ဂျာမန်ဘာသာစကား

ဂျာမန် (Deutsch,  ( နားဆင်); အင်္ဂလိပ်: German) သည် အလယ်ဥရောပနိုင်ငံများတွင် အဓိကပြောဆိုသုံးစွဲသော အနောက် ဂျာမန်နွယ် ဘာသာစကား (West Germanic language) တစ်ခုဖြစ်ပြီး ၎င်း၏ ဝေါဟာရ အားလုံးနီးပါးမှာ အင်ဒို-ဥရောပ (Indo-European) ဘာသာစကား မိသားစု၏ ဂျာမန်နွယ်အုပ်စုမှ ဆင်းသက်လာသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမနီ၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ တောင်ပိုင်းတိုင်ရိုဒေသ၊ ဘယ်လ်ဂျီယန်နိုင်ငံ၏ ဂျာမန်စကားပြောသောဒေသနှင့် လက်ချင်စတိန်းနိုင်ငံတို့တွင် ပြောဆိုသုံးစွဲမှုအများဆုံးဘာသာစကားဖြစ်၍ ထိုနိုင်ငံများ၏ တရားဝင်ရုံးသုံးဘာသာစကား (သို့မဟုတ်) ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ၎င်းသည် လူဇင်ဘတ်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားသုံးခုအနက် တစ်ခုဖြစ်သည်။ ပိုလန်နိုင်ငံရှိ အိုပိုးလ်ပြည်နယ်၏ ပူးတွဲရုံးသုံးဘာသာစကားလည်းဖြစ်သည်။ ဂျာမန်ဘာသာစကားနှင့် အနီးစပ်ဆုံးတူညီသောဘာသာစကားများမှာ အနောက်ဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် အခြားဘာသာစကားများဖြစ်သော အာဖရီကန်းစ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ဖရီးရှန်းဘာသာစကားများ၊ မြောက်ပိုင်းဂျာမန်စကား (Low German/Low Saxon)၊ လူဇင်ဘတ်ဘာသာစကားနှင့် ယစ်ဒစ်ရှ်ဘာသာစကားများဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းဂျာမန်နွယ်ဘာသာစကားအုပ်စုဝင် (North Germanic) ဘာသာစကားများဖြစ်ကြသော ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်ဘာသာစကားများနှင့်လည်း ဝေါဟာရစကားလုံးများ ဆင်တူခြင်းများစွာရှိလေသည်။ ဂျာမန်ဘာသာစကားမှာ ဂျာမန်နွယ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယအသုံးအများဆုံးဘာသာစကားဖြစ်သည်။

ဂျာမန်ဘာသာစကား
ဂျာမန်ဘာသာစကား

ဂျာမန်ဘာသာစကားမှာ ကမ္ဘာသုံးအဓိကဘာသာစကားကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်၍ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း၁၀၀နီးပါး မိခင်ဘာသာစကားအဖြစ်ပြောဆိုသုံးစွဲကြသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ လူသုံးအများဆုံး မိခင်ဘာသာစကားလည်း ဖြစ်သည်။ ဂျာမန်ဘာသာစကားမှာ အီးယူအဖွဲ့တွင် တတိယလူသုံးအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏ နောက်တွင်ရပ်တည်နေသည်။ ထို့ကြောင့် ဂျာမန်ဘာသာစကားမှာ ယေဘုယျလူသုံးအများဆုံးအနေဖြင့်ကြည့်လျှင် အီးယူအဖွဲ့တွင် ဒုတိယနေရာတွင်ရှိသည်။ ဂျာမန်ဘာသာသည် အီးယူတွင် မူလတန်းအဆင့်၌ ဒုတိယသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာအဖြစ် အင်္ဂလိပ်ဘာသာ၏နောက်တွင်ရှိသည်။ (သို့သော် အလယ်တန်းအဆင့်တွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာတို့၏နောက်တွင် တတိယနေရာမှလိုက်သည်။) အမေရိကန်နိုင်ငံတွင် စတုတ္ထသင်ကြားမှုအများဆုံး နိုင်ငံခြားဘာသာစကားအဖြစ် စပိန်ပြင်သစ်နှင့် အမေရိကန် သင်္ကေတပြ ဘာသာစကားတို့၏နောက်တွင် ရပ်တည်နေသည်။ ထို့အပြင် သိပ္ပံဘာသာရပ်တွင် ဒုတိယအသုံးအပြုဆုံးနှင့် ဝက်ဘ်ဆိုက်များတွင် တတိယအသုံးအများဆုံးဘာသာစကားအဖြစ် အင်္ဂလိပ်နှင့် ရုရှားတို့၏နောက်တွင်ရှိသည်။ ဂျာမန်စကားပြောသောနိုင်ငံများမှ နှစ်စဉ်စာအုပ်စာပေအသစ်များ ပုံနှိပ်ထုတ်ဝေမှုမှာ ကမ္ဘာ့အဆင့်ငါးတွင်ရှိသည်။ ကမ္ဘာပေါ်ရှိ လက်ရှိထုတ်ဝေနေဆဲ စာအုပ်စာပေများ (e-book အပါအဝင်) ၏ ဆယ်ပုံတစ်ပုံမှာ ဂျာမန်ဘာသာဖြင့်ထုတ်ဝေသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် ဂျာမန်နှင့် ပြင်သစ်ဘာသာစကားများမှာ လုပ်ငန်းသုံးလိုအပ်မှုအများဆုံး နိုင်ငံခြားဘာသာစကားများဖြစ်ကြသည်။ (၄၉%သော လုပ်ငန်းများကဂျာမန်ဘာသာစကားနှင့် ၅၀%သောလုပ်ငန်းများကပြင်သစ်ဘာသာစကားတို့သည် အရေးအကြီးဆုံးဖြစ်သည်ဟု အသီးသီးထောက်ပြခဲ့ကြသည်။)

အမျိုးအစားခွဲခြားခြင်း


အနောက် ဂျာမန်နစ်ဘာသာစကား

The Germanic languages in contemporary Europe ဂျာမန်ဘာသာစကားသည် ဂျာမန်နစ်ဘာသာစကားအုပ်စု၏ အနောက်ဂျာမန်နစ်အုပ်စုတွင်ပါဝင်သည်။ ဂျာမန်နစ်ဘာသာစကားကို ၃ပိုင်းခွဲခြားထားသည်။ မြောက်ဂျာမန်နစ်အုပ်စု၊ အရှေ့ဂျာမန်နစ်အုပ်စု၊ အနောက်ဂျာမန်နစ်အုပ်စုတို့ဖြစ်ကြသည်။ မြောက်ဂျာမန်နစ်အုပ်စုတွင် ရှေးဟောင်း နော်ဒစ်ဘာသာစကားမှဆင်းသက်လာသည့် ဒိန်းမတ်၊ ဆွီဒစ်ရှ်၊ နော်ဝေဂျီယံ၊ အိုက်စလန်ဒစ်သာသာစကားများပါဝင်သည်။ အရှေ့ဂျာမန်နစ်ဘာသာစကားမှာ ယခုအခါပျောက်ကွယ်သွားပြီဖြစ်သည်။ ဂို့သစ်ဘာသာစကားတစ်ခုသာ စာအုပ်အချို့အဖြစ်ကျန်ရစ်သည်။ အနောက်ဂျာမန်နစ်ဘာသာစကားအုပ်စုတွင် အင်္ဂလိပ်၊ ဂျာမန်၊ ဒတ်ချ်၊ ယက်ဒစ်ရှ်၊ အာဖရိကန်နှင့်အခြားသာသာစကားများပါဝင်သည်။

စံဂျာမန်ဘာသာစကားသည် ကုန်းမြင့်ဂျာမန်ဒေသိယစကားအုပ်စုဖြစ်သည့် အလယ်ပိုင်းဂျာမန်နှင့်အထက်ပိုင်းဂျာမန်ဒေသိယစကားများဖြစ်သော တူရင်-အထက်ပိုင်းဆက်ဆွန်နီနှင့်အထက်ပိုင်းဖရန်ကိုနီယန်ဒေသိယစကားများမှဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဂျာမန်စကားသည် ကုန်းမြင့်ဂျာမန်စကားအပေါ်အခြေခံသည့်အခြားသာသာစကားများဖြစ်သည့် လူဇင်ဘာ့ဂစ်ရှ်(အလယ်ပိုင်းဖရန်ကိုနီယန်ဒေသိယစကားပေါ်အခြေခံသည်)နှင့် ယီဒစ်ရှ်စကားများနှင့်နီးကပ်စွာဆက်နွယ်နေသည်။ စံဂျာမန်စကားနှင့်နီးစပ်သည့်အခြားသာသာစကားများမှာ အထက်ပိုင်းဂျာမန်ဒေသိယစကားသုံးစွဲသည့် တောင်ပိုင်းဂျာမန်စကားပြောနိုင်ငံများရှိ ဘာသာစကားများဖြစ်ကြသည်။ ဉပမာ-ဆွစ်ဂျာမန်(အယ်လ်မင်းနစ်ဒေသိယစကား)၊ ပြင်သစ်နယ်စပ်တွင်သုံးစွဲသည့်ဘာသာစကားများ(အယ်လ်ဆက်ဒေသိယစကားနှင့်လော်ရိန်းဒေသိယစကား)တို့ဖြစ်ကြသည်။

ထို့ပြင် ကုန်းမြင့်ဂျာမန်စကားသည် အနိမ့်ဂျာမန်စကားများဖြစ်သည့် အနိမ့်ပိုင်းဖရန်ကိုနီယန်ဒေသိယစကား(ဥပမာ-ဒတ်ရှ်၊ အာဖရိကန်)၊ အနိမ့်ဂျာမန်စကားသို့မဟုတ်အနိမ့်ဆက်ဆွန်ဒေသိယစကား(ဂျာမနီမြောက်ပိုင်းနှင့်ဒိန်းမတ်တောင်ပိုင်းတွင်ပြောဆိုကြသည်)တို့နှင့်လည်း ဆက်နွယ်လျက်ရှိသည်။ အဆိုပါဘာသာစကားများသည် ကုန်းမြင့်ဂျာမန်ဘာသာကဲ့သို့ ဗျည်းပြောင်းလဲမှုမျိုးမရှိပေ။

History

ဆက်စပ်ကြည့်ရှုရန်


Tags:

De-Deutsch.oggen:Indo-European languagesen:North Germanic languagesen:West Germanic languagesဂျာမနီနိုင်ငံဆွစ်ဇာလန်နိုင်ငံဒတ်ချ်ဘာသာစကားပိုလန်နိုင်ငံဖိုင်:De-Deutsch.oggဘယ်လ်ဂျီယမ်နိုင်ငံလက်ချင်စတိန်းနိုင်ငံလူဇင်ဘတ်နိုင်ငံအကူအညီ:IPA for Germanအင်္ဂလိပ်ဘာသာစကားအီတလီနိုင်ငံဩစတြီးယားနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်မှုထမ်းခြင်းပေပင်ကဆုန်လပြည့် ဗုဒ္ဓနေ့နတ်ပင့်ဂါထာကျောက်ဖြူမြို့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မြင့်မြတ်သော ရောမအင်ပါယာမြန်မာကျပ်ငွေပန်းဆယ်မျိုးမူးယစ်ဆေးဝါးသွေးတိုးရောဂါကွန်တိုမျဉ်းမြထိုင်းနိုင်ငံအားမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းရွှေပြည်သာမြို့နယ်ဧပရယ်လ်ဖူးလ်နေ့ဟော့ဘစ်ဘားအံမြို့ဇေယျာသော်မနောပွဲတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဂျိန်ဖော့လူမျိုးထားအောင်သူ (ဘောလုံးသမား)ဝါးဝိနည်းမိုးကုတ်တရားရွှေတိဂုံစေတီတော်နွားဒိုင်အာခီမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုမြန်မာ သက္ကရာဇ်ဘရူနိုင်းနိုင်ငံCanal+ Myanmarဂျပန်သမိုင်းယူကရိန်းနိုင်ငံဗြဟ္မာဘုံလက်တင်ဘာသာစကားမြေပုံလက်ပံတောင်းတောင်သပိတ် အရေးအခင်းတာချီလိတ်မြို့နယ်ဘီလူးနှင်းဆီစကားပြည်သူ့ကာကွယ်ရေးတပ်မတော်စောင်းကောက်မြင်းခြံမြို့အောင်သင်းကုန်သည်လေအချိန်လေဖြတ်ခြင်းအောင်ခြင်း ၈ ပါးမြန်မာစာရေးဆရာများ စာရင်းဟံသာဝတီလောကနီတိကြွက်နို့ထားဝယ်မြို့နေပြည်တော်မြို့ဂျောင်ဂျောင်ကုခွေးစစ်တက္ကသိုလ် (ပြင်ဦးလွင်)မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဘာသာစကားမြန်မာအက္ခရာသမိုင်းမင်းအောင်လှိုင်နတ်ပြည် ၆ ထပ်ဗင်နီတို မူဆိုလီနီမဂ္ဂသစ္စာကျောက်ချဉ်တန်ခူးလဧရာဝတီမြစ်ခါကာဘိုရာဇီစစ်ပင်လယ်တွင်းသား စောချစ်🡆 More