လာဆာမြို့

လာဆာမြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဂီဖဲလ်တောင်ခြေရင်းတွင် တည်ရှိပြီး ဒလိုင်းလားမား တိဘတ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဆက်ဆက်တို့၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့သည်။

ဝင်ခွင့်မရမြို့

တောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး မသာယာသဖြင့် နိုင်ငံခြားသားများ အရောက်နည်းပါးကာ၊ ပြင်ပနိုင်ငံများနှင့် ဆက်သွယ်မှု ကင်းကွာခဲ့သည့် တိဗက်ပြည်၏ မြို့တော်ဖြစ်ပြီးလျှင် များမကြာလှသေးသည့် အချိန် အထိ မြို့တွင်းသို့ နိုင်ငံခြားသား လူဖြူများ အလွယ်တကူ ဝင်ရောက်နိုင် ခြင်းမရှိသောကြောင့် လာဆာမြို့ကို ဝင်ခွင့်မရမြို့ ဟုခေါ်ဝေါ်ခဲ့ကြ လေသည်။

လာဆာမြို့

လာဆာမြို့သည် တိဘတ်ပြည်၏မြို့တော်ဖြစ်၍ ဒလိုင်းလာမာခေါ်သော တိဘတ်ရဟန်းမင်းကြီး သီတင်းသုံးနေထိုင်ရာမြို့ ဖြစ်ခဲ့သည်။ ပင်လယ်ပြင်အထက်ပေ ၁၁၈၃၁ တွင်တည်ရှိသည်။ သစ်ပင် များ မပေါက်ရောက်သော တောင်များဝန်းရံလျက်ရှိကာ မြေဩဇာကောင်း ပြီးလျှင် ပျံ့ပျူးသောနေရာဖြစ်သည်။ လာဆာမြို့သည် သဘာဝတည်နေရာ အားဖြင့် အဝင်ရခက်သည့်အပြင် ၁၈ ရာစုနှစ်က ဝင်ရောက်စိုးမိုးသော တရုတ်တို့၏ ဝါဒကြောင့်လည်း မည်သူမျှ လွယ်ကူစွာ မဝင်နိုင်အောင် တစ်သီးတခြားတည်ရှိနေပေသည်။ လာမာဘုန်းတော်ကြီးများကလည်း မည် သို့မျှ မပြုပြင်ဘဲရှိသည်။ လာဆာမြို့တွင်းသို့ လူဖြူများ ဝင်ခွင့်မရသော ကြောင့် လာဆာမြို့ကို ဝင်ခွင့်မရမြို့ ဟူ၍လည်းခေါ်သည်။ အင်္ဂလိပ် လက်နက်ကိုင်တပ်များသည် ၁၉ဝ၄ ခုနှစ်ကမှ လာဆာမြို့တွင်းသို့ ဝင် ရောက်နိုင်ခဲ့သည်။ ထိုထက်၍ဦးသော ကာလကဆိုလျှင် အင်္ဂလိပ်လူမျိုး တစ်ဦးဖြစ်သူ တောမတ်မန္နင်းသာလျှင် ၁၈၁၁ ခုနှစ်က ထိုမြို့တွင်းသို့ ဝင် ရောက်နိုင်ခဲ့ပေသည်။ မိုင် ၃၉ဝ မျှရှည်သောလမ်းတစ်ကြောင်းသည် လာဆာမြို့၏ တောင်ဘက်မှစတင်၍ ဟိမဝန္တာတောင်ခြေ၌ရှိသော ဒါဂျီလင်မြို့သို့ရောက် သည်။ လာဆာမြို့သည် ဗြဟ္မပုတြမြစ်၏ လက်တက်ဖြစ်သော ကျိချူ မြစ်ပေါ်တွင်တည်ရှိသည်။ မြောက်ဘက်တောင် ထွတ်ပေါ်တွင်တည်ရှိသည်။ မြောက်ဘက်တောင်ထွတ်ပေါ်တွင် ဒလိုင်းလာမာ၏ စံကျောင်းတော်တည်ရှိ သည်။ စံကျောင်းတော်သည် တောင်စောင်းတစ်လျှောက် အဆင့်ဆင့်တည်ရှိ ပြီးလျှင် မြို့တော်ကို အုပ်မိုးလျက်ရှိ၍ ယင်းစံကျောင်းတော်ကို ပိုတာလာဟု ခေါ်သည်။ မြစ်ဘက်မှ တဖြည်းဖြည်းမြင့်တက်လာသော တောက်ဘက်ရှိ တောင်၏အထွတ်တွင် ခံတပ်နှင့်ဒလိုင်းလာမာ၏ ဆေးကောလိပ်ကျောင်းရှိ သည်။ တောင်နှစ်လုံး၏အကြားတွင် မြို့ဝင်တံခါးမကြီးရှိ၍ ကိုက် ၃ဝ ကျယ်သည်။ မြို့ရိုးကို ၁၇၂၂ ခုနှစ်တွင် တရုတ်တို့ ချင်းနင်းဝင်ရောက်ခဲ့ စဉ်က ဖျက်ဆီးလိုက်ရာ နောက်ထပ်မြို့ရိုးကို ပြင်ဆင်ခြင်းမရှိခဲ့ချေ။ တံခါးမနှင့် မြို့၏အကြားတွင် မြက်ခင်း၊ ပြောင်းခင်း၊ သစ်သီးခြံ နှင့် ရွှံနွံတောများရှိသည်။ လာဆာမြို့သက်သက်မှာ အရှေ့ အနောက် တစ်မိုင်ရှိ၍ အနံမိုင်ဝက်ရှိသည်။ လူဦးရေ ၅ဝဝဝဝ ခန့်ရှိသည်။ အိမ်များကို အခိုင်အခံ့အုတ်များဖြင့် ဆောက်ထား၍ နှစ်ထပ်။ သို့မဟုတ် သုံးထပ်တိုက် များဖြစ်သည်။ လမ်းဘေးစင်္ကြံများ၊ ရေလွှဲမြောင်းများဟူ၍ မရှိပေ။ စတုဂံ သဏ္ဌာန်ဖြစ်သော ဂျိုကန်ခေါ်ဘုရားကျောင်းသည် မြို့၏အလယ်တွင် တည်ရှိ သည်။ လူရည်တတ်များ၏အိမ်များမှာ မီးဖုတ်အုတ်များဖြင့်ပြီး၍ နွမ်းပါးသူ တို့၏ အိမ်များမှာ နေလှန်းအုတ်ဖြင့် ဆောက်လုပ်ထားသည်။ အိမ်တိုင်းတွင် ဆေးဖြူသုတ်ထားသည်။ အိမ်များဆောက်ထားပုံမှာ တစ်ခုနှင့်တစ်ခု ကပ်၍ စိပ်လှပေသည်။ အိမ်များ၏ ကြိုးကြားကြိုးကြားတွင် ဘုန်းကြီးကျောင်းများ ရှိသည်။

မြို့၏အပြင်ဘက်၌ ဘုန်းကြီးကျောင်း သုံးဆောင်ရှိသည်၊ ယင်း ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးသော ဘုန်းကြီးများသည် တိုင်းပြည် အုပ်ချုပ်ရေး၌ အရေးပါအရာရောက်လှပေသည်။ ယင်းတို့သည်ပင် လာမာဘုန်းကြီးများ၏ တက္ကသိုလ်ဖြစ်၏။ ယင်းတို့အနက် ဒီဗွန်ခေါ်သော ဘုန်းကြီးကျောင်းမှာ ရဟန်း ၈.ဝဝဝ ရှိ၍ ကမ္ဘာတွင် အကြီးဆုံးဘုန်းကြီးကျောင်း ဖြစ်ကောင်းဖြစ်ပေမည်။ ထိုကျောင်း သို့ ဒလိုင်းလာမာသည် နှစ်စဉ်ကြွရောက်သည်။

အဆိုပါ ဘုန်းကြီးကျောင်းများသည် မည်မျှပင်ကြီးမားစေကာမူ ဒလိုင်းလာမာ စံကျောင်းတော်ကြီးသည် အာရှတိုက်၌ ထယ်ဝါခန့်ညားဆုံး သာသနိကအဆောက်အအုံတစ်ခုဖြစ်ပြီးလျှင် အဆောက်အအုံကြီးတစ်ခုလုံး သည် အလျားပေ ၉ဝဝ ရှိ၍ ရွှေချထားသော အာလိန်ငါးဆင့် ပြာသာဒ် အထွတ်မှာ မြေပြင်၏အထက် ပေ ၃ဝဝ တွင်တည်ရှိသည်။ အလယ်တွင် ကား ရဟန်းမင်း စံပယ်သီတင်းသုံးရာ ကျောင်းဆောင်တည်ရှိ၍ အနီရောင် ပုပ်ပုပ်အဆင်းရှိသည်။ ပိုတာလာ၏ ဘေးအဆွယ်နှင့် အောက်ခြေပိုင်းတို့မှာ အဖြူရောင်သုတ်ထားသဖြင့် ကျောင်းဆောင်မှာ ထင်းထင်းရင်းရင်းရှိလှပေ သည်။ ပိုတာလာစံကျောင်းအတွင်းရှိ ညီလာခံခန်းမဆောင်တွင်၌ ၁၉ဝ၄ ခုနှစ်တွင် ဂရိတ်ဗြိတိန်နှင့် တိဗက်တို့ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။ လာဆာမြို့သည် တိဗက်ပြည်၏ အနောက်တောင်ဘက် ဟိမဝန္တာ တောင်တန်းတွင်တည်ရှိရာ အချို့တောင်များမှာ ကမ္ဘာတွင် အမြင့်ဆုံးတောင် များစာရင်းဝင်ဖြစ်သည်။ အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံများမှ မြင်း၊ လား တို့ဖြင့် ကုန်များတင်လာသော ကုန်သည်များစုဝေးရာဖြစ်၍ အရောင်းအဝယ် စည်ကားသော မြို့ဖြစ်သည်။

လာဆာမြို့သည် ၁၇ ရာစုနှစ်မှစ၍ ဒလိုင်းလာမာ စံမြန်းသီတင်း သုံးရာမြို့ ဖြစ်ခဲ့ပေသည်။ ၁ဝ၆၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ အစပြု၍ တိဗက်ပြည်သည် တရုတ်နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည် နယ်ဖြစ်လာသောအခါ လာဆာမြို့သည်လည်း ထိုပြည်နယ်၏ မြို့တော်ဖြစ် လာလေသည်။


ပထဝီဝင်အနေအထားနှင့်ရာသီဥတု


အုပ်ချုပ်ရေး


စီးပွားရေး


လူဦးရေနှင့်လူမျိုးများ


ယဉ်ကျေးမှု


ခရီးသွားလုပ်ငန်း


သယ်ယူပို့ဆောင်ရေးလုပ်ငန်း


ခရီးသွားလုပ်ငန်း


ကိုးကား

Tags:

လာဆာမြို့ ဝင်ခွင့်မရမြို့လာဆာမြို့ လာဆာမြို့ ပထဝီဝင်အနေအထားနှင့်ရာသီဥတုလာဆာမြို့ အုပ်ချုပ်ရေးလာဆာမြို့ စီးပွားရေးလာဆာမြို့ လူဦးရေနှင့်လူမျိုးများလာဆာမြို့ ယဉ်ကျေးမှုလာဆာမြို့ ခရီးသွားလုပ်ငန်းလာဆာမြို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလာဆာမြို့ ခရီးသွားလုပ်ငန်းလာဆာမြို့ ကိုးကားလာဆာမြို့တရုတ်ပြည်သူ့သမ္မတနိုင်ငံတိဘက်တိဘက်ဗုဒ္ဓဘာသာဒလိုင်းလားမား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ချင်းတွင်းမြစ်မဟော်သဓာဇာတ်တော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌစီးပွားရေးနွားမဟာသမယသုတ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်အင်းအစ္စလာမ်ဘာသာစေတီပုထိုးများချင်းပြည်နယ်သွေးအုပ်စုမန္တလေးတိုင်းဒေသကြီးမိုးဟေကိုစအိုဖြင့် လိင်ဆက်ဆံခြင်းစစ်ကိုင်းတိုင်းဒေသကြီးကိုကိုဦး (ဗိုလ်ချုပ်)မြထွန်းဦးတနင်္သာရီမြို့တပင်ရွှေထီးအယ်လ်နီညိုမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဆောင်းရာသီစကားထာမြန်မာသရုပ်ဆောင်များစာရင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)တက္ကသိုလ်ဘုန်းနိုင်ဗုဒ္ဓဟူးဂြိုဟ်ကင်ဂိုအွန်အင်းဝမြို့အောင်လအန်ဆန်းဂျာနယ်ကျော် မမလေးဘင်္ဂလားဒေ့ရှ်နိုင်ငံအာရှအာဋာနာဋိယသုတ်တပ်ရင်း (၇)သရပါတံခါးအင်္ဂလိပ်-မြန်မာ စစ်ပွဲများလက်ဖက်သုပ်မြန်မာဘာသာစကားတိုင်းစစ်ဌာနချုပ်ကထိန်ထွန်းမြတ်နိုင်ဗောဇ္ဈင်ခုနစ်ပါးသယ်ယူပို့ဆောင်ရေးဇီဝဇိုးငှက်မော်စကိုမြို့အဆိပ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ချဉ်ပေါင်ပြေတီဦးမြန်မာအမျိုးသား လေကြောင်းလိုင်းမဟာဘုတ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကမ္ဘာ့အလုပ်သမားနေ့မြန်မာနိုင်ငံရှိ ရွာများ စာရင်းမြန်မာနိုင်ငံ၏ ပထဝီဝင်မန္တလေးမြို့ပညာရေးမြန်မာတိုင်းရင်းသားမျိုးနွယ်များဝပြည်နယ်မြန်မာနိုင်ငံ၏ ရွာများစကြဝဠာမြစေတီကျောက်စာအင်းဝခေတ်သင်္ဂါယနာခရေပင်တယ်လီဖုန်း ကုတ်နံပါတ်လက်ဖက်၃၁-ဘုံနပိုလီယန်ဝါကျ🡆 More