တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး

တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး (simplified Chinese: 长城; traditional Chinese: 長城; pinyin: Chángchéng; literally Long wall) or (simplified Chinese: 万里长城; traditional Chinese: 萬里長城; pinyin: Wànlǐ Chángchéng; အဓိပ္ပာယ်အားဖြင့် ၁၀၀၀၀ လီ (里 ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီး) သည် တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဘက်နယ်စပ်ကို ရှုန်းနူ (匈奴 Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။ မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှီဟွမ် (秦始皇 Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် (明朝 Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဘက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။

မဟာရံတံတိုင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

မဟာရံတံတိုင်း
တည်ရှိသည့် နိုင်ငံ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး တရုတ်
အမျိုးအစား ယဉ်ကျေးမှု ဆိုင်ရာ
ရွေးချယ်သည့်စံနှုန်း i, ii, iii, iv, vi
ကိုးကား 438
ဒေသ** အာရှပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၇  (၁၁ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

မဟာရံတံတိုင်းကြီးသည် အရှေ့ဘက် ဆန်းဟိုင်ကွမ်း (山海關 Shan-hai-guan) မှ အနောက်ဘက် လော့ပ်နော်(羅布泊 Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။ မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောင်ဘက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။ အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။

ဓာတ်ပုံများ

ရည်ညွှန်းချက်များ

Tags:

ရှီဟွမ်တီ

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလွတ်လပ်ရေးကြေညာစာတမ်းဇော်မင်းထွန်းဂုဏ်တော်တရုတ်သမထအာရပ်-အစ္စရေး ပဋိပက္ခမေသက်ခိုင်ဘိန်းစာပင်ဇာတာငါးမျိုးစိတ်များ စာရင်းမုသာဝါဒမိုးလေဝသဆီးချိုရောဂါလက္ခဏာများအရှေ့တောင်တိုင်းစစ်ဌာနချုပ်အနိစ္စနိုင်ငံခြားရေး ဝန်ကြီးဌာနအစ္စလာမ် သမိုင်းနေ့နံပုသိမ်မြို့မြွေရှစ်ပါးသီလ၃၁-ဘုံအချိန်၊ မြန်မာ့ရိုးရာရေမြန်မာ ငွေစက္ကူ သမိုင်းဂျပန်သမိုင်းသုက်ပန်းခြင်းမလေးရှားနိုင်ငံသမ္ဗုဒ္ဓေမင်းသိင်္ခရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ပျူမြို့ပြနိုင်ငံများတပ်မတော် (ကြည်း)မြန်မာ-အင်္ဂလိပ် အဘိဓာန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဂျပန်နိုင်ငံတူရကီနိုင်ငံအဲလ်ဘတ် အိုင်းစတိုင်းကိန္နရာ၂၄ ပစ္စည်းဟန်နီနွေဦးမြင်းချင်းလူမျိုးRဇာနည်စတုမဟာရာဇ်နတ်မင်းကြီးလေးပါးမိုင်းခရပ်ဖ်ချောင်းသာမြို့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ငွေဆောင်ကမ်းခြေသိင်္ဃသူ့သမီးကျောက်စာနင်ဂျာပြက္ခဒိန်ကာလသားရောဂါပုဂံခေတ်ကြူကြူလှမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကျားနေအဖွဲ့အစည်းချင်းမိုင်မြို့ကဆုန်လပြည့် ဗုဒ္ဓနေ့သခင်ကိုယ်တော်မှိုင်းတင်သွား(လူ)သံသရာခွေးရူးပြန်ရောဂါကာကွယ်ဆေးဘဝင်စိတ်အသည်းရောင် အသားဝါ ရောဂါ အေပိုးမျောက်နိရောဓသစ္စာရွှေတိဂုံစေတီတော်ချစ်လှစွာသော အမုန်းအလောင်းမင်းတရားအာဇာနည်နေ့အချစ်🡆 More