မန္တလေး ဆေးတက္ကသိုလ်

ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (MBBS)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (PhD) နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃ဝဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။၂ဝ၂၂ခုနှစ်တွင်မူ ကိုဗစ်-၁၉ရောဂါအခြေအနေထက်စစ်အာဏာသိမ်းမှု ၊ ဆန္ဒပြမှုများ နှင့် ပြည်သူ့ ခုခံတော်လှန်ရေးတို့ကြောင့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းကို ၆လလောက်သာတက်ပြီး စာမေးပွဲဖြေခဲ့ရသည်။ ထို့ကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ၆ဘာသာရမှတ်စုစုပေါင်းအနက် အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ၃ဘာသာရမှတ်ပေါင်းအနည်းအများကိုကြည့်၍ ဝင်ခွင့်ခေါ်ယူမည်ဟု အာဏာသိမ်း စစ်တပ်က ပြောင်းလဲခဲ့သည်။

ဆေးတက္ကသိုလ် (မန္တလေး)
University of Medicine (Mandalay)
ဥပဌာနံ အနုကမ္မာ ဒယာ
Service, Sympathy, Humanity
upaṭhānaṃ, anukammā, dayā
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၅၄ခုနှစ်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်
တည်နေရာ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး
ပိုင်ဆိုင်မှု ကျန်းမာရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.ummdy.gov.mm

ဆေးတက္ကသိုလ် (မန္တလေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

မန္တလေး ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ် (မန္တလေး)

သမိုင်းကြောင်း

၁၉၅၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay) အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၃၆)ယောက်ကို ဆေးပညာဘွဲ့ (MBBS)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။

ဦးဆောင်မှု

၁၉၅၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ် (မန္တလေး)ကို တက္ကသိုလ်ဋ္ဌာနမှူးမှ ဦးဆောင်အုပ်ချုပ်သည်။ ၁၉၆၄ တွင် Institute of Medicine, Mandalay အဖြစ်ပြောင်းလဲပြီး ပါမောက္ခချုပ် မှ ကျောင်း၏ ဦးဆောင်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။

တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-

ကာလ အမည်
xx-၀၄-၁၉၅၄ မှ xx-၀၈-၁၉၆၁ Prof. Chaudhury (တက္ကသိုလ် ဋ္ဌာနမှူး)
၀၁-၁၂-၁၉၆၁ မှ ၃၀-၀၉-၁၉၆၄ Prof. ဘသန်း (တက္ကသိုလ် ဋ္ဌာနမှူး)
၀၁-၁၀-၁၉၆၄ မှ ၃၀-၀၉-၁၉၆၅ ဒေါက်တာ မောင်ကလေး
၀၁-၁၀-၁၉၆၅ မှ ၃၁-၀၈-၁၉၇၁ ဒေါက်တာ မောင်မောင်ကြီး
၀၁-၀၉-၁၉၇၁ မှ ၁၄-၀၇-၁၉၇၃ ဒေါက်တာ ခင်မောင်ငြိမ်း
၁၅-၀၇-၁၉၇၃ မှ ၁၂-၁၂-၁၉၈၃ ပါမောက္ခ ဦးဖေသိန်း
၂၆-၀၆-၁၉၈၄ မှ ၃၀-၀၄-၁၉၉၁ ပါမောက္ခ ဦးထွန်းသင်
၀၁-၀၅-၁၉၉၁ မှ ၁၇-၀၃-၁၉၉၆ ပါမောက္ခ ဦးဇော်ဝင်း
၁၈-၀၃-၁၉၉၆ မှ ၃၀-၀၃-၂၀၀၅ ပါမောက္ခ ဦးစိုးထွန်း
၃၁-၀၇-၂၀၀၅ မှ ၁၅-၀၁-၂၀၀၈ ပါမောက္ခ ဦးကျော်လှ
၁၆-၀၁-၂၀၀၈ မှ ၀၄-၀၄-၂၀၁၃ ပါမောက္ခ ဦးသန်းဝင်း
၂၅-၀၂-၂၀၁၃ မှ ၂၅-၀၅-၂၀၁၅ ပါမောက္ခ ဦးတင်မောင်ဟန်
၂၆-၀၆-၂၀၁၅ မှ ယနေ့အထိ ပါမောက္ခ ဦးခင်မောင်လွင်


ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဌာနများကို တည်ထောင်ခဲ့သော ခုနှစ်များမှာ -

သင်ကြားမှုကာလ

ပညာသင်နှစ် အချိန်ကာလ
ပထမနှစ် ၁ နှစ်
ဒုတိယနှစ် ၁ နှစ်ခွဲ
တတိယနှစ် ၁ နှစ်
နောက်ဆုံးနှစ်အပိုင်း က ၁ နှစ်
နောက်ဆုံးနှစ်အပိုင်း ခ ၁ နှစ်ခွဲ
အလုပ်သင်ဆရာဝန် ၁ နှစ်
ပညာသင်နှစ်စုစုပေါင်း ၇ နှစ်

ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

တတိယနှစ် အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

မန္တလေး ဆေးတက္ကသိုလ် 
ဆေးတက္ကသိုလ် အ​ဆောင်များ

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

  • မှုခင်းဆေးပညာ
  • ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်)
  • ရောဂါဗေဒ နှင့် သွေးပညာ

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်

အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း မန္တလေး(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

ဘာသာရပ် အချိန်ကာလ
ကလေးကျန်းမာပညာ ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်) ၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ ၃ လ
ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်) ၃ လ
  • အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်တာ လက်တွေ့ပညာသင်ယူပြီးသောအခါ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းခြင်း ခံရသည်။

အလားတူလင့်ခ်များ

ကိုးကား


Tags:

မန္တလေး ဆေးတက္ကသိုလ် သမိုင်းကြောင်းမန္တလေး ဆေးတက္ကသိုလ် ဦးဆောင်မှုမန္တလေး ဆေးတက္ကသိုလ် သင်ကြားမှုကာလမန္တလေး ဆေးတက္ကသိုလ် ဘာသာရပ်များမန္တလေး ဆေးတက္ကသိုလ် အလားတူလင့်ခ်များမန္တလေး ဆေးတက္ကသိုလ် ကိုးကားမန္တလေး ဆေးတက္ကသိုလ်en:Bachelor of Medicine, Bachelor of Surgeryဆေးပညာဘွဲ့ဆေးပညာမဟာသိပ္ပံဘွဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြည်သူ့ခုခံတော်လှန်စစ်မန္တလေးမြို့မြန်မာပြည်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း၂၀၂၁-၂၀၂၂ မြန်မာနိုင်ငံ ဆန္ဒပြမှုများ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံတပ်မတော်အက်ဥပဒေများပစိဖိတ် သမုဒ္ဒရာကျေးရွာအုပ်စုတူရကီနိုင်ငံအောင်လံမြို့မုန်းစွဲ (ရုပ်ရှင်)ဥသျှစ်ပင်လေးဖြူမောင်မောင်အေးခရစ္စတီယာနို ရော်နယ်လ်ဒိုထိုင်းနိုင်ငံ၏ ပြည်နယ်များရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးအချိန်ချက်သမ္မတနိုင်ငံဗာတီကန်စီးတီးကုန်းဘောင်မင်းဆက်ဂုဏ်တော်ကွန်ချာဗဟိုစာမျက်နှာဒါနဖက်ဆစ်ဝါဒနေလများ (အချိန်အတိုင်းအတာ)ရန်ကုန်တက္ကသိုလ်ဗမာနိုင်ငံတော်သဘာဝပတ်ဝန်းကျင်လိင်တူစုံမက်ခြင်းသံဃာဂုဏ်တော်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မင်္ဂလာပါပုပ္ပားမယ်တော်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများတွံတေးသိန်းတန်ရွှေပြည်သာမြို့နယ်ပီရူးနိုင်ငံကြို့ထိုးခြင်းဆင်ဖြူကျွန်းမြို့အသည်းရောင် အသားဝါ ရောဂါ စီပိုးဘိုက်ဒန်းစ်အီဂျစ်မှ ပိရမစ်များကီလိုမီတာလ (ကမ္ဘာရံဂြိုဟ်)စကားထာယောက်ျား အင်္ဂါတံဖွေးဖွေးပလောင်လူမျိုးကူဗလိုင်ခန်အင်္ဂလန်နိုင်ငံဝါးချာနိုဘိုင်း နျူးကလီးယား ပေါက်ကွဲမှုဝက်သက်ရောဂါ၃၈ ဖြာ မင်္ဂလာအမျိုးသားရေးဝါဒပန်းဆယ်မျိုးမေတ္တေယျဘုရားကားရေနံတပ်မတော် (လေ)ငါးမျိုးစိတ်များ စာရင်းဂေါတမဗုဒ္ဓကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်နတ်ပြည် ၆ ထပ်တောင်ကြီးမြို့ကျောက်စိမ်းရသမြင့်မြတ်မြန်မာနိုင်ငံရှိ ခရိုင်များမောရသုတ်ရွှေတိဂုံစေတီတော်ပုပ္ပါးတောင်မေတ္တသုတ်ကိုရီးယားစစ်ပွဲရခိုင်ပြည်နယ် တံဆိပ်နှင့် အလံခင်မောင်တိုးဝိဘတ်မြသန်းတင့်🡆 More