မြူးနစ်ချ်မြို့

မြူးနစ်မြို့သည် ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘာဗေးရီးယန်း အဲလ်ပ် တောင်တန်း၏ မြောက်ဘက် အီဆာမြစ်ကမ်း ပေါ်တွင် တည်ရှိသည်။ မြူးနစ်သည် ဘာလင်မြို့ နှင့် ဟမ်းဘတ်မြို့တို့ ပြီးလျှင် ဂျာမနီနိုင်ငံတွင် တတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏ ဧရိယာ အတွင်းတွင် လူဦးရေ ၁.၃၅ သန်းခန့် နေထိုင်ကြသည်။ မြူးနစ်ချ်သည် ၁၉၇၂ ခုနှစ် နွေရာသီ အိုလံပစ်အတွက် အိမ်ရှင်မြို့ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အတွက် အိမ်ရှင်အဖြစ် ပဏာမ ရွေးချယ်ထားသော စာရင်းတွင်လည်း ပါဝင်သည်။ မြူးနစ်မြို့ကို ဂျာမန်ဘာသာအားဖြင့် မျူချင်းဟု ခေါ်ကာ ရဟန်းတို့ဌာနီဟူ၍ အဓိပ္ပာယ်ရသည်။ ခရစ် ၇၀၀ ပြည့်နှစ်ခန့်က ယင်းဒေသ၌ ဘုန်းတော်ကြီးကျောင်း တကျောင်းရှိသောကြောင့် ဖြစ်သည်ဟု ဆိုရိုးရှိ၏။ မြူးနစ်မြို့သည် နာဇီပါတီနှင့် စပ်လျဉ်း၍ ထင်ရှားနာမည်ရပေသည်။ ခရစ် ၁၉၁၉ ခုနှစ်တွင် မြူးနစ်မြို့တွင် နာဇီပါတီကို တည်ထောင်ခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် ဖြစ်ပွားသော ဗီယာအဆောင်ပုန်ကန်မှု အရေးအခင်းသည် မြူးနစ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ဟစ်တလာ၏ ပထမဆုံးအကြိမ် အာဏာသိမ်းယူရန် ကြံစည်သော အမှုပင်တည်း။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျာမနီတို့ ဆွေးနွေး၍ ချက်ကိုဆလိုဗေးကီးယားကို နာဇီတို့အား ပေးအပ်သော သသောတူညီချက်ကို မြူးနစ်မြို့တွင် လက်မှတ်ရေးထိုးကြ၏။

မြူးနစ်မြို့

München
မြို့တော်
မြူးနစ်ချ်မြို့
Flag of မြူးနစ်မြို့
အလံ
Official seal of {{{official_name}}}
စည်းတံဆိပ်

မြူးနစ်မြို့တွင် ဘာလင်မြို့မှ မိုင် ၃၀၀ ကွာဝေး၍ အနောက်တောင်အရပ် ဘာဘေးရီးယားလွင်ပြင်ရှိ အီဇာမြစ်ကမ်းဘေး၌ တည်ရှိသည်။ အီဇာ၏ကမ်းလေး တလျှောက်တွင် ဥယျာဉ်ပန်းခြံ၊ ချောင်းငယ် မြောင်းငယ် ရေတံခွန်နှင့် အိုင်များရှိသဖြင့် နာဇီပါတီမကြီးစိုးမီအခါကာလက အလွန်သာယာသည် ဟူ၏။ မြူးနစ်မြို့သည် အီတလီနိုင်ငံသို့ ခရီးပေါက်သော ဘရင်နာတောင်ကြားလမ်းနှင့် မိုင် ၁၀၀ မျှပင် မဝေးပေ။ မြူးနစ်မြို့မှ မျှော်မှန်းကြည့်လိုက်ပါက ဆီးနှင်းများ ဖုံးလွှမ်းနေသော အဲ့လ်ပ်တောင်ထွတ်များကို မြင်နိုင်ပေသည်။ မြူးနစ်မြို့၏ တည်နေရာသည် အချက်အချာကျသောကြောင့် နှစ်ပေါင်းများစွာကပင် ဥရောပတိုက်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိနိုင်ငံများ ဆုံတွေ့ကြရာဒေသ ဖြစ်ခဲ့ပေသည်။

မြူးနစ်မြို့တွင် လှပခမ်းနားသော နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများ၊ အစိုးရရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များနှင့် တိုက်တာအဆောက်အဦများစွာ ရှိကြသည်။ ထင်ရှားသော အဆောက်အဦကြီး ၃ ခုတို့မှာကား နန်းတော်ဟောင်း၊ နိုထရာဒမ် ဘုရားရှိခိုးကျောင်းနှင့် ဂျာမန်ပြတိုက်ကြီးဖြစ်၏။ ဂျာမန်ပြတိုက်ကြီးမှာ ကမ္ဘာတွင် ထင်ရှားသော ပြတိုက်ကြီးတခုဖြစ်၍ စက်မှုလက်မှုနှင့် သိပ္ပံပညာဆိုင်ရာများကို ခင်ကျင်းပြသထားပေသည်။

ကိုးကား

Tags:

ဂျာမနီနိုင်ငံဘာလင်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂီတာဓူဝံကြယ်ပထမ ကမ္ဘာစစ်ဧရာဝတီတံတား (ပခုက္ကူ)မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များကကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)မဟာသမယသုတ်အရေပြားလေးဘက်နာရောဂါဘုရားသုံးဆူမြို့မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ထမနဲပွဲနာဂလူမျိုးအားဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမြန်မာပိတောက်မြင့်မြတ်ကျန်းမာရေးစောဘဦးကြီးမြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းခင်မောင်တိုးမြန်မာဘာသာစကားအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ရွှေသိမ်တော်ဘုရား (ကျောက်ဆည်)မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အလောင်းစည်သူတရားဂုဏ်တော်ပုသိမ်မြို့အမေရိကန်ပြည်ထောင်စုတီဘီရောဂါမိုးကုတ်တရားငှက်ဖျားရောဂါသီတင်းကျွတ်လပြည့်နေ့ရန်ကုန်တိုင်းဒေသကြီးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းခွေးတောက်ပင်သင်္ကြန်မိုးအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမေတ္တေယျဘုရားဗုဒ္ဓခါကာဘိုရာဇီဇီးကွက်ဟံသာဝတီစင်ကာပူနိုင်ငံဆယ်ပါးသီလသယ်ယူပို့ဆောင်ရေးစံကားဝါဗီယက်နမ်စစ်ပွဲတင်အောင်စန်းဗျည်းထွန်းမြတ်နိုင်ပြည်ထောင်စုနေ့တောင်ကိုရီးယားနိုင်ငံဝန်အနော်ရထာကီလိုမီတာခွန်ဆာယူကျူ့ဘ်ခရစ်ယာန်ဘာသာလက်ဖက်ဆိုရှယ်လစ်ဝါဒပလေးတိုးသိမ်းငှက်ကမ္ဘာ့လေထုလီဆာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နရသီဟပတေ့မြန်မာ သက္ကရာဇ်ကျင့်ဝတ်အစ္စလာမ်ဘာသာနေပြည်တော်မြို့ကင်ဆာရောဂါဦးနုပြည်သူ့ခုခံတော်လှန်စစ်🡆 More