မေသန်းနု: မြန်မာ ရုပ်ရှင်မင်းသမီး

မေသန်းနု (၂၇ ဇန်နဝါရီ ၁၉၆၁ မွေးဖွား) သည် မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ငါးဆုရရှိခဲ့သူဖြစ်သည်။

မေသန်းနု
မွေးဖွားသန်းသန်းဆင့်
(၁၉၆၁-0၁-၂၇) ဇန်နဝါရီ ၂၇၊ ၁၉၆၁ (အသက် ၆၃)
မြိတ်မြို့
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
ထင်ရှားသည့်
လုပ်ဆောင်မှု
သင်္ကြန်မိုးမူပိုင်ချစ်သူပုဂံမှာသာတဲ့လတစ်ပြည်သူမရွှေထား၊ မောင်
အိမ်ထောင်ဖက်(များ)စင်ရော်မောင်မောင် (ကွာရှင်း)
သားသမီးမင်းသန့်မောင်မောင်
ရရှိသည့်ဆုများအကယ်ဒမီ ငါးထပ်ကွမ်း

ငယ်ဘဝ

မေသန်းနုကို ၁၉၆၁ခုနှစ်၊ ဇန်နဝါရီလ၊ ၂၇ရက်နေ့တွင်တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ သန်းသန်းဆင့် ဖြစ်သည်။

အနုပညာလမ်းကြောင်း

၁၉၈၁ခုနှစ် ဝန်းကျင်တွင် အစ်မဖြစ်သူ၏ ရောဂါကိုကုသရန်အတွက် ရန်ကုန်မြို့သို့ စတင်ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ဈေးတွင် လှသူဇာ အလှပြင်သင်တန်းတတ်ရင်း ကြည့်မြင်တိုင်ရှိ စကားဝါရုံးတွင် အလုပ်ဝင်လုပ်ခဲ့သည်။ (၁/၈၄) ရုပ်ရှင်သင်တန်းမှတစ်ဆင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် ခင်သန်းနု၏ သမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံရပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စိန်လိုက်လေကြာသလားလို့ ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင် မူပိုင်ချစ်သူရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း ၁၉၉၆ခုနှစ်တွင် အလင်းဖျော့ကောင်းကင် ဖြင့်လည်းကောင်း ၂၀၀၁ ခုနှစ်တွင် ချစ်ခြင်း၏အခြားမဲ့၌ ဖြင့်လည်းကောင်း အမျိုးသမီး ဇာတ်ဆောင်ဆုလေးဆု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ငါ သူတစ်ပါး ယောင်္ကျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။

ငွေကြေးလိမ်လည်မှု

မေသန်းနုသည် ၂၀၁၆ ခုနှစ်တွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။

ရရှိခဲ့သည့်ဆုများ

ခုနှစ် ဆု ကဏ္ဍ ဇာတ်ကား ရလဒ်
၁၉၉၁ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဒဏ္ဍာရီ ဆန်ခါတင်
၁၉၉၂ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မူပိုင်ချစ်သူ ဆုရရှိ
၁၉၉၃ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု မြစ်တို့၏မာယာ ဆန်ခါတင်
၁၉၉၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု တပြည်သူမရွှေထား ဆန်ခါတင်
၁၉၉၅ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပုဂံမှာသာတဲ့လ ဆုရရှိ
၁၉၉၆ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(ပူးတွဲဆု) အလင်းဖျော့ကောင်းကင် ဆုရရှိ
၂၀၀၁ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(ပူးတွဲဆု) ချစ်ခြင်း၏အခြားမဲ့၌ ဆုရရှိ
၂၀၀၂ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ငါ သူတစ်ပါး ယောက်ကျား မိန်းမ ဆုရရှိ
၂၀၁၇ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်ဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ထာဝရအမေ ဆန်ခါတင်

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

မေသန်းနု ငယ်ဘဝမေသန်းနု အနုပညာလမ်းကြောင်းမေသန်းနု ငွေကြေးလိမ်လည်မှုမေသန်းနု ရရှိခဲ့သည့်ဆုများမေသန်းနု ကိုးကားမေသန်းနု ပြင်ပလင့်ခ်များမေသန်းနု

🔥 Trending searches on Wiki မြန်မာဘာသာ:

ကုန်းဘောင်မင်းဆက်ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံတပ်မတော်နေ့ရန်ကုန်တိုင်းစစ်ဌာနချုပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အဘိညာဉ်ဂျောင်ဂျောင်ကုလုံချည်တရားကြူကြူလှဇာမဏီမဟာရဋ္ဌသာရ၊ သျှင်မြစ်ကြီးနားမြို့ခင်ပွန်းကြီးဆယ်ပါးဦးကျားကြီးဝင်း မီးလောင်မှုကာတွန်း ရုပ်ပြောင်အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ငါးမျိုးစိတ်များ စာရင်းအက်တမ်ခန္ဓသုတ်ပုဂံခေတ်ခရေပင်လက်ပံပင်မင်္ဂလာတရား ၃၈-ပါးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဧရာဝတီတိုင်းဒေသကြီးမြိုလူမျိုးမြန်မာနိုင်ငံ၏ နိုင်ငံရေးမြန်မာစာစတင်ဖြစ်ပေါ်လာပုံရခိုင်ပြည်နယ်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဘုရားလ (ကမ္ဘာရံဂြိုဟ်)ဂုဏ်ဆယ်ပါးတောင်ရိုးလူမျိုးမယ်နုအုတ်ကျောင်းခန့်စည်သူဘောလုံးကစားခြင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂စစ်ရေးတြိဂံဒေသတိုင်းစစ်ဌာနချုပ်မဟာဗန္ဓုလငွေ (သတ္တု)ထိုင်းနိုင်ငံရှင်သီဝလိဂါထာမြထွန်းဦးနေအော်ကာစေတသိက်လေဒီဂါဂါကျောက်ချဉ်ပထဝီဝင်မြန်မာပြည် စာတိုက် သင်္ကေတများအိချောပိုဝီကီမီဒီယာ ဖောင်ဒေးရှင်းသီတဂူဆရာတော်ဆက်သွယ်ရေးတပ်ဖွဲ့ဖေ့စ်ဘွတ်ခ်တစ်တီတူးဗမာလူမျိုးသမန်းကျားဒွေးထားဝယ်မြို့နယ်နေတိုး (သံတူကြောင်းကွဲ)မြန်မာနိုင်ငံတော်ဗဟိုဘဏ်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါမိန်းမ မျိုးပွားအင်္ဂါမြင်းခြံမြို့ဝက်သက်ရောဂါနေပြည်တော် ပြည်ထောင်စုနယ်မြေယာဘရာသီခွင်မဇ္ဈိမ သတင်းဌာန🡆 More