အယ်လ်နီညို

အယ်လ်နီညို (El Niño) ဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့သည့်ဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ တိတိ ကျကျဆိုရလျှင် တောင်အမေရိကတိုက်၏အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများဆီကို ခရစ်စမတ်ကာလတွင် တိုးဝင် လာတတ်ကြသော ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားသောအမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ငါးနှစ်မှ ခုနစ်နှစ် အတွင်း တစ်ကြိမ်ခန့်ဖြစ်ပေါ်တတ်သည်။ ယခုနောက်ပိုင်းတွင် နှစ်နှစ် သုံးနှစ် အတွင်းလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံး ပျံ့နှံ့ဖြစ် တည်တတ်ပြီး ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာတတ်သည်။ များသော အားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပြီး အချို့နိုင်ငံများတွင် အချိန် အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ် တတ်သည်။

၁၉၈၂-၁၉၈၃ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့်အယ်လ်နီညိုသည် အင်အားပြင်း ထန်ခဲ့သည်။ လွန်ကဲပြင်းထန်သောရာသီဥတုဖောက်ပြန်မှုများကို ကမ္ဘာအနှံ့ထိတ် လန့်ဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရသည်။ ၁၉၈ဝ ပြည့်နှစ်နှင့် ၁၉၉ဝ ပြည့်နှစ် များမတိုင်မီ ငါးနှစ်မှ ခုနစ်နှစ်တစ်ခါလောက်သာဖြစ်တတ်သည့်အယ်လ်နီညို သည် ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း နှစ်နှစ်မှ သုံးနှစ်တစ်ခါခန့်ဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ကာလအတွင်း ပူပြင်းခြောက်သွေ့သော ကာလတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ထပ်မံဖြစ် ပေါ်ခဲ့သည့် အယ်လ်နီညိုသည် အဆိုးရွားဆုံးအပြင်းထန်ဆုံးဖြစ်လာခဲ့သဖြင့် တစ်ကမ္ဘာလုံးအလူးအလဲခံစားခဲ့ကြရသည်။ ယင်းအယ်လ်နီညိုကြောင့် အထွေ ထွေအရပ်ရပ် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ရှိခဲ့ သည်။ သေဆုံးသူပေါင်း ၂၄ဝဝဝ၊ ဒဏ်ရာ ရရှိသူပေါင်း ၅၃၃ဝဝဝ၊ ရွှေ့ ပြောင်းသူပေါင်း ခြောက်သန်း၊ ထိခိုက်သူပေါင်း ၁၁၁ သန်းနှင့် ထိခိုက်သော မြေဧကပေါင်း ၅၆ သန်းရှိခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် အယ်လ်နီညိုကို ကမ္ဘာသူ ကမ္ဘာသားများက ထိတ်လန့်ကြောက်ရွံ့ခဲ့ကြသည်။ အယ်လ်နီညိုကို ခုခံကာကွယ်နိုင်ရန် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ခဲ့ကြသည်။

ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် အယ်လ်နီညိုကို ရင်ဆိုင်ကြုံတွေ့နေရချိန် တွင် မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့ တွင် အပူချိန်အမြင့်ဆုံး စံချိန်သစ်များတင်ခဲ့သည်။ မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံး စံချိန်သစ်များ တင်ခဲ့သည်။ ၂ဝ၁၅-၂ဝ၁၆ ကာလအတွင်း တွင်ဖြစ်ပွားခဲ့သည့် အားကောင်းသော အယ်လ်နီညိုကြောင့် စံချိန်တင်ပူပြင်း ခြောက်သွေ့မှုများကြုံတွေ့ခဲ့ရပြီး အယ်လ်နီညိုအန္တရာယ်ကာကွယ်ရေးကို လွှတ်တော်တွင်ဆွေးနွေးရသည်အထိ အခက်အခဲကြုံတွေ့ခဲ့ရသည်။၂ဝ၁၆ ခုနှစ် အတွင်း စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့်တိုက်ရိုက် ဆက်စပ်သောရောဂါများ သောက်သုံးရေရှားပါးမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရ သည်။ အချုပ်ဆိုရလျှင် အယ်လ်နီညိုသည် အစွန်းရောက် ပူပြင်းခြောက်သွေ့မှု များဖြင့် ရာသီဥတုကိုဖောက်ပြန်ပြောင်းလဲစေပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ တည်ဆောက်ပြုပြင်ရေးစသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှု များဖြစ်ပါ်စေသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုရာသီ ဥတုစောင့်ကြည့်ရေးအဖွဲ့(NOAA,USA)၏အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန် ချက်အရ အယ်လ်နီညို ရာသီဥတုအခြေအနေစောင့်ကြည့်ရန်သတ်မှတ်ထား သော ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်း အီကွေတာတစ်လျှောက်ရှိNino-1၊ Nino-2၊ Nino-3၊ Nino-4 ဧရိယာလေးခုလုံးတွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်မှကွာခြားမှု (SSTA) တန်ဖိုးများမှာ 0.7°Cမှ 0.8°C ခန့်ရှိနေကြကြောင်း၊ အယ်လ်နီညိုဖြစ်ရန် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်မှကွာခြားမှု (SSTA) အနည်းဆုံးတန်ဖိုးမှာ 0.5°C ဖြစ်သဖြင့် Nino ဧရိယာလေးခုလုံးတွင် အယ်လ် နီညိုရာသီဥတုဖြစ်စဉ် ရာနှုန်းပြည့်ဖြစ်နေပြီဟုဆိုနိုင်ကြောင်း သိရသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မင်္ဂလာပါမိုင်ချဉ်ပေါင်ကောသလမင်း အိပ်မက် (၁၆)ချက်စစ်တက္ကသိုလ် (ပြင်ဦးလွင်)တိုင်းစစ်ဌာနချုပ်သတိပဋ္ဌာန်ထားမြန်မာဇာတ်သဘင်ကြွက်တက်ခြင်းဗမာ့ထွက်ရပ်ဂိုဏ်းလူ့အခွင့်အရေး သမိုင်းကြောင်းမင်းတုန်းမင်းဘိုးမင်းခေါင်ဒေဝဒတ်နေပြည်တော် ပြည်ထောင်စုနယ်မြေစအိုဖြင့် လိင်ဆက်ဆံခြင်းရှမ်းပြည် တပ်မတော်မော်လမြိုင်မြို့ပီမိုးနင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါက်မြို့နေစစ်ပွဲအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရေးမြို့ပေပင်ဂါထာခြောက်ဆယ်ပျို့မြောက်ဥက္ကလာပမြို့နယ်သဲအင်းဂူဆရာတော်နန်းမွေစံစေတီပုထိုးများရာသီခွင်ကျိုက်ထိုမြို့စွမ်းအင် ဝန်ကြီးဌာနဝင်းမြင့် (နိုင်ငံတော်သမ္မတ)အင်္ဂလန်နိုင်ငံပြည်သူ့ကာကွယ်ရေးတပ်မတော်မြန်မာအက္ခရာသမိုင်းရေမွန်ဒူးရင်းသီးမုဒုံမြို့သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသက္ကရာဇ်မှော်ပညာသံဃာဂုဏ်တော်သွားဖုံးရောဂါအကြည်တော်မဟာဂန္ထဝါစကပဏ္ဍိတဘိန်းကွန်ဒုံးတတိယ အင်္ဂလိပ် - မြန်မာစစ်ရှင်သီဝလိဂါထာဆိုင်းဝိုင်းသဘာဝပတ်ဝန်းကျင်မိန်းမ မျိုးပွားအင်္ဂါမြန်မာနိုင်ငံဂျိုးလေးရွာ၊ ဝေါမြို့နယ်ဘရာဇီးနိုင်ငံကင်ဂိုအွန်မြသန်းတင့်မြန်မာဘာသာစကားဗုဒ္ဓဘာသာဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတောင်ကုတ်မြို့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်တောင်ငူမြို့အိပ်မက်ကျူးဘားဒုံးပျံအရေးအခင်းတွံတေးသိန်းတန်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များ🡆 More