တိုက်: အလွန်ကြီးမားသောမြေထုဧရိယာ

ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားအရသာမက လူသားမျိုးနွယ်တို့၏ စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံး နယ်နိမိတ်သတ်မှတ်ချက်ကို တိုက် ဟု​ခေါ်သည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုမှာ ရေပြင်(သမုဒ္ဒရာ)များဖြင့် ပိုင်းခြားထားရမည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့) -

  1. အာရှတိုက်
  2. အာဖရိကတိုက်
  3. မြောက်အမေရိကတိုက်
  4. တောင်အမေရိကတိုက်
  5. အန္တာတိကတိုက်
  6. ဥရောပတိုက် နှင့်
  7. ဩစတြေးလျတိုက်

တို့ ဖြစ်ကြသည်။

တိုက်: တိုက် အရေအတွက်, ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ, ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက်
တိုက်ကြီးများပြ မြေပုံ

"လူအများစုအနေဖြင့် အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အန္တာတိက၊ ဥရောပနှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီး (၇) တိုက်အဖြစ် မှတ်ယူကြသော်လည်း တစ်ခါတစ်ရံတွင် ဥ​ရောပတိုက်နှင့် အာရှတိုက်ကို ပေါင်း၍ ယူ​ရေးရှား (အင်္ဂလိပ်: Eurasia) ဟု အမည်ရသည့် တိုက်ကြီးတစ်ခုတည်းအ​နေဖြင့် ​ခေါ်ဆိုသုံးနှုန်း​လေ့ရှိကြသည်။"

တိုက် အရေအတွက်

တိုက် အရေအတွက်နှင့်ပတ်သက်၍ ကမ္ဘာ့ နေရာဒေသအသီးသီးတွင် အောက်ပါဇယာအတိုင်း အမျိုးမျိုးသတ်မှတ်ကြသည် -

Models
တိုက်: တိုက် အရေအတွက်, ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ, ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက် 
တိုက်များကို အရောင်ခွဲခြား ပြသထားသည်။
တိုက်ကြီး ၄ တိုက်
          အာဖရို-ယူရေးရှား
       အမေရိက
    အန္တာတိက
    ဩစတြေးလျ
တိုက်ကြီး ၅ တိုက်
    အာဖရိက
       ယူရေးရှား
       အမေရိက
    အန္တာတိက
    ဩစတြေးလျ
တိုက်ကြီး ၆ တိုက်
    အာဖရိက
    ဥရောပ
    အာရှ
       အမေရိက
    အန္တာတိက
    ဩစတြေးလျ
တိုက်ကြီး ၆ တိုက်
    အာဖရိက
       ယူရေးရှား
    မြောက်အမေရိက
    တောင်အမေရိက
    အန္တာတိက
    ဩစတြေးလျ
တိုက်ကြီး ၇ တိုက်
    အာဖရိက
    ဥရောပ
    အာရှ
    မြောက်အမေရိက
    တောင်အမေရိက
    အန္တာတိက
    ဩစတြေးလျ

ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ

အောက်ဖော်ပြပါဇယားသည် တိုက်ကြီးတစ်ခုခြင်းစီ၏ ဧရိယာနှင့် လူဦးရေများကို နှိုင်းယှဉ်ပြသထားခြင်းဖြစ်သည်။ (ဧရိယာများရာမှ နည်းရာသို့ စဉ်ထားသည်။)

တိုက် ဧရိယာ (km²) ဧရိယာ (mi²) စုစုပေါင်း
ကုန်းမြေ
ရာခိုင်နှုန်း
လူဦးရေ စုစုပေါင်း
လူဦးရေ
ရာခိုင်နှုန်း
လူဦးရေ
သိပ်သည်းဆ
(/km²)
လူဦးရေ
သိပ်သည်းဆ
(/mi²)
လူဦးရေ
အထူထပ်ဆုံးမြို့
အာရှတိုက် ၄၃,၈၂၀,၀၀၀ ၁၆,၉၂၀,၀၀၀ ၂၉.၅% ၄,၁၆၄,၂၅၂,၀၀၀ ၆၀% ၉၅.၀ ၂၄၆ ရှန်ဟိုင်းမြို့တရုတ်နိုင်ငံ
အာဖရိကတိုက် ၃၀,၃၇၀,၀၀၀ ၁၁,၇၃၀,၀၀၀ ၂၀.၄% ၁,၀၂၂,၂၃၄,၀၀၀ ၁၅% ၃၃.၇ ၈၇ လာဂို့စ်မြို့နိုင်ဂျီးရီးယားနိုင်ငံ
မြောက်အမေရိကတိုက် ၂၄,၄၉၀,၀၀၀ ၉,၄၆၀,၀၀၀ ၁၆.၅% ၅၄၂,၀၅၆,၀၀၀ ၈% ၂၂.၁ ၅၇ မက္ကဆီကိုစီးတီးမက္ကဆီကိုနိုင်ငံ
တောင်အမေရိကတိုက် ၁၇,၈၄၀,၀၀၀ ၆,၈၉၀,၀၀၀ ၁၂.၀% ၃၉၂,၅၅၅,၀၀၀ ၆% ၂၂.၀ ၅၇ ဆော်ပေါင်လိုမြို့ဘရာဇီးနိုင်ငံ
အန္တာတိကတိုက် ၁၃,၇၂၀,၀၀၀ ၅,၃၀၀,၀၀၀ ၉.၂% ၄,၄၉၀ ၀% ၀.၀၀၀၃ ၀.၀၀၀၇၈ McMurdo Station၊ အမေရိကန်ပြည်ထောင်စု
ဥရောပတိုက် ၁၀,၁၈၀,၀၀၀ ၃,၉၃၀,၀၀၀ ၆.၈% ၇၃၈,၁၉၉,၀၀၀ ၁၁% ၇၂.၅ ၁၈၈ မော်စကိုမြို့ရုရှားနိုင်ငံ
ဩစတြေးလျတိုက် ၉,၀၀၈,၅၀၀ ၃,၄၇၈,၂၀၀ ၅.၉% ၂၉,၁၂၇,၀၀၀ ၀.၄% ၃.၂ ၈.၃ ဆစ်ဒနီမြို့ဩစတြေးလျနိုင်ငံ

တိုက်အားလုံး၏ ကုန်းမြေဧရိယာစုစုပေါင်းမှာ ၁၄၈,၆၄၇,၀၀၀ စတုရန်းကီလိုမီတာ (၅၇,၃၉၃,၀၀၀ စတုရန်းမိုင်) ဖြစ်ပြီး၊ ကမ္ဘာ့မျက်နှာပြင် (၅၁၀,၀၆၅,၆၀၀ စတုရန်းကီလိုမီတာ သို့ ၁၉၆,၉၃၇,၄၀၀ စတုရန်းမိုင်) ၏ ၂၉.၁% ဖြစ်သည်။

တိုက်: တိုက် အရေအတွက်, ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ, ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက် 
ဧရိယာ (၁ စတုရန်းကီလိုမီတာလျှင် လူဦးရေ ၁၀ သန်းနှုန်း) နှင့် လူဦးရေ (၁ ဘီလီယံ အားဖြင့်) နှိုင်းယှဉ်ပြသထားပုံ

တိုက်အားလုံး၏ အကြမ်းဖျင်းခန့်မှန်းထားသည့် လူဦးရေစုစုပေါင်းမှာ ၇,၀၀၀,၀၀၀,၀၀၀ ဖြစ်သည်။

ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက်

ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက်အဖြစ် တရားဝင် သတ်မှတ်ထားကြပြီး အဆိုပါ တိုက်ကြီး ၇ တိုက်၏ အမည်များကို အင်္ဂလိပ်လို မှတ်ခေါ်ရာတွင် တိုက်အမည်၏ အရှေ့ဆုံး အက္ခရာနှင့် နောက်ဆုံးပိတ် အက္ခရာတို့မှာ ထူးခြားစွာ တူညီနေသည်ကို တွေ့ရသည်။

  1. Asia (အာရှတိုက်)
  2. Africa ( အာဖရိကတိုက်)
  3. America (North) (မြောက်အမေရိကတိုက်)
  4. America (South) (တောင်အမေရိကတိုက်)
  5. Antarctica (အန္တာတိက တိုက်)
  6. Europe (ဥရောပတိုက်)
  7. Australia (ဩစတြေးလျတိုက်)

အာရှတိုက်

အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်သည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။

အလယ်အာရှ

အလယ်အာရှ ၅ နိုင်ငံမှာ

  1. ကာဇတ်စတန်
  2. ကာဂျစ္စတန်
  3. တာဂျစ္စတန်
  4. တာမင်နစ္စတန် နှင့်
  5. ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။

အရှေ့အာရှ

အရှေ့အာရှတွင် ၆ နိုင်ငံရှိလေရာ ၎င်းတို့မှာ

  1. တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်)
  2. ဂျပန်
  3. တောင်ကိုရီးယား
  4. မြောက်ကိုးရီးယား
  5. မွန်ဂိုးလီးယား
  6. ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။ သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။)

အနောက်အာရှ

အနောက်အာရှ ၁၂ နိုင်ငံမှာ

  1. ကွာတာ
  2. အစ္စရေး
  3. တူရကီ
  4. အီရန်
  5. ဆော်ဒီအာရေးဗီးယား
  6. အိုမန်
  7. အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
  8. ဂျော်ဒန်
  9. ယီမင်
  10. ကူဝိတ်
  11. လက်ဘနွန်
  12. ဆီးရီးယား တို့ဖြစ်သည်။

အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။

တောင်အာရှ

တောင်အာရှ ၈ နိုင်ငံမှာ

  1. အိန္ဒိယ
  2. သီရိလင်္ကာ
  3. ဘင်္ဂလားဒေ့ရှ်
  4. နီပေါလ်
  5. ဘူတန်
  6. ပါကစ္စတန်
  7. အာဖဂန်နစ္စတန်
  8. မာတီဗီးစ် တို့ဖြစ်သည်။

မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ

  1. မြန်မာ
  2. ထိုင်း
  3. မလေးရှား
  4. စင်္ကာပူ
  5. ဗီယက်နမ်
  6. အင်ဒိုနီးရှား
  7. ကမ္ဘောဒီးယား
  8. လာအို
  9. ဖိလစ်ပိုင်
  10. ဘရူနိုင်း
  11. အရှေ့တီမော (တီမောလက်စတစ်) တို့ဖြစ်သည်။

ကျမ်းကိုး

Tags:

တိုက် အရေအတွက်တိုက် ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေတိုက် ကမ္ဘာပေါ်ရှိ အမည်များ၏ ထူးခြားချက်တိုက် အာရှတိုက် ကျမ်းကိုးတိုက်ကမ္ဘာပထဝီဝင်သမုဒ္ဒရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

သက်ရင်းကြီးပင်ဇီဝဇိုးငှက်မအင်္ဂါ အစေ့ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ဂျာမနီနိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းနှလုံးသွေးကြောကျဉ်းရောဂါပုသိမ်မြို့ကျောက်ကပ်ရောင်ရောဂါဓူဝံကြယ်ကာလာမသုတ်ရာသီအလိုက်ပွင့်သောပန်းများပြင်သစ်နိုင်ငံဟိန္ဒူဘာသာကမ္ဘောဒီးယားနိုင်ငံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနရေမွန်မိုးကုတ်တရားတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကချင်ပြည်နယ်ဂူဂယ်ဥဩအင်ဒိုနီးရှားနိုင်ငံအစ္စရေးနိုင်ငံလီဆာခုနစ်နေ့ဘုရားရှိခိုးသောတာပန်မြိတ်မြို့ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရာပြည့်ပထမ ကမ္ဘာစစ်ကံ့ကော်ပင်ဆေးခြောက်ဆင်ဖြူရှင်မင်းဇာတာသမ္မာကျမ်းစာကိုးကန့်လူမျိုးထားဝယ်မြို့သစ္စာအဘိညာဉ်နပိုလီယန်နတ်ပင့်ဂါထာဘိုးမင်းခေါင်ကချင်လွတ်မြောက်ရေးတပ်မတော်ကုလသမဂ္ဂရက္ခိုင့်တပ်တော်စင်ကာပူနိုင်ငံနတ်မောက်မြို့အိန္ဒိယနိုင်ငံတြိဂံဒေသတိုင်းစစ်ဌာနချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအောင်လံမြို့လိင်ဆက်ဆံခြင်းဟင်္သာတထွန်းရင်ကိန်းမွန်ဘာသာစကားမြန်မာ့စီးပွားရေးလုပ်ငန်းများကအယုဒ္ဓယအားကရင် အမျိုးသား အစည်းအရုံးမန္တလေး နန်းတော်စကားကြီး ဆယ်မျိုးသတိပဋ္ဌာန်မောရသုတ်ကယားလူမျိုးဆူခွိုင်း ၃၀ခန္ဓာငါးပါးမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့မြန်မာ့စွယ်စုံကျမ်းသန်လျင် မင်းကျောင်းဆရာတော်ချဉ်ပေါင်🡆 More