၁ ရန်ကုန် ဆေးတက္ကသိုလ်

ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် ၅ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၆၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တစ်ခု၊ ပြည်လမ်းတွင်တစ်ခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တစ်ခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာ (JICA) ဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိသည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်
University of Medicine 1, Yangon
ဥပဌာနံ၊ အနုကမ္ပာ၊ ဒယာ
upaṭhānaṃ, anukammā, dayā
ဆေးတက္ကသိုလ်(၁) ရန်ကုန်
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၂၇၊ ဖေဖော်ဝါရီလ (၂)ရက်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
တည်နေရာ *လမ်းမတော် (မိန်း)
ဝဘ်ဆိုတ် https://um1yangon.edu.mm/
ရွေးချယ်သတ်မှတ်ခြင်းများ
၁ ရန်ကုန် ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ သထုံလမ်း

လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဇော်ဝေစိုး ဖြစ်ပြီး လက်ရှိ ဒုတိယပါမောက္ခချုပ် (စီမံ)မှာ ဒေါက်တာမြင့်မြင့်ငြိမ်း နှင့် လက်ရှိ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)မှာ ဒေါက်တာခင်မာမြင့် ဖြစ်သည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ဆောင်ပုဒ်မှာ ဥပဌာနံ အနုကမ္ပါ ဒယာ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ဆရာဝန်တစ်ဦးဖြစ်သောကျွန်ုပ်သည် ဝေဒနာရှင် လူနာအား ဥပဌာနံ = စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်။ အနုကမ္ပါ = ကိုယ်ကျင့်တရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်။ ဒယာ = လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည် ဟူ၍ဖြစ်သည်။

ဆေးတက္ကသိုလ်(၁) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

သမိုင်းကြောင်း

လမ်းမတော်ဆေးကျောင်း၏ မြင်ကွင်းကျယ်ဓာတ်ပုံ

မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။

ဦးဆောင်မှု

၁၉၆၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ -

ကာလ အမည်
၁၉၆၄-၁၉၇၀ သီရိပျံချီ ပါမောက္ခ ဦးဘသန်း
၁၉၇၁-၁၉၇၂ ဒေါက်တာ ဦးဖေကျင်
၁၉၇၂-၁၉၈၄ ဒေါက်တာ ဦးထွန်းမင်း
၁၉၈၄-၁၉၈၇ ပါမောက္ခ ဦးလှမြင့်
၁၉၈၇-၁၉၈၈ ပါမောက္ခ ဦးတင်အောင်စိုး
၁၉၈၈-၁၉၉၁ ပါမောက္ခ ဦးမောင်မောင်စိန်
၁၉၉၁-၁၉၉၆ ပါမောက္ခ ဦးမြဦး
၁၉၉၆-၁၉၉၇ ပါမောက္ခ ဦးကျော်မြင့်ထွန်း
၁၉၉၇-၁၉၉၈ ပါမောက္ခ ဦးကျော်မြင့်
၁၉၉၈-၂၀၀၇ ပါမောက္ခ ဦးမျိုးမြင့်
၂၀၀၇-၂၀၀၉ ပါမောက္ခ ဦးအေးမောင်ဟန်
၂၀၀၉-၂၀၁၁ ပါမောက္ခ ဦးဖေသက်ခင်
၂၀၁၁-၂၀၁၃ ပါမောက္ခ ဦးသန်းချို
၂၀၁၃-၂၀၁၅ ပါမောက္ခ ဦးသက်ခိုင်ဝင်း
၂၀၁၅-၂၀၂၀ ပါမောက္ခ ဦးဇော်ဝေစိုး

သင်ကြားမှုကာလ

ပညာသင်နှစ် အချိန်ကာလ
ပထမနှစ် ၁ နှစ်
ဒုတိယနှစ် ၁ နှစ်ခွဲ
တတိယနှစ် ၁ နှစ်
စတုတ္ထနှစ် ၁ နှစ်
ပဉ္စမနှစ် ၁ နှစ်ခွဲ
အလုပ်သင်ဆရာဝန် ၁ နှစ်
ပညာသင်နှစ်စုစုပေါင်း ၇ နှစ်

ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

ဒုတိယနှစ် အမ်ဘီဘီအက်စ်

တတိယနှစ် အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်

နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်

သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။

နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်

အလုပ်သင်ဆရာဝန်

နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-

ဘာသာရပ် အချိန်ကာလ
ကလေးကျန်းမာပညာ ၂ လခွဲ
ပြည်သူ့အကျိုးပြု ဆေးပညာ ၂ ပတ်
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်) ၃ လ
သားဖွားနှင့် မီးယပ်ဆေးပညာ ၃ လ
ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်) ၃ လ

အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။

ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ

ဆက်စပ်ကြည့်ရှုရန်

ကိုးကား


Tags:

၁ ရန်ကုန် ဆေးတက္ကသိုလ် သမိုင်းကြောင်း၁ ရန်ကုန် ဆေးတက္ကသိုလ် ဦးဆောင်မှု၁ ရန်ကုန် ဆေးတက္ကသိုလ် သင်ကြားမှုကာလ၁ ရန်ကုန် ဆေးတက္ကသိုလ် ဘာသာရပ်များ၁ ရန်ကုန် ဆေးတက္ကသိုလ် ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ၁ ရန်ကုန် ဆေးတက္ကသိုလ် ဆက်စပ်ကြည့်ရှုရန်၁ ရန်ကုန် ဆေးတက္ကသိုလ် ကိုးကား၁ ရန်ကုန် ဆေးတက္ကသိုလ်en:Bachelor of Medicine, Bachelor of Surgeryဆေးပညာဘွဲ့တက္ကသိုလ်ပြည်လမ်းမြန်မာနိုင်ငံရန်ကုန်ဆေးရုံကြီးလမ်းမတော်မြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်းဝမြို့တနင်္သာရီမြို့ရေးမြို့နယ်စိုးလွင်လွင်ဗလာဒီမီယာ ပူတင်ရှမ်းဘာသာစကားဖျားနာခြင်းဓာရဏပရိတ်ဖွတ်ညစ်ညမ်းခြင်းများရိုင်ဖယ်ကျောက်ကပ်လယ်တွင်းသား စောချစ်အဆိပ်မြန်မာမုန့်များပုပ္ပါးတောင်ကလပ်မြန်မာ့စီးပွားရေးလုပ်ငန်းများအာဇာနည်နေ့စီးပွားရေးရှမ်းပြည်တပ်မတော်-တောင်ပိုင်းအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ခရမ်းလွန်ရောင်ခြည်ရိုဟင်ဂျာသစ္စာကြာသနပ်ခါးကရမက်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံဂျာမနီနိုင်ငံကန်တော်ကြီး(ရန်ကုန်)မဟာဓမ္မရာဇာဓိပတိမုန့်လုံးရေပေါ်မန္တလေးတိုင်းဒေသကြီးကလေးမြို့မင်္ဂလသုတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကချင်လွတ်မြောက်ရေးတပ်မတော်ရခိုင်ဘာသာစကားကရင်ပြည်နယ်မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များနရသီဟပတေ့ဗဟိုစာမျက်နှာငါးမျိုးစိတ်များ စာရင်းရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းတောင်ကြီးမြို့ရခိုင်ပြည်တပ်မတော်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မြမြန်မာနိုင်ငံ၏ အမည်များတရုတ်ပြည်မှ မဟာရံတံတိုင်းကြီးမြန်မာနိုင်ငံ၏ သမ္မတပင်ဂွင်းချင်းပြည်နယ်ရတနသုတ်ဘုရင့်နောင်ဗဒင်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းရမည်းသင်းမြို့မျိုးကြီးအဲလ်ဘတ် အိုင်းစတိုင်းရှမ်းပြည်နယ်တရားဂုဏ်တော်အာရှနိုင်ငံများတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘုရားဂုဏ်တော်စုန်းကဝေအတတ်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဦးပုညပိုးသတ်ဆေးထမနဲပွဲပုဂံမြန်မာ့ အစားအစာသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသိဒ္ဓတ္ထမင်းသား🡆 More