အလယ်အာရှ: အာရှတိုက်၏ဒေသ

အလယ်အာရှ သည် အာရှတိုက်၏ ဗဟိုချက်တွင် တည်ရှိသော နေရာဒေသတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် ကက်စပီယံပင်လယ်၊ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် မြောက်ဘက်တွင် ရုရှားနိုင်ငံ တို့အထိကျယ်ပြန့်သည်။ လက်ရှိအခြေအနေအရ အလယ်အာရှတွင် ပါဝင်သည့်နိုင်ငံများမှာ ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ကွဲထွက်လာသည့် နိုင်ငံများဖြစ်သော ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တို့ဖြစ်ကြသည်။ ရံဖန်ရံခါတွင် အာဖဂန်နစ္စတန်နိုင်ငံကိုလည်း ထည့်သွင်းရေတွက်သည်။

အလယ်အာရှ (Central Asia)
Map of Central Asia
ဧရိယာ၄၀၀၃၄၅၁ စတုရန်းကီလိုမီတာ
လူဦးရေ၆၆,၄၅၃,၅၃၃
လူဦးရေသိပ်သည်းဆ၁၆.၆/km²
နိုင်ငံများကာဇက်စတန်နိုင်ငံ
ကာဂျစ္စတန်နိုင်ငံ
တာဂျစ်ကစ္စတန်နိုင်ငံ
တာ့ခ်မင်နစ္စတန်နိုင်ငံ
ဥဇဘက်ကစ္စတန်နိုင်ငံ
အလယ်ပိုင်းဒေသကာဇက်စတန်နိုင်ငံ

အလယ်အာရှသည် သမိုင်းကြောင်းများအရ နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြခြင်းနှင့် ပိုးလမ်းမကြီး တည်ရှိနေခဲ့ခြင်းတို့ကြောင့် ဥရောပ၊ အနောက်အာရှ၊ အရှေ့တောင်အာရှ နှင့် အရှေ့အာရှ ဒေသများ၏ ကုန်သွယ်ရာ ဒေသတစ်ခုဖြစ်ခဲ့သည်။ အစ္စလမ်မတိုင်မီခေတ်နှင့် အစ္စလမ်ခေတ်ဦးပိုင်းတွင် အလယ်အာရှသည် အီရန်လူမျိုးများ ကြီးစိုးရာဒေသ ဖြစ်ခဲ့သည်။ တားကစ်ခ်လူမျိုးများ ရောက်ရှိလာပြီးနောက် အလယ်အာရှသည် ယင်းလူမျိုးတို့၏ အိမ်သဖွယ်ဖြစ်လာခဲ့သည်။ သို့အတွက်ကြောင့် အလယ်အာရှကို ရံဖန်ရံခါ တာကီစတန်ဟူ၍လည်း ခေါ်ဆိုကြသည်။

၁၉ ရာစုအလယ်ပိုင်းမှ ၂၀ ရာစုအကုန်အထိ အလယ်အာရှ၏ ဒေသအများစုမှာ ရုရှားအင်ပါယာ တွင်ပါဝင်ပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု အဖြစ်တည်ရှိခဲ့သည်။

နယ်မြေဒေသ အချက်အလက်များ

နိုင်ငံ ဧရိယာ
km²
လူဦးရေ
(၂၀၁၂)
လူဦးရေသိပ်သည်းဆ
per km2
Nominal GDP
အမေရိကန်ဒေါ်လာ သန်း (၂၀၁၂)
မြို့တော် ရုံးသုံးဘာသာစကား
အလယ်အာရှ: အာရှတိုက်၏ဒေသ  ကာဇက်စတန် ၂,၇၂၄,၉၀၀ ၁၇,၉၄၈,၈၁၆ ၆.၃ ၁၉၆,၄၁၉ အက်စတာနာမြို့ ကာဇတ်ဘာသာ, ရုရှားဘာသာ
အလယ်အာရှ: အာရှတိုက်၏ဒေသ  ကာဂျစ္စတန် ၁၉၉,၉၀၀ ၅,၆၀၄,၂၁၂ ၂၇.၈ ၆,၄၇၃ Bishkek ကာဂျစ်ဘာသာ၊ ရုရှားဘာသာ
အလယ်အာရှ: အာရှတိုက်၏ဒေသ  တာဂျစ်ကစ္စတန် ၁၄၃,၁၀၀ ၈,၀၅၂,၅၁၂ ၅၅.၉ ၇,၅၉၂ ဒုရှန်ဗေမြို့ တာဂျစ်ဘာသာ၊ ရုရှားဘာသာ
အလယ်အာရှ: အာရှတိုက်၏ဒေသ  တာ့ခ်မင်နစ္စတန် ၄၈၈,၁၀၀ ၅,၁၇၁,၉၄၃ ၁၀.၅ ၃၃,၆၇၉ အက်ရှ်ကဘက်မြို့ တာ့ခ်မန်ဘာသာ
အလယ်အာရှ: အာရှတိုက်၏ဒေသ  ဥဇဘက်ကစ္စတန် ၄၄၇,၄၀၀ ၃၀,၁၈၅,၀၀၀ ၆၇.၅ ၅၁,၁၆၈ တက်ရှကင့်မြို့ ဥဇဘက်ဘာသာ

တစ်ခါတစ်ရံ ထည့်သွင်းရေတွက်သောနိုင်ငံများ

နိုင်ငံ ဧရိယာ
km²
လူဦးရေ
(၂၀၁၂)
လူဦးရေသိပ်သည်းဆ
per km2
မြို့တော် Official languages
အလယ်အာရှ: အာရှတိုက်၏ဒေသ  အာဖဂန်နစ္စတန် ၆၄၇,၅၀၀ ၃၁,၁၀၈,၀၇၇ ၄၈ ကဘူးလ်မြို့ ပက်ရှ်တိုဘာသာ၊ ဒါရီဘာသာ

ကိုးကား

Tags:

ကက်စပီယံပင်လယ်ကာဂျစ္စတန်နိုင်ငံကာဇက်စတန်နိုင်ငံဆိုဗီယက်ပြည်ထောင်စုတရုတ်နိုင်ငံတာဂျစ်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံရုရှားနိုင်ငံအာဖဂန်နစ္စတန်နိုင်ငံအာရှတိုက်ဥဇဘက်ကစ္စတန်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

စောမွန်လှဗျည်းပင်းယ-စစ်ကိုင်းခေတ်ပညာရေးစိတ်ပညာကုန်းဘောင်မင်းဆက်မြန်မာနိုင်ငံ၏ အမည်များသနပ်ခါးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)စိုးထွဋ်ရှင်ပြုခြင်းယောက်ျား အင်္ဂါတံဆီးချိုရောဂါအမျိုးသမီးကိုလိုနီသျှင်မဟာ သီလဝံသခွေးတောက်ပင်မောရသုတ်ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုရီးယားနိုင်ငံအနေကဇာတင်ခြင်းအောင်လံမြို့မေသန်းနုတာချီလိတ်မြို့ရေအကျိုးဆယ်ပါးထားဟစ်တလာခန္ဓသုတ်ခြင်ကလေးမွေးခြင်းအင်းဆက်မင်္ဂလသုတ်မော်လမြိုင်မြို့ဘားအံမြို့အီတလီနိုင်ငံဘဒ္ဒကမ္ဘာဓာရဏပရိတ်သခင်ကိုယ်တော်မှိုင်းမြဝတီရုပ်မြင်သံကြားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဂဠုန်ကဗျာလင်္ကာမိုးဟေကိုဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းကဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)ကရင်လူမျိုးသင်္ကြန်စိုးဝင်း၊ ဗိုလ်ချုပ်ကြီးလများ (အချိန်အတိုင်းအတာ)အလင်္ကာပြည်မြို့မွန်ဘာသာစကားကျောက်ပန်းတောင်းမြို့နယ်နေပြည်တော် ပြည်ထောင်စုနယ်မြေကုန်းဘောင်ခေတ်မြန်မာနိုင်ငံရှိ ခရိုင်များသီရိလင်္ကာနိုင်ငံနတ်ဂီတနာရီပညာရေးနှစ်ကျိပ်ရှစ်ဆူအယုဒ္ဓယမလေးရှားနိုင်ငံပီမိုးနင်းအပင်မြန်မာနိုင်ငံ၏ ရပ်ကွက်များတပ်မတော် (ရေ)စံပယ်ပန်းကိန်းအမျိုးသမီးသုံး ကွန်ဒုံးကြွက်တက်ခြင်းငါးမျိုးစိတ်များ စာရင်းသံတွဲမြို့ပန်း🡆 More