အဇါန်

အဇါန် သည်အဘိဓာန်တွင် (အသိပေးခြင်း) (သိအောင်လုပ်ပေးခြင်း) (သတင်းပေးခြင်း) ဆိုသည့်အဓိပ္ပာယ် များရသည်။ အစ္စလာမ်သာသနာတွင် အထူးသဖြင့် နမားဇ် အချိန်ကျရောက်ပြီဖြစ်ကြောင်းအသံပေးဖိတ်ခေါ် ခြင်းဖြစ်သည်။အစ္စလာမ် သာသနာမထွန်းကားမီအချိန်ကသတင်းနှင့်အရေးကြီးအလုပ်ကိစ္စတစ်ခုခုအတွက် လူများစုဝေးစေရန် အဇါန် ရွတ်ဆိုခဲ့ကြသည်။ မွတ်စလင်မ် တို့နေ့စဉ် နမားဇ် ဝတ်ပြုရန်အတွက်သတ်မှတ် ချိန်ရှိပြီး ၎င်းအချိန်များကို အောင်ကာသေရှရ်အီး ဟုခေါ်သည်။ နမားဇ် အချိန်ကျရောက်ခြင်းကိုတိတိကျကျ သတ်မှတ်သိရှိရသည့်အလုပ်မှာ ထင်သလောက်လွယ်ကူသည့်ကိစ္စတော့မဟုတ်ပါ၊ နေရာဒေသအသီးသီး ၊ မြို့ရွာများ၊ မပ်္စဂျစ်္ဒ များ၌ အဇါန် ကိုအသံကျယ်ကျယ်ဖြင့်ရွတ်ဆိုလေ့ရှိကြသည်။ မိုအ်ဇင်န် သည် အဇါန် ရွတ် ဆိုရာတွင်အမြင့်တစ်နေရာရာမှ ဥပမာ- မင်နာရာ အပေါ်မှရွတ်ဆိုလေ့ရှိသည်။ အဇါန် ရွတ်ဆိုရခြင်းသည် ဝါဂျိဘ် မဟုတ်ပါ မွတ်စ်သဟဘ် ဖြစ်ပြီး နမားဇ် မတိုင်မီဦးစွာ အဇါန် ပြီးနောက် အကာမာ ရွတ်ဆိုရမည်ဖြစ် သည်။ အစ္စလာမ် ခေတ်ဦးပိုင်းကာလတွင် တမန်တော်မြတ်ကြီး (ဆွ) သည် သတင်းပေးကြေညာစရာကိစ္စအ ချို့တွင်(ဥပမာ- ဂျန်ဂေဘဒ်ရ် အတွက်ဖိတ်ခေါ်ရာတွင်) အဇါန်ကိုအသုံးပြုခဲ့သည်။

မွတ်ဂျ်သဘာဆဒ်ရေယာ သည် ( ခရစ်ယန်တစ်ဦး၏အမြင်မှ ခရစ်ယန်တို့တောင်းဆုခြွေသံစဉ် နှင့် အဇါန် ၏သံစဉ်ဆင်တူယိုးမှားဖြစ်ခြင်း) နှင့် ( ပညာရှင်များ၏သုတေသနပြုချက်အရ အဇါန် ၏သံစဉ်တွင် ဂီတပိုင်း ဆိုင်ရာသံစဉ်မျိုးမရှိခြင်း) အကြောင်းအရာတို့ကိုရေးသားခဲ့သည်။

အဇါန် ၏စာသားများ

تکرار متن عربی အဓိပ္ပာယ် مذهب

ကြိမ်

الله اکبر အလ္လာဟ် အရှင်မြတ်သည်ကြီးကျယ်မြင့်မြတ်ပါသည်ဆိုသည့်ဂုဏ်ပုဒ်ထက်

ပင်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်၏

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان لا اله الا الله အလ္လာဟ်အရှင်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်းသက်သေခံပါ

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان محمداً رسول‌الله မိုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောရစူလ်တမန်တော်

ဖြစ်ကြောင်းသက်သေခံပါ၏

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان علیاً ولی‌الله အလီသခင်သည်အလ္လာဟ်အရှင်မြတ်၏ ဝလီ ဖြစ်ကြောင်းသက်သေခံပါ၏တမ်းပလိတ်:Refun ရှီအာများသာ

ကြိမ်

حی علی الصلاة နမားဇ် ဘက်သို့အပြေးအလွှားလာကြလေကုန် ရှီအာ၊

စွန်နီ

ကြိမ်

حی علی الفلاح အောင်မြင်လွတ်မြောက်ခြင်းဘက်သို့အပြေးအလွှားလာကြလေကုန် ရှီအာ၊

စွန်နီ

ကြိမ်

الصلاة خیر من النوم နမားဇ် သည်အိပ်စက်ခြင်းထက်သာ၏ ဖှဂျရ် အဇါန်တွင်

စွန်နီများသာ

ကြိမ်

حی علی خیر العمل အကောင်းဆုံးလုပ်ရပ်အတွက်အပြေးအလွှားလာကြလေကုန်တမ်းပလိတ်:Refun ရှီအာများသာ

ကြိမ်

الله اکبر အလ္လာဟ် အရှင်မြတ်သည်ကြီးကျယ်မြင့်မြတ်ပါသည်ဆိုသည့်ဂုဏ်ပုဒ်ထက်

ပင်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်၏

ရှီအာ၊

စွန်နီ

ကြိမ်

لا اله الّا الله အလ္လာဟ် အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍မရှိတမ်းပလိတ်:Refun ရှီအာ၂ကြိမ်စွန်နီ၁ကြိမ်

^   မာလစ်ကီ မဇ်ဟဘ် သည် အဇါန် ၏အစပိုင်းတွင်လည်း الله اکبر ၄ ကြိမ်ပြောရမည့်နေရာတွင် ၂ ကြိမ်သာ ရွတ်ဆိုကြသည်။

^ «اشهد انّ علیّا ولی‌الله» ဆိုသည့်စာသားကိုရှီအာများကသာရွတ်ဆိုကြပြီး ထိုစာကြောင်းသည် အဇါန် နှင့် အကာ မာ ၏အစိတ်အပိုင်းမှမဟုတ်ကြောင်းယုံကြည်ထားသည်၊ ၎င်းကိုရွတ်ဆိုရမည်မှာ ဝါဂျိဘ် လည်းမဟုတ်ပေ ၊ ထို့အပြင် မွတ်စ်သဟဘ် ၊ မွတ်စ်သဟ်စင်န် ဖြစ်သည်။ အချို့သော ရှီအာ များကဤကဲ့သို့အရှည်ရွတ်ဆိုမှု လည်းရှိသည် ၊ «اشهد انّ مولانا امیرالمؤمنین علیّاً و ابناؤه المعصومین حجج الله» ( မို့အ်မင်န် အပေါင်း၏ထိပ်ခေါင် ဥသျှောင် အလီ နှင့် သခင်၏ မာ့အ်စူမ် ဖြစ်သောသားများသည် အလ္လာဟ် အရှင်မြတ်၏ ဟွတ်ဂျသ်-သာဓက- တော်များဖြစ်သည်။)

^ «الصلوة خیرمن النّوم» (နမားဇ် သည်အိပ်စက်ခြင်းထက်သာလွန်၏) ဆိုသည့်စာသားကို အဲဟ်လေစွန်နသ် များသာ ဖှဂျရ် ၏ အဇါန်တွင်ရွတ်ဆိုကြသည်။ ပထမဆုံးအကြိမ်ထိုစာသားကိုထည့်သွင်းလိုက်သူမှာ အွမ်မရ် ဖြစ်သည်။ «حی علی خیرالعمل» ဆိုသည့်စာသားကို ရှီအာများသာရွတ်ဆိုမှုရှိပြီး ဘေဟာရွလ်အန်ဝါးရ် ၏ဖော် ပြချက်အရတမန်တော်မြတ်ကြီး (ဆွ) လက်ထက်ကထိုစာသားကိုရွတ်ဆိုမှုပြုခဲ့သော်လည်း အွမ်မရ် (သို့မ ဟုတ်သမိုင်းတစ်ခုအရ အွတ်စ်မာန်) သည်ထိုစာကြောင်းကိုဖြုတ်လိုက်သည် ၊ ထို့နောက်ဤသို့ပြော၏”မွတ်စလင်မ် တို့သည် နမားဇ် ကိုအကောင်းဆုံး အမလ် ဟုတွေးထင်နေသော် ဂျေဟာဒ် အားမေ့လျှော့(ပေါ့ဆ) သွားမည်ကိုစိုးရိမ်သည်။” 

^   ရှီအာ တို့သည်နောက်ဆုံးစာကြောင်းဖြစ်သော (لا اله الا الله) ကိုနှစ်ကြိမ်ရွတ်ဆိုသည်။

အဲဟ်လေစွန်နသ် ၏အမြင်

အဲဟ်လေစွန်နသ်များက အဇါန် ကိုပထမဦးဆုံးအကြိမ် မဒီနာ တွင်ရွတ်ဆိုခဲ့သည်ဟုယုံကြည်ထားကြသည်။ အဗ်ဒွလ်မွတ်သွလိဗ် ၏သား ဟမ်ဇာ က(အခြားသူများသည်လူတို့အားဖိတ်ခေါ်ရန်အတွက် ဗုံ၊ နှဲ၊ လင်းကွင်း များကိုအသုံးချနေချိန်၌) ဤကဲ့သို့ မိုဟမ္မဒ် (ဆွ) သခင်အားအကြံပေခဲ့သည်ဟုဆိုကြသည်။

ရှီအာ တို့၏အမြင်

ရှီအာ တို့သည် အဇါန်ကို အေဗါဒသ် အဖြစ်သိရှိထားကြပြီး အလ္လာဟ် အရှင်မြတ်ဘက်မှသတ်မှတ်တော်မူ၏ ဟုကြည်ကြသည်။ အဇါန် ၏စာကြောင်းများအားအပြောင်းအလဲလုပ်ခြင်းကိုလည်း ဘေဒအသ် အဖြစ်လက် ခံထားသည်။ ထိုနည်းတူစွာပထမဆုံးအဇါန်ကို ဘေလားလ်ဟဗရှီ က မဒီနာ တွင်ရွတ်ဆိုခဲ့သည်ဟုယုံကြည် ကြသည်၊ ထို့အပြင် တမန်တော်မြတ် (ဆွ) သည် မဒီနာ သို့ ဟိဂျ်ရသ် မပြုမီမိမိ၏ နမားဇ် များအတွက်မိမိ ကိုယ်တိုင် အဇါန် ရွတ်ဆိုခဲ့သည်။

အဇါန် ရွတ်ဆိုပုံ

အဇါန် သည် နမားဇ် အချိန်ဆိုက်ရောက်လာပါမှရွတ်ဆိုရခြင်းမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် မို့အ်ဇင်န် သည်အ မြင့်တစ်နေရာ၌နေရာယူ၍ အဇါန် ရွတ်ဆိုသည်။ မွတ်စလင်မ် တို့သည် အဇါန် ရွတ်ဆိုချိန်တွင်လက်များကို နားတွင်ထားပြီးအသံကျယ်ကျယ်ဖြင့်ရွတ်ဆိုကြသည် ၊ အဇါန် ၏စာကြောင်းများအကြားအနည်ငယ်အချိန် ကွာဟမှုထားပြီးသာယာသောအသံဖြင့်ဆွဲငင်ရွတ်ဆိုကြ၏။ မို့အ်ဇင်န် သည် အဇါန် ကိုရွတ်ဆိုရာတွင်အတွန့် အချိတ်များနှင့်ရွတ်ဆိုပါမူ ဂေနာ အဖြစ်သို့ပြောင်းလဲသွားပါက ဟရာမ် ဖြစ်သည်။

အဇါန် ပြီးဆုံးသွားချိန်တွင် မွတ်စလင်မ် တို့သည် ဒိုအာ ဖတ်ရွတ်လေ့ရှိသည်၊ ရှီအာ များက အဇါန် ပြီးဆုံး သွားချိန်တွင်၌ «وصلّی الله علی سیّدنا محمّدٍ و آله و سلَّم» (ကျွှနု်ပ်တို့၏ခေါင်းဆောင် ဥသျှောင် မိုဟမ္မဒ် သခင် နှင့် အနွယ်တော်မွန်များအပေါ် အလ္လာဟ် အရှင်မြတ်ဘက်မှ ဒရူးဒ် စလာမ်ကျရောက်ပါစေ) ကိုဖတ်ရွတ်လေ့ရှိ ကြသည်။ စွန်နီ များက၎င်းဒိုအာ «اللهم رب هذه الدعوة التامة والصلاة القائمة آت محمداً الوسیلة و الفضیلةو ابعثه مقاماً محموداً الذی وعدته» (အို! အလ္လဟ် အရှင်မြတ် ကျွှနု်ပ်တို့၏ဤဖိတ်ခေါ်မှုနှင့် နမားဇ် အား မိုဟမ္မဒ် အပေါ်အမြဲထာဝရ ရှေဖှာအသ် နှင့်မြင့်မြတ်မှုတို့ကိုချီးမြှင့်ပေးသနားတော်မူပါ ၊ သခင့်အားအရှင်ဂုဏ်တင်ခဲ့သည့်ကတိ တော်အတိုင်းချီးမြှင့်မြှောက်စားတော်မူပါ။)

အဇါန် သည် အီရန် တို့၏ယဉ်ကျေးမှုတွင်

အီရန် တွင် အဇါန်ကိုများသောအားဖြင့်သာယာချိုမြိန်သောအသံဖြင့်ရွတ်ဆိုလေ့ရှိကြသည်။ အထူးသ ဖြင့် မို့အ်ဇင်န်ဇါဒဲအရ်ဒဘီလီ ၏မိသားစုအသိုင်းအဝိုင်းတွင်ထိုအရည်အချင်းကိုအမွေဆက်ခံထားဘိအလား ရှိနေ၏။ အီရန် ၏အကျော်အမော်အဆိုတော်များတွင်လည်းထိုအရည်အချင်းရှိကြသည်၊သာအ်ဇီယာ ပွဲများ ၌ အဇါန် ရွတ်ဆိုကြပါက ကွရ်ဒီ အသံဖြင့်ရွတ်ဆိုကြသည်။ . အဇါန် ကိုအသံနေအသံထားဖြင့်ရွတ်ဆိုမှုသည် ယခင်အီရန်အဆိုကျော်များကစတင်ခဲ့သည်၊သို့ပါ၍ အဘွလ်ဟစန်ဒမာဝန်ဒီ သည် ကာဂျာရ် ၏နောက်ပိုင်း ပဲဟ်လဝီ ၏ခေတ်အစပိုင်းကနာမည်ကျော်အဆိုတော် မို့အ်ဇင်န် တစ်ဦးဟုဆိုရပေမည်။ သူ၏ အဇါန် သည် အလွန်သာယာချိုမြိန်သောအသံဖြစ်ပြီး ၁၃၀၈ ခုနှစ်တွင် ပထမဆုံးအသံသွင်းခဲ့သည်။ သူသည်အဆိုတော် တစ်ဦးဖြစ်သည့်အပြင် မွတ်ဇဖှရွဒ်ဒီးန် ရှားဟ် ၏ မို့အ်ဇင်န် လည်းဖြစ်သည်။

နှစ်ပေါင်းများစွာအရင်ကတည်းက အဇါန် ကိုအသံနေအသံထားဖြင့်သာယာစွာရွတ်ဆိုနိုင်သူများရှိခဲ့သည်။ ၎င်းတို့အထဲမှအချို့မှာ စိုင်ယိဒ်ဟိုစိုင်န်အန်ဒလီးဗ်အစ်္စဖှဟာနီ ဖြစ်ပြီးသူသည် မပ်္စဂျိဒ်ဒေစေဖှဟ်စာလားရ်(မို သွဟရီ) ၏ မို့အ်ဇင်န် ဖြစ်သည်၊ ဟာဂျ်မို့အ်ဇင်န်သဖှ်ရရှီး သူသည်ဟိုစိုင်န်ကလီခါးန်နကီစာ ၏ဖခင်ဖြစ်ပြီး မို ဟမ္မဒ်အလီရှား ၏ခေတ်ကာလ၌ နာမည်ကျော် မို့အ်ဇင်န် တစ်ဦးဖြစ်သည်၊ အဘွလ်ဟစန်ဒမာဝန်ဒီ သည် မို ဇဖှရွဒ်ဒီးန်ရှား ၏မို့အ်ဇင်န် ဖြစ်သည်၊ ဒမာဝန်ဒီ ၏ဆရာဖြစ်သူ စိုင်ယိဒ်အဗ်ဒွရ်ရဟီးမ်အစ်္စဖှဟာနီ ၊ ကွရ်ဘာ ခါန်ကဇ်ဝီနီး (ကျော်ကြားသည့်အမည် ရှာဟီး) ၊ နှင့် သားဂျ်အစ္စဖှဟာနီ တို့ဖြစ်သည်။ ဒမာဝန်ဒီ နောက်ပိုင်း ၁၅ နှစ်တာခန့်ကြာပြီးနောက် သားဂျ်အစ္စဖှဟာနီ သည် အစ္စဖှဟာန် ၏အသာယာဆုံးအသံဖြင့် အဇါန် ရွတ် ဆိုသူအဖြစ်ရှိနေခဲ့သည်။


အသွာအွလ္လာဟ်အွမ်မီးဒ်ဝါးရ်မိုအမ်မားရ် ၊ ရှဟ်ရ်စားဇ်၊ နပ်ကားရှ်၊ မူစီကီဒါးန်တို့သည်လည်းအခြားသောအီ ရာန် အဆိုကျော်များကဲ့သို့ စတူရီယိုများတွင်အဇါန် ရွတ်ဆိုအသံသွင်းမှုများရှိခဲ့သည်။ အွမ်မီးဒ်ဝါးရ် သည်အ ခြားသူများနှင့်မတူ ဘယားသ်သေသရ်က် သံစဉ်ဖြင့်သာရွတ်ဆိုခဲ့သည် ၊ နဝါ ၊ ဟမာယူးန် ၊ ချာရ်ဂါးဟ် ဆို သည့်သံစဉ်များကိုလည်းအထိအတွေ့ရှိခဲ့သူဟုဆိုကြသည်။ ဒေသခံတို့၏ပြောဆိုမှုအရ အွမ်မီးဒ်ဝါးရ် ၏အ ကောင်းဆုံးနှင့်အောင်မြင်မှုအရှိဆုံးသံစဉ်မှာ ချာရ်ဂါးဟ် ဖြစ်သည်ဟုဆိုကြသည်။ ရဟီးမ်မို့အ်ဇင်န်ဇါဒဲအရ်ဒ ဘီလီ သည်အသက် ၃၀ အရွယ် ၁၃၃၄ တွင်အကောင်းဆုံး အဇါန် ကိုရွတ်ဆိုနိုင်ခဲ့သည်။ လက်ရှိတွင်လည်း အီရန် ၌မရိုးနိုင်သောသံစဉ်တစ်ခုအဖြစ်ရပ်တည်လျက် ရှိသည်။ မို့အ်ဇင်ဇါဒဲ ၏အသံကိုပထမဆုံးအီရန် ၏ သာသနာဆိုင်ရာ ဓမ္မတေးသံစဉ်အဖြစ်အသိအမှတ်ပြုထားသည်။ မိုဟမ္မဒ်ရေဇာရှဂျ်ရီယားန် သည် သေလာ ဝသ်သေကုရ်အာန် နှင့် မိုနာဂျားသ် များဖတ်ရွတ်ရာ၌ အီရန်တွင်ဆရာတစ်ဆူဖြစ်ပြီးထိုသူကပင် မို့အ်ဇင်ဇါ ဒဲ ၏ အဇါန် ကိုသမိုင်းတွင်စေသည့် အဇါန် ဟုဆိုခဲ့သည်။ သူ၏ပြောပြချက်အရ မို့အ်ဇင်ဇါဒဲ သည် ဘယား သေသပ်ရ်က် ဆိုသည့်အလွန်ခက်ခဲသောသံစဉ်ကို ၅ မိနစ်အတွင်းစွမ်းဆောင်နိုင်သူဖြစ်သည်။ ရဟီးမ်မို့အ်ဇင်န်ဇါဒဲ ၏ဖခင်သည်ဆယ်စုနှစ် ၂ စုအတွင်း အရ်ဒဘီးလ် ၌အဇါန် ရွတ်ဆိုခဲ့သည်။ ထို့နောက်သူ ၏သားဖြစ်သူ ရဟီးမ် ကဖခင်၏အမွေကိုဆက်ခံခဲ့သည်။ သူ၏ညီအစ်ကိုများဖြစ်ကြသော စလီးမ် နှင့် ဒါဝူးဒ် သည်လည်း အဇါန်ရွတ်ဆိုကြသည်။ စလီးမ် သည်ယခုထိ မဇ်ဟဘ်အတွင်းမိမိ၏သံစဉ်များနှင့် နောင်ဟာ ၊ မဲရ်စီယာ ရွတ်ဖတ်ခြင်းများဖြင့်အောင်မြင်စွာ ခိဒ်မသ် လုပ်လျက် ရှိပြီး သူ၏ အဇါန် ကိုလည်းစတူရီယိုအသံ သွင်းမှုများလည်းရှိသည်။ ဟိုစိုင်န်ဆွဗ်ဟ်ဒိလ် သည်လည်းအီရန် ၏တေးသွားသံစဉ်များကိုကျွမ်းကျင်ပိုင် နိုင်သူတစ်ဦးဖြစ်သည်။ မို့အ်ဇင်န်ဇါဒဲ ကဲ့သို့ဖြစ်ပြီး သံစဉ်အရကွာဟမှုပုံစံနှစ်မျိုးဖြင့်ရွတ်ဆိုမှုများလည်းရှိ သည်။ ဆွဗ်ဟ်ဒိလ် ၏အဇါန်သည်ဆယ်စုနှစ် ၃ စုအရင်ကဖြစ်ပြီးအကောင်းဆုံး အဇါန် များထဲမှနောက်ဆုံး ဖြစ်သည်။ ထင်မြင်ချက်ပေးသူအားလုံး၏အမြင်တွင် မို့အ်ဇင်န်ဇါဒဲ နှင့် ဆွဗ်ဟ်ဒိလ် ၏အဇါန် တို့တွင်မည်သူ ကပို၍သာသည်ဟုပင်ပြောမရနိုင်ကြောင်း မှတ်ချက်ပေးခဲ့ကြသည်။

ဆက်နွယ်သည့်အကြောင်းအရာ


ကိုးကား

Tags:

အဇါန် ၏စာသားများအဇါန် အဲဟ်လေစွန်နသ် ၏အမြင်အဇါန် ရှီအာ တို့၏အမြင်အဇါန် ရွတ်ဆိုပုံအဇါန် သည် အီရန် တို့၏ယဉ်ကျေးမှုတွင်အဇါန် ဆက်နွယ်သည့်အကြောင်းအရာအဇါန် ကိုးကားအဇါန်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘန်ကောက်မြို့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းသစ္စာလေးပါးမြသန်းတင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မဟော်သဓာဝိဘတ်သုက်ပန်းခြင်းမြဝတီရုပ်မြင်သံကြားသင်္ကြန်ကရင်နွယ်ဘာသာစကားများဗိဿနိုးနတ်လူသားမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကျောက်စိမ်းအရေပြားလေးဘက်နာရောဂါနေပြင်သစ်နိုင်ငံခရစ်တော်၊ ယေရှုရခိုင်ဘာသာစကားလှိုင်ထိပ်ခေါင်တင်မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းမွန်ဘာသာစကားဇီဝဇိုးငှက်အခွန်အတုတ်နာဇီဂျာမနီနွားကျန်စစ်သားဂျီဩမေတြီဝတ်မှုန်ရွှေရည်ဆယ်ပါးသီလကျုံဒိုးမြို့မြန်မာနိုင်ငံ၏ ရွာများကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သံဃာဒိသိသ်အာပတ်အဘိဓမ္မာအိချောပိုလင်ခန်းမယားခန်း ပြတ်စဲခြင်းလမ်းမတော်ဖိုးတုတ်ဆိုရှယ်လစ်ဝါဒဘုရား (ဗုဒ္ဓဘာသာ)သိပ္ပံပညာပဉ္စဝဂ္ဂီငါးဦးလိင်စိတ်ဆွခြင်းပတ္တမြားမြစ်အရက်Rဇာနည်ထိုင်းနိုင်ငံမြန်မာမိဖုရားများ စာရင်းဉာဏ်စဉ်ဗိုလ်တစ်ထောင်ဘုရားဩကာသ ဘုရားရှိခိုးရတုဘဉာဏ် (ပန်းချီဆရာ)ပုညခင်ဥရောပပြည်ထောင်စုအစိုးရအဖွဲ့ကျင့်ဝတ်ကျော်ဟိန်းတက္ကသိုလ်ဘုန်းနိုင်ဂုဏ်ဆယ်ပါးဒိုင်းခင်ခင်သင်္ကြန်မိုးမန်ချက်စတာ ယူနိုက်တက်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသက်ရှိနှလုံးသွေးကြောကျဉ်းရောဂါအော်ကာမြစ်ကြီးနားမြို့စအိုဖြင့် လိင်ဆက်ဆံခြင်းခြင်းလုံး ကစားခြင်း🡆 More