အဝိဇ္ဇာ

တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘုရားရှင်ကို ဤကဲ့သို့ မေးမြန်းလျှောက်ထားတော်မူ၏ –– “မြတ်စွာဘုရား ...အဝိဇ္ဇာ အဝိဇ္ဇာဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အဝိဇ္ဇာဟုခေါ်ဆိုပါသလဲ မြတ်စွာဘုရား? အဘယ်မျှသော အတိုင်းအရှည်ဖြင့် အဝိဇ္ဇာသို့ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?” ..

ဤသို့ ထိုရဟန်းတော်က မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏၊ ဤသို့ မေးမြန်းလျှောက်ထားသည့်အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။

အဝိဇ္ဇာ

“ချစ်သား ရဟန်း ...

၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊

၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊

ချစ်သားရဟန်း ... ဤ မသိမမြင်မှု (၄)မျိုးကို အဝိဇ္ဇာဟု ခေါ်ဆို၏၊ ဤသို့ (၄)မျိုးသော မသိမမြင်မှုသို့ ရောက်ရှိနေသော ပုဂ္ဂိုလ်ကို အဝိဇ္ဇာသို့ ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆို၏” ..ဟု ဘုရားရှင်က ပြန်လည် မိန့်ကြားတော်မူလိုက်၏၊

အဝိဇ္ဇာ သိသည့်တရား

အရိယသစ္စာတရား (၄)ပါးကို မသိမှုကို အဝိဇ္ဇာဟု ခေါ်ဆိုလျှင် ယင်း အဝိဇ္ဇာ (= မောဟ)သည် အဘယ်အရာကို သိရှိနေပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကို အဋ္ဌကထာကြီးများက ဤသို့ ဖွင့်ဆိုထားတော်မူကြ၏ ..။ “ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိနေသည့် သိသင့်သိထိုက်သည့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား စသည့် သစ္စာလေးရပ် တရားမြတ်တို့၌ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ, ရုပ်တရား နာမ်တရားဟု ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် မသိမမြင်ဘဲ, အကြောင်းတရား အကျိုးတရားဟု မသိမမြင်ဘဲ, ယင်းရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားစုတို့ကို အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရား အစုအပုံဟု မသိမမြင်ဘဲ ပြောင်းပြန်လှန်ကာ မသိသင့် မသိထိုက်သည့် မမြင်သင့် မမြင်ထိုက်သည့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို နိစ္စ သုခ သုဘဟုလည်းကောင်း ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားစုတို့တွင် ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း အသိမှားနေမှုသဘောကို အဝိဇ္ဇာ (= မောဟ)ဟု ခေါ်ဆိုကြောင်း”ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊

ကိုယ်စီကိုယ်စီ

သတ္တဝါအသီးအသီး၌ မိမိတို့ ဆိုင်ရာ အဝိဇ္ဇာအသီးအသီး သင်္ခါရအသီးအသီးစသည် ကိုယ်စီကိုယ်စီ ရှိ၏၊ တစ်ဦးနှင့်တစ်ဦး အဝိဇ္ဇာချင်းလည်း မတူညီကြပေ၊ သင်္ခါရချင်းလည်း မတူညီကြပေ။ တစ်ဦးကား အမျိုးသားဖြစ်လိုသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် သင်္ခါရ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ တစ်ဦးကား အမျိုးသမီးဖြစ်လိုသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် သင်္ခါရ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ ထိုကြောင့် အဝိဇ္ဇာချင်းလည်း မတူညီပေ။ တစ်ဦး၌ ဒါနကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ သီလကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ ဘာဝနာကံက အကျိုး ပေးနေတတ်၏၊ တစ်ဖန် ဒါနကံ၌လည်း တစ်ဦး၌ ဆွမ်းလှူသည့်ကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ ပန်းလှူသည့် ကံက အကျိုးပေးနေတတ်၏၊ ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အဝိဇ္ဇာချင်းလည်း မတူညီပေ၊ သင်္ခါရချင်းလည်း မတူညီပေ။ အဝိဇ္ဇာကိုယ်စီ သင်္ခါရကိုယ်စီ ပါလျက်ရှိ၏၊ မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်တွင်ပင် တစ်ဘဝနှင့် တစ်ဘဝ အဝိဇ္ဇာချင်း သင်္ခါရချင်းကား များသောအားဖြင့် မတူညီတတ်ပေ။ ကွဲပြားမှုကား ရှိတန်သလောက် ရှိနေသည်သာ ဖြစ်သည်။

ထိုကြောင့် မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်နေဆဲဖြစ်သည့် ဖြစ်လတ္တံ့ဖြစ်သည့် အဝိဇ္ဇာ သင်္ခါရ စသည်တို့ကိုသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရမည် ဖြစ်သည်။

အဝိဇ္ဇာ၏ အဓိပ္ပါယ်များ

အဝိဇ္ဇာ မည်သော တရား၊ မသိခြင်း၊ အမှန် မသိခြင်း၊ အမှန်တရားသဘောကို–ဖုံးလွှမ်းခြင်းက ဖုံးလွှမ်းတတ်သော တရား၊ မောဟ။

(၁) မရ-မယူ-အပ်သော ကာယဒုစရိုက် စသည်ကို ရယူတတ်သော တရား။

(၂) ရအပ်- ယူအပ်-သော သုစရိုတ်တို့ကို မရမယူတတ်သော တရား။

(၃) (ခန္ဓာစသည်တို့၏ ရာသိအစရှိသော အနက်ကို)မသိအပ်–မသိနိုင်–သည်ကို ပြုတတ်သော တရား။

(၄) အဆုံးမရှိသော သံသရာ၌ သတ္တဝါတို့ကို-ပြေးသွား-မျော-စေတတ်သော တရား။

(၅) ပရမတ္ထအားဖြင့် ထင်ရှား မရှိသော ယောက်ျား မိန်းမဖြင့် စသည်၌ ဖြစ်တတ်သော တရား။

(၆) ထင်ရှားရှိသော ခန္ဓာ စသည်တို့၌ မဖြစ်တတ်သော တရား။

(၇) ဝိဇ္ဇာဉာဏ်-၏ ဆန့် ကျင်ဖက်ဖြစ်သော တရား။

သုတ္တန်ဒေသနာ, အဘိဓမ္မာဒေသနာ

သုတ္တန်ဒေသနာအားဖြင့် သစ္စာလေးပါး ဟူသော လေးဌာနတို့၌ ဖုံးလွှမ်းတတ်သော မောဟကို အဝိဇ္ဇာဟု ဆို၍၊

အဘိဓမ္မာ ဒေသနာအားဖြင့် သစ္စာလေးပါး နှင့်တကွ အတိတ်တရားအစုဟူသော ပုဗ္ဗန္တ, အနာဂတ် တရားအစု ဟူသော အပရန္တ, ၎င်းတရား နှစ်ပါးစုံ ဟူသော ပုဗ္ဗန္တာပရန္တ, အဝိဇ္ဇာ စသော အကြောင်းကြောင့် သင်္ခါရ စသော အကျိုး တရားတို့ဖြစ်ခြင်း ဟူသော ပဋိစ္စသမုပ္ပါဒ်၊ ဤရှစ်ဌာနတို့၌ ဖုံးလွှမ်းတတ်သော မောဟကို အဝိဇ္ဇာဟု ဆိုသည်။

အမည် ၂၅-ပါး

ထိုအဝိဇ္ဇာကို အမှန်သိမြင်တတ်သော ဉာဏ်၏ ပြန်ဘက်အားဖြင့် အညာဏ ဟူ၍လည်းကောင်း, အဒဿန-ဟူ၍လည်းကောင်း, အနဘိသမယ ဟူ၍၎င်း ဤသို့ စသောအားဖြင့် ၂၅-ပါးသော အမည်တို့ဖြင့် မောဟ ကဲ့သို့ပင် အဘိဓမ္မာပိဋကတ်၌ ပြဆိုတော်မူသည်။

လက္ခဏာ, ရသစသည်

၎င်းအဝိဇ္ဇာသည် မသိခြင်း လက္ခဏာရှိ၏(လက္ခဏ)။

မိမိနှင့်ယှဉ်ဖက်တရား မိမိဖြစ် ရာသတ္တဝါတို့ကို ပြင်းစွာ တွေဝေစေခြင်း ကိစ္စ ရှိ၏ (ရသ)။

အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သောတရားဟု ယောဂီတို့ဉာဏ်၌ ရှေးရှူထင်လာတတ်၏ (ပစ္စုပဋ္ဌာန်)။

အာသဝတရားလျှင် နီးသော အကြောင်း ရှိ၏ (ပဒဋ္ဌာန်)။

ပစ္စသတ္တိဖြင့် ကျေးဇူးပြုပုံများ

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်-ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ အဝိဇ္ဇာသည် ပုညာဘိသင်္ခါရအား ကျေးဇူးပြုပုံမှာ အဝိဇ္ဇာကို ခယ, ဝယ-အားဖြင့် သုံးသပ်သောအခါ ကာမပုညာဘိသင်္ခါရတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။ အဘိညာဉ်စိတ်ဖြင့် မောဟနှင့်တကွသော စိတ်ကို သိသောအခါ ရူပါဝစရ ကုသိုလ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူ ပြုသည်။ အဝိဇ္ဇာကို လွန်မြောက်ရန်အတွက် အလှူ ပေးခြင်း ဒါနစသော ကာမပုညကိရိယဝတ္ထုတို့ကို ဖြည့်ကျင့်သောသူအားလည်းကောင်း, ရူပါဝစရဈာန်တို့ကို ဖြစ်စေသော ပုဂ္ဂိုလ်အား၎င်း ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။ ကုသိုလ် ကောင်းမှုတို့ကို ပြုသောအခါ အဝိဇ္ဇာဖုံးလွှမ်း၍ လူ့စည်းစိမ် နတ်စည်းစိမ် ကာမဘဝ ရူပဘဝ စည်းစိမ်ချမ်းသာတို့ကို တောင့်တသော ပုဂ္ဂိုလ်အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်။

အဝိဇ္ဇာသည် အပုညာဘိသင်္ခါရအား ကျေးဇူးပြုပုံမှာ—မသိမှုကို အကြောင်း ပြု၍ တပ်မက်ခြင်းရာဂ-စသည်တို့ ဖြစ်သောအခါ၌ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုသည်။ လွန်လွန်ကဲကဲ အာရုံပြု၍ သာယာမှု ဖြစ်သောအခါ၌ အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယ-ပစ္စည်းတို့ဖြင့် ကျေးဇူးပြုသည်။ မသိမမြင်မှု အဝိဇ္ဇာဖုံးလွှမ်း၍ ပါဏာတိပါတ စသောအမှုတို့ကိုပြုသော ပုဂ္ဂိုလ်အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်။ ဒုတိယ ဇော စသည်တို့အား အနန္တ, သမနန္တရ, အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတ ပစ္စည်းတို့ဖြင့် ကျေးဇူးပြုသည်။ အကုသိုလ် အမှု တစ်ခုခုကို ပြုသော ပုဂ္ဂိုလ်အား ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ပစ္စည်းတို့ဖြင့် ကျေးဇူးပြုသည်။ ဤသို့အားဖြင့် အဝိဇ္ဇာသည် အပုညာဘိသင်္ခါရအား ဆိုခဲ့ပြီးသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုသည်။

အဝိဇ္ဇာသည် အာနေဉ္ဇာဘိသင်္ခါရအား ကျေးဇူးပြုပုံမှာ— အဝိဇ္ဇာကို လွန်မြောက် စေရန် ရည်ရွယ်လျက် အရူပဈာန်တို့ကိုဖြစ်စေသော ပုဂ္ဂိုလ်အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူး ပြုသည်။

အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံမှာ—အဝိဇ္ဇာမကင်းကြသောသတ္တဝါတို့သည် ဒုက္ခသစ္စာ, သမုဒယသစ္စာ-တို့ကို ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် သံသရာဆင်းရဲဒုက္ခကို ဒုက္ခ ဟု မမြင်ကြ၊ ယင်းဒုက္ခ၏ အကြောင်းဖြစ်သော သင်္ခါရတို့ကိုလည်း ဒုက္ခ၏ အကြောင်း ဟု မမြင်ကြ၊ သုခ၏အကြောင်းဟု မှတ်ထင် ကြလျက် သင်္ခါရသုံးပါးကို ပြုလုပ်မိကြလေသည်။ နိရောဓသစ္စာ, မဂ္ဂသစ္စာ-တို့ကို ဖုံးလွှမ်းသော အဝိဇ္ဇာကြောင့် ဒုက္ခ၏ ချုပ်ငြိမ်းရာ မဟုတ်သော ဂတိအထူးတို့ကို ဒုက္ခ၏ချုပ်ငြိမ်းရာ (နိရောဓ)ဟုလည်းကောင်း, နိဗ္ဗာန်သို့ ရောက်ကြောင်း မဟုတ်သော ယဇ်ပူဇော်ခြင်း အမရ-အကျင့် ကျင့်ခြင်း စသည်တို့၌ နိဗ္ဗာန်သို့ ရောက်ကြောင်း(နိရောဓမဂ္ဂ)ဟု၎င်း မှတ် ထင်ကြလျက် ယင်းအကျင့်တို့ကို အစပြုကာ သင်္ခါရသုံးပါးကို ပြုလုပ်ကြလေသည်၊ ဤသို့လျှင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်လေသည်။

ဝဋ္ဋကထာ၏ ခေါင်းဆောင်

ပဋိစ္စသမုပ္ပါဒ်ပါဠိတော်၌ အဝိဇ္ဇာကို အစထား၍ ဟောကြားသည်မှာ အကြောင်းကင်းသောတရားဖြစ်၍ အစထားသည်မဟုတ်၊ ဝဋ္ဋကထာ၌ ပြဓာန်းသော တရား ဖြစ်သောကြောင့်သာ အစထား ဟောတော်မူသည်။ ထိုအဝိဇ္ဇာနှင့် ဘဝတဏှာ တရား ၂-ပါးတို့သည် သုဂတိ-ဒုဂ္ဂတိသို့ ရောက်စေတတ်သော ကံ၏ ထူးသောအကြောင်း ဖြစ်သောကြောင့် ဝဋ္ဋကထာကို ဟောကြားတော်မူရာ၌ ဤတရား ၂-ပါးကို ခေါင်းတပ်၍ ဟောကြားတော်မူသည်။

ဝဋ္ဋကထာ၏ ခေါင်းဆောင် ဖြစ်သော ထိုတရား ၂-ပါးတို့တွင် ရံခါ အဝိဇ္ဇာ တစ်ပါးတည်းလျှင် အရှင်းမူလရှိသော ဒေသ နာကို ဟောတော်မူသည်။

ရံခါ တဏှာလျှင် အရင်းမူလရှိသော ဒေသနာကို ဟောတော်မူသည်။

ရံခါ ထို၂-ပါးလုံးပင် အရင်းမူလရှိသော ဒေသနာကို ဟောတော်မူသည်။

ထိုတွင် ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် အဝိဇ္ဇာလျှင် အရင်းမူလရှိ ဒေသနာကို ဟောတော်မူသည်။

အဝိဇ္ဇာ၏ အကြောင်းတရားမှာ အာသဝေါတရား လေးပါး ဖြစ်သည်။

အဝိဇ္ဇာ၏ အမည်အမျိုးမျိုး

အဝိဇ္ဇာကို ကြာမြင့်စွာစိမ်ထားအပ်သော အရက်နှင့် တူသောကြောင့် အာသဝအမည် ဖြင့်၎င်း(အဝိဇ္ဇာသဝ-ကြည့်။),

သတ္တဝါတို့ကို လွှမ်းမိုး သတ်ဖြတ်တတ်သော ရေအယဉ်နှင့် တူသောကြောင့် ဩဃအမည်ဖြင့်၎င်း (အဝိဇ္ဇောဃ-ကြည့်။)

သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ် ပေးတတ်သောကြောင့် ယောဂအ မည်ဖြင့်၎င်း (အဝိဇ္ဇာယောဂ-ကြည့်။)

ဈာန် အစရှိသော ကုသိုလ်တရားများကို တားမြစ် ပိတ်ပင်တတ်သောကြောင့် နီဝရဏအမည်ဖြင့်၎င်း (အဝိဇ္ဇာနီဝရဏ-ကြည့်။)

သတ္တဝါတို့ သန္တာန်၌ အဖန်တလဲလဲ အစဉ်တစိုက် ကိန်း အောင်းလျက် လိုက်ပါလာသောကြောင့် အနုသယအမည်ဖြင့်၎င်း (အဝိဇ္ဇာနုသယ-ကြည့်။),

သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရ အောင် ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင် တတ်သောကြောင့် သံယောဇန အမည်ဖြင့်၎င်း (အဝိဇ္ဇာသံယောဇန-ကြည့်။) အမည် အမျိုးမျိုးဖြင့် ဟောကြားတော်မူသည်။

ကိုးကား

Tags:

အဝိဇ္ဇာ အဝိဇ္ဇာ သိသည့်တရားအဝိဇ္ဇာ ကိုယ်စီကိုယ်စီအဝိဇ္ဇာ ၏ အဓိပ္ပါယ်များအဝိဇ္ဇာ သုတ္တန်ဒေသနာ, အဘိဓမ္မာဒေသနာအဝိဇ္ဇာ အမည် ၂၅-ပါးအဝိဇ္ဇာ လက္ခဏာ, ရသစသည်အဝိဇ္ဇာ ပစ္စသတ္တိဖြင့် ကျေးဇူးပြုပုံများအဝိဇ္ဇာ ဝဋ္ဋကထာ၏ ခေါင်းဆောင်အဝိဇ္ဇာ ၏ အမည်အမျိုးမျိုးအဝိဇ္ဇာဘုရား (ဗုဒ္ဓဘာသာ)ရဟန်း

🔥 Trending searches on Wiki မြန်မာဘာသာ:

တရုတ်ပြည်သူ့သမ္မတနိုင်ငံရေမိုင်းခရပ်ဖ်အကြည်တော်သက္ကရာဇ်ဗုဒ္ဓဘာသာဘင်္ဂလားဒေ့ရှ်နိုင်ငံနဂါးထွန်းမြတ်နိုင်လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များအတ္တာဟိ အတ္တနော နာထောဓဇဂ္ဂသုတ်တပ်မတော် (ကြည်း)ခင်ပွန်းကြီးဆယ်ပါးဗန်းစကားအနိစ္စလက်ဖက်သုပ်မန္တလေးမြို့သီတင်းကျွတ်ပွဲတော်တပ်မတော်နေ့ခန္ဓာငါးပါးစံကားဝါရွှေဥဒေါင်းရခိုင်လူမျိုးစီးပွားရေးလုပ်ငန်း အမျိုးအစားများစံပယ်ပန်းဝမ်းပိစ်အင်္ဂလန်နိုင်ငံသောမတ် အက်ဒီဆင်ဘိန်းတောင်ငူခေတ်တာမွေမြို့နယ်ခရစ္စတီယာနို ရော်နယ်လ်ဒိုဂါထာခြောက်ဆယ်ပျို့မြန်မာနိုင်ငံ၏ ရွာများမြေပုံသဗ္ဗမင်္ဂလာဂါထာတော်သန်လျင် မင်းကျောင်းဆရာတော်ဒိုးလုံးဇာမဏီအပြင် ၃၇ မင်းမြန်မာကျပ်ငွေတရုတ်စံကားခွေးရူးပြန်ရောဂါကာကွယ်ဆေးစောဘဦးကြီးမြန်မာနိုင်ငံ၏ လူဦးရေအောင်လအန်ဆန်းဝေလနိုင်ငံအိမ်စောင့်အစိုးရ (၁၉၅၈)ဓမ္မစကြာသုတ္တန်အရိုးတွံတေးသိန်းတန်မြန်မာနိုင်ငံ၏ အမည်များဝန်ဆောင်မှုမြဝတီမြို့ဘုရား (ဗုဒ္ဓဘာသာ)မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ ရပ်ကွက်များအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဓမ္မရံကြီးဘုရားရာပြည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီငါးပါးသီလကွန်ဒုံးတိရစ္ဆာန်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးတယ်လီဖုန်း ကုတ်နံပါတ်မြန်မာနိုင်ငံ၏ သမ္မတဖူးခက်သံဃာဂုဏ်တော်ပေပင်ပဋိစ္စသမုပ္ပါဒ်မဟာဂီရိနတ်တောင်ကုတ်မြို့🡆 More