မြဝတီရုပ်မြင်သံကြား

မြဝတီရုပ်မြင်သံကြား သည် မြန်မာနိုင်ငံရှိ တပ်မတော်ပိုင် ရုပ်သံလွှင့် လုပ်ငန်းတစ်ခုဖြစ်သည်။

Myawaddy TV
စတင်ခြင်း၂၇ မတ် ၁၉၉၅ (၁၉၉၅-၀၃-၂၇)
ပိုင်ဆိုင်သူတပ်မတော်
ရုပ်ပုံအမျိုးအစား16:9 1080i
နိုင်ငံမြဝတီရုပ်မြင်သံကြား မြန်မာ
ဘာသာစကားမြန်မာ
ထုတ်လွှင့်သည့် ဧရိယာမြန်မာနိုင်ငံတစ်ဝန်း
ဌာနချုပ်များရန်ကုန်မြို့
ဝက်ဘ်ဆိုဒ်myawady.com.mm
ဖမ်းယူရရှိနိုင်မှု
မြေပြင်
MWD Digital TV
Myanmar
Channel 4 (HD)
ဂြိုဟ်တု
SKYNET DTH
Myanmar
Channel 3
Asiasat 9 122°E3916/H/22500 (HD)

သမိုင်းကြောင်း

မြဝတီရုပ်သံကြား အစီအစဉ်များကို ၁၉၉၅ ခုနှစ် မတ်လ ၂၇ ရက် (တပ်မတော်နေ့) တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၁၂ ခုနှစ် နေပြည်တော် ရှိ မြဝတီ ရုပ်သံလွှင့်ဌာန တည်ဆောက်ပြီးစီးနောက်ပိုင်းတွင် ရုပ်သံလိုင်း အသစ် ခြောက်လိုင်း ကို digital ရုပ်သံလိုင်းများ အဖြစ် တိုးချဲ့ထုတ်လွှင့်ခဲ့သည်။၂၀၂၀ခုနှစ် မတ်လတွင် မြဝတီရုပ်မြင်သံကြား လိုင်းများအား ကြည်လင်ပြတ်သားသော ရုပ်သံအရည်အသွေး(HD Format) ဖြင့် DVB-T စနစ် မှ DVB-T2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်နေသည်။

ရုပ်သံလိုင်းများ

မြဝတီရုပ်မြင်သံကြားလိုင်းများ အား နေ့စဉ် မနက် ၆နာရီ မှ ည ၁၂နာရီ အထိ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည်။

ရုပ်သံလိုင်း နံပါတ် ရုပ်သံလိုင်း အမည် Picture format မှတ်ချက်
MWD Digital MUX
1 MWD Variety 1080i 16:9
2 MWD Movies
3 MWD Education, Knowledge and Sports
4 MWD ပင်ရင်း မြဝတီရုပ်သံလိုင်း
5 MWD Family
6 MWD Documentry
7 MWD Shopping
8 Thazin FM Radio Audio Only
Relay Station Frequency Channel Transmitter Power
နေပြည်တော် E42 642 MHz 3KW
ရန်ကုန် E42 642 MHz 3KW
စစ်ကိုင်း/မန္တလေး E42 642 MHz 3KW

သုံးသပ်ချက်

မြဝတီရုပ်မြင်သံကြားသည် စစ်တပ်ပိုင်သတင်းမီဒီယာဖြစ်သောကြောင့် စစ်တပ်၏သတင်းများကိုသာ အများအပြား တင်ဆက်သည်ကိုတွေ့ရပြီး တင်ဆက်ရာတွင် (တပ်ကောင်းကြောင်း) အပြုသဘောတင်ဆက်မှုများသာရှိသည်။ စစ်တပ်၏သတင်းများကိုသာ အဓိကအာရုံစိုက်ပြီး အစိုးရသတင်း တင်ဆက်မှုနှင့်ပတ်သက်၍ သိသိသာသာ တိုးလာခဲ့သည်ဟုဆိုသည်။

၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈  ခုနှစ် မေလအထိ သုတေသန စစ်တမ်းတစ်ခုအရ သတင်းများ၏ ၆၅ ရာခိုင်နှုန်းမှာ တပ်မတော်သတင်းများဖြစ်၍ အစိုးရသတင်းများသည် ၂၁ ရာခိုင်နှုန်းရှိသည်။ ၂၀၁၈ မေလ ရလဒ်အရ မြဝတီတွင် ဖော်ပြခံရသည့် နိုင်ငံရေး ပါတီမှာ နှစ်ခုသာရှိခဲ့ပြီး NLD ပါတီသည် ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် USDP သည် ၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပြီး ဖော်ပြချက်အားလုံးသည် အကောင်းမြင်သည့် တင်ဆက်မှုများ ဖြစ်သည်ဟု အဆိုပါစစ်တမ်းက ဖော်ပြထားသည်။ မြဝတီရုပ်သံသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်ခိုက်မှုများကိုလည်း တင်ဆက်မှုရှိ၍ လားဟူနှင့် မွန်ပြည်သစ်ပါတီတို့ NCA လက်မှတ်ရေးထိုးပွဲများကိုလည်း အလေးပေးဖော်ပြသည်။ သို့ရာတွင် စက်ရုံအလုပ် သမားများ၊ ကျောင်းသားနှင့် စာနယ်ဇင်းသမားများ၏ ဆန္ဒပြပွဲများကို လုံးဝလျစ်လျူရှုကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Tags:

မြဝတီရုပ်မြင်သံကြား သမိုင်းကြောင်းမြဝတီရုပ်မြင်သံကြား ရုပ်သံလိုင်းများမြဝတီရုပ်မြင်သံကြား သုံးသပ်ချက်မြဝတီရုပ်မြင်သံကြား ဆက်စပ်ဖတ်ရှုရန်မြဝတီရုပ်မြင်သံကြား ကိုးကားမြဝတီရုပ်မြင်သံကြားတပ်မတော်

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံရေးဟစ်တလာပဋ္ဌာန်းဒန့်သလွန်အောင်သင်း၂၄ ပစ္စည်းခန္ဓာငါးပါးအစားအစာထန်းလျက်မြန်မာဘာသာစကားမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဟောင်ကောင်ဆိုရိုးစကားကာလသားရောဂါဂင်္ဂါမြစ်မအင်္ဂါ အစေ့တာချီလိတ်မြို့ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းအပြင် ၃၇ မင်းကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများပန်ထွာဘုရင်မသက္ကရာဇ်ကျော်ကျော်မောင်နိုင်ဝင်းဆွေပြဇာတ်ဘိုးမင်းခေါင်ရတုဝန်ကြီးပဒေသရာဇာဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲငါးမျိုးစိတ်များ စာရင်းဦးနုဗဒုံမင်းဘာဂျာမှုတ်ခြင်းလာအိုနိုင်ငံထားမြန်မာနိုင်ငံ၏ ပထဝီဝင်ကျော်ဟိန်းဆေးလိပ်မန္တလေး နန်းတော်စစ်အေးတိုက်ပွဲတိရစ္ဆာန်ငါးပါးသီလမဲဆောက်မြို့သစ်ပင်အင်္ဂလိပ်ဘာသာစကားထန်းပင်မိုင်းခရပ်ဖ်ပီမိုးနင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမ္ဘောဒီးယားနိုင်ငံဧရာဝတီမြစ်မြဝတီရုပ်မြင်သံကြားဝါရီရူးမင်းဦးပုညပင်းယခေတ်ဦးသန့်ဂြိုဟ်လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးကီလိုဂရမ်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းရသဖက်ဒရယ်ပြည်ထောင်စုစနစ်မြန်မာဝီကီပီးဒီးယားတရုတ်မကွေးတိုင်းဒေသကြီးပထမ ကမ္ဘာစစ်သင်္ချာမြန်မာစာစတင်ဖြစ်ပေါ်လာပုံမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများပထမ အင်္ဂလိပ် - မြန်မာစစ်တပ်မတော်နေ့ဝ လူမျိုး🡆 More