ဥဇဘက်ကစ္စတန်နိုင်ငံ

ဥဇဘက်ကစ္စတန်နိုင်ငံသည် အာရှအလယ်ပိုင်းတွင် ရှိသော နှစ်ထပ် ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

ဥဇဘက်ကစ္စတန်
Republic of Uzbekistan
O‘zbekiston Respublikasi
Ўзбекистон Республикаси
O'zbekstan Respublikası
ဥဇဘက်ကစ္စတန်နိုင်ငံ၏ အလံတော်
အလံတော်
ဥဇဘက်ကစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: WAP By Cardi B
ဥဇဘက်ကစ္စတန်နိုင်ငံ ၏ တည်နေရာ
မြို့တော်တရှကင့်မြို့
အကြီးဆုံးမြို့တရှကင့်မြို့
ရုံးသုံး ဘာသာစကားများဥဇဘက်
အမျိုးအစားပါလီမန် သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Shavkat Mirziyayev
တည်ထောင်
• လွတ်လပ်ရေး ကြေညာခြင်း
(ဆိုဗီယက်မှ)
စက်တင်ဘာ ၁၊ ၁၉၉၁
ဧရိယာ
• စုစုပေါင်း
၁၇၂,၇၄၂ စတုရန်းမိုင် ( ၄၄၇,၄၀၀ km²) (အဆင့်: ၅၆)
• ရေထု (%)
၄.၉
လူဦးရေ
• ခန့်မှန်း
၂၇,၆၀၆,၀၀၇ (အဆင့် - ၄၅)
• သိပ်သည်းမှု
၁၃၆/km² (၁၅၉.၁/sq mi) (အဆင့် - ၁၃၆)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၉၆.၁၈၈ ဘီလီယံ
• Per capita
US $၅,၀၁၅
HDIIncrease ၀.၆၁၇
အလယ် · ၁၀၂
ငွေကြေးဥဇဘက်ကစ္စတန် ဆုမ်
အချိန်ဇုန်+၅
တယ်လီဖုန်းကုဒ်+၉၉၈
Internet TLD.uz

ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ (သို့မဟုတ်) ဥဇဗက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ(ရုရှားနိုင်ငံ)တွင် ပါဝင်သော ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်၍၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၇၃၅၄၆ ရှိသည်။ မြောက်ဘက်တွင် ကာဇက်စတန်နိုင်ငံ၊ အရှေ့ဘက်တွင် ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ၊ အနောက်ဘက်တွင် တာ့ခ်မင်နစ္စတန်နိုင်ငံ စသော ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများနှင့် တောင်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံ တို့ အသီးအသီး တည်ရှိကြသည်။

အာရှတိုက်အလယ်ပိုင်းတွင် တာကီစတန်ဒေသဟူ၍ ရှိရာ ၁၈၆ဝ နှင့် ၁၈၇ဝ ပြည့်နှစ်များအတွင်းက ရုရှားတို့သည် အနောက်တာကီစတန်ကို သိမ်းယူခဲ့ကြလေသည်။ အရှေ့ တာကီစတန်သည် တရုတ်နိုင်ငံ နယ်နမိတ်ထဲတွင် ကျရောက် လျက်ရှိသည်။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တာကီစတန်၊ ခီဗာနှင့် ဗူခါးရား နယ်မြေများ ပါဝင်စေလျက် ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့ လေသည်။ ၁၉၂၅ ခုနှစ် မေလတွင် ဆိုဗီယက်ပြည်ထောင်စု ထဲ၌ သမ္မတနိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

ဥဇဗက်ကစ္စတန်နိုင်ငံတွင်း၌ မြေဩဇာ ထက်သန်သော ဖားဂါးနားချိုင့်ဝှမ်း တည်ရှိသည်။ ထိုဒေသတွင် ဆားဒါယာမြစ်မှ ရေသွင်း၍ ဝါ၊ သစ်သီးနှင့် ဆန်စပါးတို့ကို အကြီးအကျယ် စိုက်ပျိုးသည်။ ဥဇဗက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတွင် ဝါအများဆုံးထွက်သော နိုင်ငံဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ထွက် ဝါ ၆ဝ% ကို ဥဇဗက် ကစ္စတန်နိုင်ငံမှရရှိသည်။ လူဆန်ပဲပင်၊ ဆန်စပါး၊ စပျစ်သီးနှင့် ဗင်္ဂလား ဆီးသီးတို့ကိုလည်း စိုက်ပျိုးသည်။

နိုင်ငံ၏အနောက်ပိုင်းတွင် မြင်း၊ သိုးစသော တိရစ္ဆာန် များကို မွေးမြူကြသည်။ အထူးသဖြင့် တာရာကား သိုးမျိုးကို အကြီးအကျယ်မွေးမြူသော နိုင်ငံဖြစ်သည်။ ဥဇဗက်ကစ္စတန် နိုင်ငံသည် တွင်းထွက်ပစ္စည်း ကြွယ်ဝ သောနိုင်ငံလည်း ဖြစ်၍ ကြေးနီ၊ ရေနံနှင့် ကျောက်မီးသွေး ထွက်သည်။ အာရှတိုက် အလယ်ပိုင်းတွင် စက်မှု လုပ်ငန်း၌ အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။ တက်ရှကင့်မြို့တော်တွင် အထည်အလိပ်စက်ရုံ၊ စိုက်ပျိုးရေးကိရိယာ စက်ရုံ၊ သားရေစက်ရုံစသော စက်ရုံများ ရှိသည်။ နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံ၊ စက္ကူစက်ရုံ၊ သံနှင့် သံမဏိ စက်ရုံ၊ ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစရှိသော စက်ရုံ မြောက်မြားစွာ ရှိသည်။

တက်ရှကင့်မြို့သည် ဥဇဗက်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက်ပြည် ထောင်စုမြို့တွင်လည်း အကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေ ၁၃၈၅ဝဝဝ (၁၉၇ဝ)ရှိသည်။ အခြားထင်ရှားသော မြို့များမှာ ဗူခါးရားမြို့၊ ခီဗာမြို့၊ ခိုကန်း မြို့နှင့် ဆမာကန်းမြို့များ ဖြစ်သည်။ ဆမာကန်းမြို့သည် ၁၉၃ဝ ပြည့်နှစ်အထိ ဥဇဗက်ကစ္စတန်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့ဘူးသည်။ တစ်ဆဲ့ကိုးရာစုနှစ်တွင် ရုရှားတို့ ဝင်ရောက်မလာမီက ဥဇဗက် လူမျိုးတို့သည် အာရှတိုက်အလယ်ပိုင်းဒေသ၌ ကြီးစိုးခဲ့သည်။ ဥဇဗက်လူမျိုးသည် တူရကီတို့၏ အဆက်အနွယ်ဖြစ်၍ အစ္စလာမ်အယူဝါဒီများ ဖြစ်သည်။ ဥဇဗက်ကစ္စတန်နိုင်ငံတွင် လူဦးရေ ၁၁၉၆ဝဝဝဝ (၁၉၇ဝ) ရှိသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ
Xiva

ကိုးကား

Tags:

အာရှ

🔥 Trending searches on Wiki မြန်မာဘာသာ:

လိင်စိတ်ဆွခြင်းအနော်ရထာတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကရင်ပြည်နယ်တပ်မတော်ဓာတ်ပုံပညာရေးဝန်ကြီးဌာနကိုရီးယားနိုင်ငံသံတွဲမြို့အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်သရဏဂုံထိုင်းဘတ်ငွေပန်းကြည့်ပွဲတော်နေအဖွဲ့အစည်းသင်္ဂါယနာခရေပင်အမျိုးသမီးသုံး ကွန်ဒုံးဆွစ်ဇာလန်နိုင်ငံခင်ခင်ထူးမြစ်ကြီးနားမြို့ခေတ်စမ်းစာပေမြန်မာပြည် စာတိုက် သင်္ကေတများခန္ဓာဗေဒဟင်္သာတထွန်းရင်မြန်မာနိုင်ငံ၏ ပထဝီဝင်မင်္ဂလသုတ်လိင်တူစုံမက်ခြင်းမြဝတီမြို့နယ်စစ်ရေးရဟန်းခံခြင်းဒိဋ္ဌိအပူချိန်ပြင်သစ်နိုင်ငံမဟော်သဓာမင်းအောင်လှိုင်မဂ္ဂင် ၈ ပါးကြိတ်မှန်ပင်ဖူးခက်မင်းအောင်ခေါင်းဆောင်မှုမြန်မာ့တပ်မတော် သမိုင်းကြောင်းရှမ်းလူမျိုးကာကွယ်ရေးဝန်ကြီးဌာနစမူဆာဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်ဇော်ဂျီ (စာရေးဆရာ)မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများဗုဒ္ဓဘာသာအင်းဝမြို့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဗျိုင်းကာမေသုမိစ္ဆာစာရအလောင်းစည်သူအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ကမ္ဘောဒီးယားနိုင်ငံကွန်ပျူတာ စက်လည်ပတ်ရေး စနစ်စောမောင် (ဗိုလ်ချုပ်မှူးကြီး)နေပြည်တော်မြို့ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ပင်းယခေတ်ပေါက်မြို့နယ်ကယားလူမျိုးမြသန်းတင့်မဉ္ဇူပန်းပင်ပဲခူးရိုးမတောင်ရေးမြို့နန်းမတော်မယ်နုမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များသံဃာဒိသေသ်အာပတ်နန္ဒဘုရင်အသည်းရောင် အသားဝါ ရောဂါ စီပိုးဗုဒ္ဓဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (လောပိတ)ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်း🡆 More