါသ စသော ကိလေသာနှိပ်စက်သောကြောင့်၎င်း အကုသိုလ်ခေါ်သော အပုညာဘိသင်္ခါရကို ပြုလုပ် အားထုတ်ကြသည်၊ မသိနားမလည်သော ကလေးသူငယ်သည် မစင်ပြော့ကို ကိုင်ဆော့ကစားသကဲ့သို့လည်းကောင်း, သေလိုသော သူသည် အဆိပ်သောက်သကဲ့သို့၎င်း ဖြစ်သည်။

အာနေဉ္စာဘိသင်္ခါရကို ပြုလုပ်အားထုတ်ခြင်း

ကမ္ဘာများစွာအလွန်တရာ အသက်ရှည်သော အရူပဗြဟ္မာ့ဘဝ, အရူပဗြဟ္မာ့ ခန္ဓာ၌ သင်္ခါရဒုက္ခသဘော, ဝိပရိဏာမ ဒုက္ခသဘောကို မသိ မမြင်သော သူသည် အရူပဗြဟ္မာ့ဘဝ, အရူပဗြဟ္မာ့ခန္ဓာသည် သေကျေပျက်စီးမှုမရှိ မြဲစွာနေရ၏ဟု မှားသော အယူဖြင့် ယူဆယုံကြည်ကာ အရူပဗြဟ္မာ့ ဘဝ, အရူပဗြဟ္မာခန္ဓာကို ရရှိရန် အရူပ ကုသိုလ်ခေါ်သော အာနေဉ္စာဘိသင်္ခါရကို ပြုလုပ်အားထုတ်ကြသည်၊ မျက်စိလည် လမ်းမှားသောသူသည် ဘီလူးတို့နေထိုင်ရာ မြို့သို့ ဖြောင့်စွာသွားသော လမ်းခရီးကို လိုက်မှား မိသကဲ့သို့ဖြစ်သည် ။

သင်္ခါရကြောင့် ဝိညာဏ် ဖြစ်

ဆည်းပူး အားထုတ် ပြုလုပ်ထားသော သင်္ခါရရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများ ဖြစ်ပေါ်လာမြဲ ဖြစ်သည်၊ ဆည်းပူး အားထုတ် ပြုလုပ်ထားသော သင်္ခါရမရှိက ဝိညာဉ်ခေါ်သော အကျိုးတရားများ မဖြစ်ပေါနိုင်၊

  • မှန်၏-ကာမပုညာဘိသင်္ခါရကြောင့် ကာမသုဂတိ ၇-ဘုံ၌ ဖြစ်ကြရသည်၊ အဟိတ်ကုသလဝိပါက် ၈-ပါး, မဟာဝိပါက် ၈-ပါးဟူသော ၁၆-ပါးသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာရသည်။
  • ရူပပုညာဘိသင်္ခါရကြောင့် ရူပဘုံ၌ ဖြစ်ကြရသည်၊ ရူပဝိပါက် ၅-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ် လာရသည်၊
  • အပုညာဘိသင်္ခါရကြောင့် အပါယ် ၄-ဘုံ၌ ဖြစ်ကြရသည်၊ အကုသလဝိပါက် ၇-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ် လာကြရသည်၊
  • အာနေဉ္စာဘိသင်္ခါရကြောင့် အရူပဘုံ၌ ဖြစ်ကြရသည်၊ အရူပဝိပါက် ၄-ပါးဟူသော ဝိညာဉ်တရားများ ဖြစ်ပေါ်လာကြရသည် ။

ဆက်စပ်ဖတ်ဖတ်ရှုရန်များ

ကိုးကား

Tags:

သင်္ခါရ စေတနာကို ဟု ခေါ်သင်္ခါရ သဉ္စေတနာ, ကံ, သင်္ခါရ စေတနာပေါင်း ၂၇၆-ပါးသင်္ခါရ အဘိတရားများသင်္ခါရ အဝိဇ္ဇာကြောင့် ဖြစ်သော များသင်္ခါရ ပုညာဘိကို ပြုလုပ်အားထုတ်ခြင်းသင်္ခါရ အပုညာဘိကို ပြုလုပ် အားထုတ်ခြင်းသင်္ခါရ အာနေဉ္စာဘိကို ပြုလုပ်အားထုတ်ခြင်းသင်္ခါရ ကြောင့် ဝိညာဏ် ဖြစ်သင်္ခါရ ဆက်စပ်ဖတ်ဖတ်ရှုရန်များသင်္ခါရ ကိုးကားသင်္ခါရ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဓမ္မစကြာသုတ္တန်မြန်မာကျပ်ငွေယောက်ျား အင်္ဂါတံပွေး(ရောဂါ)ငါးရာ့ငါးဆယ် နိပါတ်တော်ဂျီမေးလ်ကဗျာလွတ်သက်ရှိလယ်တီဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကုန်းဘောင်မင်းဆက်လူ့အခွင့်အရေးဂျပန်သမိုင်းကြာသပတေးဂြိုဟ်ဓနုလူမျိုးခန့်စည်သူတပ်မတော် (ရေ)ဗာတီကန်စီးတီးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများသင်္ကြန်ပုပ္ပါးတောင်သရက်သီးမြစ်မဟာဗောဓိတထောင်လစ်ဘာတီ ရုပ်တုရန်ကုန်တိုင်းဒေသကြီးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ရွှေဘိုမြို့မြန်မာပြည် စာတိုက် သင်္ကေတများစက်တော်ရာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်မျောက်မြန်မာစာရေးဆရာများ စာရင်းအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မင်းသုဝဏ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)သင်္ကြန်မိုးပန်းဆယ်မျိုးကွန်တိုမျဉ်းမဇ္ဈိမ သတင်းဌာနကဗျာလင်္ကာအစ္စရေးနိုင်ငံဦးပိန်တံတားလူမှုအရင်းအနှီးအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဩစတြေးလျမြဝတီရုပ်မြင်သံကြားဆင်ဖြူကျွန်းမြို့နာဂစ်မုန်တိုင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေကြတ်ခြင်း နှင့် လကြတ်ခြင်းကုန်းဘောင်ခေတ်Canal+ Myanmarမုန့်ဟင်းခါးမြန်မာနိုင်ငံရှိ မြို့များကျောက်ချဉ်မိုင်းမောမြို့ဟောင်းတစ်တော့ကီလိုဂရမ်မြန်မာသဒ္ဒါတောင်ရိုးလူမျိုးမြန်မာဘာသာစကားသမန်းကျားကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဟာဝိုင်ယီပြည်နယ်သိပ္ပံပညာအောင်ဆန်းစုကြည်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းလမ်းမတော်ဖိုးတုတ်ကျိုင်းတုံမြို့ဂန္ထဝင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)🡆 More