ရွှေပြည်သာမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ ရွှေပြည်သာမြို့နယ်၏ မြောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်နှင့် တောင်ဘက်တွင် အင်းစိန်မြို့နယ်တို့ တည်ရှိသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ရွှေပြည်သာမြို့နယ် | |
---|---|
မင်္ဂလာဒုံခရိုင်အတွင်းတည်နေရာ (အပြာ) | |
ရွှေပြည်သာမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°58′10″N 96°4′41″E / 16.96944°N 96.07806°E 96°4′41″E / 16.96944°N 96.07806°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | မင်္ဂလာဒုံ |
စာပို့သင်္ကေတ | ၁၁၄၁၁ |
ရွှေပြည်သာမြို့နယ်ကို (၁၉၈၆) ခုနှစ်မှ စတင်၍ ရန်ကုန်မြို့၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်ကို ရပ်ကွက် (၂၇)ခုနှင့် ကျေးရွာစု (၃)စုဖြင့် ဖွဲ့စည်းထားသည်။ ရွှေပြည်သာမြို့နယ်တွင် တိကျသော မြို့ကွက်အနေအထားရှိသည်။ လမ်းများသည် စတုရန်း သို့မဟုတ် ထောင့်မှန်စတုဂံပုံစံဖြင့် အရပ်လေးမျက်နှာ ယှက်ဖြာနေပေသည်။ ပန်းခြံအကွက်များလည်း ဖော်ထုတ်ကာ ပန်းခြံအကွက်တစ်ခုလျင် အလယ်၌ထောင့်မှန်စတုဂံပုံ မြေလွတ်ကွက်တစ်ခုစီထားရှိပေးခဲ့သည်။ သို့သော် ရေထုတ်စနစ်သည် အစောပိုင်းကာလများကဲ့သိုပင် ဆိုးမြဲဆိုးနေဆဲပင်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ်ထဲတွင် ပါဝင်သော်လည်း အချို့ဝန်ဆောင်မှုများ (အမှိုက်သိမ်းဝန်ဆောင်မှု) များမှာမူ လိုအပ်လျက်ရှိသေးသည်။ လွန်ခဲ့သော နှစ်ကာလ(၂၀၁၃ မှ ၂၀၁၈) အတွင်း မြို့နယ်သည် သိသိသာသာတိုးတက်လာခဲ့သည်။ လမ်းအများစုသည် ကောင်းမွန်ပြီဖြစ်သည်။ အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်များသည် အစိုးရအရာရှိအငြိမ်းစား အများစုနေထိုက်သည့် ရပ်ကွက်များပင်ဖြစ်သည်။
အစိုးရ မူလတန်းကျောင်း (၅၀) ကျောင်းနီးပါး အလယ်တန်းကျောင်း (၂၀) ကျောင်း၊ အထက်တန်းခွဲကျောင်း (၁၀)ကျောင်းနှင့် အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။ ထို့အပြင် ကျောင်းပြင်ပပညာရေးလုပ်ငန်းများလည်းရှိနေပြီဖြစ်သည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon− (UCSY)နှင့် အစိုးရစက်မှုလက်မှုအင်စတီကျုတို့သည် လှော်ကားနှင့် မြင်းလှည်းဂိတ် တို့၌ တည်ရှိသည်။
ရွှေပြည်သာမြို့နယ်ရှိ ထင်ရှားသောကျောင်းများမှာ အထက ၁၊ အလက ၃ (ယခု ထခွဲလ ၃)၊ အထက ၃၊အထက ၅ ကျောင်းတို့ပင် ဖြစ်သည်။ ရွှေပြည်သာမြို့နယ်သည် ဆင်ခြေဖုံးမြို့နယ်များတွင်ပါဝင်သောကြောင့် အများအားဖြင့် အစိုးရကျောင်းများတွင် ပညာသင်ကြားကြသည်။ ငွေကြေးတတ်နိုင်သော အချို့မိသားစုများသည် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားကြသည်။ ရွှေပြည်သာမြို့နယ်တွင် ပုဂ္ဂလိကကျောင်းများစွာ ရှိသည်။
ရွှေပြည်သာတံတားအား ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်ဒေသအား ဆက်သွယ်ပေး ထားသည်။ ရွှေပြည်သာဘူတာသည် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင်တည်ရှိသည်။ အမှတ်(၄)လမ်းမကြီးသည် ရန်ကုန်မြို့၏အဓိကဝင်ရာထွက်ရာ လမ်းမကြီးများထဲတွင် အပါအဝင်ဖြစ်သည်။
YBS ယာဉ်လိုင်းများ ၆၅၊ ၃၉၊ ၉၄၊ ၇၈၊ ၄၂၊ ၇၇၊ ၄၀ စသောယာဉ်လိုင်းများသည် ရန်ကုန်မြို့တွင်းနှင့် ရွှေပြည်သာအား ဆက်သွယ်ပေးထားသည်။ အဓိကယာဉ်လိုင်း ၄၀ နှင့် ၆၅ တို့မှာ အားအထားရဆုံးဖြစ်သည်။ ၄၀ သည် ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း တစ်လျှောက်မှ သခင်မြပန်းခြံသို့လည်းကောင်း၊ ၆၅ သည် အင်းစိန်လမ်းမှ မြေနီကုန်း တာမွေ ကိုဖြတ်ကာ ဗိုလ်တထောင် သို့လည်းကောင်း ဆက်သွယ်ပေးထားသည်။ ၃၉၊ ၉၄ နှင့် ၇၈ တို့မှာ မြို့ပြင်ယာဉ်လိုင်းများဖြစ်သဖြင့် ခေတ်မီလေအေးပေးစက်တပ်ဆင်ပြီး ကားများဖြစ်သော်လည်း မြို့တွင်းနေလူထုအတွက် အားထားစရာမဖြစ်နိုင်ပေ။ မြို့နယ်တွင်းသည် အလွန်တရာကျယ်ဝန်းလှသဖြင့် အဓိကအနေနှင့် ဆိုင်ကယ်စီးနင်းသူ များပြားလှသည်။ ရေကြောင်းအနေဖြင့် ရန်ကုန်ရေကြောင်းဘတ်စ် ဆိုက်ကပ်ရန် သင်္ဘောဆိပ်မရှိသောကြောင့် ထိုပို့ဆောင်ရေးသည် သက်ရောက်မှုမရှိပေ။ ထို့အပြင် မီးရထားအသုံးပြုသူများ ရှိသော်လည်း ဘတ်စ်ကားအသုံးပြုသူနှင့် နှိုင်းယှဉ်ပါက အလွန်ပင်နည်းပါးလှသည်။
ရွှေပြည်သာမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးထဲတွင် လူနေထူထပ်သောမြို့နယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေပြည်သာမြို့နယ်တွင် အစောပိုင်း၌ အင်းစိန်မြန်မာ့ဆေးဝါးစက်ရုံမှဝန်ထမ်းများ၊ သမိုင်းရပ်ကွက်တစ်ဝိုက်တွင် မီးဘေးသင့်၍ အစိုးရမှ နေရာချထားပေးသော အိမ်ထောင်စုများနှင့် မူရင်းလယ်သမားများ နေထိုင်ကြသည်။ ယခုအခါ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းများ၊ ရန်ကုန်တွင် အလုပ်လုပ်ရန် လာရောက်နေထိုင်သူများသည် အိမ်များပေါင်းစပ်ငှား၍ နေထိုင်ကြသည်။ ရွှေပြည်သာ၏ လူအထူအထပ်ဆုံးနေရာမှာ ပတ္တမြားဈေးဝန်းကျင်ပင် ဖြစ်သည်။ ရွှေပြည်သာမှာ ဘုန်းတော်ကြီးကျောင်းများသည်လည်း စနစ်တကျတည်ရှိသည်။ ဘုန်းတော်ကြီးကျောင်းအများစုသည် ရပ်ကွက်အသီးသီးရှိ ရပ်ကွက်ပတ်လမ်းများတွင် တည်ရှိနေပြီ ရွှေပြည်သာမြို့ကို ဝန်းရံပေးထားသကဲ့သို့ တည်ရှိနေပါသည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်(ရွှေပြည်သာ) တည်ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ မိဘမဲ့စောင့်ရှောက်ရေးကျောင်းများ ဘိုးဘွားရိပ်သာနှင့် ကျောင်းပြင်ပပညာရေးကျောင်းများ စာသင်တိုက်များ ရိပ်သာကျောင်းများရှိသည်။ ပရဟိတအသင်းအဖွဲ့များလည်းရှိပြီး ရွှေပြည်သာစာပေ ရွှေပြည်သာမော်ကွန်းကဲ့သို့သော စာပေအဖွဲများ နှင့် အနုပညာရှင်အဖွဲ့များလည်း ရှိသည်။
ရွှေပြည်သာမြို့နယ်သည် စက်မှုဇုန်မြို့ဟူ၍ တင်စားရလောက်အောင် စက်မှုဇုန်များ အလွန်များပြားလှသည်။ ရွှေပြည်သာစက်မှုဇုန်၊ သာဓုကန်စက်မှုဇုန် နှင့် ဝါးတရာစက်မှုဇုန်များသည် မြို့နယ်၏ အရပ်လေးမျက်နှာတွင် ဝိုင်းရံထားသည်။ ထို့ကြောင့် နယ်ဝေးမှ လုပ်သားများသည် လာရောက်အလုပ်လုပ်ကိုင်ကြခြင်းပင်ဖြစ်သည်။
ယခုအခါ AEON Orange Supermarket သည် ဇီးကုန်း၌ လည်းကောင်း၊ City Mart Supermarket သည်လည်း ကန်သာယာ၌လည်းကောင်း၊ Capital Express သည် (၇)ရပ်ကွက် နှင့် (၈)ရပ်ကွက်ကြား နဝရတ်ဈေးအနီး နဝရတ်ဈေး YBS မှတ်တိုင်အနီး၌ ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ယခင် ရုပ်ရှင်ရုံကိုလည်း မွမ်းမံ၍ ရွှေပြည်သာအဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် ဖွင့်လှစ်ထားပြီဖြစ်သည်။
တမ်းပလိတ်:Reflit
This article uses material from the Wikipedia မြန်မာဘာသာ article ရွှေပြည်သာမြို့နယ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.