အေးမောင်ဟန်

ပါမောက္ခ ဒေါက်တာအေးမောင်ဟန် သည် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း Myanmar Times သတင်းဌာနက ဖော်ပြသော ထင်ရှားကျော်ကြားမြန်မာဆရာဝန် ၁၀၀ ဦး စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ပါမောက္ခ ဒေါက်တာ

အေးမောင်ဟန်
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၅-၀၂-၂၀၀၇ – ၂၃-၀၉-၂၀၀၉
ယခင်လူမျိုးမြင့်
ဆက်ခံသူဖေသက်ခင်
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၅-၀၄-၂၀၀၅ – ၂၄-၀၂-၂၀၀၇
ယခင်လူသိန်းအောင်
ဆက်ခံသူခင်ထွေး
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်
တာဝန်သက်တမ်း
၁၉-၁၁-၂၀၀၄ – ၂၄-၀၄-၂၀၀၅
ယခင်လူသန်းနုရွှေ
ဆက်ခံသူဆင်မြူရယ်ကျော်လှ
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေး
တာဝန်သက်တမ်း
၁၄-၀၁-၂၀၀၃ – ၁၈-၁၁-၂၀၀၄
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)သီရိထွန်းမြင့်၊ ဒေါက်တာ
သားသမီး
နေထိုင်ရာမရမ်းကုန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
မိခင်ကျောင်းဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
အလုပ်အကိုင်အထူးဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဒေါက်တာအေးမောင်ဟန်သည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ၏ ပါမောက္ခချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ပါမောက္ခ၊ ဌာနမှူး (ကလေးကျန်းမာပညာဌာန) တာဝန်များကို ဆေးတက္ကသိုလ် မန္တလေးဆေးတက္ကသိုလ်(၂) ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့တွင်လည်းကောင်း၊ ပါမောက္ခ (ကလေးကျန်းမာပညာဌာန) တာဝန်ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ကလေးအထူးကုဆရာဝန်ကြီးတာဝန်ကို ရန်ကုန်ကလေးဆေးရုံကြီး၊ မန္တလေးကလေးဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝမ်မြို့ RIPAS Hospital တွင် ကလေးအထူးကုဆရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။


ပညာရေး

ပါမောက္ခ ဒေါက်တာအေးမောင်ဟန်သည် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)၊ ဒဂုံ (ယခင် Methodist English High School ) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ဆေးပညာဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ကလေးကျန်းမာပညာဒီပလိုမာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) ၊ ၂၀၀၃ ခုနှစ်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) တို့ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ လည်းကောင်း၊ ၁၉၉၀ ခုနှစ်တွင် MRCP (UK) ဘွဲ့ကို Royal College of Physicians, UK မှလည်းကောင်း ၁၉၉၆ ခုနှစ်တွင် FRCP (Edin) ဘွဲ့ကို Royal College of Physicians of Edinburgh မှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် FRCPCH ဘွဲ့ကို Royal College of Paediatrics and Child Health မှ လည်းကောင်း ရရှိခဲ့သည်။


ဂုဏ်ထူးဆောင်ဆုများ

  1. Honorary Fellowship Award, Royal College of Paediatrics & Child Health, London (၂၀၁၉) (မြန်မာများထဲမှ ပထမဆုံးရရှိခဲ့သူဖြစ်သည်)
  2. ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆု၊ ပညာရေးဝန်ကြီးဌာန (၂၀၁၇)
  3. Outstanding Asian Paediatrician Award, Asian Pacific Paediatric Association (၂၀၀၉)
  4. စီမံထူးချွန်ဆု (ပထမဆင့်) (၂၀၀၉)


လက်ရှိထမ်းဆောင်နေသော တာဝန်များ

  1. အထူးဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်
  2. ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့
  3. အကြံပေး၊ တပ်မတော်ဆေးတက္ကသိုလ်
  4. ဥက္ကဋ္ဌ၊ ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (Technical Advisory Group (Clinical Domain)) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
  5. ဥက္ကဋ္ဌ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
  6. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆေးကောင်စီ
  7. အဖွဲ့ဝင်၊ ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ပြည့်မီကြောင်း တရားဝင်အသိအမှတ်ပြုရေး ကော်မတီ (Accreditation Committee) မြန်မာနိုင်ငံဆေးကောင်စီ
  8. ဥက္ကဋ္ဌ Ethics & Professional conduct Committee မြန်မာနိုင်ငံဆေးကောင်စီ
  9. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း
  10. ဥက္ကဋ္ဌ၊ ပညာရေးကော်မီတီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ
  11. အယ်ဒီတာအဖွဲ့ဝင် မြန်မာဆေးပညာဂျာနယ် (Myanmar Medical Journal) မြန်မာနိုင်ငံဆရာဝန်အသင်း
  12. အယ်ဒီတာအဖွဲ့ဝင် Pediatric Respirology and Critical Care Medicine Journal

ပညာရပ်ဆိုင်ရာ သုတေသနများ

ကလေးကျန်းမာပညာရပ်ဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊​ ကြီးကြပ်ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ သုတေသနစာစောင်များတွင် ပုံနှိပ်ဖော်ပြပြီးသော သုတေသနစာတမ်းအချို့မှာ -

  1. Introducing child survival and development topics into the medical curriculum of a developing country
  2. Energy intake and basal metabolic rate during maintenance chemotherapy
  3. Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1
  4. Avian Influenza A (H5N1) Infection in Humans
  5. Active surveillance for congenital rubella syndrome in Yangon, Myanmar
  6. Chronic kidney disease in children and adolescents in Brunei Darussalam


ကိုးကား

Tags:

အေးမောင်ဟန် ပညာရေးအေးမောင်ဟန် ဂုဏ်ထူးဆောင်ဆုများအေးမောင်ဟန် လက်ရှိထမ်းဆောင်နေသော တာဝန်များအေးမောင်ဟန် ပညာရပ်ဆိုင်ရာ သုတေသနများအေးမောင်ဟန် ကိုးကားအေးမောင်ဟန်ကလေးအထူးကုဆရာဝန်ဒေါက်တာပါမောက္ခ

🔥 Trending searches on Wiki မြန်မာဘာသာ:

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့လင်ခန်းမယားခန်း ပြတ်စဲခြင်းငပလီကမ်းခြေအမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူးအရေပြားလေးဘက်နာရောဂါမြန်မာဘာသာစကားကြို့ထိုးခြင်းရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းနတ်သျှင်နောင်တင်အောင်စန်းသဗ္ဗညုဘုရား(ပုဂံ)ကော့ကရိတ်မြို့ကာမေသုမိစ္ဆာစာရတရုတ်ပြည်သူ့သမ္မတနိုင်ငံပရိက္ခရာ ၈-ပါးကြွက်နို့နဝရတ် ကိုးပါးစာပေဘာမထီခင်အောင်မြသန်းတင့်တပ်မတော် (ရေ)အကြည်တော်လီဆာချင်းပြည်နယ်ယီမင်နိုင်ငံကမ္မဋ္ဌာန်းနေ့နံနာဇီအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ဥပဒေနာဇီ၊ နာဇိစမက်လိပ်ပုပ္ပါးတောင်အလောင်းစည်သူဝက်ခြံဟဲလင်နစ်စတစ်ခေတ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဧရာဝတီ လင်းပိုင်ပန်ထွာဘုရင်မပျော်ဘွယ်မြို့ကယန်းလူမျိုးစမူဆာအဆုတ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များချောက်မြို့ရှင်စောပုလူ့အခွင့်အရေးဘုရင့်နောင်ချင်းလူမျိုးဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်မကွေးမြို့မဟာဗန္ဓုလလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များရှမ်းလူမျိုးသွား၊ ခွေး သွား (တီဗွီဇာတ်လမ်းတွဲ)မကာအိုမြန်မာကျပ်ငွေမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းနှလုံးသွေးကြောကျဉ်းရောဂါဗီယက်နမ်နိုင်ငံစွန်းဝူခုန်းဆယ်ပါးသီလမင်းကွန်းတိပိဋကဆရာတော်သီရိလင်္ကာနိုင်ငံမြန်မာသဒ္ဒါအစားအစာမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဆရာအသည်းရောင် အသားဝါ ရောဂါ ဘီပိုးအောင်ခြင်း ၈ ပါးထင်းရှူးကားမြန်မာတိုင်းရင်းသားမျိုးနွယ်များမြစ်ငယ်မြစ်မိုးပြာဂိုဏ်းအောင်သူ (ဘောလုံးသမား)🡆 More