ဒိုင်းခင်ခင်

ဒိုင်းခင်ခင် (၁၈၆၃ ဝန်းကျင် - ၁၈၈၂) သည် သီပေါမင်းလက်ထက် စုဖုရားလတ်အောက်ရှိ အပျိုတော်ဖြစ်ပြီး သီပေါမင်းနှင့် နောက်တိုးသံယောဇဉ်ပြဿနာကြောင့် လူသိများခဲ့သည်။ သီပေါမင်းက တောင်နန်းစံမိဖုရားရာထူးပေးမည်ဖြစ်ကာ မည်သူ၏ရန်ပြုမှုမှမရှိစေရန် 'ကတိဖျက်ပါက ထီးနန်းကိုဆုံးရှုံးရပြီး၊ တိုင်းပြည်ပျက်ပါစေသား'ဟု ကတိသစ္စာကျိန်ဆိုခဲ့သော်လည်း စုဖုရားလတ်၏ ဒိုင်းခင်ခင်အားအဆုံးစီရင်စေမှုကိုလျစ်လျူရှုခဲ့ခြင်းကြောင့် သီပေါမင်း၏ကိုယ်ဝန်ကိုလွယ်ထားလျက်နှင့် အဆုံးစီရင်ခံခဲ့ရသည်။

ဒိုင်းခင်ခင်
ဒိုင်းခင်ခင်
မွေးဖွားခင်ခင်ကြီး
c. 1863
ကုန်းဘောင်
ကွယ်လွန်ဧပြီ ၁၈၈၂
အကျဉ်းထောင်
နိုင်ငံလူမျိုးဗမာ
အခြား အမည်များဆွဲရ
တက်ကြွလှုပ်ရှားနှစ်များ၁၇
ကျော်ကြားမှုအရင်းခံစုဖုရားလတ်၏ အပျိုတော်၊ ‌ေြမာက်နန်းမိဖုရားအရာကို ချီးမြှင့်မယ် ဟုလျာထား ခြင်းခံရ ဖူးသူ

ငယ်ဘဝ

ကနီမြို့စားနှင့် မြို့စားကတော်တို့မှ ၁၈၆၃-ခု ဝန်းကျင်၌ မွေးဖွားသည်။ အမွေးခက်သဖြင့် ဆွဲရ ဟု ငယ်မည်တွင်သည်။ အမည်ရင်းမှာ ခင်ခင်ကြီး ဖြစ်သည်။

နောင်သော် သားသမီးမထွန်းကားသော ဒိုင်းအတွင်းဝန် ဦးဘိုကြီးနှင့် ဒိုင်းဝန်ကတော်တို့က မွေးစားသဖြင့် ဒိုင်းခင်ခင်ဟူ၍ အမည်တွင်လာသည်။ ကနီမြို့စားမှာ ဝန်ကတော်၏မောင် တော်စပ်သည်။

အပျိုတော်ဘဝ

သီပေါမင်း လက်ထက်၌ ပြိုင်ဘက်ဖြစ်လာနိုင်သော မင်းညီမင်းသားအားလုံးကို သုတ်သင်ပြီးနောက် ဇာတာတက်စေရန် သီရိပဝေသနာ ရာဇဘိသေက ထပ်ရန် ကြံသည်။ နဝရတ်ခြယ် ရွှေဖလားကိုင်ရန် အပျိုတော်ရွေးရာ မောင်မောင်တုတ်က ဒိုင်းခင်ခင်ကို စာရင်းသွင်းသဖြင့် ဖလားကိုင်ရပြီး စုဖုရားလတ်၏ အပျိုတော်ဖြစ်လာသည်။

ငယ်သူငယ်ချင်း မောင်ဖေငယ်က ဒိုင်းခင်ခင်အားလည်းကောင်း၊ မောင်မောင်တုတ်က သီပေါမင်းအားလည်းကောင်း ဘေးတီးရာ စုံမက်သွားကြသည်။ စုဖုရားလတ်မှာ ဒုတိယကိုယ်ဝန်ဆောင်စဉ်ဖြစ်၍ သီပေါမင်းနှင့် လက်လှမ်းမီခဲ့သည်။ မီးဖွားပြီးနောက် တောင်ဥယျာဉ် ပန်းခုံတော်၌ လူပျိုတော်အသွင် ဝတ်ဆင်ကာ သီပေါမင်းနှင့် ချိန်းတွေ့နေသော ဒိုင်းခင်ခင်ကို စုဖုရားလတ်မိ၍ ရိုက်နှက်ကာ ထောင်သွင်းချသည်။

ဘဝနိဂုံး

၁၈၈၂-ခု၊ ဧပြီလတွင် ညချမ်းအချိန်၌ တိုင်းတာမင်းကြီး၏ မြင်းဇောင်းအတွင်း နန်းဝတ်နန်းစားများချွတ်စေကာ ဒူးထောက်၊ ဦးမော့ကာ လည်မြိုအား ဝါးစိမ်းတုတ်နှင့် ရိုက်လျက် အဆုံးစီရင်ခံရသည်။ အဆုံးမစီရင်မီ သီပေါမင်း၏မျက်နှာတော်အား မော်ဖူးခွင့်ရရန် အသနားခံပါသော်လည်း သီပေါမင်းကလျစ်လျူရှူခဲ့သည်။ အဆုံးစီရင်ချိန်တွင် သီပေါမင်း၏ နန်းသွေးအားလွယ်ထားရပြီး ကိုယ်ဝန်ရင့်မာချိန်ဖြစ်သည်။ မွေးစားမိဘများဖြစ်သည့် ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်တို့သည်လည်း အဆစ်ပါ အဆုံးစီရင်ခံရသည်။

ကိုးကား


Tags:

ဒိုင်းခင်ခင် ငယ်ဘဝဒိုင်းခင်ခင် အပျိုတော်ဘဝဒိုင်းခင်ခင် ဘဝနိဂုံးဒိုင်းခင်ခင် ကိုးကားဒိုင်းခင်ခင်စုဖုရားလတ်သီပေါမင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘုရင့်နောင်ဟိမဝန္တာ တောင်တန်းအောက်ချင်းငှက်ဝေလနိုင်ငံလိပ်ပြာနှင့် ပိုးဖလံများနေပြည်တော် ပြည်ထောင်စုနယ်မြေလောကသာရ ဆုံးမစာပျို့စောဘဦးကြီးကချင်လွတ်မြောက်ရေးတပ်မတော်ငရဲ (၃၁-ဘုံ)ခြင်းလုံးမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကာကွယ်ရေးဦးစီးချုပ်(ကြည်း)အာဂျင်တီးနားနိုင်ငံသမ္ဗုဒ္ဓေကျောက်ချဉ်ကလောမြို့မြစ်ကြီးနားမြို့ဂူဂယ်သင်ဖြူးဖျာယပ်နို့သစ်လုပ်ငန်းအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမဟာဂီရိနတ်ပါတော်မူခြင်းထေရဝါဒကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများတပင်ရွှေထီးကျိုက်ထိုမြို့သင်္ကြန်မိုးနိုင်းမြစ်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဧရာဝတီတိုင်းဒေသကြီးအင်းဝမင်းဆက်ပဲခူးတိုင်းဒေသကြီးဟယ်ရီပေါ်တာ (ဇာတ်ကောင်)မြန်မာနိုင်ငံ၏ လူဦးရေသိပ္ပံပညာလီဆာကွန်ပျူတာကျေးရွာအုပ်စုရပ်ပြစ်ရှစ်ပါးလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များအညာဂျန် အောတန်ခူးလဥပဒေတပ်မဟာ၉၉၉အောင်ခြင်း ၈ ပါးကျိုင်းတုံခရိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှေးဦးသူနာပြုကျစွာမင်းပါရမီမြွေပတ္တမြားရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးဗိဿနိုးမြို့ဟောင်းအမျိုးသားစာပေဆုရစာအုပ်စာရင်းဆားပုလင်းနှင်းမောင်အဲလ်ဘတ် အိုင်းစတိုင်းတောင်ကိုရီးယားနိုင်ငံရှစ်လေးလုံးအရေးအခင်းသရမဟာရဋ္ဌသာရ၊ သျှင်ရခိုင်ဘာသာစကားဖိုးစိန်၊ ဦး (ဂရိတ်)ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမုန့်ဟင်းခါးကဏန်းဗေဒင်စာပေကိုဩဒိနိတ်ဝီကီပီးဒီးယားသဇင်ပန်းသုဂတော သုဂတဓာနံဘရူနိုင်းနိုင်ငံ🡆 More