အယ်ဆာဗေဒို သမ္မတနိုင်ငံသည် အမေရိကတိုက်အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ အယ်ဆာဗေဒိုသမ္မတနိုင်ငံမှာ ပြည်တွင်းစစ်နှင့်တကွ သဘာဝ ဘေးအန္တရာယ်များ အကြိမ်ကြိမ်ကျရောက်မှုတို့ကြောင့် အဆုံးအရှုံး အပျက် အစီးများစွာကို ရင်ဆိုင်ခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆယ်လဗာဒေါနိုင်ငံသည် အလယ်ပိုင်းအမေရိကနိုင်ငံငယ် များတွင် အငယ်ဆုံးဖြစ်သော်လည်း၊ လူဦးရေကား အထူထပ် ဆုံးဖြစ်၏။ ယင်းနိုင်ငံ၏ အရှေ့ဘက်၌ ဟွန်းဒူးရပ်နိုင်ငံ၏ အနောက်ဘက်၌ကား ပစိဖိတ်သမုဒ္ဒရာ တည်ရှိသည်။ ဆယ်လ ဗာဒေါ နိုင်ငံသည် စတုရန်းမိုင်ပေါင်း ၈ဝ၅၈ ကျယ်ဝန်း၍၊ လူဦးရေမှာ ၁၉၅၄ဝဝဝ ယောက်ခန့် (၁၉၅၁) ဖြစ်လေသည်။ ရာသီဥတုမှာ အခြားသော အလယ်ပိုင်းအမေရိကနိုင်ငံငယ်များ ကဲ့သို့ပင် သွေ့ခြောက်သောရာသီနှင့် စိုစွတ်သောရာသီနှစ်မျိုးသာ ရှိသည်။ ကမ်းခြေမြေနိမ့်ပိုင်းများမှာပူ၍၊ တောင်စောင်းများမှာ ရာသီဥတုမျှတလေသည်။ ဆယ်လဗာဒေါနိုင်ငံကို တောင်တန်း နှစ်ခုက အနောက်မြောက်မှ အရှေ့တောင်ဘက်သို့ ဖြတ်၍ထား သည်။ တစ်ပြည်လုံးတွင် မီးတောင်များ အနှံ့အပြားရှိ၍၊ မြေငလျင် မကြာခဏလှုပ်သည်။ တောင်တန်းနှစ်ခုအကြားရှိ ပေ ၂ဝဝဝ ခန့်မြင့်သော ကုန်းပြင်မြင့်သည် ကာဖီစိုက်ပျိုးရာ ဒေသ ဖြစ်လေသည်။ ဆယ်လဗာဒေါနိုင်ငံတွင် နေထိုင်ကြသော လူမျိုးများမှာ စပိန်လူမျိုးများနှင့် အနောက်အိန္ဒိယလူမျိုးများ ဖြစ်၏။ လူများစုမှာ တောရွာများတွင်နေထိုင်၍ လယ်ယာစိုက် ပျိုးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြသည်။
အယ်ဆာဗေဒို သမ္မတနိုင်ငံ Republic of El Salvador República de El Salvador (စပိန်) | |
---|---|
ဆောင်ပုဒ်: "God, Unity, Freedom" | |
နိုင်ငံတော် သီချင်း: အယ်ဆာဗေဒိုနိုင်ငံတော် သီချင်း | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဆန်ဆာဗေဒိုမြို့ |
ရုံးသုံး ဘာသာစကားများ | စပိန် |
အမျိုးအစား | သမ္မတ အစိုးရ |
အစိုးရ | |
• သမ္မတ | Mauricio Funes |
• ဒု-သမ္မတ | Salvador Sánchez Cerén |
တည်ထောင် | |
• လွတ်လပ်ရေး ကြေညာခြင်း (စပိန်မှ) | စက်တင်ဘာ ၁၅၊ ၁၈၂၁ |
• လွတ်လပ်ရေး အသိအမှတ်ပြု | ဇူလိုင် ၂၄၊ ၁၈၆၅ |
• ဗဟိုအမေရိက သမ္မတနိုင်ငံကြီးမှ | နိုဝင်ဘာ ၁၃၊ ၁၈၉၈ |
ဧရိယာ | |
• စုစုပေါင်း | ၈,၁၂၄ စတုရန်းမိုင် (၂၁,၀၄၀ km²) |
• ရေထု (%) | ၁.၄ |
လူဦးရေ | |
• ခန့်မှန်း | ၆,၁၃၄,၀၀၀ (အဆင့် - ၉၉) |
• သိပ်သည်းမှု | ၃၄၁.၅/km² (၈၈၄.၄/sq mi) (အဆင့် - ၄၇) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | $၄၃.၅၆၇ ဘီလီယံ |
• Per capita | $၇,၄၂၉ |
HDI | ၀.၆၅၉ အလယ် · ၉၀ |
ငွေကြေး | အမေရိကန်ဒေါ်လာ |
အချိန်ဇုန် | -၆ |
တယ်လီဖုန်းကုဒ် | +၅၀၃ |
Internet TLD | .sv |
ဆယ်လဗာဒေါနိုင်ငံ၏ မြေယာ ၈ဝ ရာခိုင်နှုန်းကို လယ် ယာစိုက်ပျိုးလုပ်ကိုင်ရန်အတွက် အသုံးပြုကြသည်။ ကာဖီကို အများဆုံးစိုက်ပျိုးသည်။ ထိုတိုင်းပြည်၏ ထွက်ကုန်ရာခိုင်နှုန်း ၉ဝ မှာ ကာဖီဖြစ်သည်။ ဒုတိယလိုက်သော ထွက်ကုန်မှာ သကြားဖြစ်၏။ ပြောင်းဆန်မှလည်း အရေးပါအရာရောက်သော ထွက်ကုန် တစ်ခုဖြစ်ပေသည်။ ဒန်းပန်းပင်မှအဆီကို ထိုတိုင်း ပြည်၌သာလျှင် ရနိုင်သည်။ ဟင်နီကင်ခေါ် ကြိုးများလုပ်ရန် အတွက် အသုံးကျသော လျှော်ပင်တစ်မျိုးကိုလည်း အကြီး အကျယ် စိုက်ပျိုးသည်။ ဆန်၊ ပဲပင်နှင့် မဲနည်ပင် များကို လည်း စိုက်ပျိုးကြသည်။
ဆယ်လဗာဒေါ နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား သော နိုင်ငံပင်ဖြစ်သော်လည်း၊ စက်မှုလက်မှု လုပ်ငန်းများကို လည်း တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ယခုလက်ရှိသကြားလုပ် ငန်း၊ ဖိနပ်လုပ်ငန်း၊ ဆေးလိပ်၊ စီးကရက်လုပ်ငန်းစသည်တို့ အတွက် စက်ရုံများကို ရေးအားဖြင့် လျှပ်စစ်ဓာတ်အားပေး လျက်ရှိသည်။ ရွှေ နှင့် ငွေကိုလည်း အသင့်အတင့် တူးဖော် ရရှိ၏။ စက်မှုလုပ်ငန်းများ တိုးတက်သင့်သလောက် မတိုးတက် ခြင်းမှာ ကုန်ကြမ်းများနည်းပါးခြင်းနှင့် စက်မှုလုပ်ငန်းပါရဂူများ နည်းပါးခြင်းတို့ကြောင့် ဖြစ်ပေသည်။
ဆယ်လဗာဒေါနိုင်ငံသည် မူလက စပိန်လက်အောက်ခံ ဖြစ်၏။ ၁၅၂၆ ခုနှစ်တွင် စပိန်လူမျိုးတို့သည် ဆယ်လဗာဒေါ နိုင်ငံကို တိုင်းရင်းသားများ၏လက်မှ တိုက်ခိုက်သိမ်းယူခဲ့၏။ ထို့နောက် ဆယ်လဗာဒေါကို ဂွါတီမာလာနိုင်ငံ၏ လက် အောက်ခံအဖြစ်ဖြင့် စပိန်တို့က အုပ်ချုပ်ခဲ့ကြ၏။ ၁၈၃၉ ခုနှစ် တွင် အခြားအလယ်ပိုင်း အမေရိကနိုင်ငံငယ်များနည်းတူ ဆယ်လဗာဒေါနိုင်ငံသည် စပိန်တို့၏လက်အောက်မှ လွတ် မြောက်၍ သမ္မတနိုင်ငံဖြစ်လာသည်။ သို့ရာတွင် ဆယ်လဗာဒေါ နိုင်ငံသည် ပြည်တွင်းဆူပူမှုများကြောင့် ငြိမ်းချမ်းမှုမရှိခဲ့ချေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းကမှသာ ပြည်တွင်းအခြေ အနေမှာ ထူးခြားစွာတိုးတက် ခဲ့လေသည်။
၁၉၅ဝ ပြည့်နှစ်တွင်အတည်ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့တွင် သမ္မတနှင့် ဝန်ကြီး ၁ဝ ဦးပါဝင်သည်။ ဥပဒေပြုလွှတ်တော်တစ်ခုတည်းရှိ၍၊ ပြည်သူ့ ကိုယ်စားလှယ် ၅၂ ဦးကို ရွေးကောက်တင်မြှောက်ရသည်။ သမ္မတကို ၆ နှစ်တစ်ကြိမ် ရွေးကောက်ရသည်။ ပညာရေး စနစ်မှာ အခမဲ့ ပညာသင်ကြားရေးစနစ်မျိုးဖြစ်၍၊ မူလတန်း ပညာကို မသင်မနေရအဖြစ် သတ်မှတ်ထားသည်။ ဆန်ဆယ်လ ဗာဒေါမြို့တွင် တက္ကသိုလ်ကျောင်း တစ်ကျောင်းရှိသည်။ ပြည်သူအများတို့သည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။ ရုံးသုံးဘာသာမှာ စပိန်ဘာသာဖြစ်သည်။ ဆယ်လဗာဒေါနိုင်ငံ၏ မြို့တော်မှာ ဆန်ဆယ်လဗာဒေါမြို့ ဖြစ်၍၊ လူဦးရေ ၁၉၄၆၁၈ ယောက် (၁၉၅၃) ရှိသည်။ မြို့တော်သည် တောင်ပေါ်တွင်တည် ရှိ၍၊ အနီးအနားမှ မီးတောင်များ ပေါက်ကွဲသဖြင့် မြို့ပျက် သည့်အခါတိုင်း မြို့ကိုပြန်လည်တည်ဆောက်ခဲ့ကြရသည်၊
အယ်ဆာဗေဒို အစိုးရအဖွဲ့ကို ၁၉၈ဝ ပြည့်နှစ် ဒီဇင်ဘာလ တွင် ပြန်လည်ဖွဲ့စည်းရာ အုပ်ချုပ်ရေးကောင်စီဝင် ဟိုစေးနပိုလီ ယန် ဒွာတေသည် သမ္မတ၊ ဗိုလ်မှူးကြီး ဂျိုင်းမေးအဗ0x055ဒူဂူတီ ရက်က ဒုတိယသမ္မတနှင့် စစ်သေနာပတိ ဖြစ်လာသည်။ အယ်ဆာဗေဒို အစိုးရ၏ လက်ယာ ပိုမိုယိမ်းယိုင်လာမှုကြောင့် လက်ဝဲအဖွဲ့အစည်းများ၊ ဆိုရှယ်ဒီမို ကရက်တစ်များ၊ ခရစ်ယာန်ဒီမိုကရက်တစ်အချို့နှင့် တောင်သူလယ်သမားအဖွဲ့ အစည်းများ၊ ကျောင်းသားများ၊ အလုပ်သမားသမဂ္ဂများ၊ ဘာသာရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များသည် ဒီမိုကရက်တစ် တော်လှန်ရေး တပ်ဦးကိုဖွဲ့စည်းပြီး အစိုးရကို ပိုမိုဆန့်ကျင်လာ ခဲ့ကြသည်။
အကျယ်အဝန်း။။၈၂၅၉ စတုရန်းမိုင်။ လူဦးရေ။။၄၈၁ဝဝဝဝ။ မြို့တော်။။ ဆန်ဆေဗာဒိုမြို့။
၁၉၈၁ ခုနှစ် ဇန္နဝါရီလ ၁ဝ ရက်နေ့တွင် ဒီမိုကရက်တစ် တော်လှန်ရေးတပ်ဦး ပြောက်ကျားတပ်ဖွဲ့များက အစိုးရတပ်ဖွဲ့ များကို စတင်ထိုးစစ်ဆင်ကြသည်။ ဆန်ဆာဗေဒိုမြို့တော်မှ တိုက်ပွဲစတင်ပြီး ကျေးလက်ဒေသများသို့တိုင် ဆက်လက်ဖြစ် ပွားခဲ့သည်။ ပြောက်ကျားများသည် ကျေးလက်ကိုသိမ်း၍ မြို့ကြီးကိုဝိုင်းသည့် မဟာဗျူဟာစစ်ဆင်ရေးကို ကျင့်သုံးခဲ့ကြ သည်။ မိုရာဇန်နှင့် ရှာလတန်နန်ဂိုပြည်နယ်ရှိ မြို့ငယ် နှစ်မြို့နယ်ကို ပြောက်ကျားများက ခေတ္တမျှ သိမ်းပိုက်ထားနိုင် ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြို့ကြီးများ၌ အထွေထွေ သပိတ် မှောက်မှုကြီးတစ်ရပ် ဆင်နွဲရန်လည်း ပြည်သူတို့ကို လှုံ့ဆော်ခဲ့ သည်။ သို့ရာတွင် ငါးရက်တာကြာသော အဆိုပါစစ်ကြီးတွင် လူပေါင်း ၁၁ဝဝ ခန့် သေဆုံး၍ အောင်မြင်မှုမရှိပဲ ရပ်ဆိုင်း လိုက်ရသည်။
သမ္မတ ရော်နယ်ရေဂင်ဦးဆောင်သည့် အမေရိကန် အစိုးရ သစ်သည် အယ်ဆာဗေဒိုနိုင်ငံသို့ နောက်ထပ်စစ်ရေးနှင့် စီးပွား ရေးအကူအညီ ဒေါ်လာ ၇၃ သန်းပေးကမ်းရန် ကွန်ဂရက် လွှတ်တော်သို့ တင်ပြခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
အယ်ဆာဗေဒို အာဏာသိမ်း အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး အဒေါ်ဖိုမက်ဂျနိုသည် ထိန်းသိမ်းခံထား ရာမှ လွတ်မြောက်လာပြီဖြစ်၍ အယ်ဆာဗေဒိုနိုင်ငံမှ ထွက်ခွာ သွားလိမ့်မည်ဟု မတ်လ ၂၂ ရက်နေ့က စစ်ဘက်မှပြောခဲ့ သည်။
အယ်ဆာဗေဒို ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှဖစ်ဟန်ဇယ်က သတင်းစာ ကွန်ဖရင့်တစ်ခုတွင် မိမိတို့ ပြောက်ကျားများအနေဖြင့် အမေရိကန်၏ စစ်ရေးအကူအညီ ပေးမှု ရပ်ဆိုင်းရေးအပေါ် အခြေခံပြီး အစိုးရအာဏာပိုင်များနှင့် ဆွေးနွေးရန် အသင့်ပြင်ဆင်ထားပြီးဖြစေကြောင်း၊ သို့ရာတွင် မိမိတို့၏ အခွင့်အရေး လုံခြုံမှုမရသေးမီ လက်နက်ချအပ်မည် မဟုတ်ဟု မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။ အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ လက်နက်ချအပ်ခဲ့ သော ပြောက်ကျားသူပုန်ပေါင်း အနည်းဆုံး ၃ဝဝဝ ခန့်ရှိပြီဖြစ်ကြောင်း အစိုးရလွတ်ငြိမ်းချမ်းသာခွင့် ကော်မရှင်က ဧပြီလ ၁ဝ ရက်နေ့တွင် ကြေညာသည်။
အယ်ဆာဗေဒို အစိုးရတပ်များသည် ပြောက်ကျားတို့ လပေါင်းများစွာ အခိုင်အမာ ခိုအောင်းနေခဲ့သည့် ဆန်ဆေဗာ ဒိုမြို့တော် မြောက်ဘက် ၂၉ မိုင်အကွာရှိ စူရှီတိုတိုမြို့ကို အလုံးအရင်းနှင့် မြေလှန်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ ဤ အကြိမ်မှာ တတိယအကြိမ်မြောက် အကြီးအကျယ် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
အယ်ဆာဗေဒိုပြည်နယ်နှစ်ခု၌ အစိုးရတပ်နှင့် ပြောက်ကျား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး မြောက်ပိုင်း ပြည်နယ်တစ်ခု ဖြစ်သော ရှာလတန်နန်ဂိုဒေသ၌ အပြင်းထန်ဆုံးဖြစ်သည်။ ထိုဒေသရှိ ပြောက်ကျားစခန်းများကို စစ်လေယာဉ်များ၊ လောင် ချာများဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိသည်ဟု စစ်ဘက်မှ မေလ ၂၆ ရက်နေ့က ကြေညာခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် ဇန္နဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံရေးဆူပူအုံကြွမှုအတွင်း အသတ်ခံရသူပေါင်း ၂၂ဝဝဝ ရှိပြီဟု တရားရေး အာဏာပိုင်များက ပြောကြားခဲ့ သည်။
မေလ ၂၉ ရက်နေ့ ညတွင် လက်ဝဲပြောက်ကျားများနှင့် အစိုးရတပ်များ ဆန်ဆေဗာဒိုမြို့လယ်၌ တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်များက အခြေအနေ ထိန်းသိမ်း ထားနိုင်ပြီး ပြောက်ကျားများ ဆုတ်ခွာပေးခဲ့ရသည်။ အစိုးရတပ်များသည် ဆန်ဆေဗာဒိုမြို့တော်၏ မြောက်နှင့် အရှေ့ဘက်ရှိ ပြောက်ကျားအခြေစိုက်စခန်းနှစ်ခုကို အပြင်း အထန်တိုက်ခိုက် ချေမှုန်းခဲ့သည်။ မြို့တော်မှ ၃၆ မိုင်အကွာရှိ ချင်ချွန်တက်ပက် မီးတောင်တစ်ဝိုက်တွင် ဇွန်လ ၃ ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်း တိုက်ပွဲ အပြင်းထန်ဆုံးဖြစ် သည်။
လက်ဝဲပြောက်ကျားတို့က အာဏာရ လက်ယာဂိုဏ်းစစ် အစိုးရနှင့် နိုင်ငံရေးအရ ဖြေရှင်းရေး စေ့စပ်ဆွေးနွေးရန် အသင့် ရှိကြောင်းဖြင့် ဇူလိုင်လ ၂၂ ရက်နေ့က ရုတ်တရက်ကြေညာ ခဲ့သည်။
လက်ဝဲပြောက်ကျားတို့အား အပြီးတိုင်ချေမှုန်းမည့် ထိုးစစ် ကြီးတစ်ရပ်ကို လမ်ပါမြစ်အနီးရှိ အရှေ့ဘက်ဒေသတစ်ခွင်၌ အကြီးအကျယ်ဆင်နွှဲခဲ့ရာ ယင်းတိုက်ပွဲသည် ၁၉၈၁ ခုနှစ် အတွင်း အကြီးမားဆုံး တိုက်ပွဲကြီးဖြစ်သည်ဟု ဆိုသည်။ ဆန်ဆေဗာဒိုမြို့တော်မှ ၂၉ မိုင်အကွာရှိ စူရှိတိုတိုမြို့ ပတ်ဝန်းကျင်မှ ကျေးရွာများသို့ ပြောက်ကျားများ ဝင်ရောက် တပ်စွဲထားနိုင်ခဲ့သည်ဟု နိုဝင်ဘာလ ၂ ရက်နေ့က ကြေညာ ခဲ့သည်။ စူရှီတိုတိုမြို့သည် မြောက်ပိုင်းသို့ ဆက်သွယ်ရေး အဓိကလမ်းတွင်ရှိပြီး ပြောက်ကျားများက ယင်းသို့ သိမ်းပိုက် ထားခြင်းဖြင့် မြောက်ပိုင်း ရှာလတန်နန်ဂိုပြည်နယ်ရှိ အစိုးရ တပ်များထံ ရိက္ခာပို့လမ်းကြောင်းကို ဖြတ်တောက်ထားနိုင်ခဲ့ သည်။
အယ်ဆာဗေဒိုသမ္မတက လက်ဝဲဝါဒီများအား လွတ်လပ်ရေး နှင့် ဒီမိုကရေစီရေးကို အစစ်အမှန် ယုံကြည်ပါက လာမည့် ၁၉၈၂ ခုနှစ် မတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို မိမိတို့၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြောလိုသမျှ ထုတ်ဖော်တင်ပြကြရန် နိုဝင်ဘာလ ၃ဝ ရက်နေ့ က တိုက်တွန်းလိုက်ပြီး သူ့အားပုဂ္ဂလိကလုပ်ငန်းများ၏ ရန်သူ အဖြစ် မှားယွင်းစွာစွပ်စွဲခဲ့ကြသည့် အစွန်းရောက် လက်ယာဝါဒီ များကိုလည်း ဝေဖန်ပြောကြားခဲ့သည်။
အယ်ဆာဗေဒိုနိုင်ငံမှ ခြေလျင်တပ်သား ၁၆ဝဝ ကို ၁၉၈၂ ခုနှစ် ဇန္နဝါရီလမှစ၍ စစ်အခြေစိုက်စခန်းနှစ်ခုတွင် ၁၆ ပတ် ကြာ စစ်သင်တန်းပေးမည်ဟု အမေရိကန် ပင်တဂွန် စစ်ဌာန ချုပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article အယ်ဆာဗေဒိုနိုင်ငံ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.