အသား: အစားအစာအဖြစ် စားသုံးရသော တိရစ္ဆာန်

အသားဆိုသည်မှာ အစားအစာအဖြစ် စားသုံးရသည့် တိရစ္ဆာန်၏ တစ်သျူး တခါတရံ ကြွက်သားဖြစ်သည်။ လူသားတို့သည် အခြားတိရစ္ဆာန်များကို သမိုင်းမတိုင်မီခေတ်ကတည်းက အသားအလိုငှာ အမဲလိုက်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၁,၀၀၀ ခုနှစ်မှစတင်၍ လူသားများသည် ကြက်၊ သိုး၊ ဆိတ်၊ ဝက်၊ မြင်း၊ နွား စသော တိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူခဲ့ကြပြီး ရွေးချယ်ထားသော သားပေါက်များကို ထုတ်လုပ်သူနှင့် စားသုံးသူတို့၏ အလိုအတိုင်းဖြစ်အောင် အရည်အသွေးပြည့်မီသော သားပေါက်များအဖြစ် မွေးမြူနိုင်ခဲ့သည်။

အသား: အစားအစာအဖြစ် စားသုံးရသော တိရစ္ဆာန်
မချက်ပြုတ်ထားသော အမဲသား၊ ကြက်သား၊ ဝက်သား

အသားတွင် အဓိကအားဖြင့် ရေပရိုတိန်းနှင့် အဆီတို့ ပါဝင်သည်။ အသား၏ အရည်အသွေးသည် ယင်းတိရစ္ဆာန်တွင် ပါဝင်သော အာဟာရဓာတ်ပြည့်ဝမှု၊ ဗီဇ စသည်တို့အပေါ်မူတည်ပြီး ကွဲပြားခြားနားသည်။ အသားသည် အစိမ်းလိုက် စားသုံးနိုင်သည်။ သို့သော် သာမန်အားဖြင့် ချက်ပြုတ်၍ စားသုံးကြသည်။ သေချာ မသိမ်းဆည်းထားသော အသားသည် ဘက်တီးရီးယားနှင့် မှိုများကြောင့် နာရီပိုင်းအတွင်း သို့မဟုတ် ရက်ပိုင်းအတွင်း ပုပ်သိုးပြိုကွဲသွားတတ်သည်။

အသားကို စားသုံးခြင်းသည် အထူးသဖြင့် အနီရောင်ရှိသော အသားနှင့် ကြာရှည်ခံထုပ်ပိုးထားသော အသားသည် ကင်ဆာဖြစ်နိုင်ခြေများခြင်း၊ နှလုံးရောဂါစသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ အသားထုတ်လုပ်မှုသည် ကမ္ဘာကြီး ပူနွေးလာမှု၊ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှု စသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများကို ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာအထိ ဖြစ်ပွားစေသည်။

အသားသည် ကမ္ဘာတဝှမ်းရှိ စီးပွားရေးနှင့် ယဉ်ကျေးမှုအတွက် အရေးပါသည်။ အချို့သောသူများသည် စည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအတွက်သော်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာအတွက်သော်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း အသားကို မစားသုံးရန် ရွေးချယ်ကြသည်။

ကိုးကား

Tags:

ကြက်ကြွက်သားဆိတ်တိရစ္ဆာန်နွားမြင်းဝက်သိုး

🔥 Trending searches on Wiki မြန်မာဘာသာ:

ပန်ထွာဘုရင်မဝန်ဗြိတိသျှအင်ပါယာပန်းဆယ်မျိုးဗိုလ်ချုပ်မှူးကြီးမင်္ဂလာတောင်ညွန့်မြို့နယ်ဩစတြေးလျတိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပညာရေးရွှေပြည်သာမြို့နယ်ရှင်စောပုမျိုးကြီးမြန်မာအက္ခရာသမိုင်းမိုင်တဲလ် မြန်မာပြည်မြို့ကာလာမသုတ်ဥရောပမလေးရှားနိုင်ငံဆိုရှယ်လစ်ဝါဒနဝရတ် ကိုးပါးဣန္ဒြေအီမီ ဖူကာဒါအတွင်း ၃၇ မင်းကြာတိုက်တောင်ငူမြို့ဗီယက်နမ်စစ်ပွဲရခိုင်ဘာသာစကားကချင်လွတ်မြောက်ရေးတပ်မတော်သင်္ဂါယနာအောင်သူ (ဘောလုံးသမား)ဗုဒ္ဓအမျိုးသမီးများ၏ အခွင့်အရေးအိုမန်နိုင်ငံထိုင်းနိုင်ငံ၏ ပြည်နယ်များသွေးအုပ်စုလိင်တူစုံမက်ခြင်းမကွေးမြို့ကာလီမယ်တော်ကမ္ဘာ့လေထုအင်းပရိတ်ကြီး ၁၁ သုတ်နှင်းဆီအာရှသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီပဲခူးတိုင်းဒေသကြီးအပူမြွေမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများလူသားရခိုင်ပြည်တပ်မတော်ဂျပန်နိုင်ငံရှိ မြို့များစာရင်းပြည်ထဲရေး ဝန်ကြီးဌာနကျုံးပဋိစ္စသမုပ္ပါဒ်ဆူးပုပ်ကြီးအစ္စလာမ်ဘာသာတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဇာတာမြန်မာနိုင်ငံ၏ အလံများ စာရင်းမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အနတ္တလက္ခဏသုတ်လိင်စိတ်ဆွခြင်းခင်ဝင့်ဝါdj447နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌစရိုက်ခေါင်းပေါင်းငှက်လက်ဖက်နေပြည်တော် ပြည်ထောင်စုနယ်မြေအင်္ဂလိပ်ဘာသာစကားမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြန်မာနိုင်ငံ၏ အမည်များစကားကြီး ဆယ်မျိုး🡆 More