အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary General of the ASEAN) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း ၏ အထွေထွေအတွင်းရေးမှူးချုပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
Kao Kim Hourn

၁ ဇန်နဝါရီ ၂၀၂၃ မှစ၍
စတင်ထမ်းဆောင်သူHartono Dharsono
ဖွဲ့စည်းခြင်း၇ ဇွန် ၁၉၇၆

အာဆီယံပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကြီးက ရွေးချယ်ခန့်အပ်ရသည်။ခန့်အပ်ရာတွင် သက်တမ်းတိုးခွင့်မရှိသော (၅)နှစ်သက်တမ်းတစ်ခုအတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအတွင်းမှ နိုင်ငံအမည်အက္ခရာစဉ်အလိုက် အလှည့်ကျ ရွေးချယ်ရမည်ဖြစ်သည်။သိက္ခာသမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျား၊မ တန်းတူရှိမှုကို အခြေခံ၍ ရွေးချယ်ရမည်ဖြစ်သည်။

တာဝန်နှင့် ဝတ္တရားများ

  • ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များ၊ အာဆီယံစာချုပ်စာတမ်းများ၊ ပရိုတိုကောစာချုပ်များနှင့် အခိုင်အမာလက်ခံကျင့်သုံးနေသော ကျင့်စဉ်များနှင့်အညီ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်။
  • အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်စေရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။
  • အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာအစည်းအဝေးများ တက်ရောက်ရမည်။
  • အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် မိမိအားပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်းပြုရမည်။
  • ဒုတိယအတွင်းရေးမှူးချုပ် ခန့်အပ်ရေး၊ ရပ်စဲရေးအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသို့ အတည်ပြုချက်ရယူရန် ထောက်ခံတင်ပြရမည်။

အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်များ

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်
အမည် သက်တမ်း နိုင်ငံ
Hartono Dharsono ၇ ဇွန် ၁၉၇၆ – ၁၈ ဖေဖော်ဝါရီ ၁၉၇၈ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  အင်ဒိုနီးရှား
Umarjadi Notowijono ၁၉ ဖေဖော်ဝါရီ ၁၉၇၈ – ၃၀ ဇွန် ၁၉၇၈ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  အင်ဒိုနီးရှား
Ali Abdullah ၁၀ ဇူလိုင် ၁၉၇၈ – ၁၀ ဇွန် ၁၉၈၀ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  မလေးရှား
Narciso G. Reyes ၁ ဇူလိုင် ၁၉၈၀ – ၁ ဇူလိုင် ၁၉၈၂ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ဖိလစ်ပိုင်
Chan Kai Yau ၁၈ ဇူလိုင် ၁၉၈၂ – ၁၅ ဇူလိုင် ၁၉၈၄ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  စင်ကာပူ
Phan Wannamethee ၁၆ ဇူလိုင် ၁၉၈၄ – ၁၅ ဇူလိုင် ၁၉၈၆ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ထိုင်း
Roderick Yong ၁၆ ဇူလိုင် ၁၉၈၆ – ၁၆ ဇူလိုင် ၁၉၈၉ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ဘရူနိုင်း
Rusli Noor ၁၇ ဇူလိုင် ၁၉၈၉ – ၁ ဇန်နဝါရီ ၁၉၉၃ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  အင်ဒိုနီးရှား
Ajit Singh ၁ ဇန်နဝါရီ ၁၉၉၃ – ၃၁ ဒီဇင်ဘာ ၁၉၉၇ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  မလေးရှား
Rodolfo Severino Jr. ၁ ဇန်နဝါရီ ၁၉၉၈ – ၃၁ ဒီဇင်ဘာ ၂၀၀၂ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ဖိလစ်ပိုင်
Ong Keng Yong ၁ ဇန်နဝါရီ ၂၀၀၃ – ၃၁ ဒီဇင်ဘာ ၂၀၀၇ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  စင်ကာပူ
Surin Pitsuwan ၁ ဇန်နဝါရီ ၂၀၀၈ – ၃၁ ဒီဇင်ဘာ ၂၀၁၂ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ထိုင်း
Lê Lương Minh ၁ ဇန်နဝါရီ ၂၀၁၃ – ၃၁ ဒီဇင်ဘာ ၂၀၁၇ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ဗီယက်နမ်
Lim Jock Hoi ၁ ဇန်နဝါရီ ၂၀၁၈ – ၃၁ ဒီဇင်ဘာ ၂၀၂၂ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ဘရူနိုင်း
Kao Kim Hourn ၁ ဇန်နဝါရီ ၂၀၂၃ - လက်ရှိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်  ကမ္ဘောဒီးယား

ဒုတိယအတွင်းရေးမှူးချုပ်များ

အထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄)ဦးရှိသည်။ထို (၄)ဦးမှာ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံတည်းမဖြစ်စေရသည့်အပြင် မတူညီသည့် နိုင်ငံအသီးသီးမှ ခန့်အပ်ရမည်ဖြစ်သည်။(၄)ဦးအနက် (၂)ဦးမှာ သက်တမ်းတိုးနိုင်ခြင်းမရှိသည့် (၃)နှစ်ကို ထမ်းဆောင်နိုင်ပြီး ကျန်(၂)ဦးမှာ အရည်အချင်းပေါ်မူတည်၍ နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်သည်။

ကိုးကား

Tags:

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်နှင့် ဝတ္တရားများအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်များအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယအတွင်းရေးမှူးချုပ်များအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကိုးကားအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အင်္ဂလိပ်ဘာသာစကားအရှေ့တောင်အာရှနိုင်ငံများအသင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ထန်းလျက်လူထုဦးလှရပ်ပြစ်ရှစ်ပါးသူနာပြုအတတ်ယဉ်ကျေးမှုကားလေဖိအားတိုင်း ကိရိယာချမ်းချမ်းချားလ်စ် ဒါဝင်မဟာဂီရိနတ်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနC++နှလုံးသွေးကြောကျဉ်းရောဂါရခိုင်ဘာသာစကားကွမ်းရွက်ပင်ဘရူနိုင်းနိုင်ငံပအိုဝ်းလူမျိုးကျောက်ပန်းတောင်းမြို့ဖိုးစိန်၊ ဦး (ဂရိတ်)စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမြန်မာနိုင်ငံ၏ သမ္မတလှိုင်မြို့နယ်အနတ္တလက္ခဏသုတ်ဩစတြေးလျနိုင်ငံကျန်းမာရေးတောင်ငူခေတ်ညှင်းတစ်သောင်းကျပ်တန် ငွေစက္ကူကားလိုး ကော်လိုဒီအပြင် ၃၇ မင်းနေကြာဘရာဇီးနိုင်ငံကျော်စွာလင်းသီတဂူဆရာတော်မိုးလေဝသယေရှု ခရစ်တော်ပေါက်ကျိုင်းကွန်မြူနစ်ဝါဒ၃၁-ဘုံရုရှားနိုင်ငံဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကာလာမသုတ်ချောင်းသာကမ်းခြေဟံသာဝတီသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နေပြည်တော် ပြည်ထောင်စုနယ်မြေကျန်စစ်သားအိချောပိုအသူရကာယ်အင်္ဂါဂြိုဟ်မျိုးကြီးမြင်းခြံမြို့ဇော်ဂျီခန္ဓာဗေဒဟင်နရီဗန်ထီးယူပါဠိလား (တိရစ္ဆာန်)ကျောက်ဖြူမြို့မြန်မာ-အင်္ဂလိပ် အဘိဓာန်မြန်မာဘာသာစကားမိမိကိုယ်ကို သတ်သေခြင်းသုဝဏ္ဏဘူမိRဇာနည်ဆောက်လုပ်ရေး ဝန်ကြီးဌာနကရမက်ခွေးရူးပြန်ရောဂါကာကွယ်ဆေးဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကျောက်ပန်းတောင်းမြို့နယ်ပါရာဇိကဆိပ်ကြီးခနောင်တိုမြို့နယ်ပူတာအိုမြို့ခရမ်းပင်ဘီလူးနန်းမတော်မယ်နု🡆 More