ဆာလ်ဗဒေါမြို့ ၊ ဘာဟီယာ

ဆာလ်ဗဒေါမြို့ အား ဆော ဆာလ်ဗဒေါ ဒါ ဘာဟီယာ ဒီ တိုဒို့စ် အော့စ် ဆန်တော့စ် (ပင်လယ်အော်မှ သူတော်စင်အပေါင်း၏ မြင့်မြတ်သော ကယ်တင်ရှင် ဟု အဓိပ္ပာယ်ရသည်။) ဟုလည်း ခေါ်ကြပြီး ဘရာဇီးနိုင်ငံ ဘာဟီယာပြည်နယ်၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၂.၉ သန်း (၂၀၁၇ ခုနှစ်) ရှိပြီး ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ကာ ဆောပိုလိုမြို့၊ ရီယို ဒီ ဂျီးနေးရိုးမြို့ ၊ ဘရာစေးလေးယားမြို့ တို့ပြီးလျှင် ဘရာဇီးနိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံး မြို့ ဖြစ်သည်။

ဆာလ်ဗဒေါမြို့
Salvador
စည်ပင်သာယာနယ်နိမိတ်
Município de Salvador
ဆာလ်ဗဒေါ စည်ပင်သာယာ နယ်နိမိတ်
ထိပ်မှစ၍ လက်ယာရစ် ။ ပယ်လိုရင်ညိုအရပ်အား လူမည်းများအတွက် ရိုစရီမယ်တော်၏ တတိယအဆင့် ဘုရားကျောင်းနှင့် အတူ တွေ့ရပုံ။ ကော်မာရှိုး ရပ်ကွက်မှ မြင်ရသော လာဆားဒါး ဓာတ်လှေကား။ ဘာရာ မီးပြတိုက်။ သူတော်စင်အားလုံး၏ ပင်လယ်အော်မှ မြင်ရသော သမိုင်းဝင် ဌာန။ ဘာဟီယာ လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းများအတွက် အထိမ်းအမှတ် အဆောက်အဦးများ။ ပွန်တာ ဒီ ဆန်တို အန်တိုနီယို နှင့် ဘာရာခရိုင်တို့၏ မြင်ကွင်းကျယ်
ထိပ်မှစ၍ လက်ယာရစ် ။ ပယ်လိုရင်ညိုအရပ်အား လူမည်းများအတွက် ရိုစရီမယ်တော်၏ တတိယအဆင့် ဘုရားကျောင်းနှင့် အတူ တွေ့ရပုံ။ ကော်မာရှိုး ရပ်ကွက်မှ မြင်ရသော လာဆားဒါး ဓာတ်လှေကား။ ဘာရာ မီးပြတိုက်။ သူတော်စင်အားလုံး၏ ပင်လယ်အော်မှ မြင်ရသော သမိုင်းဝင် ဌာန။ ဘာဟီယာ လွတ်လပ်ရေးတိုက်ပွဲ သူရဲကောင်းများအတွက် အထိမ်းအမှတ် အဆောက်အဦးများ။ ပွန်တာ ဒီ ဆန်တို အန်တိုနီယို နှင့် ဘာရာခရိုင်တို့၏ မြင်ကွင်းကျယ်
ဆာလ်ဗဒေါမြို့ Salvador၏ အလံတော်
အလံတော်
ဆာလ်ဗဒေါမြို့ Salvador၏ တံဆိပ်တုံး
စည်းတံဆိပ်
နာမည်ပြောင်(များ): Roma Negra (အနက်ရောင် ရောမမြို့) နှင့် ဆိုတဲယိုပိုလစ်
Location of Salvador in the State of Bahia
Location of Salvador in the State of Bahia
နိုင်ငံဆာလ်ဗဒေါမြို့ ၊ ဘာဟီယာ ဘရာဇီး
ဒေသအရှေ့မြောက်ဒေသ
ပြည်နယ်ဆာလ်ဗဒေါမြို့ ၊ ဘာဟီယာ ဘာဟီယာပြည်နယ်
တည်ထောင်ခြင်း၁၅၄၉၊ မတ်လ ၂၉ရက်
ဧရိယာ
 • စည်ပင်သာယာနယ်နိမိတ်၆၉၃ စတုရန်းကီလိုမီတာ (၂၆၈ စတုရန်းမိုင်)
 • ရေထု၆၆,၉၁ စတုရန်းကီလိုမီတာ (၂၅၈၃ စတုရန်းမိုင်)
 • မြို့ပြကြီး၄၃၇၅,၁၂၃ စတုရန်းကီလိုမီတာ (၁၆၈၉၂၄၄ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈ မီတာ (၂၆ ပေ)
လူဦးရေ (2018)
 • စည်ပင်သာယာနယ်နိမိတ်၂၈၅၇၃၂၉ (၄rd)
 • သိပ်သည်းမှု၄၁၈၇/km (၁၀၈၄၀/sq mi)
 • မြို့ပြကြီး၃,၉၁၉,၈၆၄ (၇th)
 • မြို့ပြကြီး သိပ်သည်းမှု၈၉၁,၃/km (၂၃၀၈၀/sq mi)
Demonym(s)Portuguese: Soteropolitano English: Soteropolitan
အချိန်ဇုန်BST (UTC-3)
Postal Code40000-000
ဧရိယာကုဒ်(များ)+55 71
ဝက်ဘ်ဆိုဒ်www.salvador.ba.gov.br
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တရားဝင်အမည်ဆာလ်ဗဒေါ ဒီ ဘာဟီးယာ သမိုင်းဝင်ဌာန
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: (iv)(vi)
ရည်ညွှန်း309

ပေါ်တူဂီအင်ပိုင်ယာမှ ၁၅၄၉ ခုနှစ်တွင် ဘရာဇီးကိုလိုနီနိုင်ငံ၏ ပထမဆုံး မြို့တော် အဖြစ်တည်ထောင်ခဲ့ပြီး ဆာလ်ဗဒေါသည် အမေရိကားရှိ ရှေးအကျဆုံး ကိုလိုနီမြို့တော်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မတ်စောက်ပြီး ၈၅ မီတာ (၂၇၉ ပေ) အမြင့်ရှိသော တောင်စောင်းတစ်ခုက မြို့အနိမ့်ပိုင်း နှင့် မြို့အမြင့်ပိုင်းကို ပိုင်းခြားထားသည်။ ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဓာတ်လှေကားဖြစ်သော "အယ်လီဗေဒါ လာဆားဒါး" က မြို့ အပိုင်းနှစ်ပိုင်းကို ၁၈၇၃ ခုနှစ်ကတည်းက ဆက်သွယ်ပေးထားသည်။ မြို့အမြင့်ပိုင်းရှိ ပယ်လိုရင်ညို ရပ်ကွက်တွင် ပေါ်တူဂီ ကိုလိုနီခေတ်၏ ဗိသုကာ လက်ရာ နှင့် သမိုင်းဝင် အထိမ်းအမှတ် အဆောက်အဦးများ အများအပြား ရှိနေသေးသဖြင့် ၁၉၈၅ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ မြို့တော်၏ ကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ပရိုင်းမိတ်အော့ဖ် ဘရာဇီး ဘွဲ့ခံယူထားသော ဘစ်ရှော့ ကျောင်းထိုင်ရာ နေရာဖြစ်ပြီး ၎င်း၏ ကာနီဗယ် ပွဲတော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပါတီအဖြစ် သိရှိကြသည်။ ဆာလ်ဗဒေါသည် အမေရိကားတိုက်သို့ ပထမဆုံးသော ကျွန်တို့ ရောက်ရှိရာ ဆိပ်ကမ်းတစ်ခု ဖြစ်သဖြင့် ကျွန်တို့မှ ဆင်းသက်သော အာဖရိကသားတို့၏ လွှမ်းမိုးမှုကြောင့် အာဖရို-ဘရာဇီလေးယန်း (နီဂရိုး) ယဉ်ကျေးမှု၏ ဗဟိုချက်မ တစ်ခု ဖြစ်သည်။ မြို့တော်သည် ဟင်းလျာများ၊ ဂီတ၊ အက နှင့် ဗိသုကာ ပညာတို့ကြောင့် ထင်ရှားသည်။ ပေါ်တို ဒါ ဘားရာ ပင်လယ်ကမ်းစပ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ပင်လယ်ကမ်းခြေ တစ်ခု အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလား ဘောလုံးပြိုင်ပွဲတို့တွင် မြို့တော်ရှိ အီတာအီပါဗာ အေရီနာ ဖွန်တီနိုဗာ အားကစားရုံသည် ပြိုင်ပွဲကျင်းပရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

ဆာလ်ဗဒေါမြို့သည် ဘရာဇီး၏ ကြွယ်ဝချမ်းသာသော စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း သင်္ဘောလုပ်ငန်း ဆိုင်ရာ ရပ်ကွက်တစ်ခု ဖြစ်သော ရီကွန်ကာဗို တည်ရှိရာ မြို့လည်း ဖြစ်ပြီး ဘရာဇီး၏ အဓိက ဆိပ်ကမ်းမြို့တစ်ခု အဖြစ် ဆက်လက်တည်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် လူဦးရေ ၃,၈၉၉,၅၃၃ ဦး နေထိုင်သော မက်ထရိုပိုလစ်တန် ဒေသသည် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကြွယ်ဝဆုံး ဒေသတစ်ခု ဖြစ်သည်။

ကိုးကား

Tags:

ဆောပိုလိုမြို့ဘရာစေးလေးယားမြို့ဘရာဇီးနိုင်ငံရီယို ဒီ ဂျီးနေးရိုးမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆူခွိုင်း ၃၀ဩကာသ ဘုရားရှိခိုးသီတင်းကျွတ်လပြည့်နေ့မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကရ​ဝိက်မဟာဗန္ဓုလမြန်မာနိုင်ငံ၏ ဘာသာစကားများဘုရင့်နောင်ကပ်အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရှမ်းလူမျိုးမှော်ပညာဧရိယာMinecraftအောင်လအန်ဆန်းချမ်းမြေ့မောင်ချိုပင်လောင်းမြို့နိုင်ငံခြားရေး ဝန်ကြီးဌာနရခိုင်လူမျိုးခေါင်းကိုက်ခြင်းအိတ်ချ်အိုင်ဗွီ ရောဂါပိုးဟင်္သာတထွန်းရင်မဂ္ဂင် ၈ ပါးမူးယစ်ဆေးဝါးလာအိုနိုင်ငံပန်းခါကာဘိုရာဇီသမ္ဘူလကမ္ဘာမြေနေ့အဲလ်ဘတ် အိုင်းစတိုင်းစာရင်းအင်း ပညာပန်းချီနပိုလီယန်ဂုဏ်တော်ကွန်ချာမိန်းမ မျိုးပွားအင်္ဂါမင်းယုဝေဦးပုညမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများရန်ကုန်မြို့မိုးကုတ်တရားအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပုပ္ပါးတောင်စကားထာပုဗ္ဗဏှသုတ်ထားမြန်မာ့ ပထမဆုံးများမဟာဘူတကျွန်းနက်နန်းမွေစံအောင်လပတ္တမြားတရားဘားအံမြို့လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနစံပယ်ပန်းပန်းဆယ်မျိုးစက္ကူပန်းအောက်ချင်းငှက်မြန်မာ့ယဉ်ကျေးမှုငွေဆောင်ကမ်းခြေဗိုလ်ချုပ်မှူးကြီးကမ္ဘောဒီးယားနိုင်ငံမြန်မာစာရေးဆရာများ စာရင်းသန်လျင် မင်းကျောင်းဆရာတော်နတ်ပြည် ၆ ထပ်ရတနသုတ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုအင်တာနက်ပိဋကတ် သုံးပုံမြန်မာပန်းချီမုန့်လုံးရေပေါ်တောင်သူလယ်သမားနေ့စွယ်စုံကျမ်းမကွေးတိုင်းဒေသကြီးဗင်းဆင့် ဗန်ဂိုး🡆 More