ခန္ဓာဗေဒ (Anatomy) ဆိုသည်မှာ ဇီဝဗေဒ ပညာရပ်အကိုင်းခွဲတစ်ခုဖြစ်ပြီး သက်ရှိအရာများတွင်ရှိသောဖွဲ့စည်းပုံကိုလေ့လာခြင်းဖြစ်သည်။ ခန္ဓာဗေဒ ဟုမြန်မာပြန်လျှင် သင့်လျှော်မည်။ အနာတမီ (Anatomy) ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍ ခွဲစိတ်ခြင်း၊ ဖြတ်တောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကိုယ်ခန္ဓာရှိ အသားမျှင်အားလုံးတို့ကို ဓား၊ ညှပ်တို့နှင့် သတိရှိရှိဖြင့် ခွဲစိတ်ဖြတ်တောက်ခြင်းအားဖြင့် ဆေးကျောင်းသားတစ်ယောက်သည် ထိုအသားမျှင်တို့၏ အနေအထားနှင့် ယင်းတို့၏ ဆောင်ရွက်မှုတို့ကို တိတိကျကျ သိရှိ နိုင်လေသည်။ သမိုင်းတင်သည့်အခါမှစ၍ လူသေကောင်ကို ဤကဲ့သို့ စူးစမ်းစစ်ဆေး လေ့လာခဲ့သော်လည်း လူတို့၏ အယူသည်းမှု၊ အသိပညာ ကင်းမဲ့မှုတို့ကြောင့် အလယ်ခေတ် တစ်လျှောက်လုံးတွင် သိပ္ပံပညာနည်းဖြင့် ရှာဖွေလုပ်ကိုင်ခဲ့သော လူတစ်စုမှာ အတော်ပင် စိတ်ပျက်ခဲ့ရလေသည်။ ယခုခေတ် အနာတမီပညာကို စတင် ပြုစုပျိုးထောင်သူမှာ ဗီဆေးလိယပ် အမည်ရှိ ဗဲလဂျီယန် အမျိုးသားတစ်ဦး ဖြစ်သည်။ ၁၆ ရာစု ခေတ်မှာပင် ဣတာလျံလူမျိုးတစ်ဦးဖြစ်သော ဖဲလိုးပိယက် အမည်ရှိ ပုဂ္ဂိုလ်သည် နောက်ခေတ် သုတေသီများကို များစွာ ကူညီခဲ့လေသည်။ ရှေးခေတ်က ခွဲစိတ်စစ်ဆေးရန် လူသေကောင်ရဖို့ အရေး သည် မလွယ်ကူလှချေ။ သုသာန်မှ လူသေကောင်များကိုခိုး၍ ဆရာဝန်နှင့် ခွဲစိတ်ကုဆရာဝန်များကို ပေးရသည်။ ခွဲစိတ်ကု ဆရာဝန်များက မိမိတို့၏ ဆိုင်ရာ ကျောင်းသားများကို လူသေကောင်များဖြင့် လက်တွေ့သင်ကြားပေးရလေသည်။ ၁၉ ရာစု ခေတ်မှာပင် လူသတ်သမားကြီးများဖြစ်ကြသော ဗတ်နှင့် ဟဲတို့ သည် မိမိတို့ သတ်ဖြတ်ခဲ့သော အလောင်းကောင်များကို အက်ဒင်ဗရာမြို့မှ ဒေါက်တာနော့အား လက်တွေ့ စမ်းသပ်ရန် ရောင်းချကြသည်။ ယခုတိုင် လန်ဒန်မြို့ရှိ အချို့သော ဝတ် ကျောင်းပတ်လည် သုသာန်မြေဟောင်းများတွင် ညဉ့်အစောင့် များသည် လူသေအလောင်း သူခိုးများကို စောင့်ဖမ်းနေကြ ရသည်။ ကျွန်ုပ်တို့ခေတ်တွင်မူကား လူများသည် အမြင်ပို၍ ကျယ်လာသည်ဖြစ်ရကား ခွဲစိတ်ခြင်းကို သဘောပေါက်လာရာ ရောဂါဆန်းနှင့် သေဆုံးသောသူ၏ အလောင်းများကို ခွဲစိတ် စစ်ဆေးနိုင်ရန် ဆေးရုံရှိ ဆရာဝန်များထံ ထားခဲ့ကြလေသည်။ ဤသို့ ထားခဲ့ခြင်းအားဖြင့် ရောဂါပျောက်ကင်းရေးတွင် ဆရာဝန်များအား ကူညီရာရောက်သည်ဟု သိရှိလာကြသည်။ ခန္ဓာကိုယ် ဆောင်ရွက်မှုများကို အမျိုးမျိုးသော အင်္ဂါစုများ က ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြ၏။ ပါးစပ်မှ စအိုထိ တောက်လျှောက်တန်းလျက်ရှိသော အစာချေအင်္ဂါစုသည် အစာကို ညက်ညက်ကြေအောင် ဝါး၍ သက်ရှိတို့၏ လိုအပ်သော နေရာများသို့ပို့ပေးရန် ပြင်ဆင်မှုများ ပြုလုပ်ပေးရသည်။ အသက်ရှူမှု အင်္ဂါစုတွင် အဆုတ်နှင့် လေလမ်းများပါဝင်ရာ ယင်းတို့က အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များကို လဲလှယ်ပေးရ၏။ သွေးကြောစုသည် နှလုံးဟုဆိုအပ်သော သန်မာသည့် အသားပြွတ်တစ်ခုဖြင့် ပြုလုပ်ထားရာ ထို နှလုံးသည် ကိုယ်အင်္ဂါ အစိတ်အပိုင်း အရပ်ရပ်သို့ သွေးများ ပျံ့နှံ့သွားစေရန် သွေးလွှတ် ကြော၊ သွေးပြန်ကြော၊ သွေးမျှင် ကြောတို့မှတဆင့် ပန်းထုတ်ပေးရသည်။ သွေးသည် အောက်ဆီဂျင်ကို တစ်ရှူးများဆီသို့ ပို့၍ ကာဗွန်အောက်ဆိုဒ်ကို ဖယ်ရှားပစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
ဤ ဆောင်းပါးကို နောက်ထပ် ဆောင်းပါးများ အဖြစ် ခွဲထုတ်ရန် အကြံပြုထားပါသည်။ (ဆွေးနွေးရန်) (23 Jul 2021) |
ခန္ဓာကိုယ် အရိုးစုသည် ကိုယ်ထည်တစ်ခုလုံးကို ထောက်ပံ့၍ ဆောင်ထား၏။ အရိုးများတွင် ကြွက်စွန်းကြောများ ကပ်လျက်ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောများ ကပ်လျက် ရှိသောကြောင့် လှုပ်ရှားနိုင်၏။ နာဗ်ကြောအဖွဲ့သည် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိစေသာ အာရုံများ၏ စေ့ဆော်မှုများကို သယ်ဆောင်ယူသွားသော အဖွဲ့အစည်း ဖြစ်သည်။ မာသောခေါင်းခွံဖြင့် ဖုံးအုပ်ကာကွယ်ထားသော ဦးနှောက်သည်ကား မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားစသော စိတ်နှင့်ဆိုင်သည့် ဆောင်ရွက်မှုတို့ကို ပြုလုပ်ဆောင်ရွက်သော ဗဟိုဌာန ဖြစ်သည်။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အဆောက်အအုံကို ခွဲစိတ် လေ့လာသော အတတ်ပညာကို လက်တွေ့ အနာတမီဟု ခေါ်သည်။ ယင်းလက်တွေ့ပညာသည် ခွဲစိတ်ကုဆရာဝန်အတွက် အလွန်လိုအားအပ်သော အခြေခံပညာ ဖြစ်သည့်ပြင် သာမန် ဆရာဝန် အတွက်လည်း လိုပေသည်။ လူမှတစ်ပါး တိရစ္ဆာန် အမျိုးမျိုး ရှိရာတွင် တစ်မျိုးနှင့်တစ်မျိုး မည်သို့ အဆက်အသွယ်ရှိပုံကို လည်း နှိုင်းယှည့်၍ ခွဲစိတ် လေ့လာကြသေးသည်။ ၁၈ ရာစု ခေတ်တွင် ကူးဗီယေ, ဂျီအမည်ရှိ ပြင်သစ် အမျိုးသားတစ်ဦးသည် တိရစ္ဆာန်များကို ယင်းတို့၏ အသွင်ဖြင့် မဟုတ်ပဲ ကိုယ်တွင်း တည်ဆောက်ထားသည့် အနေအထားကိုလိုက်၍ အမျိုးအစား ခွဲခြင်းကို စတင် ပြုစု ပေးခဲ့သည်။
နောက်ရာစုခေတ်တွင် ချားလ်စ်ဒါဝင်က အချို့ တိရစ္ဆာန်အစုများသည် တစ်စုနှင့်တစ်စု တည်ဆောက်ထားပုံခြင်းတူကြောင်း ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ရှေးတိရစ္ဆာန်တစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဆောင်ရွက်မှု အနာတမီသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လုပ်ကိုင်မှုနှင့် ပတ်သက်သည်။ ဤပညာရပ်ခွဲနှင့် စပ် လျဉ်း၍ ၁၆၂၈ ခုနှစ်က အင်္ဂလိပ်လူမျိုး ဝီလျံဟားဗေးဆိုသူ သည် သွေးလှည့်ပတ်ခြင်းအကြောင်းကို ပြဆိုခဲ့၏။ သူသည် ပက်ဒူးအားမြို့၌ ဗီဆေးလိယပ်နှင့် ဖဲလိုးပိယက်တို့ ပြုစုလုပ် ကိုင်ခဲ့သော အလုပ်များကို နည်းခံ၍ လေ့လာသင်ကြားခဲ့သည်။ သွေးလှည့်ပတ်ခြင်းအကြောင်းကို ဟားဗေး မတွေ့မီက သွေးသည် လှည့်ပတ်မသွားဘဲ ကိုယ်တွင်း၌ ရှေ့တိုးနောက်ဆုတ်ကာ လှုပ်ရှားလျက်ရှိသည်ဟူ၍ပင် အတော်ဆန်းဆန်း တွေးတော ယူဆခဲ့ကြသည်။
များစွာသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၏ အမည်များသည် ထိုအစိတ်အပိုင်းများကို ပထမဆုံး တွေ့ရှိသော ကာယ ဗေဒဆရာတို့၏ အမည်ကိုအစွဲပြု၍ ခေါ်ထားကြခြင်း ဖြစ် သည်။ ခေါင်းခွံရှိ ဂေလင်သွေးပြန်ကြောများ၊ ဦးနှောက်ရှိ ဆီလဗီယက်ပပ်ကြားများ၊ ပေါင်ခြံရှိ ပေါပပ်ရိုးဆက်ရွတ်များ၊ ပေါင်အတွင်းအောက် ပိုင်းရှိ ဟန်းတားပေါင်ဖျားမြောင်း စသည် တို့သည် ထိုပုဂ္ဂိုလ်တို့၏ အမည်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်သည်။ ဂေလင်သည် ဂရိလူမျိုးဖြစ်၍ ရောမမြို့မှ ဆရာဝန် ဖြစ်သည်။ ဆီလဗီယက်သည် လေဒင် တက္ကသိုလ်မှ ဒပ်ချလူမျိုး ပါမောက္ခဖြစ်၍ ပေါပပ်ကား ပြင်သစ်ကာယဗေဒဆရာ ဖြစ်သည်။ ဂျွန်ဟန်းတားသည် လင်းနာ့ရှိုင်ယာနယ်တွင် မွေးဖွား၍ ၁ဝ နှစ်သားအရွယ်တွင် သူ၏ဖခင် သေဆုံးသွား လေသည်။ ထိုကြောင့် ဂျွန်သည် အိမ်ထောင်ပရိဘောဂ လုပ်ကိုင်သူ ဆွေမျိုးတစ်ဦးထံသို့သွား၍ အလုပ်သင်ရသည်။ ဂျွန် အသက် ၂ဝ နီးပါးမျှ ရှိသောအခါ အလုပ်အကိုင် မကောင်းသဖြင့် လန်ဒန်မြို့တွင် အနာတမီ ကထိကဖြစ်နေသော သူ၏အစ်ကိုထံ စာရေး၍ အကူအညီ တောင်းရလေသည်။ သူ၏အစ်ကို ဝီလျံဟန်းတားကလည်း စာရေးသည့်အတိုင်း လန်ဒန်သို့ခေါ်ယူ၍ ခွဲစိတ်ခန်းတွင် အကူအညီအဖြစ်ဖြင့် လုပ်ကိုင်စေလေသည်။
ဂျွန်သည် တစ်နှစ်နီးပါးမျှ လုပ်ကိုင်ပြီးသောအခါ အနာ တမီပညာ၌ အတော်ဗဟုသုတရလာပြီဖြစ်ရကား ဆေးကျောင်း သား အတန်းတစ်တန်းကို သင်ကြားရန် တာဝန်ပေးခြင်း ခံရ လေသည်။ ထိုနောက် ချဲလဆီနှင့် စိန်ဗာသောလမျူးဆေးရုံ တို့တွင် ခွဲစိတ်ခြင်းဆိုင်ရာ ပညာရပ်ကို သင်ကြား တတ်မြောက်ပြီးနောက် ဆေးရုံ တစ်ခုတွင် ခွဲစိတ်ဆရာအဖြစ် ခန့် ထားခြင်း ခံရလေသည်။ ဂျွန်သည် မိမိဝါသနာပါသည့် ပညာရပ်တွင် လေ့လာဆည်းပူးသင်ကြားရသဖြင့် အံ့ဩလောက် အောင် တိုးတက်မှုရလာသောကြောင့် လူထု၏ကြည်ညို လေးစားမှု၊ ဂုဏ်ပြုမှုကို ရရှိလေသည်။ သူရရှိသော ငွေများကို နှိုင်းရှည့် အနာတမီ ပညာသင်ကြားရန်အတွက် နမူနာများကို စုဆောင်းရာ၌ အသုံးပြုခဲ့သည်။ အသက် ၆၅ နှစ်တွင် ဂျွန်ဟန်းတား သေဆုံး၏။ သေဆုံးပြီးနောက် သူစုဆောင်းထားသော နမူနာများကို ဗြိတိသျှ အစိုးရက ပေါင် ၁၄ဝဝဝ နှင့် ဝယ်၍ တော်ဝင်ခွဲစိတ်ရေး ဆရာဝန်များ ကောလိပ်သို့ လွှဲအပ် လိုက်လေသည်။ ဟန်းတားသည် သူ၏ခေတ်တွင် အနာတမီ ပညာ၌ ထူးခြားပြောင်မြောက်အောင် တတ်စွမ်းသည်သာမက ရောဂါစူးစမ်းရေး ဆရာဝန် အကြီးဆုံးလည်း ဖြစ်ခဲ့လေသည်။ ဖဲလိုးပိယက် (၁၅၂၃-၆၂)သည် ဣတလီနိုင်ငံ၊ မိုးဒေနာ မြို့တွင် မွေးဖွား၍ ဖာရာရားမြို့တွင် အနာတမီ ပါမောက္ခ ဖြစ်လာသည်။ ထိုနောက် သူသည် ပက်ဒူးအား တက္ကသိုလ်၌ အနာတမီ၊ ခွဲစိတ်ပညာနှင့် ရုက္ခဗေဒ ပညာရပ်တို့ကို သင်ကြား ပြသ၏။
ဗီဆေးလိယပ် (၁၅၂၄-၆၄)သည် ဗရပ်ဆဲမြို့တွင် မွေးဖွား ၏။ သူလည်း ကျော်ကြားသော ပက်ဒူးအား တက္ကသိုလ်သို့ သွား၍ အနာတမီနှင့် ခွဲစိတ်ပညာကို သင်ကြားပြသသည်။ ထိုနောက် ဣတာလျံတက္ကသိုလ်များ သို့လည်းကောင်း၊ ဗားလ မြို့တက္ကသိုလ်သို့လည်းကောင်း သွားရောက် သင်ကြားပြသ သည်။ ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင် ပဉ္စမမြောက် ချား ၏ သမားတော်ချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီးသည်နောက် လူသေကောင်များကို ခွဲစိတ်သောကြောင့် ယင်းရာထူးမှ ထွက်ရ လေသည်။ ၁၅၄၃ ခုနှစ်တွင် သူသည် အလွန်အရေးကြီးသည့် နှလုံးနှင့် ယင်း၏ အခင်များအကြောင်းစာအုပ်ကို ရေးသား ထုတ်ဝေလေသည်။
လူ့ခန္ဓာကိုယ်သည် သက်ရှိသတ္တဝါများအနက် အရှုပ်ထွေးဆုံးဖြစ်ပြီး။ Microscope အနုကြည့် မှန်ဘီလူး ဖြင့်သာ မြင်ရသည့် သေးငယ်လွန်းသော အစိတ်အပိုင်း Cells (ဆဲလ်) သန်းထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။
(ဇီဝကမ္မ = အသက်၏အလုပ်) ခန္ဓာကိုယ်၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအလုပ်တို့ ပါဝင်သည်။ အသက်ရှင် ရပ်တည်ရေးအတွက် (ဆဲလ်) များစွာတို့က Homeostasis (ဟိုမီယိုစတေးဆစ်) ခေါ် သမမျှတမှု ဖြစ်စေရန် မရပ်မနား လှုပ်ရှားနေသည့် အမျိုးမျိုးသော လုပ်ငန်းများ လုပ်ဆောင်ကြရသည်။ ပတ်ဝန်းကျင် အခြေအနေ၊ (ဆဲလ်) များနှင့် ပတ်ဝန်းကျင်အတွင်းရှိသည့် ပစ္စည်း တို့၏ အပြောင်းအလဲများ၊ အစာကြေချက်ခြင်း စသည် တို့အား စုစည်း ဆက်စပ်နေသည့် အလုပ်ကြီးပင်ဖြစ်သည်။
ခန္ဓာကိုယ်၏ လုပ်ငန်းများ လုပ်ဆောင်နိုင်မှုသည် အသက်အရွယ်နှင့်အတူ ပြောင်းလဲနေသည်။ ယေဘူယျ အားဖြင့် ငယ်လွန်း၊ ကြီးလွန်းချိန်များတွင် နည်းနည်းသာ လုပ်နိုင်သည်။ သက်ရှိတို့နှင့် သက်မဲ့တို့၏ ကွာခြားချက်မှာ ဖွဲ့စည်းထားပုံ၊ ဇီဝဖြစ်စဉ်၊ တုံ့ပြန်နိုင်စွမ်း၊ လှုပ်ရှားနိုင်မှု၊ မျိုးပွားနိုင်ခြင်းတို့ ဖြစ်သည်။ လူသည် အရှုပ်ထွေးဆုံးသော သတ္တဝါဖြစ်ရာ ထူးခြားစွာ လုပ်နိုင်စွမ်းရှိသည်။ ကြီးထွားခြင်း၊ အသက်ရှူခြင်း၊ အစာခြေခြင်း၊ စွန့်ထုတ်ခြင်း အလုပ်များသည် တခုနှင့်တခု အဆက်အစပ်ရှိရှိ လုပ်ဆောင်နေကြပေသည်။
မှတ်ရန်။ (မော်လီကြူး)ဆိုသည်မှာ Atom (အက်တွန်)ခေါ် အနုမြူ ၁-၂ လုံး ပါနေသည့် အရာဝတ္တုတခု၏ အသေးဆုံးသော အစိတ်အပိုင်းကိုခေါ်သည်။ (အက်တွန်) ဆိုသည်မှာ မည်သည့် ဓာတ်ပစ္စည်းမဆို၏ ၎င်း၏ ဓာတ်သဘော အပြည့်ရှိသည့် အသေးဆုံးသော အစိတ်အပိုင်းဖြစ်သည်။
အချို့ သတ္တဝါများသည် (ဆဲလ်) တခုတည်းရှိပြီး၊ အချို့မှာ (ဆဲလ်) သန်းများစွာရှိကြသည်။ လူ့သန္ဓေဖြစ်စ၌ (ဆဲလ်) တခုတည်းမှ ပွားများလာရသည်။ (ဆဲလ်) များသည် အနုကြည့်မှန်ဘီလူးဖြင့်ကြည့်မှသာ မြင်နိုင်သည်အထိ သေးငယ် သည်။ (ဆဲလ်) အမျိုးအစားပေါင်းများစွာရှိသည်။ လူ့ခန္ဓာကိုယ်၌ (ဆဲလ်)ပေါင်း ၁၀၀ (ထွီလီယန်)ရှိမည်ဟု မှန်းဆရသည်။ ၁ (ထွီလီယန်) = ၁၀၀၀၀၀၀၀၀၀၀၀၀။ (သုည ၁၂ လုံး)
(ဆဲလ်) တွင် Cell wall နံရံ၊ Nucleus (နူကလီးယပ်စ်) နှင့် Cytoplasm (ဆိုက်တိုပလာဆမ်)တို့ ပါဝင်သည်။ နံရံသည် အတွင်းပိုင်းနှင့် အပြင်ကို ကန့်ထားကာ (ဆဲလ်)၏ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ ဓာတ်ပစ္စည်များ အထဲဝင်-အပြင်ထွက်နိုင် စေရန်လည်း လုပ်ပေးသည်။ (ဆိုက်တိုပလာဆမ်)သည် (ဂျဲလ်)ကဲ့သို့ ကျိချွဲချွဲ ဖြစ်သည်။ ၎င်းထဲ၌ သေးငယ်သည့် ပစ္စည်းများ ပါဝင်သည်။ Nucleus (နူကလီယပ်စ်) ခေါ် (ဆဲလ်)၏ အထိန်းပင်မထဲတွင် DNA ခေါ် မျိုးဗီဇ ပါဝင်သည်။ ၎င်းထဲရှိ Nucleous (နူကလီယိုးလပ်စ်) ၌ (ပရိုတိန်း) ဖြစ်ရေးတွင်ပါဝင်ရသည့် RNA ရှိသည်။ ၎င်းမှာ (ဆဲလ်) ကြီးထွားစေရန်၊ (ဆဲလ်) ပျက်သည်ကို ပြင်ရန်၊ သေသည်ကို အစားထိုးရန်တို့အတွက် (ဆဲလ်) ပွားခြင်းဖြစ်ရသည်။
Tissue (တစ်ရှူး) ဆိုသည်မှာ အလုပ်တမျိုးလုပ်ရန် မျိုးတူသည့် (ဆဲလ်) များ၏ အစုအဝေးကိုခေါ်သည်။ (ဆဲလ်) များ အကြား သက်မဲ့ပစ္စည်းဖြစ်သည့် တွယ်ကပ်သည့်ပစ္စည်းများရှိသည်။ အချို့(တစ်ရှူး)များ၌ တွယ်ကပ်ပစ္စည်း နည်းနည်းသာ ရှိ၍ အချို့တွင် အမြောက်အမြားရှိသည်။ (တစ်ရှူး) အမျိုးအစား (၄)မျိုး ရှိသည်။
တကိုယ်လုံး အနှံ့ရှိသည်။ ခန္ဓာကိုယ်မျက်နှာပြင်၊ ဝမ်းတွင်းခေါင်းများ၊ အခေါင်းရှိသည့်အင်္ဂါများ၊ (ဂလင်း)များ အားလုံးကို ဖုံးနေသည့် အလွှာဖြစ်သည်။ ၎င်းက ကာကွယ်မှုပေးခြင်း၊ အရည်များညှစ်ထုတ်ပေးခြင်း၊ စုပ်ယူပေးခြင်း၊ စွန့်ထုတ်ပေးခြင်း၊ တဖက်မှ တဖက်ဆီသို့ ပြန့်နှံ့စေခြင်း၊ အာရုံခံပေးခြင်းများ လုပ်ပေးသည်။ (အပီသီလီရယ်-တစ်ရှူး) ၏ (ဆဲလ်)များသည် တခုနှင့်တခု ထိစပ်နေကြပြီး၊ တဖက်က အပြင်သို့ မျက်နှာမူနေကာ၊ (ကာဗွန်ဟိုက်ဒရိတ်) နှင့် (ပရိုတင်း)တို့ ပါဝင်သည်။
အဆစ်များ၏ အတွင်းပိုင်း ဖုံးထားသည့် (ဆိုင်နိုဗီရယ်-မင်ဘရိန်း)၊ ဦးနှောက်နှင့် ခါးရိုးထဲရှိ အာရုံကြောများအား ဖုံးထားသည့် (မင်နင်ဂျီးစ်)တို့ဖြစ်သည်။ (ဆဲလ်)များကို ဆက်စပ်တွယ်ကပ်နေစေသည့် (တစ်ရှူး) ဖြစ်သည်။ ပုံသဏ္ဌာန်ကို ဖြစ်စေသည်။ အဆီကို သိုလှောင်ထား သည်။ ရောဂါအချို့ကို အကာကွယ်ပေးသည်။ ပျက်စီးသည် များကို ပြင်ရန်ကူညီသည်။ အမျိုးအစား များစွာရှိသည်။
သွေးတွင် အခဲပိုင်း နှင့် အရည်ပိုင်းရှိသည်။ Red blood cells (RBC) သွေးနီဥ၊ ရေ၊ (အလက်ထရိုလိုက်)ခေါ် (ဆိုဒီယမ်နှင့် ကလိုရင်း) ဓာတ်ဆား၊ Protein ပရိုတင်း တို့လည်း ပါဝင်သည်။ အာဟာရ၊ ဂလူးကို့စ်၊ (လစ်ပစ်) ခေါ် အဆီ၊ Amino acid အမိုင်နိုအက်စစ်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ Hormones ဟော်မုန်းတို့ကို သယ်ပို့ ပေးသည်။
သွေး၏ အခဲပိုင်း ၄၅% တွင် (RBC) သွေးနီဥ၊ (WBC) White blood cells (Leukocytes) (လူကိုဆိုက်) သွေးဖြူဥများနှင့် Platelets (Thrombocytes) (ပလိပ်လက်) ခေါ် သွေးမှုံတို့ ပါဝင်သည်။ (ပလိပ်လက်) အရေအတွက်သည် အချို့ရောဂါ များတွင် အရေးကြီးသည်။ သွေးဖြူဥများထဲတွင် Neutrophils (နူထိုဖီးလ်) Basophils (ဗေဆိုဖီးလ်) Eosinophils (အီယိုဆင်နိုဖီးလ်)တို့ ပါဝင်သည်။
သွေး၏အရည်ပိုင်းမှာ Plasma (ပလာစမာ) ဖြစ်သည်။ သွေး၏ ၅၅% ရှိသည်။ အရေးပါသော (ပရိုတိန်း) များပါနေသည်။ ၎င်းထဲတွင် အသဲမှထုတ်ပေးသည့် Fibrinogen (ဖိုင်ဘရင်နိုဂျင်) ခေါ် သွေးအားခဲစေသည့် ပစ္စည်းပါသည်။ (ပလာစမာ) မှ သွေးခဲစေသည့်ပစ္စည်းများ ထုတ်လိုက်ပါက Serum (စီရမ်) ကျန်ရစ်သည်။ အချို့ရောဂါကာကွယ်ဆေးများမှာ (စီရမ်) မှ ထုတ်ယူရသည်။ RBC သွေးနီဥသည် ပျမ်းမျှ ရက် ၁၂၀ အသက်ရှင်သည်။ လူ့ကိုယ်ထဲမှာ သွေးနီဥပေါင်း ၂.၅ ထွီလီယန် ရှိသည်။ စက္ကန့်တိုင်းမှာ သွေးနီဥ အသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ သွေးသည် မိုင် ၆၀၀၀၀ ခရီးသွားနေခြင်းဖြစ် သည်။ သွေးနီဥတခုသည် ကိုယ်ခန္ဓာထဲ လှည့်လည်ရန် ကြာချိန်သည် ၂၀ စက္ကန့်ပင်မကြာချေ။
Rib နံရိုး။ Ear နားရွက်၊ Nose နှာခေါင်း၊ Throat လည်ချောင်း၊ Intervertebral disks ခါးရိုးဆစ် ကြားအရွတ်တို့သည် အရိုးနုများဖြစ်ကြသည်။
ရှုံ့နိုင်၊ ဆန့်နိုင်စွမ်းရှိသည့် (ဆဲလ်)များဖြင့် တည်ဆောက်ထားသည်။ (ဆဲလ်) များစွာနှင့် သွေးများစွာရှိသည်။ (ဆဲလ်) များသည် ရှည်လျားပြီး၊ အထပ်ထပ် သို့မဟုတ် အဆုပ်လိုက်တည်ဆောက်ထားသည်။ ကြွက်သားတစ်ရှူး သုံးမျိုးရှိသည်။
ဦးနှောက်၊ ခါးရိုးထဲက (နာ့ဖ်) အာရုံကြောများတွင် ရှိသည်။ ကြွက်သားများအား ကြုံ့စေရန်၎င်း၊ ပတ်ဝန်းကျင်အား သိနေစေရန်၎င်း လုပ်ပေး၍၊ ခန္ဓာကိုယ်၏ လုပ်ငန်းများအကြား ထိန်းညှိပေးသည်။ စိတ်လှုပ်ရှားမှု၊ ဆင်ခြင်တုံတရား၊ မှတ်ဉာဏ်တို့တွင် အဓိကကြသည်။ ထိုအလုပ်များ လုပ်နိုင်ရန် လျှပ်စစ်ဓာတ် တမျိုးဖြင့် ဆက်သွယ်သည်။
လူကြီးတယောက်တွင် ၂၀၆ ရိုးရှိသည်။ ကလေးအရွယ်၌ အရိုး ၃၅၀ ရှိခဲ့သည်။ အမျိုးသမီးများတွင်လည်း အရိုး ၂၀၆ ရိုး ရှိသော်လည်း အရွယ်အစားငယ်ကြသည်။
လူသည် ကျောရိုးရှိသတ္တဝါဖြစ်၍ Bone (ဘုန်း) အရိုး၊ Cartilage (ကားတလေ့ရှ်) အရိုးနု၊ Ligament (လစ်ဂမင့်) အရွတ်၊ Tendon (တန်ဒွန်) အချောင်းလိုက်ရှိသော အရွတ်တို့ ပါရှိသည်။ လူ့အလေးချိန်၏ ၂၀% သည် အရိုးစနစ်ကဖြစ်သည်။ ပြော့သည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ နှလုံး၊ အဆုပ်တို့အား ကာကွယ်မှုပေးထားသည်။ ကြွက်သားစနစ် နှင့် တွဲဖက်၍ လှုပ်ရှားမှုကို ဖြစ်စေသည်။ ကယ်လ်စီယန်ဓာတ်သည် အရိုးထဲတွင် အခြားအင်္ဂါများထက်ပို၍ ပါဝင်နေသည်။ အရိုး(ဆဲလ်)အသစ်များသည် Bone marrow (ဘုန်း-မဲရိုး)ရိုးတွင်းခြင်ဆီကဖြစ်လာသည်။ ရိုးတွင်းခြင်ဆီမှ သွေးနီဥ RBC (Red blood cell)၊ သွေးဖြူဥ WBC (White blood cell)၊ သွေးမှုံ (Platelets) များကိုလည်း ဖြစ်လာစေသည်။
ဒေါင်လိုက်ရိုးများ (၈၀)နှင့် ဆက်တွဲအရိုး (၁၂၆)ရိုး တို့ဟူ၍ (၂)ပိုင်း ခွဲထားသည်။ ဒေါင်လိုက်ရိုး (၈၀) ဦးခေါင်းခွံရိုး (၂၈)။
Parietal (2) ပရိုင်ရတယ်၊ ခေါင်းဘေးရိုး (၂) Temporal (2) တန်ပိုရယ်၊ နားထင်ရိုး (၂) Frontal (1) ဖရန်တယ်၊ နဖူးရိုး (၁) Occipital (1) အောက်စီပီတယ်၊ နောက်စေ့ရိုး (၁) Ethmoid (1) အက်သမွိုက်၊ မျက်လုံးအတွင်းရိုး (၁) Sphenoid (1) စဖီနွိုက်၊ နားထင်နှင့် မျက်လုံးကြားရိုး (၁)
Malleus (2) မဲလီယပ်စ် (၂) Incus (2) အင်းနပ်စ် (၂) Stapes (2) စတေးပိစ် (၂) Hyoid (1) ဟိုင်းဝိုက် (၁) Vetebral Column ခါးရိုးမကြီး Cervical vertebrae (7) ဆဗိုက်ကယ်၊ လည်ပင်းရိုး (၇) Thoracic vertebrae (12) သိုရက်ဆစ်၊ ရင်ခေါင်းရိုး (၁၂) Lumbar vertebrae (5) လမ်ဘား၊ ခါးရိုး (၅) Sacrum (1) ဆေခရမ်၊ တင်ပါးရိုး (၁) Coccyx (1) ကောက်ဆစ်၊ အမြီးပိုင်းရိုး (၁)
၁။ (ဆာဗိုက်ကယ်-ကာ့ဖ်) (လည်ပင်းပိုင်းအကောက်) ၂။ (သိုရက်ဆစ် ကာ့ဖ်) (ရင်ခေါင်းပိုင်းအကောက်) ၃။ (လမ်းဘား-ကာ့ဖ်) (ခါးပိုင်းအကောက်) ၄။ (ဆေခရယ်-ကာ့ဖ်) (တင်ပိုင်းအကောက်)
Sternum (1) စတာနမ်၊ ရင်ညွန့်ရိုး (၁) (နှစ်ပိုင်းရှိသည်။) Ribs = နံရိုးများ ၁၂ စုံရှိသည်။ နံရိုးအောက်ဆုံး ၂ စုံမှလွဲပြီး အားလုံးသည် ရင်ညွန့်ရိုးအား လာဆက်နေကြသည်။ Pectoral girdles (ပက်တိုရယ်-ဂါဒယ်) လက်အုံပိုင်း Clavicle (2) ကလက်ဗီကယ်၊ ညှပ်ရိုး(၂) Scapula (2) စကက်ပြူလာ၊ (တောင်ပံ)၊ လက်ပြင်ရိုး (၂)
Humerus (2) Humerus, (2) arms, (2) ↵Radius (2) radius, radiators, (2) ↵Ulna(2) Alna, and (2) ↵Carpal S (16) Capel, wrist (16)↵Metacarpals (10) Matacapals, ↵Phalanges (28) Falanges (28)
Femur (2) ပေါင်ရိုး (၂) Tibia (2) ခြေသလုံးအတွင်းရိုး (၂) Fibula (2) ခြေသလုံးအပြင်ရိုး (၂) Patella (2) ဂုံညင်းရိုး (၂) Tarsals (14) ခြေခြင်းဝတ်ရိုး (၁၄) Metatarsals (10) ခြေဖဝါးရိုး (၁၀) Phalanges (28) ခြေချောင်းကလေးများ (၂၈)
Pelvic Girdle (ပဲလဗစ်ဂါဒယ်) တင်ပဆုံရိုးကွင်း Ilium (အီလီယန်) တင်ပဆုံနောက်နှင့် အပေါ်ပိုင်းရိုး၊ Iliac crest (အီလီယက်-ခရက်စ်) ခါးဘေးဘက် နှင့် ပေါင်ထိပ်ရိုးနေရာ၊ Ischium (အစ်စချီယန်) ဆီးစပ်ဘေးရိုး၊ Asetabulum (အဆက်တဗျူလမ်) ပေါင်ရိုးကဆက်သည့်နေရာရှိ အရိုး၊ Pubis (ပြူးဗစ်) ဆီးစပ်ရိုး၊
ကြွက်သားအုပ်စုပေါင်း (၆၀၀)ကျော်ရှိသည်။ ခန္ဓာကိုယ်အလေးချိန်၏ ၄၀% ရှိသည်။ အမျိုးအစားများ၊ (၃)မျိုး ရှိသည်။ (၁) Skeletal Muscle (စကယ်လ်တယ်-မာဆယ်) ခေါ် စထွိုင်ရိတ်တက် ကြွက်သား။ အရိုးအားတွယ်ထားသည်။ အရိုးလှုပ်ရှားစေရန်လုပ်သည်။ ဦးနှောက်၊ အာရုံကြောများမှ ထိန်းပေးသည်။ ကန့်လန့်စင်းများ ရှိသည်။ (၂) Smooth Muscle (စမုသ်-မာဆယ်) အချောစားကြွက်သား။ အတွင်းပိုင်း အင်္ဂါများ၏ နံရံများကို ဖုံးထားသည်။ ဥပမာ သွေးကြောများ၊ အစာခြေလမ်းကြောင်း၊ ဆီးအိမ်၊ သားအိမ်၊ (အော်တို-နောမစ်) အာရုံကြောစနစ်က ထိန်းသည်။ ကန့်လန့်စင်းများမရှိ။ (၃) Cardiac Muscle (ကာဒီရက်) ခေါ် နှလုံးကြွက်သား (အော်တို-နောမစ်) အာရုံကြော စနစ်ကထိန်းသည်။ ကန့်လန့်စင်းများ ရှိသည်။
ဦးခေါင်းနှင့် လည်ပင်းပိုင်း ကြွက်သားများ = မျက်နှာအမူအရာ (အံ့ဩခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း) တို့ကိုဖော်ပြရန် ကြွက်သားများ၊ အစာကို ဝါးရန်၊ မြိုရန်ကြွက်သားများ၊ လည်ပင်းအားငုံ့ရန်၊ မော့ရန်၊ ဘယ်-ညာလှည့်ရန်၊ ပတ်ခြာလှည့်ရန်ကြွက်သားများ ဖြစ်ကြသည်။
ခန္ဓာကိုယ်ပိုင်းကြွက်သားများ = (ဗာတီဘရယ်-ကော်လံ) ခေါ် ကြောရိုးမကြီးအားလှုပ်ရှားရန် ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ၊ ဝမ်းဗိုက်နံရံရှိ ကြွက်သားများ၊ တင်ပဆုံ(ပဲလဗစ်) အပေါ်ပိုင်း ကြွက်သားများ၊ ရင်ခေါင်းပိုင်း ကြွက်သားများ ဖြစ်ကြသည်။ နံရိုးကြား ကြွက်သားများနှင့် ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်ကို ခြားထားသော (ဒိုင်ယာဖရမ်) ကြွက်သားတို့မှာ အသက်ရှူရာတွင် သုံးသည်။ (ဒိုင်ယာဖရမ်) တွင် အပေါက်(၃)ပေါက်ရှိသည်။ (အေအိုတာ) ခေါ် သွေးလွှတ်ကြောမကြီး၊ (ဗီနာကေဗာ) ခေါ် သွေးပြန်ကြောကြီး နှင့် (အီဆိုဖေးဂတ်စ်) ခေါ် အစာမြိုပြွန်တို့ ဖေါက်ဝင်ကြသည်။ ဝမ်းဗိုက်အား ကြွက်သား (၄)လွှာနှင့် (ဖာရှာ)ခေါ် အရွက်ပြားတို့ဖြင့် ဖုံးထားသည်။
(ပက်တိုရယ်လစ်-မေဂျာ) (အိတ်စ်တာနယ်-အောဘလစ်ခ်) (အာတာနယ်-အောဘလစ်ခ်) (ရက်တပ်စ်-အဘဒေါမီနစ်)
လက်ပိုင်းကြွက်သားများသည် (စက်ပြူလာ)ခေါ် နောက်ဖက်ရှိ လက်ပြင်နှင့် ရင်ခေါင်းပိုင်းတို့နှင့် တွယ်ထားသည်။ Muscles of the Lower Extremity ခြေပိုင်းကြွက်သားများ၊ ခြေပိုင်းကြွက်သားများသည် တင်ပဆုံရိုးကွင်းမှစ၍ ခြေထောက်ပိုင်းအရိုးများနှင့် တွယ်ထားသည်။
အဝိုင်းပုံကြွက်သားဖြစ်ပြီး လမ်းကြောင်း၊ အဝတို့အား ညှစ်ပေး-လျော့ပေးနိုင်သည့် အထိန်း ကြွက်သားဝိုင်း ဖြစ်သည်။ စုစုပေါင်း ၄၂ ခုရှိသည်။ Pupillary sphincter သည် မျက်စိ၏ သူငယ်အိမ်၌ရှိသည်။ Orbicularis oris muscle သည် Mouth ပါးစပ်၌ရှိသည်။ Cardia/lower esophageal sphincter သည် stomach အစာအိမ်၏ အထက်ပိုင်းရှိ Acid အက်စစ်များ Esophagus အစာမြိုပြွန်ဆီသို့ တက်မလာစေရန် လုပ်ပေးသည်။ Pyloric sphincter အစာအိမ်၏ အောက်ပိုင်း၌ရှိသည်။ Sphincter of Oddi သည် Liver to Pancreas သရက်ရွက် Gall bladder သည်းခြေအိပ်တို့မှ အရည်များအား duodenum အူ၏အစပိုင်းဆီသို့တက်မလာစေရန်လုပ်ပေးသည်။ Urethral sphincter သည် urine ဆီးအား ထိန်းပေးသည်။ Anus စအိုတွင် Internal anal sphincter အတွင်း(စဖင်တာ) အပြင်(စဖင်တာ) (၂)ခုရှိပြီး Feces ဝမ်းအား ထိန်းပေးသည်။
မှတ်ချက်။ •လျာသည် အသန်မာဆုံးကြွက်သားဟုဆိုနိုင်သည်။ •နှလုံးကြွက်သားသည် လျှပ်စစ်ဓာတ် (၅)ဝပ်။ •ပေါင်ရှိ အကြီးဆုံး ကြွက်သားသည် လျှပ်စစ်ဓာတ် (၁၀၀)ဝပ်နှင့်ညီသည်။ •ပေါင်ကြွက်သားကြီးသည် ခဏသာ လုပ်နိုင်သော်လည်း နှလုံးကြွက်သားသည် အဆက်မပြတ် လုပ်သည်။ •မျက်လုံးရှိကြွက်သားများသည် ငယ်စေကာမူ သန်မာ၍ ထူးခြားသည်။
အာရုံကြောစနစ်သည် ဦးစီးမှု၊ အထိန်းအကွပ်၊ ဆက်သွယ်မှုတို့၏ ပင်မဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ(စဉ်းစားမှုများ၊ သင်ကြား လေ့လာမှုများ၊ မှတ်သားမှုများ)၏ ဗဟိုချက်မလည်းဖြစ်သည်။ (အင်ဒိုခရိုင်း) ခေါ် ဟော်မုန်း ထွက်သည့်စနစ်နှင့်တွဲ၍ (ဟိုမီယိုစတေးစစ်) ခေါ် ကိုယ်တွင်းဝန်းကျင်အား သမမျှတနေအောင် စီစဉ် လုပ်ဆောင်မှုကို ပြုလုပ်ပေးသည်။
•Central (ဆင်ထရယ်လ်) ဗဟိုဦးနှောက်နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောမကြီး၊ •Peripheral ပယ်ရီဖရယ် အဝေးပိုင်း oSomatic ဆိုမက်တစ် (စကယ်လ်တယ်) ကြွက်သားများကို လုပ်ပေးသည်။ oAutonomic အော်တိုနောမစ် Sympathetic ဆင်ပသက်တစ်၊ Parasympathetic ပါရာဆင်ပသက်တစ်၊ Enteric အင်းတရစ် အစာလမ်းကြောင်းကိုလုပ်ပေးသည်။
Brain ဦးနှောက်၊ Spinal cord (စပိုင်နယ်လ်-ကော့တ်) ခေါ် ခါးရိုးထဲရှိအာရုံကြောကြီး နှင့် ခါးရိုးမကြီးထဲရှိ အာရုံကြောတို့ ပါဝင်သည်။ အာရုံခံသည့်ပို့လွှတ်မှုများကို လက်ခံ၍၊ ကြွက်သားလှုပ်ရှားစေရန် ပို့လွှတ်ပေးမှုများ ပြုလုပ်သည်။
ခါးရိုးထဲရှိအာရုံကြောကြီးမှ ဖြာထွက်သော အာရုံကြောများ၊ မျက်စိအာရုံကြော နှင့် (အော်တိုနောမစ်) အာရုံကြောစနစ်တို့ ပါဝင်သည်။ ၎င်းထဲတွင် Nerves နာ့ဖ်၊ Neurone နူရုမ်း တို့ပါသည်။
Autonomic nervous system (အော်တိုနောမစ်) စနစ်အား Sympathetic (ဆင်ပသက်တစ်) နှင့် Parasympathetic nervous system (ပါရာဆင်ပသက်တစ်) ဟူ၍ နှစ်မျိုးခွဲထားသည်။
Sympathetic nervous system = သူငယ်အိမ်၊ အူ၊ ဆီးလမ်းများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင် သည့် အာရုံကြောစနစ်ဖြစ်သည်။ စစ်ထုတ်ရည်များ နည်းစေသည်။ ကြွက်သားများ၏ တင်းအားကို နည်းသွားစေသည်။ နှလုံးခုန်နှုန်း မြန်စေသည်။
Parasympathetic nervous system = နှလုံးကြွက်သား၊ ကြွက်သားအနုစား၊ (ဂလင်း-တစ်ရှူး) များ၊ သွေးကြောများကို အလုပ်လုပ်ပေးသော စိတ်အလိုအတိုင်း မလိုက်နိုင်သော အာရုံကြောစနစ်ဖြစ်သည်။ နှလုံးခုန်နှုန်း နှေးစေသည်။
ဦးနှောက်၏အလေးချိန် = (၃)ပေါင်။ ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် (၁၀၀,၀၀၀) မိုင်ရှိသည်။ (နူရုန်း)တခုတွင်ရှိသည့် (ဆင်နက်ပ်စစ်)ပေါင်း = ၁၀၀၀ မှ ၁၀၀၀၀။ (ဆင်နက်ပ်စစ်) = ဦးနှောက်နှင့် အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။ (နူရုန်း)စုစုပေါင်း = ၁၀၀ ဘီလီယန်။ (နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ်(ဆဲလ်)။ အာရုံကြော၏တုံ့ပြန်မှုမှာ ၁ နာရီ ၄၀၀ ကီလိုမီတာနှုန်းမြန်သည်။
ရူပဗေဒပညာအရ Endocrine system သည် ဂလင်းခေါ် အချွဲအိပ်များ၏ လုပ်ငန်းတာဝန်စနစ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်တွင် gland (ဂလင်း) ခေါ် အိပ် နှစ်မျိုးရှိသည်။
နှလုံး-သွေးကြောစနစ်တွင် Heart နှလုံးနှင့် Blood vessels သွေးကြောများ (မိုင်ပေါင်း ထောင်ချီသည်) ပါဝင်သည်။ Blood vessels သွေးကြော အမျိုးအစားများမှာ -
၁) Arteries သွေးလွှတ်ကြောများ၊ နှလုံးမှ သန့်သည့်သွေးများအား တကိုယ်လုံးသို့ ပို့လွှတ်ပေးသည်။ Aorta (အေအိုတာ) သည် အကြီးဆုံးဖြစ်ပြီး နှလုံးမှထွက်သည်။ (အေအိုတာ) မှ ထွက်သော သွေးလွှတ်ကြောများမှာ Carotid artery သည် ဦးခေါင်းပိုင်းသို့ သွားသည်။ Subclavian artery သည် လက်များသို့ သွားသည်။ Celiac trunk သည် Stomach အစာအိမ်၊ Liver အသဲ။ Spleen (ဘေလုံး)၊ Duodenum (ဒူယိုဒီနမ်) အူသိမ်အစပိုင်း၊ Pancreas (သရက်ရွက်) သို့ သွားသည်။ Mesenteric arteries သည် အစာလမ်းကြာင်း အလယ်ပိုင်းနှင့် အောက်ပိုင်းသွားသည်။ Renal artery သည် ကျောက်ကပ်သို့သွားသည်။ Iliac artery သည် အစာဟောင်းလမ်းသို့ သွားသည်။
၂) Arterioles သွေးလွှတ်ကြောမျှဉ်များ၊
၃) Veins သွေးပြန်ကြောများ၊ တကိုယ်လုံးမှ သွေးဟောင်းများသည် နှလုံးသို့ပြန်လာကြသည်။ ခန္ဓာကိုယ်၏ အပြင်ပိုင်းမှာ မြင်နိုင်သည်။ IV ဆေးထိုးရာတွင် ၎င်းအကြောထဲထိုးရသည်။ သွေးယိုလျင် ပန်းထွက်ခြင်းမရှိ။
၄) Venules သွေးပြန်ကြောမျှဉ်များ၊
၅) Capillaries သွေးကြောမျှဉ်များ၊ Venules သွေးပြန်ကြောမျှဉ်များနှင့် Arterioles သွေးလွှတ်ကြောမျှဉ်များ အား ဆက်ထားသည်။
နှလုံး၏အတွင်းပိုင်း ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ် ပါလ်မိုနရီ-ဘာ့လ်ဖ် ပါလ်မိုနရီ-ဗိန်း (အဆုပ်သွေးပြန်ကြော) ညာဘက် အေထွီယံမ် ထွိုင်ကပ်စပစ်-ဘာ့လ်ဖ် ညာဘက် ဗင်ထွီကယ်လ် (အေရိုတစ်-အာ့ချ်) (ပါလ်မိုနရီ-အာထွီ) အဆုပ်သွေးလွှတ်ကြော ဘယ်ဘက် အေထွီယံမ် မိုင်ထရွယ်-ဘာ့လ်ဖ် အေယိုးတစ်-ဘာ့လ်ဖ် ဘယ်ဘက် ဗင်ထွီကယ်လ်
Heart နှလုံး၊ ကြွက်သားဖြင့်လုပ်ထားသည့် (ပန့်မ်)စုတ်ထုတ်စက်ဖြစ်သည်။ (တစ်ရှူး)များဆီသို့ရောက်အောင် ဖိအားသုံး၍ လွှတ်ထုတ်ပေးသည်။ အသက်ရှင်နေရန် အဓိကကြသည်။ ပုံမှန်လူတယောက်၌ သွေး (၅)လီတာ ရှိသည်။ နှလုံးသည် လက်သီးဆုပ်အရွယ်ရှိသည်။ နှလုံးသည် တနေ့လျင် အကြိမ် ၁၀၀၀၀ ခုန်နေသည်။ ၂/၃ သည် ဘယ်ဘက်ခြမ်း၌ရှိသည်။ Pericardial sac (ပယ်ဒီကာဒီရယ်-ဆက်) ဖြင့် အုပ်ထားသည်။ ကြွက်သား (၃) ထပ်ရှိသည်။ အခမ်း (၄)ခန်းရှိသည်။ 1.Right atrium ညာဘက် အထက်ခန်း အေထွီယမ်၊ 2.Right ventricle ညာဘက် အောက်ခန်း ဗင်ထွီကယ်လ်၊ 3.Left atrium ဘယ်ဘက် အထက်ခန်း အေထွီယမ်၊ 4.Left ventricle ဘယ်ဘက် အောက်ခန်း ဗင်ထွီကယ်လ်၊
(အေထွီယံမ်)တို့၏ နံရံသည် ပါးသည်။ သွေးပြန်ကြောများကလာသည့် သွေးတို့အား လက်ခံယူသည်။ ထို့နောက် ထူသည့် နံရံရှိသော (ဗင်ထွီကယ်လ်)များဆီ သွေးများရောက်သွားပြီး၊ တကိုယ်လုံးသို့ ညှစ်ထုတ်ပေးသည်။ ညာဘက် (အေထွီယမ်) က တကိုယ်လုံးမှလာသော သွေးဟောင်းများ လက်ခံပြီး၊ ဘယ်ဘက် (အေထွီယမ်)က အဆုပ်မှသာသည့် အောက်စီဂျင် ပါသည့် သွေးများကို လက်ခံယူသည်။ ညာဘက်(ဗင်ထွီကယ်လ်)မှ ညှစ်ထုတ်လျင် သွေးများသည် အဆုပ်များထဲ ရောက်သွားသည်။ ဘယ်ဘက် (ဗင်ထွီကယ်လ်)က ညှစ်ထုတ်လျင် သွေးများသည် တကိုယ်လုံးသို့ရောက်သွားသည်။
နှလုံးတွင် သွေးများအား လိုအပ်သည့် အရပ်မျက်နှာဆီသို့သာသွားစေရန်အတွက် Valves အဆို့ရှင်များရှိသည်။ နှလုံး၏ (အေထွီယံမ်) အထက်ခမ်းနှင့် (ဗင်ထွီကယ်လ်) အောက်ခမ်းများအကြားတွင် Atrioventricular valves (Cuspid valves) အဆို့ရှင်များ၊ ကြီးမားသည့်သွေးကြောများ၏အဝ၌ Tricuspid valve အဆို့ရှင်များရှိသည်။ ညာဘက်အထက်ခမ်းနှင့် ညာဘက်အောက်ခမ်းများ အကြားရှိ အဆို့ရှင်သည် Bicuspid or Mitral ခွက်ပုံ သုံးခုပါသည်။ ဘယ်ဘက်အထက်ခမ်း နှင့် ဘယ်ဘက်အောက်ခမ်းများ အကြားရှိသော အဆို့ရှင်သည် semilunar valve ခွက်ပုံ နှစ်ခုပါသည်။ ဘယ်ဘက် အောက်ခမ်း နှင့် သွေးလွှတ်ကြောမကြီး (အေရိုတာ)၏အဝ၌ Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။ ညာဘက် အောက်ခမ်းနှင့် အဆုပ်ကြား၌လည်း Semilunar valve လခြမ်းပုံ နှစ်ခုဖြစ်သည်။
နှလုံးသည် စုတ်ထုတ်စက် နှစ်ခု (ညာဘက်-ဘယ်ဘက်) အသွင်ဖြစ်သည်။ အထက်ခမ်းများနှင့် အောက်ခမ်းများသည် သွေးကို တပြိုင်နက်တည်း ညှစ်ထုတ်ကြသည်။ ညာဘက် အထက်ခမ်းမှ ညာဘက် အောက်ခမ်းသို့၎င်း၊ ညာဘက် အောက်ခမ်းမှ အဆုပ်ထဲသို့၎င်း၊ အဆုပ်ထဲတွင် အောက်စီဂျင် ရယူပြီးသား သွေးများသည် ဘယ်ဘက် အထက်ခမ်းသို့ ဝင်လာပြီးနောက် ဘယ်ဘက်အောက်ခမ်းသို့သွားသည်။ ထို့နောက် ဘယ်ဘက် အောက်ခမ်းမှ ညှစ်ထုတ်သောသွေးများအား သွေးလွှတ်ကြောစနစ်ထဲသို့ ညှစ်ထုတ်သည်။
Myocardium ခေါ် နှလုံး၏ကြွက်သားများအတွက်လည်း အောက်စီဂျင်ပါသည့်သွေးလိုအပ်သည်။ ၎င်းသွေးကြောများကို Right and Left Coronary arteries ညာဘက်-ဘယ်ဘက် (ကိုရိုနရီ) သွေးကြောများဟုခေါ်သည်။ နှလုံးသွေးကြောကျဉ်း ရောဂါ ဆိုသည်မှာ ၎င်းသွေးကြောများ ကျဉ်းခြင်းဖြစ်သည်။
နှလုံးအလုပ်လုပ်ရန် နှလုံးကြွက်သားများအား Contraction ညှစ်ခြင်းနှင့် Relaxation လျော့ခြင်းတို့ စနစ်တကျလုပ်သည်။ ထိုအလုပ်လုပ်နိုင်ရန် Conduction System လျှပ်စစ်ဓာတ် စီးဆင်းမှုစနစ် ရှိသည်။ နှလုံးမှသွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ရန် ဖြစ်စဉ်တခုအတွက် တိကျစွာ ထိန်းညှိမှုရှိသည်။ ယင်းအလုပ်ကို Sinoatrial node ကလုပ်ပေးသည်။ ၎င်းက တမိနစ်လျင် ၇၀-၈၀ နှုန်း စီးချက်ကျကျ လုပ်ပေးသည်။ Heart rate (Pulse rate) = 70-80/minute
နှလုံး၏ ညှစ်ထုတ်ခြင်းနှင့် ပြန်လျော့ပေးခြင်း အလုပ်နှစ်မျိုး ပါဝင်သည့် ဖြစ်စဉ်တခုအား Cardiac Cycle ဟု ခေါ်သည်။ ညှစ်ထုတ်ခြင်းအဆင့်ကို Systolic phase ဟုလည်းကောင်း၊ ပြန်လျော့ပေးခြင်းအဆင့်ကို Diastolic phase ဟု ၎င်းခေါ်သည်။ ထို ဖြစ်စဉ်တပါတ်သည် (၀.၈) စက္ကန့် ကြာသည်။ ထို့ကြောင့် Blood preassure သွေးဖိအား တိုင်းသည့်အခါ အထက်သွေးချိန် ကို Systolic Pressure ဟုလည်းကောင်း၊ အောက်သွေးချိန်ကို Diastolic pressure ဟု ၎င်းခေါ်သည်။ BP = 110/80 mmHg
Sino-atrial node က အဆက်မပြတ်၊ စီးချက်ကျကျဖြင့် နှလုံးကိုခုန်စေသည်။ ပြောင်းလဲနေသော ခန္ဓာကိုယ်အတွက် လိုအပ်သည့် သွေးပမာဏရစေရန် အနှေးအမြန် ပြောင်းနေသည်။ ယင်းကို Medulla Oblongata ခေါ် ဦးနှောက်၏ အစိတ်အပိုင်းတခုက ထိန်းပေးသည်။ ပုံမှန် နှလုံခုန်နှုန်းသည် ၁ မိနစ်လျှင် ၆၀ မှ ၁၀၀ (60-100 bpm) ရှိသည်။ ကောင်းစွာလေ့ကျင့်ထားသော အားကစားသမား၏ နှလုံးခုန်နှုန်းသည် ၄၀-၆၀ ရှိသည်။
(လင့်ဖ်) သွေးပြန်ရည်စနစ်သည် အလုပ်(၃)မျိုးလုပ်သည်။ (၁) အူထဲမှပိုလျှံသည့်အရည်များအား သွေးထဲပြန်ဝင်စေသည်။ (၂) အဆီနှင့်အဆီတွင်ပျော်ဝင်သည့် ဗီတာမင်များအား စုပ်ယူပေးသည်။ (၃) ရောဂါရစေသည့်ပိုးများအား ခုခံတိုက်ဖျက် ပေးသည်။
Red bone marrow ရိုးတွင်းခြင်ဆီက ထုတ်ပေးသော Lymphocytes (လင်ဖိုဆိုက်)နှင့် အခြား(ဆဲလ်)များ ပါဝင်သည်။ Lymph (လင့်ဖ်)သည် သွေးထဲရှိသော (ပလာစမာ)ကဲ့သို့ အရည်မျိုးဖြစ်သည်။ (ပလာစမာ)ကဖြစ်လာသည်။ Lymphatic Vessels (လင့်ဖ်)အကြောသည် သွေးကြောများနှင့်မတူ။ (တစ်ရှူး) များမှ ဝေးရာသို့သာ သယ်ဆောင်ပေးသည်။ •Lymphatic Organs (လင့်ဖ်)အင်္ဂါများ၊ •Lymph Nodes (လင့်ဖ်)နုတ်၊ •Tonsils (တောင်ဆယ်)အာသီး။ •Spleen (စပလင်း) ဘေလုံး။ •Thymus (သိုင်းမတ်စ်)
(လင့်ဖ်)နုတ်များသည် (၁) လက္မအရွယ်၊ ပဲစေ့ပုံရှိသည်။ တကိုယ်လုံးအနှံ့ရှိသည်။ တခုနှင့်တခု ဆက်နေသည်။ သွေးထဲအရည်များ ပြန်မဝင်မီ စစ်ပေးသည်။ ဗဟိုအာရုံကြောစနစ်၌မရှိ။ အပေါ်ယံရှိသောအုပ်စုများမှာ ပေါင်ခြံ။ ဂျိုင်းနှင့် လည်ပင်းတို့ဖြစ်သည်။ ကင်ဆာသည် ဤစနစ်မှတဆင့် တနေရာမှ တနေရာသို့ ကူးစက်သည်။ Oedema (Swelling) ကိုယ်ရောင်ခြင်းမှာ ဤစနစ်နှင့်ဆိုင်သည်။
ရင်ညွန့်ရိုး၏ နောက်ဖက် (အေအိုတာ)ခေါ် အထက်တက်သည့် သွေးလွှတ်ကြောမကြီး၏ ရှေ့၌ရှိသည်။ ကလေးများ၌ ပိုကြီးသည်။ ၎င်း၏အလုပ်မှာ (လင်ဖိုဆိုက်)များ ကြီးထွားစေရန်နှင့် Thymosin hormone ဟော်မုန်း ထုတ်ရန်ဖြစ်သည်။
ဝမ်းဗိုက်၏ ဘယ်ဘက်အထက်ပိုင်း၊ (ဒိုင်ယာဖရမ်)၏ အောက်၊ အစာအိမ်၏ နောက်၌ ရှိသည့် အကြီးဆုံးသော (လင်ဖ်)အင်္ဂါ ဖြစ်သည်။ သွေးအား စစ်ပေးသည်။ ရောဂါပိုးဝင်လာလျင် (လင်ဖိုဆိုက်)များက တိုက်ပေးသည်။ အသဲနှင့်အတူတကွ အရွယ်လွန်သော။ သေသွားသော သွေးနီဥများကို ဖယ်ရှားပေး သည်။ သွေးကိုလည်း သိုလှောင်ထားပေးသည်။ ငှက်ဖျားရောဂါ နာတာရှည်ဖြစ်လျှင် ဘေလုံးကြီးတတ်သည်။ Splenomegaly
နှာခေါင်း၊ ပါးစပ် နှင့် လည်ချောင်းတို့အား ဖုံးထားသော Mucous membranes (မြူးကပ်စ်) အမြှေး၏အောက်၌ ရှိသည်။
သက်ရှူလမ်းကြောင်းစနစ်တွင် အသက်ရှူခြင်းသာမက သွေးလှည့်စနစ်နှင့်တွဲ၍ အောက်စီဂျင်ကိုယူခြင်း၊ အညစ်အကြးများ ထုတ်ခြင်းကိုလည်း လုပ်ပေးသည်။ ထို့ပြင် သွေး၏ (PH) အက်စစ်ဓာတ်ကို ထိန်းပေးသည်။ ၃-၅ စက္ကန့်တိုင်း အာရုံကြော၏ လှုံ့ဆောင်မှုကြောင့် ပတ်ဝန်းကျင်ထဲက လေအား ရှူသွင်းခြင်းကို အသက် ရှူသွင်း သည်ဟု ခေါ်သည်။ လေထဲမှ အောက်စီဂျင်ကို ယူပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်အား ပြန်ထုတ်သည်ကို အသက်ရှူထုတ်ခြင်းဟု ခေါ်သည်။
အသက်ရှူသွင်းရန် (ဒိုင်ယာဖရမ်)နှင့် ရင်ခေါင်းပိုင်းကြွက်သားများလှုပ်ရှားရသည်။ (ဒိုင်ယာဖရမ်)နှင့် နံရိုးကြား ကြွက်သား များက အစပြုပေးပြီး၊ လည်ပင်းရှိကြွက်သားများက ထောက်ကူသည်။ အသက်ရှူနိုင်ခြင်းသည် ဖိအားမတူမှု များကြောင့် ဖြစ်သည်။ တမိနစ်လျင် ၁၂-၁၅ ကြိမ်ရှူသည်။ အသက်ရှူလမ်းကြောင်းအား နှစ်ပိုင်းခွဲ လေ့လာသည်။ အပေါ်ပိုင်းတွင် နှာခေါင်း၊ (ဖေးရင့်) အာခေါင် နှင့် (လေးရင့်စ်) လေပြွန်တို့ပါသည်။ အောက်ပိုင်းတွင် (ထွေကီယာ) လေပြွန်ကြီး၊ သစ်ကိုင်းကဲ့သို့ရှိသည့် (ဘရောင်ခီယာ) နှင့် (လန်းခ်စ်) အဆုပ်တို့ပါဝင်သည်။
Trachea (ထွေကီယာ) လေပြွန် = အရိုးနုအရစ်များရှိ၍ ရှုံ့သွားခြင်း မဖြစ်နိုင်။ အတွင်းမျက်နှာ၌ အမွေးများ ပါသည့် (မြူးကပ်စ်-မင်ဘရိန်း) အလွှာဖုံးထားသဖြင့် လေထဲမှ အမှုံများ၊ ပိုးမွှားများ ဝင်လာခြင်းမှ တားဆီးနိုင်သည်။ Bronchi, (ဘရောင်ခိုင်)၊ (ဘရောင်ခီရယ်-ထွီး) နှင့် (လန်းခ်) ခေါ် အဆုပ်၊ လေပြွန်၊ ၎င်းမှ ညာနှင့် ဘယ် (ဘရောင်ခိုင်)များ ဖြာထွက်သည်။ ထို့နောက် ပိုမိုသေးငယ်သော ပြွန်များအဖြစ် ဖြာထွက် ပြီးနောက် အဆုပ် ထဲသို့ ဝင်သည်။ အဆုပ်ထဲတွင်လည်း ဆက်လက် သေးငယ်သည့် ပြွန်ငယ်လေးများအဖြစ် ဖြာထွက်ကာ နောက်ဆုံး Alveoli (အယ်လဗီယိုလိုင်)ခေါ် အိပ်ကလေးများတွင် ဆုံးသည်။
နှစ်ခုရှိသည်။ ရင်ခေါင်းပိုင်းတွင် အဓိကနေရာယူထားသည်။ ရင်ခေါင်းပိုင်းရှိ အခြားအင်္ဂါများမှာ နှစ်လုံး နှင့် ၎င်း၏ သွေးကြောကြီးများ ဖြစ်သည်။ အဆုတ်သည် လေရှိသဖြင့် ပြော့ပွပွဖြစ်သည်။ ညာဘက်အဆုတ်သည် ပိုတိုပြီး၊ ကားသဖြင့် လေပိုဆန့်သည်။ ၎င်း၌ (လုပ်ဖ်)(၃)ခုရှိသည်။ ဘယ်ဘက်အဆုပ်မှာ နှလုံးအား နေရာပေး ထားရသဖြင့် ပိုသေးသည်။ ၎င်း၌ Lobes (လုပ်ဖ်) (၂)ခုရှိသည်။ အဆုပ်ဖြင့် နေ့စဉ် လေ လီတာ ၂ သန်းကို ရှူနေသည်။ လေပြွန်များ၊ သွေးကြောများ၊ အာရုံကြောများ အဆုပ်ထဲ အဝင်အထွက်လုပ်သည့်နေရာကို Hilum (ဟိုင်လမ်)ဟု ခေါ်သည်။ (လင့်ဖ်-နုတ်)များရှိသည်။
အဆုတ်နှစ်ခုလုံးအား နှစ်ထပ်ရှိသော Pleura (ပလူရာ) ခေါ် အလွှာဖြင့်ဖုံးထားသည်။ (ပလူရာ) နှစ်ထပ်၏ ကြားသည် လှိုင်ခေါင်းဖြစ်နေရာ Pleural cavity (ပလူရယ်ကယ်ဗတီ) ဟုခေါ်သည်။ ၎င်းထဲတွင် ပါးလွှာသော အရည် ရှိနေသည်။ ၎င်းက ချောဆီကဲ့သို့ အလုပ်လုပ်ပေးခြင်းကြောင့် အဆုတ်လှုပ်ရှားလျင် ပွတ်တိုက်မှုကို သက်သာစေသည်။ ၎င်းအတွင်း အရည်များနေခြင်းကို Pleural effusion ဟုခေါ်သည်။
အစာခြေလမ်းကြောင်းကို Gastrointestinal (GI) tract ဟု ခေါ်သည်။ အစာခြေအင်္ဂါများနှင့် အခြားအင်္ဂါတို့ ပါဝင်သည်။ ၎င်းတို့က စားလိုက်သောအစာအား (ဆဲလ်)များက စုပ်ယူနိုင်သည့် (မောလီကြူး)များအဖြစ် အဆင့်ဆင့် ပြောင်းပေးခြင်း ဖြစ်သည်။ Mouth ပါးစပ်၊ Pharynx အာခေါင်။ Esophagus အစာမြိုပြွန်။ Stomach အစာအိမ်၊ Small intestine အူသိမ်၊ Large intestine အူမကြီး၊ Rectum အစာဟောင်းအိမ်၊ Anus စအိုတို့ ပါဝင်သည်။
အလုပ်သုံးမျိုးလုပ်သည်။ 1.Digestion အစာခြေခြင်း၊ 2.Absorption အစာစုပ်ယူခြင်း၊ 3.Elimination အစာဟောင်း စွန့်ထုတ်ခြင်း၊
အစာကို (ဆဲလ်)များက အသုံးပြုနိုင်သည့် (မော်လီကြူး) များအထိ ဖြစ်လာစေရန် အဆင့် (၆)မျိုးရှိသည်။ Ingestion အစာကို ပါးစပ်ထဲသွင်းခြင်း၊ •Mechanical Digestion အစာကိုသေးငယ်သွားအောင် ဝါးခြင်း၊ ရောနှောခြင်း၊ ယင်းအလုပ်ကို (အင်ဇိုင်း) များက အလုပ်လုပ်ပေးနိုင်စေသည်အထိ လုပ်ရသည်။ •Chemical Digestion အစာထဲမှ (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း) နှင့် အဆီတို့အား ရိုးရိုး (မော်လီကြူး) များ ဖြစ်လာစေရန် ဓာတုအစာချက်ခြင်း၊ •Movements အစာအား ဝါးပြီးနောက် လှုပ်ရှားမှုဖြင့် အထက်ပိုင်းမှ အောက်ပိုင်းသို့ ဆင်းစေရသည်။ မြိုချခြင်းဟု ခေါ်သည်။ ပါးစပ်၊ အာခေါင်၊ အစာမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာနှင့် အစာခြေ ရည်များ၊ (အင်ဇိုင်း)များ ရောနှောကာ အစာအိမ်နှင့် အူတို့၏ကြွက်သားများ ရှုံ့ပေးခြင်းဖြင့် အထက်မှ အောက်သို့ ရွေ့လျားစေသည်။ ထိုသို့ စီးချက်ကျသကဲ့သို့ လှုပ်ရှားနေမှုကို Peristalsis (ပယ်ရီစတောလ်ဆစ်) ဟုခေါ်သည်။ •Absorption (မော်လီကြူး) များသည် (ဆဲလ်) တို့က စုပ်ယူနိုင်သည့်အဆင့် ရောက်လာလျင် အူသိမ်၊ သွေး၊ (လင့်ဖ်) နံရံများကတဆင့် စုပ်ယူခြင်းလုပ်သည်။ •Elimination အစာမခြေနိုင်သော၊ စုပ်မယူနိုင်သော (မော်လီကြူး)များအား စအိုမှတဆင့်စွန့်ထုတ်သည်။ ဝမ်းသွားသည် ဟုခေါ်သည်။
အစာခြေလမ်းကြောင်းကြီးသည် (၉)မီတာရှည်သည်။ ပါးစပ်မှ စအိုအထိ အပိုင်းပိုင်းရှိသော်လည်း တည်ဆောက်ထားပုံမှာ အခြေခံအားဖြင့် တူညီသည်။ အစာခြေလမ်းကြောင်း၏ နံရံ၊ (မြူကိုဆာ)အလွှာ၊ (ဆပ်မြူကိုဆာ) အလွှာ၊ (မာစကူလာ) အလွှာ၊ (ဆီးရပ်စ်) အလွှာတို့ရှိသည်။
စားလိုက်သောအစာများကို ထည့်သွင်းယူလျက် သေးငယ်စေရန် ဝါး၍ မြိုချပေးသည်။ နှုတ်ခမ်း၊ ပါး၊ အာခေါင်၊ သွားများနှင့် လျှာတို့ကလုပ်ပေးသည်။ သွားရည်ထွက်သော(ဂလင်း)များ၊ သွားရည်များကို လက်ခံသည်။
Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂၀ ချောင်းရှိသည်။ 2 Lower central incisors အောက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper central incisors အထက် အလယ်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ လ။ 2 Upper lateral incisors အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 2 Lower lateral incisors အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ လ။ 4 First molars ပထမအံရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ လ။ 4 Canines အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ လ။ 4 Second molars အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ လ။
Permanent teeth ကြီးသွားများ၊ စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီ။ အန်ဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှပေါက်သည်။ 4 mandibular incisors အောက် ရှေ့သွားများ ၄ ချောင်း၊ 4 maxillary incisors အထက် ရှေ့သွားများ ၄ ချောင်း၊ 2 mandibular canines အောက် စွယ်သွားများ ၂ ချောင်း၊ 2 maxillary canines အထက် စွယ်သွားများ ၂ ချောင်း၊ 4 mandibular premolars အောက် ရှေ့အံသွားများ ၄ ချောင်း၊ 4 maxillary premolars အထက် ရှေ့အံသွားများ ၄ ချောင်း၊ 6 mandibular molars အောက် အံသွားများ ၆ ချောင်း၊ 6 maxillary molars အံသွားများ ၆ ချောင်း၊
Salivary Glands တံတွေးထွက်သည့် (ဂလင်း)များ (1) Parotid gland (ပရောတစ်)ဂလင်း၊ (2) Submandibular gland (ဆပ် မင်ဒီဗယ်) ဂလင်း၊ (3) Sublingual gland (ဆပ် လင်ဂွယ်)ဂလင်း၊
တံတွေးထဲတွင် ရေ။ (မြူးကပ်စ်) ခေါ် အချွဲ နှင့် Amylase enzyme (အမိုင်လေ့စ်-အင်ဇိုင်း)တို့ ပါဝင်သည်။ သွားကို သန့်ပေးခြင်း၊ အစားအစာကို ဝါးနေစဉ်နှင့် မြိုစဉ် စိုစွတ်စေခြင်း၊ အစားအစာကို အရသာ ခံနိုင်စေရန် ကူညီခြင်း၊ အစားအစာထဲမှ ကစီဓာတ် (ကာဗွန်ဟိုက်ဒရိတ်) အား ခြေဖျက်ခြင်း၊ Palate (ပဲလိတ်) အာခေါင် ပါးစပ်၏အမိုးဖြစ်ပြီး၊ နှာခေါင်းပိုင်းနှင့် ခြားထားသည်။ ရှေ့ပိုင်းကအရိုးရှိ၍ မာပြီး၊ နောက်ပိုင်းက ပျော့သည်။ အဆုံးပိုင်းကို Uvula (ယူဗြူလာ) ဟုခေါ်သည်။ အစာကိုမြိုချစဉ် ၎င်းနောက်ပိုင်းက အပေါ်သို့ မျက်နှာမူ ပေးခြင်းဖြင့် အစာအား နှာခေါင်းနှင့် ဝေးစေသည်။
Tongue (တန်းခ်) လျှာ အစာကို ထိန်းပေး ရွေ့ပေးသည်။ စကားပြောရာတွင်သုံးသည်။ ၎င်း၏မျက်နှာပြင်၌ Papillae (ပဲလိတ်) ရှိသောကြောင့် ချောမွေ့စေခြင်းနှင့် အရသာခံခြင်းလုပ်ပေးသည်။
Pharynx (ဖေးရင့်) အာခေါင် (ပါးစပ်နှင့်နှာခေါင်း) အား Larynx (လေးရင်စ်) အသံအိုးနှင့် Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန်တို့နှင့် ဆက်ပေးထားသည်။ ထို့ကြောင့် အစာလမ်းအလုပ်နှင့်အသက်ရှူလမ်း အလုပ်နှစ်မျိုးလုံးအသုံးဝင်သည်။
Esophagus (အီဆိုဖေးဂတ်စ်) အစာမြိုပြွန် ပြားနိုင်-ဖေါင်းနိုင်သည့်ကြွက်သားနှင့်လုပ်ထားသည်။ အာခေါင်မှ အစာအိမ်ထိ ရှည်သည်။ လေပြွန်ကြီးနောက်မှဆင်းကာ Diaphragm (ဒိုင်ယာဖရမ်) ခေါ် ကြွက်သားကြီး၏ အပေါက်တခုထဲဝင်ကာ အစာအိမ်နှင့် ဆက်သွားသည်။ အဝများတွင် Sphincters (စဖင်တာ)ရှိ၍ အစာပြန်တက်ခြင်းမဖြစ်ရန် ထိန်းပေးသည်။
အစာမြိုပြွန်မှ ဝင်လာသည့်အစာများကို လက်ခံကာ ဆက်လက်၍ အောက်ပို့ ပေးသည်။ (၄)ပိုင်း ခွဲထားသည်။ Fundus (ဖန်းဒတ်စ်)၊ Cardiac (ကားဒီယက်)၊ Body ကိုယ်ထည် နှင့် Pylorus (ပိုင်လိုးရပ်) တို့ ဖြစ်သည်။ အစာအိမ် အတွင်းနံရံတွင်ရှိသော(ဆဲလ်)များက Gastric juice (Hydrochloric acid) ထုတ်ပေးသည်။ အကျယ်ဆုံး နေရာသည် 12” x 6” ရှိသည်။ အရက် နှင့် Aspirin ဆေးတို့ကို စုပ်ယူနိုင်သည်။
အစာအိမ်၏ နောက်ဆုံးပိုင်းဖြစ်သော Pylorus (ပိုင်လိုးရပ်)မှ ဆက်၍ Large intestine အူမကြီး၏အစထိ ရှည်သည်။ အစာခြေခြင်းအလုပ်၊ စုပ်ယူခြင်း အလုပ်များ အပြီးသတ် လုပ်ပေးသည်။ ၎င်း၏ လမ်းတလျောက် Liver အသဲ။ Pancreas (ပန်ကရိယပ်စ်) သရက်ရွက်၊ Gall bladder (ဂေါလ်-ဗလဒါ) သည်းခြေအိပ်တို့နှင့် ဆက်စပ်နေသည်။ အစပိုင်းအား Duodenum (ဒူယိုဒီနမ်)၊ အလည်ပိုင်းကို Jejunum (ဂျက်ဂျူနမ်)၊ အောက်ပိုင်းအား Ileum (အီလီယမ်)ဟုခေါ်သည်။ အတွင်းနံရံမှ အစာခြေရည်များ mucus, peptidase, sucrase, maltase, lactase, lipase, and enterokinase ထုတ်ပေးသည်။
အစပိုင်း Caecume (စေကမ်)၊ အထက်-ဘေးတိုက်-အောက်ဆင်းသည့်အပိုင်း Colon (ကိုလုံ)၊ အစာဟောင်းအိမ် Rectum (ရက်တမ်) ဟူ၍(၃)ပိုင်းခေါ်သည်။ ၅ စင်တီမီတာရှည်သည်။ စအို Anal cannel (အေနယ်-ကင်နယ်) သည် ၂-၃ စင်တီမီတာရှည်သည်။ အစာခြေရည်မထုတ်၊ ရေနှင့် ဓာတ်ဆားများ စုပ်ယူပေးသည်။ ဝမ်းကိုထုတ်ပြစ် ပေးသည်။ စအိုအဝ၌ Internal and External anal sphincters (စဖင်တာ)များရှိသည်။
ဝမ်းဗိုက်၏ အပေါ်ညာဘက်ပိုင်းတွင် (ဒိုင်ယာဖရမ်)၏ အောက်၌ ရှိသည်။ ခန္ဓာကိုယ်၏ အကြီးဆုံးသော အင်္ဂါ ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြီးသော ညာဘက်ခြမ်း နှင့် ငယ်သော ဘယ်ဘက်ခြင်းဟု ခွဲနိုင်သည်။ အသဲထဲသို့ ဝင်သည့် သွေးမှာ နှစ်နေရာမှ ဖြစ်သည်။ တမျိုးသည် သွေးလွှတ်ကြောမှ သန့်ထားပြီးသော သွေးများနှင့် အစာခြေလမ်းကြောင်းမှ အာဟာရဓာတ်များ ပါသည့်သွေး များဖြစ်သည်။
သစ်တော့သီးပုံရှိသည့် အသဲအား အောက်က တွယ်နေသော အိပ်ဖြစ်သည်။ Bile (ဘိုင်းလ်) ခေါ် အသဲမှထုတ်ပေးသည့် သည်းခြေရည်အား သိုလှောင်ထား သည်။ ၎င်းသည် အဆီကို ကျေချက်ရန် ဖြစ်သည်။ Pancreas (ပန်ကရိယ) သရက်ရွက် သည် Insulin (အင်စူလင်)ခေါ် ဆီးချို ထိန်းသည့် ဟော်မုန်း နှင့် အခြားဟော်မုန်း ထုတ်ပေးသည်။ ထို့ပြင် အစာခြေ (အင်ဇိုင်း)တမျိုးကိုလည်း ထုတ်ပေးသည်။
1.secretion စစ်ထုတ်ခြင်း၊ 2.synthesis of bile salts (ဗိုင်းလ်)ဆားချက်ခြင်း၊ 3.synthesis of plasma protein သွေးထဲရှိ (ပလစမာ) ချက်ခြင်း၊ 4.storage သိုလှောင်ပေးခြင်း၊ 5.detoxification အဆိတ်ဖြေပေးခြင်း၊ 6.excretion စွန့်ထုတ်ပေးခြင်း၊ 7.carbohyrate metabolism (ကာဗွန်ဟိုက်ဒရိတ်)အား ချက်ပေးခြင်း၊ 8.lipid metabolism အဆီကို ချက်ပေးခြင်း၊ 9.protein metabolism (ပရိုတင်း)အား ချက်ပေးခြင်း၊ 10.filtering စစ်ပေးခြင်း၊
ဆီးလမ်းကြောင်းစနစ်၏ ပင်မအလုပ်မှာ ခန္ဓာကိုယ်၏အရည်ထုထည်အား ပုံမှန်ရှိနေစေရန် ထိန်းပေးသည်။ (ဆဲလ်)များ အတွင်း (မက်တာဘော်လဇင်) ဇီဝဖြစ်စဉ်ကြောင့် ထွက်လာသည့် မလိုအပ်သော အညစ်အကြေး များကို စွန့်ထုတ်ပေးသည်။ အလားတူ အဆုပ်သည် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေကို၎င်း၊ အရေပြားမှ အညစ်အကြေးကို ချွေးအဖြစ်၎င်း၊ အူသိမ်မှ သွေးနီဥကထွက်သော (ဗိုင်းလ်)ဆားကို၎င်း စွန့်ထုတ်ပေးကြသည်။
ကျောက်ကပ်သည် သွေးအား စစ်ပေးခြင်းဖြင့် Urine ဆီးဖြစ်စေသည်။ နံရိုးနံပါတ် ၁၂ နှင့် ခါးရိုးဆစ် နံပါတ် (၃) အကြား ရှိသည်။ ညာဘက်ကျောက်ကပ်သည် အသဲရှိနေ၍ အနည်းငယ် အောက်ကျသည်။ ၃ စင်တီမီတာထူ၍၊ ၆ စင်တီမီတာ ကျယ်ကာ၊ ၁၂ စင်တီမီတာရှည်သည့် ပဲစေ့ပုံရှိသည်။ အတွင်းဘက်အား Hilum ဟုခေါ်ပြီး၊ ကျောက်ကပ်၏ Hilum မှ Bladder ဆီးအိမ်ကြားရှိသည့် Ureter (ယူရေတာ) ဆီးပြွန် သည် ၂၅ စင်တီမီတာ ရှည်သည်။
ဆီးကိုမသွားသေးမီ ထိန်းထားသည့်အိမ်တခုဖြစ်သည်။ ရှေ့တွင် ဆီးစပ်ရိုးနှင့် အပေါ်တွင် (ပယ်ရီတိုနီယံ) Peritonium အလွှာဖြင့် ဖုံးထားသည်။ အတွင်းကို (မြူကိုဆာ)ဖြင့် ဖုံးထားသည်။ ၃၀၀-၃၅၀ စီစီဆန့်သည်။
ကျား၏ ဆီးထွက်ပြွန်သည် ၂၀ စင်တီမီတာရှိ၍ရှည်သည်။ အမျိုးသမီးများ၊ ဆီးထွက်ပြွန်သည် ၃-၄ စင်တီမီတာ ရှိ၍ တိုသည်။ ဆီးထွက်သည်ကို ထိန်းပေးသော (စဖင်တာ)နှစ်ခုရှိရာ အထဲ(စဖင်တာ)အား စိတ်မှထိန်းမရ။ အပြင်(စဖင်တာ) ကို စိတ်မှ ထိန်းပေးနိုင်သည်။ ယောက်ျား၏ ဆီးထွက်ပြွန်သည် ယောက်ျားများ၌သာရှိသော Prostate gland ဆီးကြိတ် (ပရောစတိတ်-ဂလင်း) ကို ဖြတ်သွားသည်။ မ-ဆီးထွက်ပြွန်သည် ကျား-ဆီးထွက်ပြွန်ထက် တိုသဖြင့် ဆီးအိမ်သို့ ရောဂါပိုး ဝင်လွယ်သည်။
မျိုးပွားစနစ်၏ပင်မအလုပ်မှာ မျိုးဆက်ပြတ်မသွားစေရေးဖြစ်သည်။ မ-ကျား မျိုးဥထုတ်ခြင်း၊ မ-ကျား မျိုးဥ များအား သန္ဓေ ရစေရန် သယ်ပို့ပေးခြင်း၊ သန္ဓေသားကြီးထွားစေခြင်း၊ သက်ဆိုင်ရာဟော်မုန်းများ ထုတ်ခြင်းတို့ ဆောင်ရွက်သည်။
(ပက်တိုရယ်-မာဆယ်) ခေါ် ရင်ပတ်ကြွက်သားကြီးပေါ်တွင် ရှိသည်။ (အေရီယိုလာ)မှာ အရောင်ရင့်သည့် အဝိုင်း၊ (နစ်ပယ်လ်) မှာ ရင်သားထိပ် အတွင်းထဲ၌ (လုပ်ဖ်)ခေါ် အဆုပ် ၁၅-၂၀ ရှိသည်။ ၎င်းတို့က ရင်သားထိပ်သို့ ပြွန်(ဒတ်) များဖြင့် ပွင့်ထွက်နေသည်။ (လုပ်ဖ်)တိုင်း၌ (လိုဗြူး)များရှိ၍၊ (လိုဗြူး)များတွင် (ဂလင်း)များရှိသည်။ နို့ရည်ထွက်သည့် အလုပ်ကို (ဟော်မုန်း)များက ထိန်းချုပ်ပေးသည်။ အရွယ်ရောက်ချိန်မှာ (အီစထိုဂျင်)များလာပြီး၊ (ဂလင်း)များ ဖြစ်လာစေ သည်။ အရွယ်အစားကြီးလာစေသည်။ (ပရိုဂျက်စတီရုံး)က ပြွန်(ဒတ်) များဖြစ်စေသည်။ ကိုယ်ဝန်ဆောင်လျင် ပို၍ အလုပ် လုပ်ပေးသည်။ ဦးနှောက်အောက်ရှိ (ပင်ကျူထရီ-ဂလင်း)က ထုတ်ပေးသော ဟော်မုန်းကြောင့် နို့ရည် ဖြစ်ပေါ်လာသည်။ (အောက်စီတိုဇင်)က နို့ရည်ညှစ်ပေးသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ခန္ဓာဗေဒ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.